Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 18, 2018

စီစဉ်သူမအေးအေးဝင်းနဲ့ ရုပ်ရှင်လောကကို တိုင်တည်ပြီး မိုးအောင်ရင်ရဲ့ မွေးစားဖခင်ရေးလိုက်တဲ့ပေးစာ

မိုးအောင်ရင်

.......................................................
သူဒီကိစ္စမဖြစ်ခင် ရက်ပိုင်းအထိ အဆက်အသွယ်ရှိခဲ့တာ .. ၃လ လောက်ကတည်း သူ ကျောက်မြောင်းအိမ်မှာ မနေတော့ ဘူး ပုဇွန်တောင် မှာ နေနေတာ ကျွန်တော် တို့ shooting တစ်ဖွဲ့ သိနေကြလို့ Manager သွားခေါ်ရင်တောင် ပုဇွန်တောင်ပဲသွားရတာ...သက်သေတောင် လိုက်ခဲ့ကြသေးတာ သူရောင်းဝယ်ဖေါက်ကားသူဖြစ်တယ်ဆိုရင် ပိုက်ဆံအမြဲလိုမလား သူအမြဲသုံးဖို့ ၂သိန်း ၃သိန်း ခွဲခွဲ လာထုတ်ပြီး သုံးနေတာ ရောင်းတဲ့လူဆို တိုက်တွေတာတွေနဲ့ဖြစ်နေမှာပေါ့ အခန်းကျဉ်းလေး ဌားပြီးနေမလား လူပိန်းတောင် စဉ်းစားတတ်တယ် တခါတလေ မှုပျက်နေရင် မင်းလုပ်ထားလားမေးရင် အမှန်အတိုင်းပြောတယ် အမြဲတမ်းစွဲလန်းတစ်ကြီးလုပ်နေတဲ့လူစားမျိုးလည်းမဟုတ်ဘူး စဖြစ်တဲ့နေ့ က မင်းဘာလို့ ဖုန်းမဆက်တော့ အားနာလို့ဆို ပြီးတစ်ယောက်တည်း ကလေးလို့ ဖြေရှင်းလို့ ရမယ်လို့ ထင်နေတာကိုကြည့်ရင်း သူပစ္စည်း ရောင်းတဲ့ကောင်ဖြစ်ပါ့မလား သူသာပစ္စည်းရောင်းတယ်ဆိုတာ သူရောင်းတဲ့အကျိုးအမြတ်တွေ နဲ့ ဒီကိစ္စကို ဖြေရှင်းတဲ့ နည်းလမ်းသုံးမှာပေါ့ ....
Ohn Win
.................................

