Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 29, 2017

သမီးငယ္ေလးအတြက္ အမွန္တရားအတြက္ ေရွ႕ဆက္ေနတဲ့ အေမ

အခ်ိန္က ည ၁၂းဝ၀ နာရီ တိတိ ရွိၿပီ။ သမီးငယ္က အေပါ့သြားခ်င္လို႔ သမီးကို ေနာက္ေဖးလိုက္ပို႔တယ္။ သမီးငယ္ကို အေပါ့သြားဖို႔ ေဘာင္းဘီကို ခြ်တ္ေပးတဲ့ အခ်ိန္မွာ မေထြးရီတစ္ေယာက္ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ သြားၿပီ။ ႐ုတ္တရက္ ဆိုသလို သမီးငယ္ကို ဘယ္လိုျဖစ္တာလဲလို႔ ေမးျမန္းရင္း ျမင္လိုက္ရတဲ့ ျမင္ကြင္းက မေထြးရီရင္အစံုကို နာက်င္သြားေစတယ္။

‘႐ုတ္တရက္ဆိုေတာ့ ႐ူးမတတ္ပါပဲ၊  မ်က္လံုးလဲ ျပာထြက္သြားတယ္၊ ဘယ္လို မွန္းကို မသိ ဘူး၊ ေျပာကိုေျပာမျပႏိုင္ပါဘူး”လို႔ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္က အျဖစ္ကို အသက္ ၃၈ ႏွစ္ အ ရြယ္ မေထြးရီက ေျပာတယ္။ သမီးငယ္ရဲ႕ မိန္းကေလး အဂၤ ါတစ္ဝိုက္မွာ ေရာင္ရမ္းၿပီး ေသြးအခ်ိဳ႕ထြက္ေနတာ၊ ေသြးျခည္ ဥနတာေတြကိုျမင္ လိုက္ရတဲ့ခဏ အတြင္းမွာပဲ စိုးရိမ္စိတ္ေတြက ငယ္ထိပ္ေရာက္သြားတယ္။
ဘာေၾကာင့္ျဖစ္တာလဲဆိုတာ သမီး ကို ေခ်ာ့ၿပီးေမးမွ သိလိုက္ရတာက မေထြးရီ ရင္ကို ပိုၿပီးပူေလာင္သြားေစခဲ့ရတယ္။
အသိမၾကြယ္ေသးတဲ့ အသက္ေလးႏွစ္သာရွိေသးတဲ့ မေထြးရီရဲ႕သမီးေလးဟာ ကေလးေတြ ေခၚေခၚေနတဲ့ ဘႀကီးဆိုသူေၾကာင့္ အခုလို ျဖစ္ခဲ့ရတယ္လို႔ သိရတယ္။ ဘႀကီးဆိုသူက သူ႕ရဲ႕ အ ဂၤ ါနဲ႔ ပြတ္ေၾကာင္း၊ လက္နဲ႔ထိုးသြင္းေၾကာင္း မိခင္ကို ေျပာျပတယ္။ အစကေတာ့ ကေလးစကားကို မယံုၾကည္ခဲ့ဘူး။ ကေလးက တစ္ခါမွ မေတြ႕ၾကံဳဖူးတဲ့ အျဖစ္အပ်က္ေတြကို ထပ္ခါထပ္ခါ ေျပာေနတာရယ္၊ သမီးေလး နာက်င္ေနတာေတြရယ္ဟာ လိမ္ေနတာမဟုတ္ဘူးဆိုတာ သိလိုက္ရတယ္။

‘ဒါနဲ႔ သမီးက ဘာလို႔မေအာ္လဲလို႔ ေမးေတာ့၊ သမီးပါးစပ္ကို တိပ္နဲ႔ ကပ္ထားတာလို႔ ေျပာတယ္၊ ၿပီးေတာ့ ေမေမတို႔ကို ဘာလို႔ အစက မေျပာလဲလို႔ေမးေတာ့ သမီးေျပာရင္ ဘႀကီးက ေမေမတို႔ကို သတ္မွာေပါ့တဲ့၊ ေမေမတို႔ေသ မွာ စိုးလို႔ မေျပာခဲ့တာတဲ့၊ ရင္ထဲမွ မြန္းက်ပ္သြားတာပဲ” လို႔ စကားေျပာေနရင္း မေထြးရီအသံေတြ တိမ္ဝင္သြားတယ္။

၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၁၅ ရက္မွာ ကေလးငယ္ မုဒိမ္းက်င့္ခံခဲ့ရၿပီး ေနာက္ ရက္ ည ၁၂းဝ၀ နာရီမွ သည္အျဖစ္အပ်က္ေတြကို သိရခဲ့တယ္။ သိသိခ်င္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ၊ေန႔စဥ္ရက္ဆက္ ငိုပဲငိုေနမိတယ္။ တစ္ခါမွ မၾကံဳဖူးတဲ့ အျဖစ္အပ်က္ေၾကာင့္ ဗဟုသုတလည္း နည္းတဲ့ မေထြးရီတို႔ဟာ
အိမ္မွာပဲ ကေလးကို ဒဏ္ေၾကေဆးလိမ္းေပးတာနဲ႔ က်ိတ္ၿပီး ကုသေပးခဲ့တယ္။ ဘႀကီးဆိုသူက မေထြးရီတို႔ေနထိုင္တဲ့ ဘုန္းႀကီးေက်ာင္းက သံဃာတစ္ပါး ျဖစ္တယ္။ အသက္ ၄၆ ႏွစ္။ ေငြရွိတယ္။
 စီးပြားေရးလုပ္တယ္လို႔ သိရတယ္။ မေျပာရဲခဲ့ မေထြးရီသိၿပီး သံုးရက္ေလာက္အၾကာမွာ ကေလးက အေပါ့သြားတိုင္း တဆတ္ဆတ္တုန္ေအာင္ နာက်င္ေနမႈခံစားေနရတာကို မၾကည့္ရက္ခဲ့ဘူး။
 အဲဒါနဲ႔ အနီးနားက ေဆးခန္းကို သြားျပခဲ့တယ္။ ေဆးခန္းကို ေရာက္ေတာ့ သမီးေလးရဲ႕ အ ျဖစ္မွန္ကို မေျပာရဲခဲ့ဘူး။ ကေလးရဲ႕ အဂၤ ါက ဘာနဲ႔ခိုက္မိတာလဲမသိဘူးလို႔ ဆရာ ဝန္ကို လိမ္ၿပီးေျပာခဲ့တယ္။

“ေနာက္ဆံုးေတြးလိုက္တာက သမီးေလးအရြယ္ေရာက္လို႔ ေက်ာင္းေနရင္ လူတကာ လက္ညႇိဳးထိုးကဲ့ရဲ႕ခံရမယ္၊ ၿပီးေတာ့ ဒါက သာမန္လူမဟုတ္ဘူး၊ သကၤန္းဝတ္ ဘုန္းႀကီးျဖစ္ေန ေတာ့ ကိုယ့္ဘာသာကို အၾကည္ညိဳမဲ့မွာစိုးလို႔ ေဆးကုေတာ့ လိမ္ၿပီးကုတယ္”လို႔ မေထြးရီက ရွင္းျပတယ္။
သူ လိမ္ညာခဲ့ေပမဲ့ ကေလးကို စစ္ ေဆး လိုက္တဲ့အခါမွာဆရာဝန္က အျဖစ္အပ်က္အလံုးစံုကို သိသြားပါတယ္။ မႈခင္းနဲ႔ဆိုင္တဲ့ အတြက္ ကုသေပးလို႔ မရေၾကာင္း ဆရာဝန္က ရွင္းျပတယ္။ ေနာက္ၿပီး ဘယ္လိုလုပ္ရမယ္ဆိုတာကိုပါ လမ္းညႊန္ေပးခဲ့ တယ္။
“ကြ်န္မရဲ႕ ႏွစ္ဝမ္းကြဲ ေယာက္မကဆို ရင္ ကြ်န္မေန႔တိုင္းငိုေနတာျမင္ေတာ့ လာေမးတယ္၊ သူကပဲ ဘႀကီးက တဏွာ႐ူးေၾကာင္း၊ အျပာကားေတြ ၾကည့္ေၾကာင္း ေျပာၿပီး အမႈကို ခ်က္ခ်င္း မဖြင့္ဖို႔ လာေျပာတယ္၊ ဘုန္းႀကီးေက်ာင္းမွာတည္းၿပီး အမႈဖြင့္ေတာ့ မေကာင္းဘူး၊ အိမ္ငွား အ ရင္ရွာ၊ အိမ္ငွားရရင္ သူကိုယ္တိုင္ သက္ေသလိုက္ေပးမယ္လို႔ေျပာတယ္၊ ကိုယ္ကလဲ ယံုၾကည္မိတာေပါ့” လို႔ မေထြးရီက ေျပာတယ္။ မေထြးရီတို႔ မိသားစုဟာ သူ႕သမီးေလး ဘဝကို ဖ်က္ဆီးခဲ့တဲ့ ဘႀကီးဆိုတဲ့
ဘုန္းႀကီးေန ထိုင္တဲ့ေက်ာင္းမွာ အဖီဆြဲၿပီးေနရတယ္။ ကံၾကမၼာကိုက မေထြးရီအေပၚမွာ
ရက္စက္လြန္းတယ္လို႔ဆိုရမလားပဲ။ ဘုန္းႀကီးေက်ာင္းမွာ မေနခင္က မေထြးရီတို႔ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အုတ္စက္ရပ္ကြက္က ညီမျဖစ္သူရဲ႕ ျခံဝင္းအလြတ္မွာ အိမ္ေဆာက္ေနၾကတယ္။

 ေရႊဘိုဇာတိျဖစ္တဲ့ မေထြးရီဟာ ညီမျဖစ္ သူက အိမ္ေဆြးတဲ့အထိ ေနႏိုင္ေၾကာင္း ေျပာတဲ့အတြက္ ပါလာတဲ့ေငြနဲ႔ ညီမျဖစ္သူ ျခံဝင္းထဲ မွာ အိမ္ကို ခိုင္ခိုင္မာမာေဆာက္ခဲ့ၾကတယ္။ သိပ္မၾကာခင္မွာ ေျမေဈးေတြတက္လာေတာ့ အိမ္ဝိုင္း ေရာင္းေတာ့မွာျဖစ္လို႔ မေထြးရီ ေဆာက္ထားတဲ့အိမ္ကို ဖ်က္ယူသြားဖို႔ အိမ္ကေန အၿပီး ထြက္ေပးဖို႔ ေျပာလာတယ္။ ဘုန္းႀကီးေက်ာင္းမွာ မေထြးရီက ဘယ္လိုပဲေတာင္းပန္ခဲ့ ေပမဲ့ ညီမျဖစ္သူက ခ်က္ခ်င္းထြက္ေပးဖို႔ ေျပာဆိုလာတာေၾကာင့္ အနီးနားက ဘုန္း ႀကီးေက်ာင္းမွာ ခဏေနဖို႔ ခြင့္ပန္ၿပီးေနခဲ့ ၾကတယ္။ မေထြးရီရဲ႕ အမ်ိဳးသားက သည္ဘုန္းႀကီးေက်ာင္းမွာ လမ္းခင္းတာေတြ၊ ေက်ာင္းေဆာက္တဲ့အခါ ကူညီေပးတာေတြရွိခဲ့တဲ့အတြက္ ေက်ာင္းထိုင္ ဘုန္းႀကီးနဲ႔ ရင္းႏွီးတယ္။ ႏွစ္လေလာက္သာေနမွာ ျဖစ္တဲ့အတြက္ ဘုန္းႀကီးကလည္း ခြင့္ျပဳတယ္။

ဘုန္းႀကီးေက်ာင္းမွာေနထိုင္တာ တစ္လနဲ႔ သံုးရက္အၾကာမွာ အခုလိုအျဖစ္ဆိုးေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႕ခဲ့ရတယ္။ မေထြးရီက “ကိုယ့္ပါးကို ႐ိုက္ၿပီးငိုတာ၊ ထမင္းလဲမစားဘူး၊ စားလို႔လဲမဝင္ဘူး၊ အၿမဲလိုလို ငိုတယ္၊ အ႐ူးမႀကီးက်ေနတာပဲ”လို႔ သူ႕ သမီး ေလးအေၾကာင္းကို ျပန္ ေျပာရင္းက်လာတဲ့ မ်က္ရည္ေတြကို သုတ္ ရင္းေျပာျပန္တယ္။ သာသနာေတာ္အတြက္၊ သမီးေလး အရွက္အတြက္ အမွန္တရားကို မ်က္ကြယ္ျပဳၿပီး အမႈမဖြင့္ဖို႔ ဆံုးျဖတ္ခဲ့တယ္။ သည္လိုဆံုးျဖတ္ခဲ့ၿပီး ေမ့ေပ်ာက္ဖို႔ ႀကိဳး စားေနတဲ့ မေထြးရီတို႔ကို ဘႀကီးရဲ႕ ေဆြမ်ိဳးေတြက စိတ္အေႏွာင့္အယွက္ ေပးခဲ့တယ္။ ေငြေၾကးျပည့္စံုတဲ့ ဘႀကီးဘက္က မ်က္ႏွာလိုက္ အႀကိဳက္ေဆာင္ေပးတဲ့လူ ေတြကလည္း အမ်ားသား။ သမီးအႀကီးမေလးကို က်ဴရွင္ပို႔ၿပီး အျပန္ကေလးေတြ ေသာက္ဖို႔ လက္ဖက္ရည္ ဝင္ဝယ္တဲ့ မေထြးရီကို ဘႀကီးရဲ႕ ေဆြမ်ိဳးေတြက ေစာင္းခ်ိတ္ေျပာဆိုတာခံရတယ္။ သူတို႔က မေထြးရီဟာ ေငြလိုခ်င္လို႔ ကေလးက
မုဒိမ္းက်င့္မခံရဘဲ ခံရတယ္ဆိုၿပီး ေျပာၾကတယ္။ အဲသည္လို ၾကားလိုက္တာနဲ႔ မေထြးရီစိတ္ထဲမွာ ပူေလာင္မႈ ေဒါသေတြ ထြက္သြားတယ္။ ‘အဲဒီေန႔ကဆိုေလ ရွက္လိုက္တာ၊ လူမွန္းသူမွန္းမသိေအာင္ကို ဆိုင္ကယ္ေမာင္းလာလိုက္တာ၊ စိတ္ကလဲ လြတ္သြားၿပီေလ၊ ဘယ္လိုလုပ္ အိမ္ေရာက္သြားမွန္းကို မသိေတာ့ဘူး” လို႔ မေထြးရီက ေျပာတယ္။ သမီးေလး အျဖစ္ဆိုးနဲ႔ ၾကံဳခဲ့တာကို တစ္သက္လံုးရင္ထဲမွာ မ်ိဳသိပ္သြားဖို႔ ဆံုးျဖတ္ထားေပမဲ့ သည္လိုေတြ ၾကားလိုက္ရေတာ့ မခံခ်င္စိတ္ေတြ၊ မိခင္တစ္ေယာက္ ရဲ႕ သတိၱေတြ ေပၚထြက္လာခဲ့တယ္။ မေထြးရီက ‘သူတို႔ကပဲ ေစာ္ကားတယ္၊ သူ တို႔ကပဲေျပာရတယ္ဆိုၿပီး အမႈဖြင့္ဖို႔ အမ်ိဳးသားနဲ႔ တိုင္ပင္တယ္” လို႔ မခံခ်င္စိတ္နဲ႔ အံကိုတင္းတင္းႀကိတ္ရင္း ေျပာတယ္။ အမွန္တရားရွိတယ္ အခင္းျဖစ္ၿပီး ရွစ္ရက္အၾကာ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၃ ရက္မွာ အမွတ္ (၁) ရဲစခန္းမွာ အမႈဖြင့္ဖို႔ ေဆာင္ရြက္ခဲ့တယ္။

