Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, February 10, 2019
၃ ။ လုံခြုံရေး ဝန်ထမ်းများ သော်လည်း ယနေ့ ချိန်ထိ ဦးခေါင်း ကို သေနတ်ဖြင့် ‘ တေ့’ ဖြုတ်ခံ ထိအောင် လုံခြုံမှူ မရှိသေးခြင်း-
၈ ။ Level တစ်ခုတည်း ၌ ဖွင့်ထားသော ညာဖက် ထောင့်ဆိုင် နှင့် ဘယ်ဖက် ထောင့်ဆိုင် တို့ ၏ ဈေးနှုန်းများ မှာ မဟားဒယား
ဘာဒွေကျန်အူး မလဲ – – –
ကိုနေအောင်
Unicode
အခြားလေဆိပ်များနှင့်မတူသည့် ရန်ကုန်လေဆိပ်၏ အလွန်တရာ ထူးခြားချက်များ
၁ ။ လေဆိပ် အဆောက် အအုံ အတွင်းထဲ ၌ “ခရီးသည်” ထက် “ဝန်ထမ်းဦးရေ” က ပိုများနေခြင်း
၂ ။ ထို ဝန်ထမ်း များထဲတွင် မှ “လုံခြုံရေး ဝန်ထမ်း” ဦးရေ က ပိုများနေခြင်း
၃ ။ လုံခြံုရေး ဝန်ထမ်းများ သော်လည်း ယနေ ့ချိန်ထိ ဦးခေါင်း ကို သေနတ်ဖြင့် ‘ တေ့’ ဖြုတ်ခံ ထိအောင် လုံခြံုမှူ မရှိသေးခြင်း-
၄ ။ တန်းစီတန်းဖြုတ် လစာထုတ်နေသည့် လေဆိပ် ရဲ တို ့၏ ” တိတ် နှိပ် သုံး တိတ်” ဟူသည့် အသံများ အားမာန် တက်ကြွဖွယ်
မနက်တိုင် ကြားနေ ရသော်လည်း ၄င်းတို ့ တန်းဖြုတ်ချိန် မှ စ၍ ထိုရဲ များမှာ တစ်နေကုန် ဘယ်သွား ” သေနေမှန်း ” မသိခြင်း။
( ဖြိုးကိုကိုတင့်ဆန်း ဆိုလား ဘာလား ဟောရှော့ လုပ် သွားတာ ခုထိ ဘာသံမှ မကြားရ တော့ဘူး။ )
၅ ။ လေဆိပ် အတွင်း ကဲ့သို ့ လေယာဉ် ပြေးလမ်း Taxi way တစ်လျှောက် လေယာဉ်စီးရေ ထက် ကားစီးရေ က ပိုများနေခြင်း။
၆ ။ ကားစီးရေ များသလောက် ဒါရိုက်ဘာ များအား ရှာ မတွေ ့ခြင်း- ( လေယာဉ်နည်းချိန် ကားပါကင်”အဖြစ် အပိုဝင်ငွေ ရှာပုံ ပေါက်သည် – )
၇ ။ ကိုင်း – လေဆိပ် အတွင်းဖက်ကို ပြန်ဝင်ရအောင်။ ရေသန့်စက်များ ထားပေးသော်လည်း ဘယ် အချိန် ကြည့်ကြည့် ‘တစ်ခါသုံး သောက်ရေခွက် များ ‘ ဘယ်တော့မှ မတွေ ့ရှိခြင်း-
၈ ။ Level တစ်ခုတည်း ၌ ဖွင့်ထားသော ညာဖက် ထောင့်ဆိုင် နှင့် ဘယ်ဖက် ထောင့်ဆိုင် တို ့၏ စျေးနှုန်းများ မှာ မဟားဒယား
ကွာဟ လွန်း ခြင်း – ( အဝင် ထောင့် က ဆိုင်မှာ ရေသန် ့တစ်ဗူး ၁၂၀၀ အထွက် ထောင့်ဆိုင် က ၂၀၀။ )
၉ ။ တခြားသော နိုင်ငံတကာ လေဆိပ်များ၌ သာယာ ငြိမ့်ညောင်းသော Easy Listening တီးလုံး များကို speaker မှ နားထောင်ကောင်း
ရုံ လောက်သာ တိုးတိုးလေး ဖွင့်ထားလေ့ရှိပြီး တချက်တချက် လိုအပ်မှ သာ ချိုသာသော အသံဖြင့် announce လုပ်လေ့ရှိသော်လည်
း ရန်ကုန်လေဆိပ် မှ PA speaker များ ခင်မျာ သံဗြဲကြီး များဖြင့် တစ်နေကုန် အနားမရ အောင် non-stop ကုံးအော်နေရခြင်း ( မသိပါက
ဟီးသရိုးလေဆိပ် ကဲ့သို ့ လေယာဉ်များ လက်မလည်အောင် တက်ဆင်း နေသည် အထင်ရှိမည်။ )
၁၀ ။ သို ့ရာတွင် တခြားနိုင်ငံ များထက် သာလွန်ခြင်းကား ကိုယ်နှင့် သွေးမတော် သားမစပ် များ က ကိုယ့် အထုတ် ကို အတင်းဆွဲ ကာ
သူ ့ ကားနှင့် ပို ့ပေးပါရစေ ဟု ဖော်ရွေလွန်း သည့် လူအုပ် ကြီး က” လေဆိပ် ဆိုက်ရောက် ” အပြင်ဖက် တွင်တိုးဝှေ့ ကာ စောင့်နေ ကြခြင်းပင်။
ဘာဒွေကျန်အူး မလဲ – – –
ကိုနေအောင်
No comments:
Post a Comment