moe aung yin
 Wai Lu Kyaw
 sai sai khan hlaing
ဆယ်လီတွေရဲ့ ဘာညာဘာညာ သတင်းများ


မိုးအောင်ရင်ကို မူးယစ်ရောင်းဝယ်ဖြန့်ချိသူတွေကို အရေးယူတဲ့ ပုဒ်မ ၁၉ (က) အရ
အပြစ်ပေးခံရတဲ့အပေါ်တရားဥပဒေစီရင်ချက်ကို မေးခွန်းထုတ်
မိုးအောင်ရင် အခုလို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး မိုးအောင်ရင် ရဲ့ မွေးစားဖခင်သဖွယ်ဖြစ်တဲ့ ဦးအုန်းက နိုင်ငံကျော် စီစဉ်သူ မအေးအေးဝင်း နဲ့ ရုပ်ရှင်လောကသားတွေကို တိုင်တည်ပြီး ပေးစာတစ်စောင်ရေးသားလိုက်ပါတယ်။
.......................................................
မိုးအောင်ရင် နဲ့ ထောင်(၁၇)နှစ် တန်လို့လားလို့ပြန်မေးရလောက်မယ့် တရားဥပဒေရဲ့ စီရင်ချက် ပဲ...
မိုးအောင်ရင် က ၁၈ ၁၉ နှစ်လောက်ကတည်းက အနုပညာအလုပ် လုပ်ခဲ့တဲ့သူတစ်ယောက် ပကာသန မာန ဆိုတာ လုံးဝမရှိ စိတ်မဆိုးတတ် စိတ်မညစ် တတ်တဲ့ ခလေး တစ်ယောက် မိဘ မောင်နှမ အပေါ် အရမ်းသိတတ် အနစ်နာခံတတ်တဲ့ သူတစ်ယောက် သူ့သရုပ်ဆောင် ကြေး အားလုံးနီးပါး မိဘနဲ့ ညမ အပေါ်အားလုံးနီးပါး ထောက်ပံ့ ခဲ့တာ ကိုယ့်တွေ ဒီအတွက် စိတ်ဆိုးဒေါကန်ခဲ့တယ် ဒါပေမဲ့ သူ့ကျွန်တော်တို့ ကိုပြန်ပြောခဲ့တဲ့ စကားကတော့ "သားပေးတာ သူတို့မတောင်းဘူး " ဆို တဲ့စကားပဲ မိဘ တွေရဲ့ ပြဿနာမျိုးစုံ ဆယ်ကျော်သက်ခလေး တစ်ယောက် ဘယ်လို့ ခါးစည်းခံခဲ့ရတယ် ဆိုတာရေးရင်းနဲ့ မျက်ရည်ကျစိတ်ထိခိုက်လို ဆက်ရေးဖို့ တောင် အင်အားမရှိဘူး...ဒီလိုမိဘကျေးဇူး သိတတ် ခဲ့ တဲ့ သူတစ်ယောက် ပါ...
စာရိတ္တနဲ့ ပက်သက်ရင် လည်းဘယ်တော့မှ လိမ်ညာထိန်ချန်ခဲ့တဲ့ လူမျိုးမဟုတ်ဘူး ဆို တာ အနုပညာတစ်လောကလုံးသိကြတယ် သရုပ်ဆောင် လုပ်ပြန်တော့ ဘယ်သူနဲ့ တွဲလို့ မတွဲနိုင် သူဘယ်နေရာပေးလို့ မလုပ်နိုင်ဘူးဆိုတာမရှိခဲ့ဖူးဘူး ငြင်းရင် အငြင်းခံရသူဘက် မကောင်းဘူးဆို တဲ့ တဖက်သားပေါ်အကောင်းမြင်တဲ့ စိတ်ပဲရှိတာ...ကျွန်တော်တို့ တောင် မခံနိုင်လို့ပြောတော့လည်း "ရပါတယ် သားနဲ့ က အားလုံး သူငယ်ချင်းတွေပါပဲ" လို့ပြောတဲ့လူတစ်ယောက် ...
သူများအပေါ် ဘယ်တော့မှမနာလို မရှုစိတ် လိမ်ညာတာမရှိခဲ့တဲ့ လူတစ်ယောက်...
မင်းသားမင်းသမီး အကြီးအငယ် ဟာသသရုပ်ဆောင် ဇာတ်ပို့ ဇာတ်ရံ ဒါရိုက်တာက အစ သူကြောင့် စိတ်ဆိုး စိတ်ညစ်ရတယ်ဆိုတာ မရှိဘူး အားလုံးချစ်ခင်ကြတဲ့လူတစ်ယောက်ဗျာ...
