Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 26, 2019

Facebook ေခတ္ၾကီးမွာ မိန္းမခိုးမွာကို ညီမျဖစ္သူ သိသြားေသာအခါ


“ကုိရီး ကုပ္​​ေခ်ာင္​း​ေခ်ာင္​းနဲ႔ ဘာလုပ္​​ေနတာလဲ”
“ငင္​ … ” လွည္​့ၾကည္​့လိုက္​​ေတာ့ က်ဳပ္​ညီမ​ဗ် အိပ္​ခ်င္​မူးတူးနဲ႔ သူ႔အခန္​းထဲကထြက္လာတယ္​…
” နင္​ခုထိ မအိပ္​​ေသးဘူးလား ”
“အိပ္​မက္​ထဲမွာ ကိုရီး မိန္​းမသြားခိုး မယ္​လို႔ မက္​လို႔ လန္​႔နုိးလာတာ ”
” ငါ့ႏွယ္​ အဲဒါမက္​တာနဲ႔ လန္႔​႔ႏိုးစရာလား ”
” ႏိုးတာ​ေပါ့ ကိုရီးနဲ႔ညားၿပီး ဘယ္​ငတိမ ကံဆိုးမလဲပဲ စိတ္​ပူေနရတာ ”
” ငိမ္​့ … ” ေမာင္​ႏွမ အခ်င္​းခ်င္​း​ေတာင္​ ကပ္​ဖဲ့​ေန​ေသးတယ္​…
“က​ေလး​ေနရာ က​​ေလး​ေနစမ္​းပါဟာ သြားအိပ္​​ေတာ့ ”
“ဒါနဲ႔ ကိုရီးက ဘယ္​သြားမွာလဲ”
“အဟိမ္​း ” (ပီတိသံႀကီးနဲ႔ 😁)
“မိန္​းမသြားခိုးမလို႔ … ”
“ဟယ္​ ဘယ္​သူ႔ကိုလဲ ”
“​ ေတာင္​ပိုင္​းက စက္​သူ​ေဌးသမီး ေအးၾကည္​ ”
“အားလားလား … ေနဦး ဒါဆို ေနဦး ”
က်ဳပ္​ညီမက အံ့ဩတဲ့ အသံႀကီးနဲ႔ အခန္​းထဲ ျပန္​ဝင္​သြားပါ​ေလ​ေရာခဏ​ေန​ေတာ့ သူ႔ဖုန္​းႀကီးနဲ႔ ျပန္​ထြက္​လာတယ္​​ေလ….
“ငင္​ … အာ့ ဘာလုပ္​ဖို႔တုန္​း ”
“ကိုရီး လူပ်ိဳျဖစ္​တဲ့​ ေနာက္​ဆံုးအခ်ိန္​​ေလး အမွတ္​တရ​ေပါ့ကြာ ”
“အြင္​့ အ​ေရးႀကီး​ေနပါတယ္​ဆိုမွ ဒီညီမက တစ္​ေမွာင္​့ကဲကြာ ႐ိုက္​႐ိုက္​ … ”
ကိုယ္​ကလည္​း စိတ္​မပါဘူး လက္​က​ေလးႏွစ္​​ေခ်ာင္​း​ေတာင္​ေထာင္​ျပလိုက္​​ေသး​တယ္​….
ဒီလိုနဲ႔ ညီမျဖစ္​သူကို ထားခဲ့ၿပီး အိမ္​​ေ႐ွ႕က​ေလွ​ေပၚ တက္​တာ​ေပါ့ရြာမွာဆို​ေတာ့ ေတာင္​ပိုင္​းကို​ေလွနဲ႔သြားရတာကိုးေလွထဲမွာက ေလွ​ေလွာ္​မယ့္​့ငတိက အသင္​့ …
” ေဟ်ာင္​့ မင္​းပံုစံက အလြင္​့ႀကီးပါလားဟ … ”
“မင္​းကလည္​းကြာ ငါဘာမွျပင္​မထားပါဘူးဟ … ”
“ပံုထဲမွာ ေျပာ​ေနတာဟ … ”
“ဘယ္​ကပံုလဲ”
“ခု​ေလးမွ မင္​းညီမ တင္​ထားတဲ့ပံု​ေလ … မင္​းကို​ေတာင္​တက္​ လုပ္​ထား​ေသးတယ္​ …
ၿပီး​ေတာ့ စာ​ေတာင္​​ ေရးထား​ေသးတယ္​ေအးၾကည္​မကို အစ္​ကိုႀကီး သြားမခိုးခင္​တဲ့ … ”
ငတိ​ေျပာတာ မယံုတာနဲ႔ ခါးၾကားထဲက အိုင္​ဖုန္​း (ကလုန္​း) ႀကီးဆြဲထုတ္​လိုက္​တယ္​ …
ၿပီး​ေတာ့ လိုင္​း ဖြင္​့ၾကည္​့တာထိပ္​ဆံုးမွာ ငတိမနဲ႔ ႐ိုက္​လာတဲ့ပံုႀကီးကို ျပဴးလို႔….
အမယ္​ ဟ ဟ ရီအက္​​ေတာင္​ ၁၆ခုရ​ေနၿပီ …😁ၿပီး​ေတာ့ ကြန္​မန္​႔ တိုင္​ပင္​​ေလးဝင္​​ေနတာနဲ႔ ေစာင္​့ၾကည္​့​ေနလိုက္​တယ္​ …
~~ငါ့သား ေလွကို​ ေျဖး​ေျဖး​ေလွာ္​သြားဦး…
ပံု………မင္​းအ​ေဖ သာဂြ …
အမယ္​ ထိပ္​ဆံုးက က်ဳပ္​အ​ေဖ​ ေရးတာ​ဗ် ….အားကိုးရၿပီဆို​ေတာ့လႊတ္​​ေပ်ာ္​တာ​ေပါ့​ဗ်ာ .…မၾကာဘူး ေနာက္​ထပ္​ ကြန္​မန္​႔တစ္​ခုဝင္​လာတယ္​ …
~~ဖိုက္​တင္​း သား​ေရ မရရ​ေအာင္​ခိုး
ပံု……မင္​းအ​ေမ ပူစူးမ
ဒုတိယ​ေျမာက္​က အ​ေမကိုး​ဗ် … မဆိုးဘူး တစ္​အိမ္​သားလံုးကက်ဳပ္​မိန္​းမရမွာကို အား​ေပးၾကတယ္​ ဆို​ေတာ့ အားတက္​စရာ​ဗ်….
ခဏ​ေန​ေတာ့ အ​ေဖနဲ႔အ​ေမ ကြန္​မန္​႔​ေတြကို ဟ ဟ ရီအက္​႐ွင္​ ေပးၿပီး ညီမ​ေလးက ထပ္​​ေရးတယ္​….
~~ကြန္​ဂရစ္​ ကိုရီး
ပံု…….ကိုရီး တစ္​ဦးတည္​း​ေသာညီမ ႏွင္​းျမ
ဒီလိုနဲ႔ ေလွကလည္​း ေအးၾကည္​မတို႔ အိမ္​ကို လွမ္​းျမင္​ရတဲ့နား​ ေရာက္​ လာ ပါ​ေလ​ေရာ …
အဲဒီအခ်ိန္​က်မွ ကြန္​မန္​႔တစ္​ခု ထပ္​ဝင္​လာတယ္​….
~~ ကမ္​းစပ္​က ဓားနဲ႔​ေစာင္​့​ေနတယ္​ 😡
ပံု……ေအးၾကည္​မ အစ္​ကိုအႀကီးဆံုး တာတီး….
ေအာင္​မယ္​ငီး ၾကက္​သီး​ေတာင္​ထတယ္​ …😨 တာတီးဆိုတဲ့​ေကာင္​က တကယ္​လုပ္​တာ​ဗ် ….
အရပ္​ထဲမွာလည္​း သူသတ္​ခဲ့တဲ့ ဝက္​​ေတြ နည္​းတာမဟုတ္​ဘူး​ေလ….
ခဏ​ေန​ေတာ့ ကြန္​မန္​႔တစ္​ခုထပ္​ဝင္​လာတယ္​ …
~~~စိတ္​မပူနဲ႔ၿငိမ္​း​ေမာင္​ တာတီးက ငါနဲ႔အရက္​ဝိုင္​းမွာဟ….
ပံု……….မင္​းအစ္​ကို တစ္​ဝမ္​းကြဲ လွ​ေဆာင္​
“ဟူး … ေတာ္​​ေသးလို႔ သူငယ္​ခ်င္​း​ေရ ကိုလွ​ေဆာင္​ႀကီး ကယ္​လို႔ဟမဟုတ္​ရင္​ တာတီးက မလြယ္​ဘူး ”
