Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2019

ရဲအုပ် ရဲမြတ်ဟိန်း(လ ၂၁၂၅၆၅)လူမှုရေးဖောက်ပြန်မှု



ရဲအုပ် ရဲမြတ်ဟိန်း(လ ၂၁၂၅၆၅)ယခု စစ်တွေမူးယစ်-၄၇တွင် တာဝန်ထမ်းဆောင်နေသူနှင့် ကျွန်မမပန်းအိဖြူ သည် ရဲဘော်ဘဝ ငယ်စဉ်ဘဝတည်းကလပ်ထပ်ပေါင်းသင်းခဲ့ကြသူများ ဖြစ်ပါသည်။ ရဲဘော်ဘဝအဆင်မပြေစဉ်ကာလများတွင် ကျွန်မသည် ဆင်းရဲဒုက္ခများကို ခါးစည်းခံခဲ့ရပါသည်။ သူသင်တန်းတက်၊ ကျောင်းတက်နေတော့လည်း ဈေးရောင်းပြီး ထောက်ပံ့ပေးခဲ့ရပါသည်။ သူပြောင်းရွှေ့သည့် နေရာများတွင်လည်း လိုက်လံပြောင်းရွှေ့၍ ဒုက္ခများရောက်ခဲ့ပါသည်။နေပြည်တော်တွင် ဒုရဲအုပ်ဘဝနှင့်လည်း မိန်းကလေးတစ်ယောက်နှင့် ဖောက်ပြန်ခဲ့ဖူးပြီး မိန်းကလေးမှ နောက်ဆုတ်ပေး၍ တစ်ခါမှားဖူးဘူးပြီး အသိစိတ်များရှိနေပြီဟု မှတ်ခဲ့ပါသည်။ ရန်ကုန်နောက်မူးယစ်ကိုလွန်ခဲ့တဲ့(2)နှစ် လောက်က ရဲအုပ်ရာထူးဖြင့် ပြောင်းရွှေ့သည့် အခါမှာတော့ကျွန်မဘဝကံဆိုးမိုးမှောင်ကျပါတော့တယ်။

ပိုက်ဆံလေးရ အဆင်လေးပြေလာတော့ ရန်ကုန်က မိန်းကလေးနှင့်ဖောက်ပြန်ကာ ကျွန်မထံပြန်မလာတော့ပါ။ ကျွန်မကို လစာတောင် နောက်ပိုင်းလုံးဝမပေးတော့ပါ။ သူရဲ့သူငယ်ချင်းများက ဝိုင်းဝန်းပြောကြသော်အခါ ရဲအုပ် ရဲမြတ်ဟိန်း(လ ၂၁၂၅၆၅)မှ ကျွန်မမှ ရူးနေသည်ဟုပြောဆိုခဲ့ပါတယ်။ အမှန်ဆို ကျွန်မရူးနေလျှင် သူကတောင် ရောဂါကို ကုပေးရမှာမဟုတ်ပါလား။ ကျွန်မမှ ပြန်ပေါင်းရန် အမျိုးမျိုးကြိုးစားခဲ့သော် နောက်ပိုင်း ညှိုနှိုင်းလို့မရတော့ပါ။ မရတဲ့အကြောင်းကလည်း အဲ့ကောင်မလေးနှင့် တိပ်တိပ်ပုန်းပေါင်းသင်းနေခဲ့ကြပါတယ်။ အထက်လူကြီးရဲတစ်ဦးကို တိုင်တော့လည်း နင့်မှ မပေါင်းချင်လို့ပြန်မလာတာကို နင်ကလာတိုင် နေသေးတယ်ပြောဆိုခဲ့ပါတယ်။ ကျွန်မကရဲချုပ်ထိရောက်အောင် တိုင်တန်းခဲ့သော်လည်း လက်ပူးလက်ကြတ်မမိလို့ မှင်နီတစ်စက်သာပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်မက စားစာရာသောက်စရာလုံးဝရှိတော့၍ ပြန်ထောင်ုဝန်ကြီးအထရောက်အောင်တိုင်တန်းလို့ စစ်ဆေးရေး ဆင်း၍ ညှိုနှိုင်းပေးရ ငွေသိန်း(100)ပေး မယ်။ကွာရှင်းပေးဟာဆို၍ စားဖို့သောက်ဖို့အဆင်ပြေစေ ရန်ယူပြီးကွာရှင်းပေးမယ်ဟုပြောကာနောက်နေ့တွင် လက်မှတ်ထိုးရန် လက်ခံပေးလိုက်ပါတယ်။ နောက်နေ့ကွာရှင်းစာချု ပ်မှာ လက်မှတ်ထိုးပြီးမှ ပစ္စည်းခွဲဝေစာချုပ်ဆိုပြီးပေး၍ ဖတ်ကြည့်မှ ငွေကျပ်သိန်း(100)ကိုအရစ်ကျပေးဖို့ လုပ်ထားတာကိုတွေ့ရပါတယ်။ သိန်း(၅၀)ကို ပထမတစ်ကြိမ်၊ သိန်း(20)ကို ဒုတိယအကြိမ်၊ ကျန်ငွေ သိန်း(30)ကို ယခုလာမည့်ဒီဇင်ဘာလမှ ပေးမည်ဟု ရေးထားပါသည်။ကျွန်မမှ ဝန်ထမ်းဘဲလေ သူအဆင်မပြေလို့နေမှာဘဲ တွေးပြီးယူခဲ့ရပါတယ်။ ယခုတော့သူက ကားတွေဝယ် ရွှေတွေဝယ်နဲ့ အငယ်ကကောင်းစားနေပါတော့တယ်။ ကျွန်မလည်း လူ့ဘဝကြီးကို စိတ်ကုန်နေပြီဖြစ်၍ ယခုအခါ လူဝတ်စွန့်ကာ အပြီးအပြတ် သီလရှင်ဝတ်လိုက်ပြီ ဖြစ်ပါသည်။ နောက်လူများ ကျွန်မကဲ့သို့ လူညစ်များနှင့်မတွေ့ဆုံစေရန် ရေးသားချင်းဖြစ်ပါသည်။
Pen Ei Phyu















No comments:

Post a Comment