သူ့ဟာ သူရန်ကုန်မှာ ကျွန်တော်တို့နဲ့ ထိအတွေ့အများဆုံးပဲ သူမှာ အဆိုးဆုံး စိတ်က သူငယ်ချင်းတွေအပေါ်ယုံကြည်ခြင်း နဲ့ အားနာခြင်းပဲ အခုလည်း ဒီသူငယ်ချင်းတွေသူ့ရဲ့ ခင်မင်မှု အားနာမှု ကိုအခွင့်ကောင်းယူပြီ သူ့ကိုသတ်လိုက်တာ....
သူဒီကိစ္စမဖြစ်ခင် ရက်ပိုင်းအထိ အဆက်အသွယ်ရှိခဲ့တာ .. ၃လ လောက်ကတည်း သူ ကျောက်မြောင်းအိမ်မှာ မနေတော့ ဘူး ပုဇွန်တောင် မှာ နေနေတာ ကျွန်တော် တို့ shooting တစ်ဖွဲ့ သိနေကြလို့ Manager သွားခေါ်ရင်တောင် ပုဇွန်တောင်ပဲသွားရတာ...သက်သေတောင် လိုက်ခဲဲ့ကြသေးတာ သူရောင်းဝယ်ဖေါက်ကားသူဖြစ်တယ်ဆိုရင် ပိုက်ဆံအမြဲလိုမလား သူအမြဲသုံးဖို့ ၂သိန်း ၃သိန်း ခွဲခွဲ လာထုတ်ပြီး သုံးနေတာ ရောင်းတဲ့လူဆို တိုက်တွေတာတွေနဲ့ဖြစ်နေမှာပေါ့ အခန်းကျဉ်းလေး ဌားပြီးနေမလား လူပိန်းတောင် စဉ်းစားတတ်တယ် တခါတလေ မှုပျက်နေရင် မင်းလုပ်ထားလားမေးရင် အမှန်အတိုင်းပြောတယ် အမြဲတမ်းစွဲလန်းတစ်ကြီးလုပ်နေတဲ့လူစားမျိုးလည်းမဟုတ်ဘူး စဖြစ်တဲ့နေ့ က မင်းဘာလို့ ဖုန်းမဆက်တော့ အားနာလို့ဆို ပြီးတစ်ယောက်တည်း ကလေးလို့ ဖြေရှင်းလို့ ရမယ်လို့ ထင်နေတာကိုကြည့်ရင်း သူပစ္စည်း ရောင်းတဲ့ကောင်ဖြစ်ပါ့မလား သူသာပစ္စည်းရောင်းတယ်ဆိုတာ သူရောင်းတဲ့အကျိုးအမြတ်တွေ နဲ့ ဒီကိစ္စကို ဖြေရှင်းတဲ့ နည်းလမ်းသုံးမှာပေါ့ ....
ဖမ်းပြီးနောက်နေ့ ရဲစခန်းမှာသွားတွေ့ စားစရာသွားပေးတော့ မျက်နှာစိုစိုပြေပြေ ..ရင်းကိုက် နေတဲ့ ပုံမျိုးလည်း မဟုတ် အချုပ်ထဲပျော်ပျော်ရွှင်ရွှင်နေနေတဲ့ သူတစ်ယောက်
ကိုယ်ပေးတဲ့ စားစရာတွေကိုလည်း အခြားအချုပ်သမားမျိုးစုံကိုခေါ်ပြီး မာန်မာန မရှိ ခွဲခြားမှုမရှိ လက်ရည်တပြင်တည်းစားခဲ့တဲ့သူတစ်ယောက် ဗျာ....အချုပ်သားတွေတောင် အားနာလို့ လာမစားတာ သွားဆွဲခေါ်ခဲ့တာ..
ဒီလို့ မိဘ ညီအကို မောင်နှမ ကျေးဇူးသိတတ်သူ ..မိတ်ဆွေ သူငယ်ချင်း အပေါ် ကောက်ကျစ် စဉ်းလဲမှု မရှိသူ ...
လူလူချင်းအပေါ် မာန်မာန ခွဲခြားမှုမရှိ အမှန်ဝန်ခံတတ်တဲ့ သူတစ်ယောက်ကို ...
ခင်ဗျားတို့ ရလိုမှု တစ်ခုတည်း နဲ့ မတရားလုပ်ခဲ့တယ် ဆိုရင် ခင်ဗျားတို့ မကြာမီ ဝဠ်ပြန်လည်လာမှာပါ...
သူရဲ့ စိတ်ကောင်းစေတနာတွေ ခင်ဗျားတို့ ကို ကောင်းကောင်း ရောင်ပြန်ဟက်လာပါလိမ့်မှာပါ...ကျွန်တော်တို့လည်း ကူညီဖို့ အဆင်သင့်ပါပဲ..,
Ohn Win

No comments:

Post a Comment