ေခါင္းေလာင္းစာကုိ ယူနက္စကို-ကမၻာ့မွတ္တမ္း အေမြအႏွစ္စာရင္း တင္သြင္း



ဟံသာဝတီဆင္ျဖဴရွင္ဘုရင့္ေနာင္မင္းတရားၾကီးက ပုဂံေရႊစည္းခံု ဘုရားတြင္ လွဴဒါန္းခဲ႔သည့္ ေခါင္းေလာင္းစာကုိ ယူနက္စကို-ကမၻာ့မွတ္တမ္း အေမြအႏွစ္စာရင္း တင္သြင္းျခင္း

ပုဂံေရႊစည္းခံုဘုရားမွ ဘုရင့္ေနာင္ေခါင္းေလာင္းတြင္ ေရးထိုးထားေသာ ကမၸည္းစာသည္ ဟံသာဝတီ ဆင္ျဖဴရွင္ ဘုရင့္ေနာင္မင္း တရားၾကီး ၏ ေဆာင္ရြက္ခ်က္မ်ားကို ေဖာ္ျပေသာ ပါဠိ၊ မြန္၊ ျမန္မာ၊ သံုးဘာသာျဖင့္ ေရးထိုးထားပါသည္။ ခိုင္လံုေသာ ေခတ္ၿပိဳင္မွတ္တမ္းျဖစ္ျခင္း၊ ေန႔ရက္မ်ားကို ျပကၡဒိန္ႏွင့္ တိုက္ဆိုင္စစ္ေဆးေသာအခါ တိက်မွန္ကန္ျခင္း၊ မဟာရာဇဝင္ၾကီး၊ မွန္နန္းရာဇဝင္ေတာ္ၾကီးမ်ားမွ အယြင္းအမွားမ်ားကို ျပင္ဆင္ႏိုင္ရန္ အေထာက္အကူျပဳျခင္းႏွင့္ ျပည့္စံုတိက်ေအာင္ ျဖည့္စြမ္းႏိုင္ျခင္း စေသာ ဝိေသသလကၡဏာတို႔ႏွင့္ ျပည့္စံုသည့္ ေမာ္ကြန္းကမၸည္းစာ ျဖစ္ပါသည္။ ေရွးေဟာင္းဝတၳဳပစၥည္းတစ္ခု ျဖစ္သကဲ႔သို႔ သမိုင္းဆိုင္ရာ၊ မႏုႆေဗဒဆိုင္ရာ၊ ျဒပ္ရွိျဒပ္မဲ႔ယဥ္ေက်းမႈဆိုင္ရာ၊ အႏုပညာလက္ရာဆိုင္ရာ တန္ဖိုးျမင့္မားသည့္ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္တစ္ရပ္လည္း ျဖစ္ပါသည္။

ဘာသာစကားႏွင့္ စာေပဆိုင္ရာ ခိုင္လံုေသာ မူရင္းအေထာက္ အထားလည္း ျဖစ္ပါသည္။ ထိုသို႔ တန္ဖိုးျမင့္မား လွသည့္ ေရွးေဟာင္း ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္ေသာ ဘုရင့္ေနာင္ေခါင္းေလာင္းစာကို အမ်ိဳးသားအဆင့္၊ ႏိုင္ငံေတာ္ အဆင့္ ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ခဲ႔ပါသည္။ ယခုအခါ ယူနက္စကို-ကမၻာ့မွတ္တမ္း အေမြအႏွစ္စာရင္း (UNESCO Memory of the World) တင္သြင္းႏိုင္ရန္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ၾကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ၂၀၁၄ ခုႏွစ္၊ ဒီဇင္ဘာလမွ စတင္၍ အဆိုျပဳ တင္သြင္းခဲ႔ရာ၊ ၂၀၁၆ ခုႏွစ္၊ ေမလ (၃၁)ရက္ေန႔ ေနာက္ဆံုးထား၍ အဆိုျပဳလႊာတင္ျပခ်က္မ်ားကို အေခ်ာ အျပည့္အစံု အၿပီးသတ္ ေပးပို႔ရမည္ ျဖစ္ပါသည္။ သမိုင္းပညာရွင္မ်ား၊ ျမန္မာစာေပႏွင့္ ဘာသာစကား ပညာရွင္မ်ား၊ တကၠသိုလ္မ်ားမွ ျမန္မာစာဌာန၊ သမိုင္းဌာန၊ ေရွးေဟာင္းသုေတသနပညာဌာန၊ အေရွ႕တိုင္း ပညာဌာနတို႔မွ ပညာရွင္မ်ားထံ ေပးပို႔၍ အႀကံဥာဏ္မ်ား ေတာင္းခံလ်က္ ျပင္ဆင္ေရးသားခဲ႔ကာ ၂၀၁၆ ခုႏွစ္၊ ေမလ ဒုတိယပတ္တြင္ ေပးပို႔တင္ျပႏိုင္ရန္ ေဆာင္ရြက္ၿပီး ျဖစ္ပါသည္။

ခရစ္ႏွစ္ ၁၅၅၇ ခုႏွစ္(၁၆ ရာစု)တြင္ ေရးထိုးထားေသာ ယင္း ဘုရင့္ေနာင္ေခါင္းေလာင္းစာသည္ ဘုရင့္ေနာင္မင္းတရားႀကီးလက္ထက္ လူမႈစီးပြားဆိုင္ရာနည္းပညာမ်ား၊ ႏိုင္ငံေရးအေျခအေန၊ ကိုးကြယ္ ယံုၾကည္မႈႏွင့္ တုိင္းရင္းသားတို႔၏ လူမႈဓေလ႔ထံုးတမ္းမ်ားကို ထင္ဟပ္ေဖာ္ျပေနေသာ ေမာ္ကြန္းကမၸည္း တစ္ရပ္ ျဖစ္ပါသည္။

ဘုရင့္ေနာင္မင္းတရားႀကီး၏ ေခါင္းေလာင္းစာသည္ ရက္စြဲေန႔စြဲ အတိအက် ေရးထိုးမွတ္တမ္းတင္ထား ေသာေၾကာင့္ ျမန္မာ့သမိုင္းဆိုင္ရာကြင္းဆက္မ်ားကို မွန္ကန္ေစေရးအတြက္ ဆက္စပ္ၫွိႏိႈင္းေလ႔လာရာတြင္ တိက်ခိုင္မာေသာ စာေပဆိုင္ရာ၊ သမိုင္းဆိုင္ရာ မူရင္း အေထာက္အထာတစ္ရပ္လည္း ျဖစ္ပါသည္။ ပါဠိ၊ မြန္၊ ျမန္မာ ဘာသာစကားႏွင့္ အကၡရာ၊ စာေပ ထြန္းကားမႈ အဆင့္အတန္းကိုလည္းေဖာ္ျပေသာ ေရွးေဟာင္းစာေပ အေမြအႏွစ္ ရတနာတစ္ခုလည္း ျဖစ္ပါသည္။ ပန္းဆယ္မ်ိဳးအႏုပညာ၊ ေၾကးသြန္းအတတ္ပညာ၊ ျဒပ္မဲ႔ ယဥ္ေက်းမႈဆိုင္ရာ အေထာက္အထားတစ္ရပ္လည္း ျဖစ္ပါသည္။

ဘုရင့္ေနာင္ေခါင္းေလာင္းစာတြင္ သကၠရာဇ္ ၉၁၉ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္(၁၁)ရက္ တနဂၤေႏြေန႔၌ သီရိပရမမဟာရာဇာ ဘြဲ႕ေတာ္ခံ ဟံသာဝတီ ဆင္ျဖဴရွင္ဘုရင့္ေနာင္မင္းတရားႀကီးသည္ ေၾကးခြက္ ၂၁၀၀ ျဖင့္ ေခါင္းေလာင္းႀကီးတစ္လံုးသြန္းလုပ္ကာ အႏုရုဒၸၶမင္း(အေနာ္ရထာမင္း) ႏွင့္ ထိလိုင္မင္း (က်န္စစ္သား မင္း) တို႔၏ ေကာင္းမႈေတာ္ျဖစ္ေသာ ပုဂံ-ေရႊစည္းခံုဘုရားရင္ျပင္ေတာ္တြင္ ခ်ိတ္ဆြဲလွဴဒါန္းခဲ႔ေၾကာင္း အလွဴမွတ္တမ္း ကမၸည္းေမာ္ကြန္း ေရးထိုးထားပါသည္။ ထို႔ျပင္ ႏိုင္ငံေတာ္စည္းရံုးေရးအတြက္ ေဆာင္ရြက္ခ်က္မ်ား၊ သာသနာေရးဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ားကိုလည္း ေအာက္ပါအတိုင္း
ေလ႔လာေတြ႕ရွိရပါသည္။-
-သကၠရာဇ္ ၉၁၂ ခု၊ တပို႔တြဲလဆန္း ၅ ရက္၊ တနဂၤေႏြေန႔ - ေကတုမတီကို အလိုေတာ္ျပည့္ေၾကာင္း၊
-သကၠရာဇ္ ၉၁၃ ခု၊ ေတာ္သလင္းလကြယ္ေန႔ - သေရေခတၱရာျပည္ကို ေအာင္ေတာ္မူေၾကာင္း၊
-သကၠရာဇ္ ၉၁၃ ခု၊ တန္ခူးလဆုတ္ ၃ ရက္၊ စေနေန႔ - ဟံသာဝတီသို႔ ခ်ီေတာ္မူေၾကာင္း၊
-သကၠရာဇ္ ၉၁၅ ခု၊ တပို႔တြဲလဆန္း ၁၀ ရက္၊ ေသာၾကာေန႔ - ကေမၻာဇသာဒီနန္းေတာ္တြင္ ဘိသက္ခံေၾကာင္း၊
-သကၠရာဇ္ ၉၁၆ ခု၊ တေပါင္းလဆန္း ၂ ရက္၊ အဂၤါေန႔ - အဝ(အင္းဝ)ကို ေအာင္ေတာ္မူေၾကာင္း၊
-သကၠရာဇ္ ၉၁၈ ခု၊-
- နတ္ေတာ္လဆန္း ၈ ရက္၊ တနလၤာေန႔ - အဝ(အင္းဝ)သို႔ ထပ္မံခ်ီေတာ္မူေၾကာင္း၊
- ျပာသိုလဆုတ္ ၉ ရက္၊ၾကာသပေတးေန႔ - အင္းဝေရႊနန္းသို႔ ေရာက္ေတာ္မူေၾကာင္း၊
- တပို႔တြဲလဆန္း ၉ ရက္၊ေသာၾကာေန႔ - ၾကည္းအားေရအားျဖင့္ခ်ီေတာ္မူေၾကာင္း၊
- တပို႔တြဲလဆုတ္ ၁၁ ရက္၊တနလၤာေန႔ - မိုးမိတ္၊ သီေပါ၊ ပတၱျမားတြင္းကို ေအာင္ေတာ္မူေၾကာင္း၊
- တေပါင္းလဆန္း ၁၁ ရက္၊တနလၤာေန႔ - ေစတီတည္ေတာ္မူေၾကာင္း၊
- တေပါင္းလဆန္း ၁၃ ရက္၊ ဗုဒၸၶဟူးေန႔ - သရီရဓာတ္ေတာ္ ထာပနာေတာ္မူေၾကာင္း၊
- တေပါင္းလျပည့္ေက်ာ္ ၅ ရက္၊ ဗုဒၸၶဟူးေန႔ - မိုးမိတ္က ခ်ီေတာ္မူေၾကာင္း၊
- တေပါင္းလျပည့္ေက်ာ္ ၈ ရက္၊ စေနေန႔ - ဓိက်ည္(ထီးခ်ိဳင့္)သို႔ ေရာက္ေတာ္မူေၾကာင္း၊
- တန္ခူးလဆန္း ၁ ရက္၊ တနဂၤေႏြေန႔ - ခ်ီေတာ္မူေၾကာင္း၊
- တန္ခူးလဆန္း ၇ ရက္၊ စေနေန႔ - မိုးၫွင္းကို ေအာင္ေတာ္မူေၾကာင္း၊
- တန္ခူးလျပည့္ေက်ာ္ ၁၂ ရက္၊ ၾကာသပေတးေန႔ - မိုးေကာင္းကို အလိုေတာ္ျပည့္ေၾကာင္း၊
-သကၠရာဇ္ ၉၁၉ ခု၊-
- ကဆုန္လဆန္း ၅ ရက္၊ေသာၾကာေန႔- မိုးေကာင္းေစာ္ဘြား၊မိုးၫွင္းေစာလံုတို႔ထပ္ေလာင္းသစၥာျပဳေၾကာင္း၊
- ကဆုန္လဆန္း ၁၂ ရက္၊ ေသာၾကာေန႔- မိုးေကာင္းက ျပန္ေတာ္မူေၾကာင္း၊
- နယုန္လျပည့္ေက်ာ္ ၁၁ ရက္၊ တနဂၤေႏြေန႔-ေခါင္းေလာင္းေတာ္သြန္းလုပ္လွဴဒါန္းေတာ္မူေၾကာင္း။
ဘုရင့္ေနာင္ေခါင္းေလာင္းစာတြင္ ေဖာ္ျပထားခ်က္မ်ားအရ ဟံသာဝတီ
ဆင္ျဖဴရွင္ ဘုရင့္ေနာင္ မင္းတရားႀကီး၏ ဘြဲ႕ေတာ္မွာ သီရိပရမ မဟာဓမၼရာဇာဓိရာဇာ ျဖစ္ေၾကာင္း၊ မိဖုရားႀကီး၏ ဘြဲ႕ေတာ္မွာ သီရိအဂၢမဟာရာဇာေဒဝီ ျဖစ္ေၾကာင္း၊ မင္းမိဖုရားႏွစ္ပါးတို႔သည္ ကေမၻာဇသာဒီနန္းေတာ္၌ သကၠရာဇ္ ၉၁၅ ခု၊ တပို႔တြဲလဆန္း(၁၀)ရက္တြင္ ဘိသိက္မဂၤလာခံယူေတာ္မူခဲ႔သည့္ သမိုင္း အေထာက္ အထား တစ္ရပ္ ကို ေတြ႕ရွိရ ပါသည္။

ဘုရင့္ေနာင္ေခါင္းေလာင္းစာသည္ သာသနာ့အေမြအႏွစ္ဆိုင္ရာ အေထာက္အထားတစ္ရပ္လည္း ျဖစ္ပါသည္။ ဟံသာဝတီဆင္ျဖဴရွင္ ဘုရင့္ေနာင္မင္းတရားႀကီးသည္ ေကတုမတီ(ေတာင္ငူ)၊ သေရေခတၱရာျပည္၊ အဝ(အင္းဝ)၊ မိုးမိတ္၊ သီေပါ၊ မိုးၫွင္း၊ မိုးေကာင္း၊ ဓိက်ည္(ထီးခ်ိဳင့္)စေသာ ေဒသမ်ားကို တစ္စည္းတစ္လံုးတည္းျဖစ္ေအာင္ စည္းရံုးႏိုင္ခဲ႔ေၾကာင္း၊ ၾကြခ်ီရာလမ္းခရီးတစ္ေလွ်ာက္၊ ေရာက္ရွိရာ ေနရာေဒသအသီးသီးတြင္ ကုသိုလ္ေဟာင္းတို႔ကို ျပဳျပင္၍ ၊ ကုသိုလ္အသစ္မ်ားကို ျပဳစုခဲ႔ေၾကာင္း၊ ထို႔ေၾကာင့္မြန္တိုင္းႏိုင္ငံ၊ ျမန္မာတိုင္းႏိုင္ငံအလံုး ေရႊဘုရား၊ ေရႊေစတီ၊ ေရႊဂူ၊ ေရႊဆင္းတု၊ ေရႊေက်ာင္း၊ ေရႊဇရပ္၊ ေရႊတန္ေဆာင္း ေျပာင္ေျပာင္ထြန္းပလ်က္ ဗုဒၸၶသာသနာေတာ္ ပြင့္လင္းစည္ပင္ရေၾကာင္း၊ အတိအလင္း ေဖာ္ျပထားပါသည္။

သိန္ဃိုဝ္ကၽြန္း(သီဟိုဠ္ကၽြန္း)သို႔ သေဘၤာျဖင့္သြားေရာက္၍ ကုသိုလ္ေဟာင္းမ်ားကို ျပဳျပင္ေစခဲ႔ ေၾကာင္း၊ သိန္ဃိုဝ္ကၽြန္း(သီဟိုဠ္ကၽြန္း)မွ သရီရဓာတ္ေတာ္မ်ားကို သံဃာေတာ္တို႔က သေဘၤာျဖင့္ ဟံသာဝတီသို႔ ပင့္ေဆာင္ခဲ႔ၿပီး၊ ႏွစ္မျပတ္-လမျပတ္-ေန႔မျပတ္ လွဴဒါန္းျဖည့္တင္းေတာ္မူခဲ႔ေၾကာင္း၊ ေခါင္းေလာင္းစာတြင္ ေဖာ္ျပထားရာ ဗုဒၸၶသာသနာေတာ္ ျပဳစုျခင္းငွာ သီဟိုဠ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရး အေျခအေနအတြက္လည္း သမိုင္းဆိုင္ရာ အေထာက္အထားတစ္ရပ္ ျဖစ္ပါသည္။

ႏိုင္ငံတစ္ဝန္း ၾကည္းေၾကာင္း၊ ေရေၾကာင္းတို႔ျဖင့္ ၾကြခ်ီေတာ္မူရာတြင္ ေရႊေဖာင္ေတာ္ ဦးျပာသာဒ္၊ ပဲ႔ျပာသာဒ္ျဖင့္ ဆင္ယင္ေသာ၊ အေရာင္အဝါႏွင့္ ျပည့္စံုေသာ ေရႊေဖာင္ေတာ္ထက္တြင္ စီးခဲ႔ေၾကာင္း၊ စူလာမနိ အမည္ရွိေသာ သံုးဆယ့္သံုးလံႏွစ္ေတာင္ အလ်ားရွိေသာ၊ အတုမရွိေသာ ေရႊေလာင္းမ၊ ေငြဗိမာန္၊ ႏွစ္ဆယ့္ခုနစ္လံႏွစ္ေတာင္အလ်ားရွိသည့္ ဦးျပာသာဒ္၊ ပဲ႔ျပာသာဒ္၊ အလယ္ျပာသာဒ္၊ ရတနာတို႔ျဖင့္ၿပီေသာ အေရာင္အဝါတင့္တယ္စြာ အတုမရွိေသာ ေရႊစလာကပင္၊ ေရႊရဲေလွ၊ ေရႊေလွာ္ကား၊ ေရႊသံေလွတို႔ျဖင့္ ခ်ီေတာ္မူေၾကာင္း ေဖာ္ျပထားေပရာ ေရတပ္ေတာ္(ေလွတပ္ေတာ္)ျဖင့္ မင္းခမ္းမင္းနား ခင္းက်င္းဆင္ယင္ပံုႏွင့္ ေတာင့္တင္းခိုင္မာ စည္းလံုးညီညာေသာ အင္အားရွိခဲ႔ပံုတို႔ ထင္ဟပ္ေနသည့္ ေခတ္ေၾကးမံုကို ေတြ႕ျမင္ရ ပါသည္။
မိုးေကာင္း၊ မိုးၫွင္း၊ သီေပါ၊ မိုးမိတ္ ရွမ္းႏွစ္ျပည္ေထာင္တြင္ သူေကာင္းတစ္ေယာက္ ေသဆံုးလွ်င္ ေယာက္်ား၊ မိန္းမကိုသတ္၍ ထည့္သည္ကို၊ မိစၦာဒိ႒ိအက်င့္က်င့္သည္ကို မက်င့္ႏွင့္ဟူ၍ သစၥာေရတိုက္ကာ ထားေတာ္မူလ်က္ ကာကြယ္ေစာင့္ေရွာက္ေပးေတာ္ မူခဲ႔ေသာ ေဆာင္ရြက္ ခ်က္မ်ားကိုပါ ဘုရင့္ေနာင္ မင္းတရား၏ ေခါင္းေလာင္း စာတြင္ ေဖာ္ျပထားပါသည္။ တိုင္းရင္းသားလူမ်ိဳးတို႔၏ ျပဳျပင္သင့္ေသာ အယူအက်င္႔ မ်ားကို ပယ္ႏုတ္ေပးခဲ႔ေၾကာင္း၊ ယဥ္ေက်းမႈဆိုင္ရာ၊ မႏုႆေဗဒဆိုင္ရာ အေမြအႏွစ္ အေထာက္အထားမ်ား အျဖစ္ ေတြ႕ရွိႏိုင္ပါသည္။

ဟံသာဝတီဆင္ျဖဴရွင္ ဘုရင့္ေနာင္မင္းတရားႀကီး၏ ကုသိုလ္ေတာ္ျဖစ္သည့္ ပုဂံ၊ ေရႊစည္းခံုဘုရားမွ ေခါင္းေလာင္းသည္လည္းေကာင္း၊ ေခါင္းေလာင္းတြင္ေရးထိုးထားေသာ ကမၸည္းေမာ္ကြန္းစာသည္လည္း ျမန္မာတစ္မ်ိဳးသားလံုးအတြက္ တန္ဖိုးမျဖတ္ႏိုင္သည့္ ျဒပ္ရွိ၊ ျဒပ္မဲ႔ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္တို႔ျဖင့္ တန္ဆာဆင္အပ္ေသာ အေထာက္အထားျဖစ္ေသာေၾကာင့္ အမ်ိဳးသားအဆင့္၊ ႏိုင္ငံေတာ္အဆင့္ ထိန္းသိမ္း ကာကြယ္ ေစာင့္ေရွာက္ခဲ႔ပါသည္။ ထိုထက္ပို၍ ကမၻာ့လူသားအားလံုးက တန္ဖိုးထားထိန္းသိမ္းသင့္ ထိန္းသိမ္း အပ္ေသာ၊ ကမၻာေပၚတြင္ တစ္ခုတည္းေသာ၊ ထူးျခားရွားပါးသည့္၊ တန္ဖိုးႀကီးမားသည့္ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္လည္း ျဖစ္ေသာေၾကာင့္ ယူနက္စကို-ကမၻာ့မွတ္တမ္းအေမြအႏွစ္စာရင္း (UNESCO Memory of the World) တင္သြင္းႏိုင္ေရးအတြက္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္ရြက္ေနျခင္း ျဖစ္ပါသည္။ မၾကာေတာ့ေသာ ကာလတြင္ ပုဂံ၊ ေရႊစည္းခံဘုရားရင္ျပင္ေတာ္ရွိ ဘုရင့္ေနာင္မင္းတရားႀကီး၏ ေခါင္းေလာင္းစာသည္လည္း မႏၱေလးမွ ကုသိုလ္ေတာ္ဘုရားေက်ာက္စာမ်ားကဲ႔သို႔လည္းေကာင္း၊ ပုဂံ ၿမိဳ႕ေဟာင္းရွိ ျမေစတီေက်ာက္စာ(ေခၚ) ရာဇကုမာရ္ေက်ာက္စာမ်ားကဲ႔သို႔လည္းေကာင္း ယူနက္စကို-ကမၻာ့ မွတ္တမ္းစာရင္းဝင္အေမြအႏွစ္တစ္ရပ္ ျဖစ္လာေတာ့မည္ဟု အေလးအနက္ ယံုၾကည္ေမွ်ာ္လင့္မိပါသတည္း။

