Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 18, 2018

လူကြီးအဆွဲမတော် ကလေးတံတောင်ဆစ်ချော်


၅ နှစ်အောက် သားသား မီးမီးတွေရဲ့ တံတောင်ဆစ်မှာရှိတဲ့ အရွတ်တွေက ကလေးကြီးတွေလို မသန်မာသေးပါဘူး။ သူတို့ရဲ့ လက်တစ်ဖက်ထဲကို ရုတ်တရက်ဆွဲလိုက်ရင်၊ ထူလိုက်ရင်၊ မလိုက်ရင် တံတောင်ဆစ်ရဲ့အပေါ်လက်မောင်းရိုးနဲ့ အောက် လက်ဖျံရိုး ချော်ထွက်သွားတတ်ပါတယ်။ တခါတလေ ချော်လဲရင်လည်း ဖြစ်တတ်ပါတယ်။

🛑အဆစ် ချော်သွားမှန်း ဘယ်လိုသိနိုင်မလဲ? ကလေးက နာလို့ အော်ငိုပြီး အဲ့ဒီလက်ကို မလှုပ်တော့ပါဘူး။ တတ်ကျွမ်းတဲ့ ဆရာဝန်ဆီ ချက်ချင်းခေါ်သွားရင် လွဲသွားတဲ့ တံတောင်ဆစ်ကို မေ့ဆေး ထုံဆေးမလိုပဲ ၁ မိနစ်တွင်း ပြန်ထည့်လို့ရပါတယ်။ ဓာတ်မှန်ရိုက်ဖို့ မလိုပါဘူး။ ရေရှည်မှာ ဒဏ်မကျန်ပါဘူး။

✅မဖြစ်အောင် ကာကွယ်ဖို့ ကလေးကို ချီမတိုင်း ကလေးချိုင်းကနေ လက်နှစ်ဖက်နဲ့ ချီပါ။ အိမ်မှာရှိတဲ့ ကလေးထိန်း အပါအဝင် ဦးဦး ဒေါ်ဒေါ် ဖိုးဖိုး ဖွားဖွား ပြောပြထားပါ။
နနေမိုးဆွေ-Child Health Myanmar Page

No comments:

Post a Comment