ကျနော်တို့ငယ်ငယ်ကရွာထိပ်မှာ စက်ဘီးပြင်စားတဲ့
ကိုကျော်ဌေးဆိုတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။
သူ့ကို တစ်ရွလုံးက'ဝါးတစ်ပြန်ကျော်ဌေး' လို့ခေါ်ကြတယ်။
ကျော်ဌေးဆိုတဲ့နာမည်ရှေ့ကနေ'ဝါးတစ်ပြန်'ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု
တပ်ပေးထားကြတယ်။
ဝါးတစ်ပြန်ဆိုတဲ့ဂုဏ်ထူးတပ်ပေးထားရတဲ့ အကြောင်းရင်းကတော့
သူပြင်လိုက်တဲ့ စက်ဘီးမှန်သမျှ ဝါးတစ်ပြန်လောက် စီးလိုက်ရင်
ပြန်ပျက်သွားတတ်လို့ပဲ။
အဲ့ဒါကြောင့် သူ့နာမည်'ဝါးတစ်ပြန်ကျော်ဌေးလို့' တွင်တာ။
အဲ့ဒီ ဝါးတစ်ပြန်ကျော်ဌေးရဲ့တပည့်တွေက နောင်အခါမှာ အင်ဂျင်နီယာကြီးတွေဖြစ်လာပြီး လမ်းတံတားဆောက်လုပ်ရေးတွေမှာ နိုင်ငံတော်က အားထားရတဲ့ ပညာရှင်ကြီးတွေ ဖြစ်လာကြဟန်တူတယ်။ သူတို့အဖွဲ့ဆောက်သွားတဲ့ ဟုမ္မလင်းချင်းတွင်းမြစ်ကူးတံတားက မနေ့၊တနေ့ကမှ ဖွင့်ပွဲလုပ်သွားတယ်။ ဒီနေ့ အခြေအနေ သိပ်မဟန်တော့ဘူး။ အက်၊ကွဲကြောင်းတွေက သိသာထင်ရှားလွန်းတော့ နှပ်ချေးနဲ့ကပ်လို့လည်း ရမယ်မထင်။
Credit
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 23, 2019
'ဝါးတစ်ပြန်ကျော်ဌေး'
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment