Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 18, 2018

နာဆာက အဂၤါၿဂဳိဟ္ကုိ လႊတ္တင္မယ့္ မားရဟတ္ယာဥ္ ပေရာဂ်က္ကို ျမန္မာအမ်ဳိးသမီး မမီမီေအာင္က ဦးေဆာင္


ဖြံၿဖဳိးၿပီးႏုိင္ငံေတြထက္စာရင္ ကြ်န္မတုိ႔ႏုိင္ငံက သိပ္ထူးထူးေထြေထြ ဘာမွမရွိၾကေပမယ့္ ကြ်န္မတုိ႔ျမင္ေတြ႔ရတဲ့ ေကာင္းကင္ျပင္ႀကီးကေတာ့ အတူတူပါပဲ။ ေကာင္းကင္ျပင္ႀကီးမွာ ဘာေတြမ်ားရွိေနမလဲ..ေနစၾက၀ဠာ စသည္ျဖင့္ကဘာေတြရွိၾကသလဲ..ဒီေမးခြန္းေတြဟာ ကေန႔အထိပါပဲ။ သဘာ၀နဲ႔ ပတ္သတ္လုိ႔ သာမန္လူေတြေမးေနၾကတဲ့ ေမးခြန္းေတြပါ။ ကြ်န္မတုိ႔လူသားေတြ ဘယ္ကစခဲ့ၾကသလဲ။ ကြ်န္မတုိ႔ကမာၻၿဂဳိဟ္ႀကီးတစ္ခုတည္း သက္ရွိေတြ ရွိတာလား။ ဒီေမးခြန္းေတြကုိ ကြ်န္မအတြက္ သိပ္ကိုသိလုိတဲ့ ဆႏၵျပင္းျပလွပါတယ္။

ဒါကေတာ့ နာဆာေခၚ အေမရိကန္အာကာသစူးစမ္းေလ့လာေရးက JPL လုိ႔အတုိေကာက္ေခၚတဲ့ Jet Propulsion Laboratory ဌာနမွာ အဂၤါၿဂဳိဟ္ကိုလႊတ္တင္ဖုိ႔ စီစဥ္ေနတဲ့ မားစ္ဟယ္လီေကာ္ပတာ ပေရာဂ်က္ကုိဦးေဆာင္ေနတဲ့ ျမန္မာအမ်ဳိးသမီး မမီမီေအာင္ပဲ ျဖစ္ပါတယ္။ သူမဟာ JPL ဌာနမွာ အထူးခြ်န္ဆုံးအမ်ဳိးသမီး ၁၄ဦးထဲက တစ္ဦးအပါအ၀င္ျဖစ္ပါတယ္။ သူမဟာ ၁၉၈၈ခုႏွစ္မွာ အေမရိကန္ အီလီႏြဳိက္တကၠသုိလ္က သိပၸံဘြဲ႔ရရွိၿပီး ၁၉၉၀ခုႏွစ္မွာေတာ့ လွ်ပ္စစ္အင္ဂ်င္နီယာ မဟာသိပၸံဘြဲ႔ကို ရရွိခဲ့တာျဖစ္ပါတယ္။

၁၉၉၀ခုႏွစ္မွာပဲ JPL ဌာနကို ေရာက္ရွိခဲ့တာပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ မမီမီေအာင္ဟာ JPL Atomic System ဌာနမွာ လက္ေထာက္ညႊန္ၾကားေရးရာထူးကုိ ထမ္းေဆာင္ေနသလုိ မားစ္ဟယ္လီေကာ္ပရာစီမံကိန္းရဲ႕ ဦးေဆာင္သူ မန္ေနဂ်ာရာထူးကုိလည္း ထမ္းေဆာင္လွ်က္ရွိပါတယ္။

မားစ္ဟယ္လီေကာ္ပတာ ပေရာဂ်က္


မားစ္ၿဂိဳဟ္ႀကီးအေၾကာင္းကို လူသားတို႔ နားလည္မႈကို ျမွင့္တင္ေပႏိုင္မည့္ အေသးစား ရဟတ္ယာဥ္တစ္စင္းကို၂၀၂၀ တြင္ အဂၤါ ၿဂိဳဟ္ေပၚသို ့လႊတ္တင္မည္ဟု အေမရိကန္ အာကာသေအဂ်င္စီက ေမ ၁၁ ရက္တြင္ေျပာၾကားခဲ့ၿပီး လူလိုက္ပါျခင္း မရိွေသးသည့္ ဒရုန္းပုံစံ ရဟတ္ယာဥ္သည္ ၄င္းၿဂိဳဟ္ေပၚသို ့ပထမဦးဆုံး ပ်ံသန္းမည့္ ရဟတ္ယာဥ္ ျဖစ္လာမည္ဟု ဆိုသည္။

မားစ္ရဟတ္ယာဥ္ဟု ရိုးရိုးရွင္းရွင္း နာမည္ေပးထားေသာယာဥ္ငယ္သည္ အေလးခ်ိန္ ေလးေပါင္(၁.၈ကီလိုဂရမ္)ပင္ မရိွေပ။ ၄င္း၏ ကိုယ္ထည္ပိုင္းသည္ ေဘာလုံးေပ်ာ့ တစ္လုံး၏ အရြယ္အစားခန္႔သာ ရိွသည္။ ၄င္းကို ၂၀၂၀ မားစ္ၿဂိဳဟ္စူးစမ္းေရးယာဥ္၏ ၀မ္းဗိုက္ပိုင္းႏွင့္ ခ်ိတ္ေပးလိုက္မည္ျဖစ္သည္။ မားစ္ၿဂိဳဟ္စူးစမ္းေရးယာဥ္သည္ဘီးတပ္စက္ရုပ္ျဖစ္ၿပီး အဂၤါၿဂိဳဟ္ သဘာ၀ပတ္၀န္းက်င္တြင္ သက္ရိွေနထိုင္ႏိုင္မႈကိုဆုံးျဖတ္ရန္၊ ေရွးပေ၀သဏီက သက္ရိွမ်ား၏ လကၡဏာမ်ားကိုရွာေဖြရန္၊ ေနာင္တခ်ိန္လူသားတို ့၏ စူးစမ္းေလ့လာမႈမ်ားအတြက္ သဘာ၀သံယံဇာတႏွင့္ေဘးအႏၱရာယ္မ်ားကိုတြက္ခ်က္ရန္ ရည္ရြယ္သည္။

မားစ္ ၂၀၂၀ စူးစမ္းေရးယာဥ္ကို၂၀၂၀ ခုႏွစ္ဇူလိုင္လတြင္ လႊတ္တင္ရန္စီစဥ္ထားျခင္း ျဖစ္ၿပီး၂၀၂၁ ခုႏွစ္ ေဖေဖာ္၀ါရီတြင္ အဂၤါၿဂိဳဟ္မ်က္ႏွာျပင္ကို ဆိုက္ေရာက္မည္ဟု ရည္မွန္းထားသည္။ ‘နာဆာဟာ ပထမဦးဆုံး ဆိုတာေတြကို လုပ္ခဲ့တဲ့ ဂုဏ္ယူစရာ သမိုင္း ေၾကာင္းရိွပါတယ္။ အျခားၿဂိဳဟ္တစ္ခုရဲ႕ ေကာင္းကင္ယံမွာ ရဟတ္ယာဥ္ပ်ံသန္းေစတဲ့ စိတ္ကူးကေတာ့ ပိတီျဖစ္စရာပါပဲ ‘ဟု နာဆာအုပ္ခ်ဳပ္ေရးမွဴး ဂ်င္ဘရစ္ဒနန္စတိုင္းက ေၾကညာခ်က္တြင္ေျပာၾကားခဲ့သည္။ ယခင္ကအဂၤါၿဂိဳဟ္ေပၚတြင္ မည္သည့္ႏိုင္ငံမွ် ရဟတ္ယာဥ္ ပ်ံသန္းခဲ့ျခင္း မရိွေသးေပ။

နာဆာ၏ ဂ်က္တြန္းကန္အား ဓာတ္ခဲြခန္းတြင္နည္းပညာဖြံ႔ၿဖိဳးေရး စီမံကိန္းတစ္ရပ္အျဖစ္ အေသးစားရဟတ္ယာဥ္စီမံကိန္းအား ၂၀၁၃ ခုႏွစ္ ၾသဂုတ္လတြင္ စတင္ခဲ့သည္။ အဂၤါၿဂိဳဟ္၏ ပါးလႊာေသာေလထုတြင္ ပ်ံသန္းႏိုင္ရန္ အေသးစား ရဟတ္ယာဥ္သည္ အလြန္ေပါ့ပါးရမည္ျဖစ္သကဲ့သို ့အတတ္ႏိုင္ဆုံး အင္အားေကာင္းရမည္ျဖစ္သည္။

‘ဒီကမာၻေပၚမွာ ရဟတ္ယာဥ္တစ္စင္း အျမင့္ဆုံး ပ်ံသန္းတဲ့ စံခ်ိန္ကေတာ့ ေပ ၄၀၀၀၀ (၁၂၁၀၀မီတာ)’ ဟု နာဆာ ဂ်က္တြန္းကန္အား ဓာတ္ခဲြခန္း၏ အဂၤါၿဂိဳဟ္ ရဟတ္ယာဥ္ စီမံကိန္းမန္ေနဂ်ာ ျမန္မာအမ်ိဳးသမီး ေဒၚမီမီေအာင္က ေျပာၾကားခဲ့သည္။

‘အဂၤါၿဂိဳဟ္ရဲ႕ ေလထုဟာ ကမာၻ႔ ေလထုရဲ႕ တစ္ရာခိုင္ႏႈန္းပဲ ရိွပါတယ္။ ကြၽန္မတို ့ရဲ႕ ရဟတ္ယာဥ္ဟာ အဂၤါၿဂိဳဟ္ မ်က္ႏွာျပင္ေပၚကို ေရာက္သြားတဲ့အခါ ကမာၻေပၚက အျမင့္ ေပ ၁၀၀၀၀၀(၃၀၅၀၀မီတာ)နဲ ့ညီမွ်တဲ့ အျမင့္ကိုေရာက္ေနမွာျဖစ္ပါတယ္။’ဟု ‘ေဒၚမီမီေအာင္က ျဖည့္စြက္ေျပာၾကားခဲ့သည္။
VOA Burmese
Unicode

ဖွံဖြိုးပြီးနိုင်ငံတွေထက်စာရင် ကျွန်မတို့နိုင်ငံက သိပ်ထူးထူးထွေထွေ ဘာမှမရှိကြပေမယ့် ကျွန်မတို့မြင်တွေ့ရတဲ့ ကောင်းကင်ပြင်ကြီးကတော့ အတူတူပါပဲ။ ကောင်းကင်ပြင်ကြီးမှာ ဘာတွေများရှိနေမလဲ..နေစကြဝဠာ စသည်ဖြင့်ကဘာတွေရှိကြသလဲ..ဒီမေးခွန်းတွေဟာ ကနေ့အထိပါပဲ။ သဘာဝနဲ့ ပတ်သတ်လို့ သာမန်လူတွေမေးနေကြတဲ့ မေးခွန်းတွေပါ။ ကျွန်မတို့လူသားတွေ ဘယ်ကစခဲ့ကြသလဲ။ ကျွန်မတို့ကမ္ဘာဂြိုဟ်ကြီးတစ်ခုတည်း သက်ရှိတွေ ရှိတာလား။ ဒီမေးခွန်းတွေကို ကျွန်မအတွက် သိပ်ကိုသိလိုတဲ့ ဆန္ဒပြင်းပြလှပါတယ်။

ဒါကတော့ နာဆာခေါ် အမေရိကန်အာကာသစူးစမ်းလေ့လာရေးက JPL လို့အတိုကောက်ခေါ်တဲ့ Jet Propulsion Laboratory ဌာနမှာ အင်္ဂါဂြိုဟ်ကိုလွှတ်တင်ဖို့ စီစဉ်နေတဲ့ မားစ်ဟယ်လီကော်ပတာ ပရောဂျက်ကိုဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး မမီမီအောင်ပဲ ဖြစ်ပါတယ်။ သူမဟာ JPL ဌာနမှာ အထူးချွန်ဆုံးအမျိုးသမီး ၁၄ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာ အမေရိကန် အီလီနွိုက်တက္ကသိုလ်က သိပ္ပံဘွဲ့ရရှိပြီး ၁၉၉၀ခုနှစ်မှာတော့ လျှပ်စစ်အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။

၁၉၉၀ခုနှစ်မှာပဲ JPL ဌာနကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မမီမီအောင်ဟာ JPL Atomic System ဌာနမှာ လက်ထောက်ညွှန်ကြားရေးရာထူးကို ထမ်းဆောင်နေသလို မားစ်ဟယ်လီကော်ပရာစီမံကိန်းရဲ့ ဦးဆောင်သူ မန်နေဂျာရာထူးကိုလည်း ထမ်းဆောင်လျှက်ရှိပါတယ်။

မားစ်ဟယ်လီကော်ပတာ ပရောဂျက်

မားစ်ဂြိုဟ်ကြီးအကြောင်းကို လူသားတို့ နားလည်မှုကို မြှင့်တင်ပေနိုင်မည့် အသေးစား ရဟတ်ယာဉ်တစ်စင်းကို၂၀၂၀ တွင် အင်္ဂါ ဂြိုဟ်ပေါ်သို ့လွှတ်တင်မည်ဟု အမေရိကန် အာကာသအေဂျင်စီက မေ ၁၁ ရက်တွင်ပြောကြားခဲ့ပြီး လူလိုက်ပါခြင်း မရှိသေးသည့် ဒရုန်းပုံစံ ရဟတ်ယာဉ်သည် ၄င်းဂြိုဟ်ပေါ်သို ့ပထမဦးဆုံး ပျံသန်းမည့် ရဟတ်ယာဉ် ဖြစ်လာမည်ဟု ဆိုသည်။

