Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 27, 2019

ငါတို့က fb မှာဆွေကြီးမျိုးကြီးတွေ


fri request တက်လာလို့ကြည့်လိုက်တာ
ကိုယ့်အဖေ...
ကိုယ့်ရှေ့မှာငုတ်တုတ်ကြီးထိုင်နေရင်းကိုယ့်ကိုလာ add တာ..
မျက်မှန်အောက်ကနေ မျက်မှောင်ကြီးကျုံ့ပီး ကိုယ့်ကိုရိုးလိုက်သေးတယ်
ငါ့ add ထားတယ် လက်ခံလိုက်စမ်းဆိုတဲ့ အကြည့်မျိုး..

ဒီအကြည့်တွေသိတာပေါ့
ကိုယ့်ကိုမွေးထားတဲ့ဖအေပဲ
အဲ့ဒါနဲ့ လက်ခံလိုက်ရတယ်...

အဲ့လိုလက်ခံပြီးတဲ့နေ့ထဲက
မနက် ၄ နာရီလောက်ဆို မက်ဆင်ဂျာကနေ
တရားနာဖို့ အသံဖိုင်တွေပို့တော့တာပဲ
ဒါတင်လားဆိုတော့ ဘယ်ကဦးမလဲ..

စိုက်ပျိုးရေးနည်းတွေ...စီးပွားရေးပိုစ့်တွေ
ဘဝနေထိုင်နည်း ဘာညာဆိုတဲ့ ဟာတွေကို ကိုယ့်ကို tag တွဲပီး ရှယ်တော့တာ

သူtag ထားတာမသိလို့ ၂ မိနစ်လောက်များ နောက်ကျသွားရင် ဖုန်းဆက်ပြီး

"မင်း ဘာလုပ်နေလဲ လိုင်းပေါ်မှာမတွေ့လို့"

အဲ့ဒါဆို ပေါက်လိုက်ပီ..
လိုင်းဖွင့်ပြီး tag ဖွင့်ပေးလိုက်တယ်
တခါတည်း အသဲပုံလေးပါပေးပစ်ရတယ်..

like ကအသဲပုံတခုပဲ....
ကျန်တဲ့ ဟဟတို့ ဝိုးတို့ ဆတ်တို့ အန်ဂရီးတို့က အန္တရာယ်ရှိတယ်...

ကိုယ်ကအသမခံပြီးသွားပီလေ သူရှယ်ထားတာက မသေခင်လေးမှာကောင်းမှူ့ကုသိုလ်တွေ လုပ်သွားသင့်တဲ့အကြောင်းပိုစ့်ကို
မဖတ်ပဲ ဟဟ သွားနှိပ်မိလို့ အလှော်ခံလိုက်ရပြီးနောက်ပိုင်း ဘာတင်တင် အသဲပုံပဲ လိုက်တော့တယ်..

နောက်ပြီးမိန်းမဘက်ကအမျိုးတွေ.. ယောက်ခမတွေလည်း ကိုယ့် fri ထဲရှိတယ်
ယောက်ခမလည်း မိဘပဲဆိုတော့ ကြောက်ရတာပဲ...

ယောက်ခမကျ တမျိုးဗျ...
သူက မက်ဆင်ဂျာကနေ ဖြန့်ချီရေးစာတွေအများဆုံးပို့တာ..
သိတယ်မို့လား...ဒီစာကိုလူဘယ်နှစ်ယောက် ပို့ပါတို့ ..မပို့ရင်ဘာဖြစ်တယ်တို့ဆိုတာမျိုးတွေလေ...

သူလည်းပို့စ်တင်ရင် tag တာပဲ
ဗေဒင်တွေ ....
အဆောင်တွေ... ဒီပုံကိုရှယ်ရင်ဘယ်လိုဝင်ငွေရတယ်ဆိုတာမျိုး နောက်ပြီး စား ချက် ကဟာတွေပေါ့ဗျာ..