၁၁-၅-၂၀၁၆

ေဆာင္းပါးေရးသားတင္ျပသူ - ထူးထူးဝင္း(ေရွးေဟာင္းသုေတသန)
ဒုတိယၫႊန္ၾကားေရးမွဴး၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန။

ကိုးကားခ်က္
ခ်စ္သိန္း၊ ဦး(ေရွးေဟာင္းသုေတသနဝန္)။ (၁၉၆၅)။ မြန္ေက်ာက္စာေပါင္းခ်ဳပ္။ ရန္ကုန္၊ ျပည္ေထာင္စု
ယဥ္ေက်းမႈဌာန၊ ေရွးေဟာင္းသုေတသနဌာနခြဲ။
တိုးလွ။ ေဒါက္တာ။(၁၉၈၀၊ ႏိုဝင္ဘာ)။ ဟံသာဝတီဆင္ျဖဴရွင္၏ ကုသိုလ္ေတာ္ေခါင္းေလာင္းစာ ေလ႔လာခ်က္။
တကၠသိုလ္ပညာပေဒသာစာေစာင္၊ အတြဲ ၁၄၊ အပိုင္း ၆၊ စာ(၃၅-၅၃)။ ရန္ကုန္၊ သမိုင္းသုေတသန။
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ အျပည္ျပည္ဆိုင္ရာ ဆက္ဆံေရးႏွင့္ ပူးေပါင္း
ေဆာင္ရြက္ေရးဌာနခြဲမွ မွတ္တမ္းမ်ားႏွင့္ ၄င္းဌာနခြဲမွ ရရွိေသာ သတင္းအခ်က္အလက္မ်ား။

Ministryof Culture
https://www.facebook.com/ministryofculturenews
..........



ဟံသာဝတီဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးက ပုဂံရွှေစည်းခုံ ဘုရားတွင် လှူဒါန်းခဲ့သည့် ခေါင်းလောင်းစာကို ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း တင်သွင်းခြင်း

ပုဂံရွှေစည်းခုံဘုရားမှ ဘုရင့်နောင်ခေါင်းလောင်းတွင် ရေးထိုးထားသော ကမ္ပည်းစာသည် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်း တရားကြီး ၏ ဆောင်ရွက်ချက်များကို ဖော်ပြသော ပါဠိ၊ မွန်၊ မြန်မာ၊ သုံးဘာသာဖြင့် ရေးထိုးထားပါသည်။ ခိုင်လုံသော ခေတ်ပြိုင်မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကို ပြက္ခဒိန်နှင့် တိုက်ဆိုင်စစ်ဆေးသောအခါ တိကျမှန်ကန်ခြင်း၊ မဟာရာဇဝင်ကြီး၊ မှန်နန်းရာဇဝင်တော်ကြီးများမှ အယွင်းအမှားများကို ပြင်ဆင်နိုင်ရန် အထောက်အကူပြုခြင်းနှင့် ပြည့်စုံတိကျအောင် ဖြည့်စွမ်းနိုင်ခြင်း စသော ဝိသေသလက္ခဏာတို့နှင့် ပြည့်စုံသည့် မော်ကွန်းကမ္ပည်းစာ ဖြစ်ပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းတစ်ခု ဖြစ်သကဲ့သို့ သမိုင်းဆိုင်ရာ၊ မနုဿဗေဒဆိုင်ရာ၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ၊ အနုပညာလက်ရာဆိုင်ရာ တန်ဖိုးမြင့်မားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်လည်း ဖြစ်ပါသည်။

ဘာသာစကားနှင့် စာပေဆိုင်ရာ ခိုင်လုံသော မူရင်းအထောက် အထားလည်း ဖြစ်ပါသည်။ ထိုသို့ တန်ဖိုးမြင့်မား လှသည့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ဘုရင့်နောင်ခေါင်းလောင်းစာကို အမျိုးသားအဆင့်၊ နိုင်ငံတော် အဆင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ပါသည်။ ယခုအခါ ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း (UNESCO Memory of the World) တင်သွင်းနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အဆိုပြု တင်သွင်းခဲ့ရာ၊ ၂၀၁၆ ခုနှစ်၊ မေလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုလွှာတင်ပြချက်များကို အချော အပြည့်အစုံ အပြီးသတ် ပေးပို့ရမည် ဖြစ်ပါသည်။ သမိုင်းပညာရှင်များ၊ မြန်မာစာပေနှင့် ဘာသာစကား ပညာရှင်များ၊ တက္ကသိုလ်များမှ မြန်မာစာဌာန၊ သမိုင်းဌာန၊ ရှေးဟောင်းသုတေသနပညာဌာန၊ အရှေ့တိုင်း ပညာဌာနတို့မှ ပညာရှင်များထံ ပေးပို့၍ အကြံဉာဏ်များ တောင်းခံလျက် ပြင်ဆင်ရေးသားခဲ့ကာ ၂၀၁၆ ခုနှစ်၊ မေလ ဒုတိယပတ်တွင် ပေးပို့တင်ပြနိုင်ရန် ဆောင်ရွက်ပြီး ဖြစ်ပါသည်။