မားစ်ရဟတ်ယာဉ်ဟု ရိုးရိုးရှင်းရှင်း နာမည်ပေးထားသောယာဉ်ငယ်သည် အလေးချိန် လေးပေါင်(၁.၈ကီလိုဂရမ်)ပင် မရှိပေ။ ၄င်း၏ ကိုယ်ထည်ပိုင်းသည် ဘောလုံးပျော့ တစ်လုံး၏ အရွယ်အစားခန့်သာ ရှိသည်။ ၄င်းကို ၂၀၂၀ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်၏ ၀မ်းဗိုက်ပိုင်းနှင့် ချိတ်ပေးလိုက်မည်ဖြစ်သည်။ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်သည်ဘီးတပ်စက်ရုပ်ဖြစ်ပြီး အင်္ဂါဂြိုဟ် သဘာဝပတ်ဝန်းကျင်တွင် သက်ရှိနေထိုင်နိုင်မှုကိုဆုံးဖြတ်ရန်၊ ရှေးပဝေသဏီက သက်ရှိများ၏ လက္ခဏာများကိုရှာဖွေရန်၊ နောင်တချိန်လူသားတို ့၏ စူးစမ်းလေ့လာမှုများအတွက် သဘာဝသံယံဇာတနှင့်ဘေးအန္တရာယ်များကိုတွက်ချက်ရန် ရည်ရွယ်သည်။

မားစ် ၂၀၂၀ စူးစမ်းရေးယာဉ်ကို၂၀၂၀ ခုနှစ်ဇူလိုင်လတွင် လွှတ်တင်ရန်စီစဉ်ထားခြင်း ဖြစ်ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ကို ဆိုက်ရောက်မည်ဟု ရည်မှန်းထားသည်။ ‘နာဆာဟာ ပထမဦးဆုံး ဆိုတာတွေကို လုပ်ခဲ့တဲ့ ဂုဏ်ယူစရာ သမိုင်း ကြောင်းရှိပါတယ်။ အခြားဂြိုဟ်တစ်ခုရဲ့ ကောင်းကင်ယံမှာ ရဟတ်ယာဉ်ပျံသန်းစေတဲ့ စိတ်ကူးကတော့ ပိတီဖြစ်စရာပါပဲ ‘ဟု နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရစ်ဒနန်စတိုင်းက ကြေညာချက်တွင်ပြောကြားခဲ့သည်။ ယခင်ကအင်္ဂါဂြိုဟ်ပေါ်တွင် မည်သည့်နိုင်ငံမျှ ရဟတ်ယာဉ် ပျံသန်းခဲ့ခြင်း မရှိသေးပေ။

နာဆာ၏ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်းတွင်နည်းပညာဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အဖြစ် အသေးစားရဟတ်ယာဉ်စီမံကိန်းအား ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။ အင်္ဂါဂြိုဟ်၏ ပါးလွှာသောလေထုတွင် ပျံသန်းနိုင်ရန် အသေးစား ရဟတ်ယာဉ်သည် အလွန်ပေါ့ပါးရမည်ဖြစ်သကဲ့သို ့အတတ်နိုင်ဆုံး အင်အားကောင်းရမည်ဖြစ်သည်။

‘ဒီကမ္ဘာပေါ်မှာ ရဟတ်ယာဉ်တစ်စင်း အမြင့်ဆုံး ပျံသန်းတဲ့ စံချိန်ကတော့ ပေ ၄၀၀၀၀ (၁၂၁၀၀မီတာ)’ ဟု နာဆာ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်း၏ အင်္ဂါဂြိုဟ် ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင်က ပြောကြားခဲ့သည်။

‘အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာ့ လေထုရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျွန်မတို ့ရဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ကို ရောက်သွားတဲ့အခါ ကမ္ဘာပေါ်က အမြင့် ပေ ၁၀၀၀၀၀(၃၀၅၀၀မီတာ)နဲ ့ညီမျှတဲ့ အမြင့်ကိုရောက်နေမှာဖြစ်ပါတယ်။’ဟု ‘ဒေါ်မီမီအောင်က ဖြည့်စွက်ပြောကြားခဲ့သည်။

VOA Burmese

No comments:

Post a Comment