“ငါပါ​ေနတာပဲ ၿငိမ္​း​ေမာင္​ရာ ဘာပူစရာ႐ွိလို႔လဲ… ”
“​ ေအးပါကြာ … ”
​ခဏ​ေန​ေတာ့ ေနာက္​ဆံုးက​ေနၿပီး ကြန္​မန္​႔ထပ္​ဝင္​လာတယ္​​ဗ်….
~~ကိုၿငိမ္​း​ေမာင္​ ျမန္​ျမန္​လာခဲ့​ေတာ့ ဒီမွာ ေဖ​ေဖတို႔ႏိုး​ေနၿပီလားမသိဘူး …
ပံု……နင္​့ခ်စ္​သူ​ ေအးၾကည္​မ
ခ်စ္​သူ​ေလးကပါ ကြန္​မန္​႔ဝင္​​ေရး​ေတာ့ အားတက္​သြားတာ​ေပါ့….
” ျမန္​ျမန္​​ေလွာ္​ပါဟ သူငယ္​ခ်င္​းရ ”
” ေလွာ္​​ေနတာပဲ​ေလကြာ ဟိုမွာလွမ္​း ျမင္​​ေနရၿပီ ”
က်ဳပ္​လွမ္​းၾကည္​့​ေတာ့ ကမ္​းစပ္​မွာ ေအးၾကည္​မက အဝတ္​ထုပ္​​ေလးပိုက္​လို႔ …
ခဏ​ေန​ေတာ့ ေအးၾကည္​မကြန္​မန္႔​႔ကို သူ႔အစ္ကိုငယ္​က အန္​ဂရီးရီအက္​႐ွင္​ ေပးၿပီး ရီပလုိင္​းျပန္​ပါ​ေလ​ေရာ….
~~ငါ့ညီမလာခိုးတဲ့​ေကာင္​က​ေတာ့ ငါ့ဓားစာမိမယ္​… ​ေအးၾကည္​မနင္​အထဲျပန္​ဝင္​စမ္​း …😡
ပံု………..ေအးၾကည္​မ အစ္​ကို​ေလး ဓားင​ေသာင္​း…. “ငိန္​ … ”
ေသၿပီနဲ႔တူတယ္​ လွမ္​းၾကည္​့​ေတာ့ ငတိကလည္​း အိမ္​ထဲက​ေနတကယ္​ႀကီးထြက္​လာတာ​ဗ် …
က်ဳပ္​​ေတာ့ဒီတစ္​သက္​မိန္​းမမရ​ေတာ့ဘူးနဲ႔ တူပါတယ္​ …
မၾကာဘူး အဲဒီရီပလိုင္​းထဲမွာပဲ ေနာက္​ကြန္​မန္​႔တစ္​ခု ဝင္​လာ​ေရာ​ဗ်….
~င​ေသာင္​း အိမ္​ထဲျပန္​ဝင္​ … ေအးၾကည္​မ ဂ႐ုစိုက္​ၿပီးလိုက္​သြား ဟို​ေကာင္​ၿငိမ္​း​ေမာင္​ ငါ့သမီးကို​ေသ​ေသခ်ာခ်ာ​ေစာင္​့​ေ႐ွာက္​ …
ပံု……….မင္​းမ​ေတာ္​ရ​ေသးတဲ့​ ေယာကၡထီး စက္​သူ​ေဌးဘစိန္​
အဲဒီကြန္​မန္​႔ဝင္​လာတာနဲ႔ ေလွကိုခ်က္​ခ်င္​းကမ္​းကိုကပ္​ …ေအးၾကည္​မကို ေလွ​ေပၚတင္​ၿပီး အ​ေသ​ေလွာ္​ လစ္​တာ​ေပါ့ …..
အိမ္​နဲ႔​ေဝးလာမွ ေယာကၡမ​ေလာင္​းႀကီးကြန္​မန္​႔ကို လက္​ဖ္​ရီအက္​႐ွင္​​ေပးၿပီး ရီပလိုင္​းျပန္​လိုက္​တယ္​…..
~ဟုတ္​ကဲ့ခင္​​ဗ်လို႔​ေလ … ။
ဘလာ. . . ဘလာ . . ဘလာ . . .ဘလာ. . .