အမႈစဖြင့္ဖို႔ ရဲစခန္းအတြင္း ေရာက္ေနစဥ္မွာပဲ ဘႀကီးဆိုသူ က ဖုန္းဆက္ၿပီးေခၚၿပီး ေက်ေအးေပးဖို႔ ေတာင္း ဆို တယ္။ ‘အရွင္ဘုရား႐ိုက္လို႔ ေျခသလံုးကြဲတယ္၊ ေခါင္းကြဲတယ္ဆိုရင္ မေျပာလိုပါ ဘူး၊ ဒါႀကီးက ဘယ္လိုမွ ေက်ေအးေပးလို႔မရပါဘူး”လို႔ မေထြးရီက ေျပာတယ္။ မေထြးရီရဲ႕ အမ်ိဳးသားျဖစ္သူက မေထြးရီထက္ စာရင္ ႐ိုးအ,တယ္။ မိခင္လည္းျဖစ္ ၊ သြက္လည္းသြက္တဲ့ မေထြးရီက သမီးအတြက္ ဘာမဆို ရင္ဆိုင္ဖို႔အသင့္ရွိေနတယ္။ သူ႕ရဲ႕အားကိုးရာက ဥပေဒမွာ အမွန္တရားရွိတယ္လို႔ ယံုၾကည္ထားတာပဲ ျဖစ္တယ္။ ‘ဥပေဒအေၾကာင္းေတာ့ နားမလည္ ဘူး၊ ဥပေဒမွာ အမွန္တရားရွိတယ္လို႔ ယံုၾကည္တယ္၊ ကြ်န္မသမီးေလးက တကယ္ နစ္နာသြားခဲ့တာေလ”လို႔ မေထြးရီက ဆို ပါတယ္။ ဒီဇင္ဘာလ ၂၄ ရက္မွာ သူတို႔ေနထိုင္တဲ့ ဘုန္းႀကီးေက်ာင္းအတြင္းမွာပဲ ေက်ာင္းထိုင္ဘုန္းႀကီး၊ ဘႀကီးလို႔ေခၚတဲ့ ဘုန္းႀကီး၊ မေထြးရီတို႔ မိသားစုတို႔ကို ရဲ တပ္ဖြဲ႕ဝင္ေတြက တံခါးပိတ္ ၿပီး စစ္ေဆးတယ္။ က်ဴးလြန္ခံရသူကေလးကို အရင္ ေမးတဲ့အခါ ကေလးက မေျပာရဲတဲ့အတြက္ ရဲတပ္ဖြဲ႕က တာဝန္ရွိသူတစ္ေယာက္က တရားခံဘယ္သူလဲဆိုတာကို တစ္ေယာက္ၿပီး တစ္ေယာက္ လက္ညႇိဳး ထိုးေမးခဲ့တယ္။ တျခားသူေတြကိုေတာ့ ေခါင္းခါယမ္းခဲ့ၿပီး ဘႀကီးဆိုသူ အလွည့္ေရာက္ခ်ိန္မွာေတာ့ ေခါင္းညိတ္ျပခဲ့တယ္။ အမႈဖြင့္ၿပီး မၾကာခင္မွာေတာ့ သည့္ထက္အျဖစ္ဆိုးတာကို ထပ္သိလာခဲ့ရတယ္။ အဲဒါက ကေလးငယ္ကို သဘာဝ ကို ဆန္႔က်င္ၿပီး ျပစ္ မႈ က်ဴးလြန္ခဲ့တယ္ဆိုတာကိုပါပဲ။  က်ဴးလြန္ခံရသူ ကေလးငယ္က မိခင္ကို မေျပာရဲခဲ့တာကို သူ အရမ္းခင္တြယ္ရတဲ့ မငယ္ေလးဆို သူေမးမွ ျဖစ္ေၾကာင္းကုန္စင္ထပ္မံေျပာျပခဲ့တယ္။

မေထြးရီက “ကေလးပါးစပ္က နာတာ ကို ႐ိုး႐ိုးအပူကန္လို႔နာတာလို႔ ထင္ခဲ့တာ၊ မုန္႔ေကြ်းေတာ့ ပါးစပ္ကနာတယ္တဲ့၊ လည္ေခ်ာင္းနာ ေပ်ာက္ေဆးေတာင္ ဝယ္တိုက္ခဲ့ရေသးတယ္၊ သူတအားခ်စ္တဲ့ မငယ္ေလးက ေမးမွ ဒိုင္းဒိုင္း ဆို အကုန္ေျပာျပတာ”လို႔ ေျပာရင္းအသံေတြ တိမ္ဝင္သြားျပန္တယ္။
 ၿပီးေတာ့ မ်က္ရည္ေတြလည္း က်လာတယ္။ ေငြေၾကးခ်ိဳ႕တဲ့တဲ့ မေထြးရီတို႔မိသားစုအတြက္ ဥပေဒပါအမွန္တရားကို လြယ္လင့္ တကူ မရရွိခဲ့ပါဘူး။ သမီးေလးက်န္းမာေရးအတြက္ အမႈဖြင့္ၿပီး ေဆးကုသဖို႔ ေဆာင္ရြက္ရာမွာ အခက္အခဲေတြ ရွိခဲ့တယ္။

ၾကန္႔ၾကာေနရ “ရဲစခန္းကိုသြားတဲ့အခ်ိန္မွာ အစက ေတာ့ ေႏြးေႏြးေထြးေထြးပဲ၊ ေနာက္ပိုင္းက် အဖ်ား႐ွဴး လာတယ္၊ ေဆးကုသခြင့္ရဖို႔ ေဆးစာသြားယူတာ စခန္းမွဴးမရွိလို႔၊ လူႀကီးလမ္းေၾကာင္းပါ သြားလို႔နဲ႔ တစ္ေနကုန္ထိုင္ေစာင့္ခဲ့ရတဲ့ရက္ေတြရွိတယ္”လို႔ မေထြးရီက သူၾကံဳေတြ႕ခဲ့ရပံုကို ေျပာတယ္။ အမႈဖြင့္ၿပီး ငါးရက္ေလာက္ေနမွ ေဆးစာရတယ္။ အမႈဖြင့္တာလည္းေနာက္က်၊ ေဆးစာရတာလည္းေနာက္က်ေတာ့ မႈခင္းဆရာဝန္စစ္ ေဆးဖို႔လည္း ေနာက္က်သြားတယ္။

 ‘အခင္းျဖစ္ၿပီး ၁၀ ရက္ေလာက္ၾကာသြားတယ္၊ ကေလးက ဒဏ္ရာေတာ့ က်န္ေသးတာေပါ့၊ မႈခင္းဆရာဝန္ႀကီးက ရက္တ အားေနာက္က်လို႔ ကြ်န္မတို႔ကို ဆူေသးတယ္”လို႔ မေထြးရီ က ေျပာတယ္။ သမီးအတြက္ ေမးရင္းျမန္းရင္းနဲ႔ ပထမဆံုး သြားျပခဲ့တဲ့ ေဆးခန္းက လမ္းညႊန္မႈနဲ႔ သက္ေသအေထာက္အထား ခိုင္ လံုဖို႔ ဘႀကီးဆို သူေျပာစကားေတြကို အသံဖမ္းခဲ့တယ္။ အသံဖမ္းခဲ့တဲ့ အထဲမွာ ဘႀကီးဆိုသူက သူက်ဴးလြန္ေၾကာင္း ဝန္ခံခ်က္ေတြပါတယ္။ အသံဖိုင္က သည္အ တိုင္းထားလို႔ တစ္ေန႔ေပ်ာက္သြားရင္ အခက္အခဲ ၾကံဳႏိုင္တယ္ဆိုၿပီး ေကာ္ပီေတြလည္း ကူးထားတယ္။
 မေထြးရီမွန္းထားတဲ့အတိုင္း အသံဖိုင္ ပါတဲ့ ဖုန္းဟာမ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ တဲ့ ေဆြမ်ိဳးေတြေၾကာင့္ ေပ်ာက္သြားခဲ့တယ္လို႔ ဆိုတယ္။ ‘ေနရတာကလဲ ဘုန္းႀကီးေက်ာင္း ထဲ မွာ၊ ေယာက္မႏွစ္ဝမ္းကြဲကလဲ သူတို႔ဘက္ ကဆို ေတာ့ ဘယ္သူမွမသိေအာင္ ေကာ္ပီကူးထားလိုက္တာ၊ ဒါေပမဲ့ ဒီဇင္ဘာလ ၂၉ ရက္ ေန႔ လယ္ ပိုင္းမွာ  ေပ်ာက္သြားတာ” လို႔ မေထြးရီက ေျပာတယ္။

ဘႀကီးရဲ႕ ေဆြမ်ိဳးေတြက လိုခ်င္တဲ့ ေငြေၾကးေပးမယ္၊ အမႈေက်ေအးေပးဖို႔ေျပာၿပီး လာညႇိ တာရွိသလို သာသနာညႇိဳးႏြမ္းေစမႈနဲ႔ တရားစြဲမယ္လို႔ ၿခိမ္းေျခာက္ေျပာတာလည္း ရွိခဲ့တယ္။ သူတို႔ဘယ္လိုပဲေျပာေျပာအမွန္တရားကို ယံု ၾကည္ တဲ့အတြက္ မေထြးရီတစ္ေယာက္ ရဲရဲဝံ့ဝံ့ရင္ဆိုင္ခဲ့တယ္။