ခရစ်နှစ် ၁၅၅၇ ခုနှစ်(၁၆ ရာစု)တွင် ရေးထိုးထားသော ယင်း ဘုရင့်နောင်ခေါင်းလောင်းစာသည် ဘုရင့်နောင်မင်းတရားကြီးလက်ထက် လူမှုစီးပွားဆိုင်ရာနည်းပညာများ၊ နိုင်ငံရေးအခြေအနေ၊ ကိုးကွယ် ယုံကြည်မှုနှင့် တိုင်းရင်းသားတို့၏ လူမှုဓလေ့ထုံးတမ်းများကို ထင်ဟပ်ဖော်ပြနေသော မော်ကွန်းကမ္ပည်း တစ်ရပ် ဖြစ်ပါသည်။

ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာသည် ရက်စွဲနေ့စွဲ အတိအကျ ရေးထိုးမှတ်တမ်းတင်ထား သောကြောင့် မြန်မာ့သမိုင်းဆိုင်ရာကွင်းဆက်များကို မှန်ကန်စေရေးအတွက် ဆက်စပ်ညှိနှိုင်းလေ့လာရာတွင် တိကျခိုင်မာသော စာပေဆိုင်ရာ၊ သမိုင်းဆိုင်ရာ မူရင်း အထောက်အထာတစ်ရပ်လည်း ဖြစ်ပါသည်။ ပါဠိ၊ မွန်၊ မြန်မာ ဘာသာစကားနှင့် အက္ခရာ၊ စာပေ ထွန်းကားမှု အဆင့်အတန်းကိုလည်းဖော်ပြသော ရှေးဟောင်းစာပေ အမွေအနှစ် ရတနာတစ်ခုလည်း ဖြစ်ပါသည်။ ပန်းဆယ်မျိုးအနုပညာ၊ ကြေးသွန်းအတတ်ပညာ၊ ဒြပ်မဲ့ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတစ်ရပ်လည်း ဖြစ်ပါသည်။

ဘုရင့်နောင်ခေါင်းလောင်းစာတွင် သက္ကရာဇ် ၉၁၉ ခုနှစ်၊ နယုန်လပြည့်ကျော်(၁၁)ရက် တနင်္ဂနွေနေ့၌ သီရိပရမမဟာရာဇာ ဘွဲ့တော်ခံ ဟံသာဝတီ ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးသည် ကြေးခွက် ၂၁၀၀ ဖြင့် ခေါင်းလောင်းကြီးတစ်လုံးသွန်းလုပ်ကာ အနုရုဒ္ပ္ဓမင်း(အနော်ရထာမင်း) နှင့် ထိလိုင်မင်း (ကျန်စစ်သား မင်း) တို့၏ ကောင်းမှုတော်ဖြစ်သော ပုဂံ-ရွှေစည်းခုံဘုရားရင်ပြင်တော်တွင် ချိတ်ဆွဲလှူဒါန်းခဲ့ကြောင်း အလှူမှတ်တမ်း ကမ္ပည်းမော်ကွန်း ရေးထိုးထားပါသည်။ ထို့ပြင် နိုင်ငံတော်စည်းရုံးရေးအတွက် ဆောင်ရွက်ချက်များ၊ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်း အောက်ပါအတိုင်း
လေ့လာတွေ့ရှိရပါသည်။-
-သက္ကရာဇ် ၉၁၂ ခု၊ တပို့တွဲလဆန်း ၅ ရက်၊ တနင်္ဂနွေနေ့ - ကေတုမတီကို အလိုတော်ပြည့်ကြောင်း၊
-သက္ကရာဇ် ၉၁၃ ခု၊ တော်သလင်းလကွယ်နေ့ - သရေခေတ္တရာပြည်ကို အောင်တော်မူကြောင်း၊
-သက္ကရာဇ် ၉၁၃ ခု၊ တန်ခူးလဆုတ် ၃ ရက်၊ စနေနေ့ - ဟံသာဝတီသို့ ချီတော်မူကြောင်း၊
-သက္ကရာဇ် ၉၁၅ ခု၊ တပို့တွဲလဆန်း ၁၀ ရက်၊ သောကြာနေ့ - ကမ္ဘောဇသာဒီနန်းတော်တွင် ဘိသက်ခံကြောင်း၊
-သက္ကရာဇ် ၉၁၆ ခု၊ တပေါင်းလဆန်း ၂ ရက်၊ အင်္ဂါနေ့ - အဝ(အင်းဝ)ကို အောင်တော်မူကြောင်း၊
-သက္ကရာဇ် ၉၁၈ ခု၊-
- နတ်တော်လဆန်း ၈ ရက်၊ တနင်္လာနေ့ - အဝ(အင်းဝ)သို့ ထပ်မံချီတော်မူကြောင်း၊
- ပြာသိုလဆုတ် ၉ ရက်၊ကြာသပတေးနေ့ - အင်းဝရွှေနန်းသို့ ရောက်တော်မူကြောင်း၊
- တပို့တွဲလဆန်း ၉ ရက်၊သောကြာနေ့ - ကြည်းအားရေအားဖြင့်ချီတော်မူကြောင်း၊
- တပို့တွဲလဆုတ် ၁၁ ရက်၊တနင်္လာနေ့ - မိုးမိတ်၊ သီပေါ၊ ပတ္တမြားတွင်းကို အောင်တော်မူကြောင်း၊
- တပေါင်းလဆန်း ၁၁ ရက်၊တနင်္လာနေ့ - စေတီတည်တော်မူကြောင်း၊
- တပေါင်းလဆန်း ၁၃ ရက်၊ ဗုဒ္ပ္ဓဟူးနေ့ - သရီရဓာတ်တော် ထာပနာတော်မူကြောင်း၊
- တပေါင်းလပြည့်ကျော် ၅ ရက်၊ ဗုဒ္ပ္ဓဟူးနေ့ - မိုးမိတ်က ချီတော်မူကြောင်း၊
- တပေါင်းလပြည့်ကျော် ၈ ရက်၊ စနေနေ့ - ဓိကျည်(ထီးချိုင့်)သို့ ရောက်တော်မူကြောင်း၊
- တန်ခူးလဆန်း ၁ ရက်၊ တနင်္ဂနွေနေ့ - ချီတော်မူကြောင်း၊
- တန်ခူးလဆန်း ရ ရက်၊ စနေနေ့ - မိုးညှင်းကို အောင်တော်မူကြောင်း၊
- တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ကြာသပတေးနေ့ - မိုးကောင်းကို အလိုတော်ပြည့်ကြောင်း၊
-သက္ကရာဇ် ၉၁၉ ခု၊-
- ကဆုန်လဆန်း ၅ ရက်၊သောကြာနေ့- မိုးကောင်းစော်ဘွား၊မိုးညှင်းစောလုံတို့ထပ်လောင်းသစ္စာပြုကြောင်း၊
- ကဆုန်လဆန်း ၁၂ ရက်၊ သောကြာနေ့- မိုးကောင်းက ပြန်တော်မူကြောင်း၊
- နယုန်လပြည့်ကျော် ၁၁ ရက်၊ တနင်္ဂနွေနေ့-ခေါင်းလောင်းတော်သွန်းလုပ်လှူဒါန်းတော်မူကြောင်း။
ဘုရင့်နောင်ခေါင်းလောင်းစာတွင် ဖော်ပြထားချက်များအရ ဟံသာဝတီ
ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီး၏ ဘွဲ့တော်မှာ သီရိပရမ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ကြောင်း၊ မိဖုရားကြီး၏ ဘွဲ့တော်မှာ သီရိအဂ္ဂမဟာရာဇာဒေဝီ ဖြစ်ကြောင်း၊ မင်းမိဖုရားနှစ်ပါးတို့သည် ကမ္ဘောဇသာဒီနန်းတော်၌ သက္ကရာဇ် ၉၁၅ ခု၊ တပို့တွဲလဆန်း(၁၀)ရက်တွင် ဘိသိက်မင်္ဂလာခံယူတော်မူခဲ့သည့် သမိုင်း အထောက် အထား တစ်ရပ် ကို တွေ့ရှိရ ပါသည်။