မနက္လင္းေတာ့ ဘာေတြမ်ားေရးထားမလဲလို႔ Facebook ေလးဖြင့္ၾကည့္လိုက္တယ္. . (.ေအးၾကည္မကေတာ့ အိပ္ေကာင္းေနတုန္း. .ညက ပင္ပန္းထားတာကိုး. . . ငိငိ..)
အေကာင့္စိမ္းတစ္ခုက Commemt လာေရးထားတယ္. . “.ေဟ်ာင့္ မင္းေတာ့ ႏြားျဖစ္ပီ” တဲ႔. .
ေသေရာဗ်ာ. .
**********
ရယ္​​ေမာျခင္​းျဖင္​့ အသက္​႐ွည္​ၾကပါ​ေစ……။
==================

“ကိုရီး ကုပ်​​ချောင်​း​ချောင်​းနဲ့ ဘာလုပ်​​နေတာလဲ”

“ငင်​ … ” လှည်​့ကြည်​့လိုက်​​တော့ ကျုပ်​ညီမ​ဗျ အိပ်​ချင်​မူးတူးနဲ့ သူ့အခန်​းထဲကထွက်လာတယ်​…

” နင်​ခုထိ မအိပ်​​သေးဘူးလား ”

“အိပ်​မက်​ထဲမှာ ကိုရီး မိန်​းမသွားခိုး မယ်​လို့ မက်​လို့ လန်​့နိုးလာတာ ”

” ငါ့နှယ်​ အဲဒါမက်​တာနဲ့ လန့်​့နိုးစရာလား ”

” နိုးတာ​ပေါ့ ကိုရီးနဲ့ညားပြီး ဘယ်​ငတိမ ကံဆိုးမလဲပဲ စိတ်​ပူနေရတာ ”

” ငိမ်​့ … ” မောင်​နှမ အချင်​းချင်​း​တောင်​ ကပ်​ဖဲ့​နေ​သေးတယ်​…

“က​လေး​နေရာ က​​လေး​နေစမ်​းပါဟာ သွားအိပ်​​တော့ ”

“ဒါနဲ့ ကိုရီးက ဘယ်​သွားမှာလဲ”

“အဟိမ်​း ” (ပီတိသံကြီးနဲ့ 😁)

“မိန်​းမသွားခိုးမလို့ … ”

“ဟယ်​ ဘယ်​သူ့ကိုလဲ ”

“​ တောင်​ပိုင်​းက စက်​သူ​ဌေးသမီး အေးကြည်​ ”

“အားလားလား … နေဦး ဒါဆို နေဦး ”

ကျုပ်​ညီမက အံ့ဩတဲ့ အသံကြီးနဲ့ အခန်​းထဲ ပြန်​ဝင်​သွားပါ​လေ​ရောခဏ​နေ​တော့ သူ့ဖုန်​းကြီးနဲ့ ပြန်​ထွက်​လာတယ်​​လေ….

“ငင်​ … အာ့ ဘာလုပ်​ဖို့တုန်​း ”

“ကိုရီး လူပျိုဖြစ်​တဲ့​ နောက်​ဆုံးအချိန်​​လေး အမှတ်​တရ​ပေါ့ကွာ ”

“အွင်​့ အ​ရေးကြီး​နေပါတယ်​ဆိုမှ ဒီညီမက တစ်​မှောင်​့ကဲကွာ ရိုက်​ရိုက်​ … ”

ကိုယ်​ကလည်​း စိတ်​မပါဘူး လက်​က​လေးနှစ်​​ချောင်​း​တောင်​ထောင်​ပြလိုက်​​သေး​တယ်​….

ဒီလိုနဲ့ ညီမဖြစ်​သူကို ထားခဲ့ပြီး အိမ်​​ရှေ့က​လှေ​ပေါ် တက်​တာ​ပေါ့ရွာမှာဆို​တော့ တောင်​ပိုင်​းကို​လှေနဲ့သွားရတာကိုးလှေထဲမှာက လှေ​လှော်​မယ့်​့ငတိက အသင်​့ …

” ဟျောင်​့ မင်​းပုံစံက အလွင်​့ကြီးပါလားဟ … ”

“မင်​းကလည်​းကွာ ငါဘာမှပြင်​မထားပါဘူးဟ … ”

“ပုံထဲမှာ ပြော​နေတာဟ … ”

“ဘယ်​ကပုံလဲ”

“ခု​လေးမှ မင်​းညီမ တင်​ထားတဲ့ပုံ​လေ … မင်​းကို​တောင်​တက်​ လုပ်​ထား​သေးတယ်​ …

ပြီး​တော့ စာ​တောင်​​ ရေးထား​သေးတယ်​အေးကြည်​မကို အစ်​ကိုကြီး သွားမခိုးခင်​တဲ့ … ”

ငတိ​ပြောတာ မယုံတာနဲ့ ခါးကြားထဲက အိုင်​ဖုန်​း (ကလုန်​း) ကြီးဆွဲထုတ်​လိုက်​တယ်​ …

ပြီး​တော့ လိုင်​း ဖွင်​့ကြည်​့တာထိပ်​ဆုံးမှာ ငတိမနဲ့ ရိုက်​လာတဲ့ပုံကြီးကို ပြူးလို့….

အမယ်​ ဟ ဟ ရီအက်​​တောင်​ ၁၆ခုရ​နေပြီ …😁ပြီး​တော့ ကွန်​မန်​့ တိုင်​ပင်​​လေးဝင်​​နေတာနဲ့ စောင်​့ကြည်​့​နေလိုက်​တယ်​ …

~~ငါ့သား လှေကို​ ဖြေး​ဖြေး​လှော်​သွားဦး…

ပုံ………မင်​းအ​ဖေ သာဂွ …

အမယ်​ ထိပ်​ဆုံးက ကျုပ်​အ​ဖေ​ ရေးတာ​ဗျ ….အားကိုးရပြီဆို​တော့လွှတ်​​ပျော်​တာ​ပေါ့​ဗျာ .…မကြာဘူး နောက်​ထပ်​ ကွန်​မန်​့တစ်​ခုဝင်​လာတယ်​ …

~~ဖိုက်​တင်​း သား​ရေ မရရ​အောင်​ခိုး

ပုံ……မင်​းအ​မေ ပူစူးမ

ဒုတိယ​မြောက်​က အ​မေကိုး​ဗျ … မဆိုးဘူး တစ်​အိမ်​သားလုံးကကျုပ်​မိန်​းမရမှာကို အား​ပေးကြတယ်​ ဆို​တော့ အားတက်​စရာ​ဗျ….

ခဏ​နေ​တော့ အ​ဖေနဲ့အ​မေ ကွန်​မန်​့​တွေကို ဟ ဟ ရီအက်​ရှင်​ ပေးပြီး ညီမ​လေးက ထပ်​​ရေးတယ်​….

~~ကွန်​ဂရစ်​ ကိုရီး

ပုံ…….ကိုရီး တစ်​ဦးတည်​း​သောညီမ နှင်​းမြ

ဒီလိုနဲ့ လှေကလည်​း အေးကြည်​မတို့ အိမ်​ကို လှမ်​းမြင်​ရတဲ့နား​ ရောက်​ လာ ပါ​လေ​ရော …

အဲဒီအချိန်​ကျမှ ကွန်​မန်​့တစ်​ခု ထပ်​ဝင်​လာတယ်​….

~~ ကမ်​းစပ်​က ဓားနဲ့​စောင်​့​နေတယ်​ 😡

ပုံ……အေးကြည်​မ အစ်​ကိုအကြီးဆုံး တာတီး….

အောင်​မယ်​ငီး ကြက်​သီး​တောင်​ထတယ်​ …😨 တာတီးဆိုတဲ့​ကောင်​က တကယ်​လုပ်​တာ​ဗျ ….

အရပ်​ထဲမှာလည်​း သူသတ်​ခဲ့တဲ့ ဝက်​​တွေ နည်​းတာမဟုတ်​ဘူး​လေ….

ခဏ​နေ​တော့ ကွန်​မန်​့တစ်​ခုထပ်​ဝင်​လာတယ်​ …

~~~စိတ်​မပူနဲ့ငြိမ်​း​မောင်​ တာတီးက ငါနဲ့အရက်​ဝိုင်​းမှာဟ….

ပုံ……….မင်​းအစ်​ကို တစ်​ဝမ်​းကွဲ လှ​ဆောင်​

“ဟူး … တော်​​သေးလို့ သူငယ်​ချင်​း​ရေ ကိုလှ​ဆောင်​ကြီး ကယ်​လို့ဟမဟုတ်​ရင်​ တာတီးက မလွယ်​ဘူး ”

“ငါပါ​နေတာပဲ ငြိမ်​း​မောင်​ရာ ဘာပူစရာရှိလို့လဲ… ”

“​ အေးပါကွာ … ”

​ခဏ​နေ​တော့ နောက်​ဆုံးက​နေပြီး ကွန်​မန်​့ထပ်​ဝင်​လာတယ်​​ဗျ….

~~ကိုငြိမ်​း​မောင်​ မြန်​မြန်​လာခဲ့​တော့ ဒီမှာ ဖေ​ဖေတို့နိုး​နေပြီလားမသိဘူး …

ပုံ……နင်​့ချစ်​သူ​ အေးကြည်​မ

ချစ်​သူ​လေးကပါ ကွန်​မန်​့ဝင်​​ရေး​တော့ အားတက်​သွားတာ​ပေါ့….

” မြန်​မြန်​​လှော်​ပါဟ သူငယ်​ချင်​းရ ”

” လှော်​​နေတာပဲ​လေကွာ ဟိုမှာလှမ်​း မြင်​​နေရပြီ ”

ကျုပ်​လှမ်​းကြည်​့​တော့ ကမ်​းစပ်​မှာ အေးကြည်​မက အဝတ်​ထုပ်​​လေးပိုက်​လို့ …

ခဏ​နေ​တော့ အေးကြည်​မကွန်​မန့်​့ကို သူ့အစ်ကိုငယ်​က အန်​ဂရီးရီအက်​ရှင်​ ပေးပြီး ရီပလိုင်​းပြန်​ပါ​လေ​ရော….

~~ငါ့ညီမလာခိုးတဲ့​ကောင်​က​တော့ ငါ့ဓားစာမိမယ်​… ​အေးကြည်​မနင်​အထဲပြန်​ဝင်​စမ်​း …😡

ပုံ………..အေးကြည်​မ အစ်​ကို​လေး ဓားင​သောင်​း…. “ငိန်​ … ”

သေပြီနဲ့တူတယ်​ လှမ်​းကြည်​့​တော့ ငတိကလည်​း အိမ်​ထဲက​နေတကယ်​ကြီးထွက်​လာတာ​ဗျ …

ကျုပ်​​တော့ဒီတစ်​သက်​မိန်​းမမရ​တော့ဘူးနဲ့ တူပါတယ်​ …

မကြာဘူး အဲဒီရီပလိုင်​းထဲမှာပဲ နောက်​ကွန်​မန်​့တစ်​ခု ဝင်​လာ​ရော​ဗျ….

~င​သောင်​း အိမ်​ထဲပြန်​ဝင်​ … အေးကြည်​မ ဂရုစိုက်​ပြီးလိုက်​သွား ဟို​ကောင်​ငြိမ်​း​မောင်​ ငါ့သမီးကို​သေ​သေချာချာ​စောင်​့​ရှောက်​ …

ပုံ……….မင်​းမ​တော်​ရ​သေးတဲ့​ ယောက္ခထီး စက်​သူ​ဌေးဘစိန်​

အဲဒီကွန်​မန်​့ဝင်​လာတာနဲ့ လှေကိုချက်​ချင်​းကမ်​းကိုကပ်​ …အေးကြည်​မကို လှေ​ပေါ်တင်​ပြီး အ​သေ​လှော်​ လစ်​တာ​ပေါ့ …..

အိမ်​နဲ့​ဝေးလာမှ ယောက္ခမ​လောင်​းကြီးကွန်​မန်​့ကို လက်​ဖ်​ရီအက်​ရှင်​​ပေးပြီး ရီပလိုင်​းပြန်​လိုက်​တယ်​…..

~ဟုတ်​ကဲ့ခင်​​ဗျလို့​လေ … ။

ဘလာ. . . ဘလာ . . ဘလာ . . .ဘလာ. . .

မနက်လင်းတော့ ဘာတွေများရေးထားမလဲလို့ Facebook လေးဖွင့်ကြည့်လိုက်တယ်. . (.အေးကြည်မကတော့ အိပ်ကောင်းနေတုန်း. .ညက ပင်ပန်းထားတာကိုး. . . ငိငိ..)

အကောင့်စိမ်းတစ်ခုက Commemt လာရေးထားတယ်. . “.ဟျောင့် မင်းတော့ နွားဖြစ်ပီ” တဲ့. .

သေရောဗျာ. .
***********
ရယ်​​မောခြင်​းဖြင်​့ အသက်​ရှည်​ကြပါ​စေ……။

Crd – Original Uploader

No comments:

Post a Comment