 ‘ကားတစ္စီး၊ တိုက္တစ္လံုး၊ တစ္ ဘဝလံုး ခ်မ္းသာေအာင္ေပးမယ္ဆိုရင္ေတာင္ ကြ်န္မ လက္သင့္
မခံႏိုင္ဘူး၊ ကြ်န္မလိုခ်င္တာက အမွန္တရားပဲ” လို႔ မေထြးရီက ဆိုတယ္။ တရား႐ံုးမွာ အမွန္တရားကိုသာ ယံုၾကည္ထားတဲ့ မေထြးရီအတြက္ တရားရင္ဆိုင္ရတဲ့အခါ မွာလည္း အခက္အခဲေတြရွိခဲ့ျပန္တယ္။ တရား႐ံုး ကိုေရာက္လို႔ ဘယ္ကိုသြားၿပီး ဘာလုပ္ရမလဲ မသိခဲ့ဘူး။ မသိလို႔ ေမးျမန္း ျပန္ရင္ အဆူ အ ေငါက္က ခံရေသးတယ္။ ႐ံုးခ်ိန္းက ဘယ္အခ်ိန္လဲမသိရလို႔ တစ္ေနကုန္ ေစာင့္ခဲ့ရတဲ့ရက္ေတြလည္း ရွိခဲ့တယ္။ အခက္အခဲဆံုးက ေရွ႕ေန မငွားရမ္းႏိုင္ တာပါပဲ။ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရး ရဲတပ္ဖြဲ႕က တာဝန္ရွိသူခ်ိတ္ ဆက္ေပးခဲ့တဲ့ ေရွ႕ ေန တစ္ဦးရွိခဲ့တယ္။ သည္ေရွ႕ေနက အမႈတြဲကူးဖို႔၊ ပါဝါတင္ဖို႔ ေငြက်ပ္ ၅၀,ဝ၀ဝ ေတာင္းတာ ကိုပင္ ျပည့္ ျပည့္ဝ၀မေပးႏိုင္ခဲ့။ ျခစ္ကုတ္ၿပီးစုထားတဲ့ေငြ က်ပ္ ၄၀,ဝ၀ဝ ကိုေပးခဲ့ၿပီး က်န္တာ ေနာက္မွေပးဖို႔  ေျပာခဲ့ရတယ္။

‘ေငြေပးလိုက္လို႔ စားဝတ္ေနေရး ခက္ခဲသြားတယ္၊ ဒါေပမဲ့ ေရွ႕ေနကမွ ဥပေဒနားလည္တာဆိုေတာ့ အရဲစြန္႔ၿပီး ေပးလိုက္တယ္၊ တကယ္ပဲ အဲဒီရက္ေတြက ဆန္ျပဳတ္ပဲေသာက္ခဲ့ရတယ္” လို႔ မေထြးရီက ေျပာပါတယ္။ သူ႕ဘက္ကလိုက္ေပးတဲ့ေရွ႕ေနဆိုသူဥပေဒအရာရွိကမဝင္ခိုင္းလို႔လို႔ေျပာၿပီး အျပန္လွန္ေမးခြန္းထုတ္တာ၊ ေမးျမန္းတာေတြမလုပ္ဘူးလို႔ မေထြးရီက ေျပာပါတယ္။
အဲဒါေတြအျပင္ တရားရင္မဆိုင္ခင္ကသမီးေလးကို ေဆးစစ္ခ်က္ ေအာင္တယ္လို႔သိထားတဲ့အသိက တရား႐ံုးေရာက္တဲ့အခါတလြဲစီ ျဖစ္ကုန္တယ္။ ‘ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရး ရဲတပ္ဖြဲ႕က ဆရာမႀကီးကေျပာေတာ့ ေဆးစာ ေအာင္တယ္၊ ကိုယ္က စင္ ေပၚကလူ စိတ္ ေအး ေအးထားလို႔ ေျပာတယ္၊ ဒါေပမဲ့ တရား႐ံုး မွာ ဆရာဝန္ထြက္ဆိုသြားတာက ကေလးအဂၤ ါ က ခ်ိဳ႕ယြင္းခ်က္ေတာင္မရွိဘူးလို႔ ထြက္ဆိုသြားတယ္” လို႔ မေထြးရီက ဆိုပါတယ္။
တစ္ခါတေလမွာ ေရဝယ္ေသာက္ဖို႔ ပိုက္ဆံေတာင္မရွိဘဲ ႐ံုးခ်ိန္းသြားခဲ့ရတဲ့ ရက္ေတြလည္း ရွိခဲ့တယ္။ အလုပ္က အ ဆင္မေျပ၊ ဘုန္း ႀကီး ေက်ာင္းထဲမွာလည္း ဆက္မေနဖို႔ ေမာင္းထုတ္ခံရတယ္။ သည္လိုနဲ႔ သူ႕မွာရွိတဲ့ ေရခဲ ေသတၱာကို ေရာင္းၿပီး ရတဲ့ေငြနဲ႔ ဘုန္းႀကီး ေက်ာင္းနဲ႔ေဝးတဲ့ ေနရာမွာ
အိမ္ငွားေနတယ္။ ဘုန္းႀကီးရဲ႕ေဆြမ်ိဳးေတြက ေနာက္ ေျပာင္းတဲ့ရပ္ကြက္အထိကို လိုက္ၿပီးရန္ရွာတာ၊ ေစာင္း ေျမာင္းေျပာဆိုတယ္လို႔ ဆိုပါတယ္။ အဲသည္ ရပ္ကြက္မွာလည္း အဆင္မေျပျဖစ္လာတယ္။ သည္လိုကေလးကို ရပ္ကြက္ထဲက သူေတြက အထင္ေသးတဲ့အၾကည့္နဲ႔ ၾကည့္တာ၊ သမီးေလးနဲ႔ သူတို႔ကေလးေတြကို မကစားဖို႔ ေျပာဆိုတာေတြ ရွိလာတယ္။ သမီးေလးအားငယ္မွာ ၊ စိတ္ဓာတ္ က်မွာစိုးလို႔ ကေလးကို မေထြးရီ အလုပ္သြားတိုင္း ေခၚသြားတယ္။ အလုပ္မသြားတဲ့ရက္ဆိုရင္ အိမ္ထဲမွာပဲ ေနၾကတယ္။ မေထြးရီက အဝတ္ေလွ်ာ္၊ စက္ခ်ဳပ္တဲ့အလုပ္ကို လုပ္တယ္။ ရတဲ့အလုပ္နဲ႔ေငြရွာ မေထြးရီက အဝတ္ေလွ်ာ္၊ စက္ခ်ဳပ္ တဲ့အ လုပ္ ကို လုပ္တယ္။ တစ္ခါတစ္ရံ အမ်ိဳးသမီး ခရီးသည္ကို ဆိုင္ကယ္တကၠစီ လိုက္ပို႔တာလည္း လုပ္တယ္။ သည္အလုပ္နဲ႔တင္သမီးႀကီးနဲ႔ သား အလတ္ ေက်ာင္းစရိတ္၊ သမီးငယ္ေဆးကု သ စရိတ္ေတြ ေခြ်တာၿပီးသံုးစြဲေနရတယ္။ သူ႕ ရဲ႕ အမ်ိဳးသားကလည္း က်ပန္းအလုပ္လုပ္ တာ ျဖစ္လို႔ ေငြေၾကးမေခ်ာင္လည္ဘူး။ တစ္ေန႔မွာ အဝတ္ေလွ်ာ္ရင္း  ေနာက္ ထပ္ အလုပ္သစ္တစ္ခုလုပ္ဖို႔ ဆက္စပ္မိ တယ္။ ေနာက္ ထပ္အလုပ္တစ္ခုက သူ႕အ တြက္ လက္ ရွိၾကံဳေနရတဲ့ အခက္အခဲေတြကို ေျပာင္းလဲလာ ေစလိမ့္မယ္လို႔ မထင္မိခဲ့ဘူး။ သူက Man-dalay Journalism School မွာ အခ်ိန္ပိုင္း အေနနဲ႔ သန္႔ရွင္းေရး ဝင္လုပ္ခဲ့တယ္။ သူက အလုပ္ၿပီးတာနဲ႔ တျခားအလုပ္ေတြ