ဘုရင့်နောင်ခေါင်းလောင်းစာသည် သာသနာ့အမွေအနှစ်ဆိုင်ရာ အထောက်အထားတစ်ရပ်လည်း ဖြစ်ပါသည်။ ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးသည် ကေတုမတီ(တောင်ငူ)၊ သရေခေတ္တရာပြည်၊ အဝ(အင်းဝ)၊ မိုးမိတ်၊ သီပေါ၊ မိုးညှင်း၊ မိုးကောင်း၊ ဓိကျည်(ထီးချိုင့်)စသော ဒေသများကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် စည်းရုံးနိုင်ခဲ့ကြောင်း၊ ကြွချီရာလမ်းခရီးတစ်လျှောက်၊ ရောက်ရှိရာ နေရာဒေသအသီးသီးတွင် ကုသိုလ်ဟောင်းတို့ကို ပြုပြင်၍ ၊ ကုသိုလ်အသစ်များကို ပြုစုခဲ့ကြောင်း၊ ထို့ကြောင့်မွန်တိုင်းနိုင်ငံ၊ မြန်မာတိုင်းနိုင်ငံအလုံး ရွှေဘုရား၊ ရွှေစေတီ၊ ရွှေဂူ၊ ရွှေဆင်းတု၊ ရွှေကျောင်း၊ ရွှေဇရပ်၊ ရွှေတန်ဆောင်း ပြောင်ပြောင်ထွန်းပလျက် ဗုဒ္ပ္ဓသာသနာတော် ပွင့်လင်းစည်ပင်ရကြောင်း၊ အတိအလင်း ဖော်ပြထားပါသည်။

သိန်ဃိုဝ်ကျွန်း(သီဟိုဠ်ကျွန်း)သို့ သင်္ဘောဖြင့်သွားရောက်၍ ကုသိုလ်ဟောင်းများကို ပြုပြင်စေခဲ့ ကြောင်း၊ သိန်ဃိုဝ်ကျွန်း(သီဟိုဠ်ကျွန်း)မှ သရီရဓာတ်တော်များကို သံဃာတော်တို့က သင်္ဘောဖြင့် ဟံသာဝတီသို့ ပင့်ဆောင်ခဲ့ပြီး၊ နှစ်မပြတ်-လမပြတ်-နေ့မပြတ် လှူဒါန်းဖြည့်တင်းတော်မူခဲ့ကြောင်း၊ ခေါင်းလောင်းစာတွင် ဖော်ပြထားရာ ဗုဒ္ပ္ဓသာသနာတော် ပြုစုခြင်းငှာ သီဟိုဠ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေအတွက်လည်း သမိုင်းဆိုင်ရာ အထောက်အထားတစ်ရပ် ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်း ကြည်းကြောင်း၊ ရေကြောင်းတို့ဖြင့် ကြွချီတော်မူရာတွင် ရွှေဖောင်တော် ဦးပြာသာဒ်၊ ပဲ့ပြာသာဒ်ဖြင့် ဆင်ယင်သော၊ အရောင်အဝါနှင့် ပြည့်စုံသော ရွှေဖောင်တော်ထက်တွင် စီးခဲ့ကြောင်း၊ စူလာမနိ အမည်ရှိသော သုံးဆယ့်သုံးလံနှစ်တောင် အလျားရှိသော၊ အတုမရှိသော ရွှေလောင်းမ၊ ငွေဗိမာန်၊ နှစ်ဆယ့်ခုနစ်လံနှစ်တောင်အလျားရှိသည့် ဦးပြာသာဒ်၊ ပဲ့ပြာသာဒ်၊ အလယ်ပြာသာဒ်၊ ရတနာတို့ဖြင့်ပြီသော အရောင်အဝါတင့်တယ်စွာ အတုမရှိသော ရွှေစလာကပင်၊ ရွှေရဲလှေ၊ ရွှေလှော်ကား၊ ရွှေသံလှေတို့ဖြင့် ချီတော်မူကြောင်း ဖော်ပြထားပေရာ ရေတပ်တော်(လှေတပ်တော်)ဖြင့် မင်းခမ်းမင်းနား ခင်းကျင်းဆင်ယင်ပုံနှင့် တောင့်တင်းခိုင်မာ စည်းလုံးညီညာသော အင်အားရှိခဲ့ပုံတို့ ထင်ဟပ်နေသည့် ခေတ်ကြေးမုံကို တွေ့မြင်ရ ပါသည်။
မိုးကောင်း၊ မိုးညှင်း၊ သီပေါ၊ မိုးမိတ် ရှမ်းနှစ်ပြည်ထောင်တွင် သူကောင်းတစ်ယောက် သေဆုံးလျှင် ယောက်ျား၊ မိန်းမကိုသတ်၍ ထည့်သည်ကို၊ မိစ္ဆာဒိဋ္ဌိအကျင့်ကျင့်သည်ကို မကျင့်နှင့်ဟူ၍ သစ္စာရေတိုက်ကာ ထားတော်မူလျက် ကာကွယ်စောင့်ရှောက်ပေးတော် မူခဲ့သော ဆောင်ရွက် ချက်များကိုပါ ဘုရင့်နောင် မင်းတရား၏ ခေါင်းလောင်း စာတွင် ဖော်ပြထားပါသည်။ တိုင်းရင်းသားလူမျိုးတို့၏ ပြုပြင်သင့်သော အယူအကျင့် များကို ပယ်နုတ်ပေးခဲ့ကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ၊ မနုဿဗေဒဆိုင်ရာ အမွေအနှစ် အထောက်အထားများ အဖြစ် တွေ့ရှိနိုင်ပါသည်။

ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သည့် ပုဂံ၊ ရွှေစည်းခုံဘုရားမှ ခေါင်းလောင်းသည်လည်းကောင်း၊ ခေါင်းလောင်းတွင်ရေးထိုးထားသော ကမ္ပည်းမော်ကွန်းစာသည်လည်း မြန်မာတစ်မျိုးသားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့ဖြင့် တန်ဆာဆင်အပ်သော အထောက်အထားဖြစ်သောကြောင့် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့ပါသည်။ ထိုထက်ပို၍ ကမ္ဘာ့လူသားအားလုံးက တန်ဖိုးထားထိန်းသိမ်းသင့် ထိန်းသိမ်း အပ်သော၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော၊ ထူးခြားရှားပါးသည့်၊ တန်ဖိုးကြီးမားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်သောကြောင့် ယူနက်စကို-ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း (UNESCO Memory of the World) တင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ မကြာတော့သော ကာလတွင် ပုဂံ၊ ရွှေစည်းခံဘုရားရင်ပြင်တော်ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာသည်လည်း မန္တလေးမှ ကုသိုလ်တော်ဘုရားကျောက်စာများကဲ့သို့လည်းကောင်း၊ ပုဂံ မြို့ဟောင်းရှိ မြစေတီကျောက်စာ(ခေါ်) ရာဇကုမာရ်ကျောက်စာများကဲ့သို့လည်းကောင်း ယူနက်စကို-ကမ္ဘာ့ မှတ်တမ်းစာရင်းဝင်အမွေအနှစ်တစ်ရပ် ဖြစ်လာတော့မည်ဟု အလေးအနက် ယုံကြည်မျှော်လင့်မိပါသတည်း။

၁၁-၅-၂၀၁၆

ဆောင်းပါးရေးသားတင်ပြသူ - ထူးထူးဝင်း(ရှေးဟောင်းသုတေသန)
ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန။

ကိုးကားချက်
ချစ်သိန်း၊ ဦး(ရှေးဟောင်းသုတေသနဝန်)။ (၁၉၆၅)။ မွန်ကျောက်စာပေါင်းချုပ်။ ရန်ကုန်၊ ပြည်ထောင်စု
ယဉ်ကျေးမှုဌာန၊ ရှေးဟောင်းသုတေသနဌာနခွဲ။
တိုးလှ။ ဒေါက်တာ။(၁၉၈၀၊ နိုဝင်ဘာ)။ ဟံသာဝတီဆင်ဖြူရှင်၏ ကုသိုလ်တော်ခေါင်းလောင်းစာ လေ့လာချက်။
တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၁၄၊ အပိုင်း ၆၊ စာ(၃၅-၅၃)။ ရန်ကုန်၊ သမိုင်းသုတေသန။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်း
ဆောင်ရွက်ရေးဌာနခွဲမှ မှတ်တမ်းများနှင့် ၄င်းဌာနခွဲမှ ရရှိသော သတင်းအချက်အလက်များ။

Ministryof Culture
https://www.facebook.com/ministryofculturenews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)