Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 30, 2019

Myanmar Idol ကို ကျေးဇူးမတင်ရင်တောင် ပရိသတ်နဲ့ ရန်တိုက်ပြီးကျေးဇူးမဆပ်သင့်ပါဘူးလို့ ဖြိုးမြတ်အောင်ကို ဝေဖန်လိုက်တဲ့ မိုင်းမိုင်ဆိုင်း


Myanmar Idol Season-4 ပြိုင်ပွဲကြီးကို လာရောက်အားပေးခဲ့တဲ့ Season-3 Winner ဆုရှင် ဖြိုးမြတ်အောင် ပွဲထဲဝင်ခွင့်မရလို့ရှက်ပြီး ပြန်လာခဲ့ရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး Season-2 ရဲ့ Top -10 တစ်ယောက်ဖြစ်တဲ့ မိုင်းမိုင်ဆိုင်းက ဖြိုးမြတ်အောင်ကို ခုလိုရေးသားဝေဖန်လိုက်ပါတယ်။

” ဘာပဲ ပြောပြော မင်းတို့ ငါတို့ကောင်တွေ ဘာမှ စောက်ရုပ်မပေါက်တဲ့ ဘ၀ ကနေ ခု ဒီ program ကြီးကြောင့် ဒီမိသားစုက ဝန်ထမ်းတစ်ယောက်စီပခုံးနဲ့ထမ်းတင်ပေးခဲ့တာကြောင့် ငါတို့ အနိမ်ခံ ဘဝကနေ အဆင်မပြေတဲ့ဘ၀ ကနေ ခုလိုတွေနေလာရပြီလေကွာ…သူတို့ဘက်ကတစ်ခုခု အမှားအယွင်းလေးတွေရှိခဲ့ရင်တောင် ဒီဘဝကငါတို့ကောင်တွေအတွက်အရမ်းကိုကျေနပ်သင့်နေပါပြီကွာ ”

 ” သားငယ် လောက် လူမှတ်မိနိုင်တာရှိဦးမလား..လူအုပ်ကြီးအရင်သွင်းနေလို့ဝင်လို့မရသေးဘူး ဆိုလို့ ငါတို့လည်း လူအုပ်ကြီးနဲ့ အတူရပ်စောင့်ဖူးတယ်… အကယ်၍ လက်မှတ် ပါရဲ့သားနဲ့ လူပြည့်သွားလို့ ဆိုရင်တောင် ငါတို့ကောင်တွေတောင် သဘောထားကြီးပေးသင့်တာ ငါတို့အစီစဉ်လူတောင်လျှံအောင် အားပေးကြတာဆိုပြီး..ဒါမဲ့ဒီလိုတော့ဖြစ်ရိုးမရှိပါဘူး… ”

” လက်မှတ် ၈ စောင်စလုံးပါတယ်… ၈ယောက်စလုံးလက်မှတ်ပုံစံကောတူရဲ့လား??.. ညေးဘဲဝင်ရမယ် အမေတို့အန်တီတို့လုံးဝ ဝင်ခွင့်မရှိတော့ဘူး လို့ပြောခဲ့လား??ပြောခဲ့ရင် ငါပါနင့်ဘက်ကရှိနေမယ်..ok?ညေး interviewတွေဖြေထားသလို လုံးဝ ကွက်တိဆိုပြီးလိပ်ပြာလုံရဲ့လား? စွတ်စွဲတာမဟုတ်ဘူးနော် တကယ်ငါအရမ်းခင်တဲ့ ငါ့ညေးစိတ်ကိုအဖြူထည်ဖြစ်စေချင်တဲ့ စေတနာပါ… ပရိသတ်ဝိုင်းပြန်ဆဲမှာ ကြောက်တဲ့စိတ်နဲ့တော့ ဘုရားဒကာကျောင်းဒကာကောင်းမှုတွေဘဲလုပ်နေတဲ့ ညေးရဲ့လိပ်ပြာကို မညစ်နွမ်းသွားပါစေနဲ့ကွာ… .fanတွေ ညေးပြောတာတစ်ခုတည်းနဲ့ တစ်ဖက်ပိတ်ညေးဘက်မှာ ရပ်တည်နေတာကိုညေးသာယာနေတာတော့ မဖြစ်ပါစေနဲ့ကွာ.. ”
” ငါတို့သားငယ် ကြီးတောင်ညေးလောက် အခွင့်အရေးမရပါဘူးညေးရာ ..ငါတို့ကောင်တွေရဲ့အခုအခြေအနေကအရမ်းကိုကျေနပ်သင့်နေပါပြီ… ညေးပြောသလို ညေးလို winner အနေအထားနဲ့ ပြောခံရတော့ရှက်တယ် ဆိုရအောင် ငါတို့ကောင်တွေ အဲလို အနေအထားဆိုတဲ့စကားတွေ ထည့်ပြောရမယ့် အဆင့်မဟုတ်ကြသေးဘူးလေကွာ…ခွေတွေအများကြီးထုတ်ခဲ့တဲ့ ငါတို့ကောင်တွေထက် ပေါက်မြောက်ခဲ့တဲ့စီနီယာကြီးတွေတောင် တခါတလေ နေရာပေးမခံရတာတွေရှိဖူးတာဘဲ..သူတို့နဲ့ယှဉ်ရင် ရှက်စရာကြီးပါကွာ.. ငါတို့ကောင်တွေ ခုမှ ဒီidolကနေ တင်ပေးလိုက်လို့ တကယ်စီနီယာကြီးတွေနဲ့ အတူ တစ်စင်တည်းဆို တစ်ခရီးတည်းတွေဖျော်ဖြေခွင့်ရနေတာ…