သူ့လည်း tag ဖွင့်တာနောက်ကျလို့မရဘူးဗျို့ သူကျတော့ ကိုယ့်စီကို တိုက်ရိုက်မလာဘူး

"သမီး အမေအဆောင်လေးတခုတွေ့လို့ရှယ်ထားတယ် နင့်ယောင်္ကျားကအလေနတ်တောသွားနေတာလေ အဲ့တာသူလည်းအန္တရာယ်ကင်းအောင်လို့ tag ထားတယ် ပြောလိုက်ဦး"

အဲ့မှာ မိန်းမက
"ရှင့်ကို အန္တရာယ်ကင်းအောင်အမေက လုပ်ပေးထားတယ် ယောက်ျားရေ" ဆိုရင် ချက်ခြင်းဝင်ပြီးtagဖွင့်ရမယ်ဆိုတာကိုသိလိုက်ပြီ.
တဆက်တည်း အသဲပုံလေးပါ အော်တို လိုက်ပြီးသားပေါ့ဗျာ...

သူတို့ကြတော့ ကိုယ့်လာ add တာမဟုတ်ဘူးဗျို့...
ကိုယ်ကသွား add ရတာ
မadd လို့ကလည်းမရဘူးလေ
သူ့တို့ကဘယ်သူဘာတင်တင် တဆွေလုံးတမျိုးလုံးပတ်တွဲတာ

အဲ့တော့ ဒါတွေကအမျိုးတွေဟေ့ဆိုပြီး ပြောနေသလိုဆိုတော့ အကုန်လိုက်addရပြန်ရော..

မိန်းမကျပြန်တော့tag ယုံတင်မဟုတ်ဘူးဗျာ
မန်းရှင်းခေါ်တာပါ သူကအဆစ်ပါသေးတယ်
သူလိုချင်တဲ့ပစ္စည်းတို့ သူကိုယ်ကိုပြောချင်တာမျိုးတို့တွေ့ရင် အဲ့လိုတွေအောက်မှာလည်း မန်းရှင်းခေါ်သေးတယ်...

အဲ့လိုဆိုရင်သွားဝင်ကြည့်ပြီး ဘာမှမမန့်တောင် အသဲလေးတော့ သူ့မန့်ကို လိုက်ခဲ့ရသေးတယ်...

ဟိုတနေ့ကတော့ ကိုယ့်သားလာadd တယ်
နံမည်ကတော့ မွေးစာရင်းထဲကကိုယ်ပေးထားတဲ့ နံမည်မဟုတ်ပေမယ့် ရုပ်ကတော့ ငါ့သားနဲ့တူတယ်ဟဆိုပြီးဝင်ကြည့်လိုက်မှ ကိုယ့်သားမှန်းသိတာ
အဲ့ဒါနဲ့ သေချာအောင် မိန်းမမေးရသေးတယ်
"မိန်းမ နင့်သား fb သုံးနေတာလားဆိုတော့
အေးလေတဲ့ pubg ဆိုလား အဲ့ဂိမ်းဆော့ရင် fb အကောင့်ရှိမှရတယ်ဆိုလို့ ဖွင့်ပေးထားတာတဲ့"

လူကလည်းတမျိုးလုံးစုံသလောက်ရှိသွားပြီဆိုတော့
ကျနော်လည်းနှစ်ဖက်ဆွေမျိုးတွေအကုန်စုပြီး မက်ဆင်ဂျာမှာဂရုလေးတခုဖွင့်ပေးထားလိုက်တယ်...မီးလေးတွေကိုစိမ်းလို့
ကဲခုဆို မိသားစုတွေ ဘယ်လောက်ပျော်ဖို့ကောင်းလဲ
မိသားစုတွေလည်းအရမ်းစည်းလုံးသွားတယ်

fb ပေါ်မှာရန်ဖြစ်ရင်လည်း တအုပ်တမကြီးဝင်ဆဲတယ်..
ကြည့်မရလို့ rp ထုရင်လည်း သူစိမ်းတွေအကူအညီတောင်းစရာမလိုတော့ ဘူး ကိုယ့်မိသားစုဂရုထဲ linkချပေးလိုက်တာနဲ့တင် စိစိညက်ညက်ကြေသွားမယ်...

သိပြီနော်...
အဲ့ဒိတောလာမစမ်းနဲ့
ငါတို့က fb မှာဆွေကြီးမျိုးကြီးတွေ...#
....ko zay....

No comments:

Post a Comment