တကယ်ဆို ငါတို့ကောင်တွေ ဘာကောင် တွေ ဘာကောင်မတွေမှ မဟုတ်သေးဘူးဆိုတာကို ကိုယ့်ကိုကိုယ် alert လုပ်နေရမှာဟ… နင်တို့ငါတို့အပေါ် မမီးကအစ ဝန်းထမ်းတွေအားလုံးဘယ်လောက်တောင်ကောင်းခဲ့လဲ??ဘယ်လောက်ဂရုစိုက်ခဲ့လဲ??ဘယ်လောက်တောင်ပြည့်ပြည့်စုံစုံနေခဲ့ရလဲ?? ဒီချိန်သူတို့ တစ်ခုခု မှားယွင်းခဲ့ရင်တောင် ငါတို့ အဲလို ပြန်ပြောဖို့တွေးကိုမတွေးသင့်ပါဘူးသားကြီးရာ.. ငါတို့ အခြေနေတွေ ဘယ်လောက်တောင်ပြောင်းလဲခဲ့လဲ ကျေးဇူးမတင်ရင်တောင်ခုလိုတော့ပရိသတ်နဲ့ ရန်တိုက်ပြီးကျေးဇူးမဆပ်သင့်ပါဘူးညေးရာ.. ဒီအချိန် s4 ခေတ်ရောက်နေပြီ…ငါ့ဟဲ့ အရင်က winner တွေသွားလုပ်လို့မရတော့ဘူးလေညေးရာ. ”
” ငါတို့အပြင် media လောကမှာ ဘယ်သူနဲ့ဘယ်လို ပြသနာဖြစ်ဖြစ် ငါတို့ကိုမွေးထုတ်ပေးခဲ့တဲ့ နေရာကို တော့ အဲလို မပြောသင့်ဘူးညေးရာ… မခင်နှင်းတို့ ကိုသန့်တို့ ညေးအပေါ်ဘယ်လောက် အနွံတာခံလဲ ?ချစ်လဲ? လုပ်ပေးလဲ ဆိုတာညေးအသိဆုံးနေမှာပါ..ညေးဆို အမြဲဘုရားတရားနဲ့နေတဲ့သူကပိုနားလည်မှာပါ..

ငါတို့ Idol မိသားစုနဲ့ဖြစ်ဖြစ် အပြင်လောကမှာဖြစ်ဖြစ်တစ်ခုခု ငါ့အနေအထားတွေ ငါ့အဆင့်တွေ ဘာတွေညာတွေပြောမိတော့မယ်ဆိုရင် ငါတို့ ရဲ့အရင်တုန်းက ဘာစောက်ရုပ်မှမပေါက်ခဲ့တဲ့ လူတွေနိမ်ခဲ့တဲ့ဘဝကိုပြန်ကြည့်ရအောင်ပါ… ငါတို့အချင်းချင်းတွေပါ ငါတို့ကောင်ကြီး ဘ၀ မေ့သွားတာလားကွာ ဆိုပြီး တကယ်အဲလိုမြင်နေမိတာ..ညေး Fanကလွဲပြီးရင် အပြင်လူတွေဆို ဘယ်လိုတောင်မြင်နေကြမလဲညေးရယ် ”
မိုင်းမိုင်ဆိုင်းရဲ့ ရေးသားဝေဖန်ချက်တွေပဲဖြစ်ပါတယ်
Mai Mai Seng

No comments:

Post a Comment