ရမွာျဖစ္တဲ့အတြက္ သည္ေနရာဟာ ဘာလုပ္ တဲ့ေနရာလဲဆိုတာ မစပ္စုခဲ့မိဘူး။ ႐ံုးခ်ိန္းရွိတဲ့ တစ္ေန႔မွာ Mandalay Journalism School မွာ သန္႔ရွင္းေရးလုပ္ဖို႔ ေနာက္က်သြားတယ္။ အဲသည္မွာတင္ ဘာေၾကာင့္ေနာက္က်ရတဲ့အေၾကာင္းကို ရွင္းျပရင္း မီဒီယာအခ်ိတ္အ ဆက္ေတြရလာခဲ့တယ္။ အမႈအတြက္ အမိန္႔ခ်ခါနီးအခ်ိန္မွာ မီဒီယာနဲ႔ဆက္သြယ္မိၿပီး အကူအညီေတာင္းခဲ့တယ္။ တရား ႐ံုး ကို အမႈၾကားနာဖို႔ မီဒီ ယာအခ်ိဳ႕လိုက္ လာတဲ့ေန႔က ေလွ်ာက္လဲ ခ်က္ဖတ္ရမယ့္ေန႔ျဖစ္တယ္။ အဲသည္ေန႔ က ေလွ်ာက္ခ်က္ မဖတ္ ျဖစ္ဘူး။ မေထြးရီတို႔ အမႈရင္ဆိုင္စဥ္က ပုဒ္မ ၃၇၆/ ၅၁၁ ၾကံစည္မႈနဲ႔သာ စြဲခ်က္တင္ခံရ တယ္လို႔ သိရတယ္။ ၾကံစည္မႈနဲ႔သာ အမိန္႔ခ်မယ္ဆိုရင္ တစ္ကိုယ္ေတာ္ဆႏၵျပ ဖို႔အထိ ျပဳလုပ္ဖို႔ ရည္ရြယ္ထားတယ္။ ‘ဒါဆို ကေလးက ေသသြားမွ မုဒိမ္းမႈေျမာက္မွာလားလို႔ေတာင္ ေမးလိုက္မိေသးတယ္” လို႔ မေထြးရီက ဆိုတယ္။ ေနာက္ပိုင္းမွာ မီဒီယာေတြ ႐ံုးေတာ္ကို လိုက္လာမွ သည္အမႈက ခ႐ိုင္တရား ႐ံုးမွာ အ မိန္႔ မခ်ျဖစ္ေသးဘဲ တိုင္းတရား႐ံုးအထိ အမႈတြဲကိုတင္လိုက္တယ္။

 ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားတဲ့ ပုဒ္မ ၃၇၆ မုဒိမ္းမႈ ေျပာင္းလဲသြားတယ္လို႔ သိရ တယ္။ လက္ရွိအေျခအေနမွာေတာ့ ျပစ္မႈက်ဴး လြန္ေၾကာင္း ထင္ရွားတဲ့ပုဒ္မနဲ႔ စြဲခ်က္တင္ထားတဲ့အတြက္ ဘုန္းႀကီးဘက္က ေရွ႕ေနက ေနျပည္ေတာ္အထိ အမႈတြဲတင္ထားတယ္လို႔ သိရတယ္။ အမႈက တစ္ႏွစ္ ေက်ာ္ၾကာလာေပမဲ့ မၿပီးျပတ္ေသးပါဘူး။ ေျပာင္းေရႊ႕ေနထိုင္တဲ့ေနရာက ပတ္ဝန္းက်င္နဲ႔ အဆင္မေျပေတာ့
အိုင္အင္န္ဂ်ီအို အဖြဲ႕အစည္းျဖစ္တဲ့ ေဝါဗီြရွင္ကို အကူအညီေတာင္းခဲ့တယ္။ ကံေကာင္းေထာက္မစြာနဲ႔ ေဝါဗြီရွင္ရဲ႕ စီမံခ်က္နယ္ေျမထဲမွာပါေနတဲ့အတြက္ အကူအညီရခဲ့တယ္။ ေဝါဗြီရွင္အဖြဲ႕အစည္းက ပတ္ဝန္းက်င္ေကာင္းတဲ့ေနရာကို အိမ္ငွားရမ္းေပးခဲ့တယ္။ သူ႕သမီးေလးဘဝမွာ အမည္းစက္ျဖစ္ သြားေစခဲ့တဲ့အတြက္ မေထြးရီက သူ႕ေဆြမ်ိဳးေတြကိုလည္း နာၾကည္းခ်က္နဲ႔ အဆက္အသြယ္လည္း မလုပ္ခဲ့ဘူး။ သား သမီးသံုးေယာက္လံုး ပညာ တတ္ေတြ ျဖစ္ေစဖို႔ သူ႕မွာလုပ္စရာေတြ က်န္ေနေသးတယ္။ သူ႕ရဲ႕ ကေလးေတြကို သူ႔လို အသိပညာနည္းပါးတဲ့သူမျဖစ္ေစခ်င္ဘူး။

အဓိကက ျပစ္မႈ က်ဴးလြန္ခံရတဲ့သမီးငယ္ေလးဘဝကို ပိုၿပီးပညာ တတ္ျဖစ္ေစခ်င္တယ္။ ကေလးေတြ ပညာတတ္ႀကီးေတြ ျဖစ္ေအာင္ သူ႐ုန္းကန္ေနဦးမွာပါ။ ‘ပညာတတ္မွ သူၾကံဳခဲ့ရတာေတြကို အမွားအမွန္ခြဲဲျခားႏိုင္မယ္၊ ပညာတတ္မွ အ ရာရာကို ရင္ဆိုင္ရဲမွာေလ”လို႔ မေထြးရီက ေျပာတယ္။
Author အိမို႔မို႔ခိုင္
kumudranews

အချိန်က ည ၁၂းဝဝ နာရီ တိတိ ရှိပြီ။ သမီးငယ်က အပေါ့သွားချင်လို့ သမီးကို နောက်ဖေးလိုက်ပို့တယ်။ သမီးငယ်ကို အပေါ့သွားဖို့ ဘောင်းဘီကို ချွတ်ပေးတဲ့ အချိန်မှာ မထွေးရီတစ်ယောက်ထိတ်ထိတ်ပျာပျာ ဖြစ် သွားပြီ။ ရုတ်တရက် ဆိုသလို သမီးငယ်ကို ဘယ်လိုဖြစ်တာလဲလို့ မေးမြန်းရင်း မြင်လိုက်ရတဲ့ မြင်ကွင်းက မထွေးရီရင်အစုံကို နာကျင်သွားစေတယ်။ ‘ရုတ်တရက်ဆိုတော့ ရူးမတတ်ပါပဲ၊  မျက်လုံးလဲ ပြာထွက်သွားတယ်၊ ဘယ်လို မှန်းကို မသိ ဘူး၊ ပြောကိုပြောမပြနိုင်ပါဘူး”လို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အဖြစ်ကို အသက် ၃၈ နှစ် အ ရွယ် မထွေးရီက ပြောတယ်။ သမီးငယ်ရဲ့ မိန်းကလေး အင်္ဂ ါတစ်ဝိုက်မှာ ရောင်ရမ်းပြီး သွေးအချို့ထွက်နေတာ၊ သွေးခြည် ဥနတာတွေကိုမြင် လိုက်ရတဲ့ခဏ အတွင်းမှာပဲ စိုးရိမ်စိတ်တွေက ငယ်ထိပ်ရောက်သွားတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတာ သမီး ကို ချော့ပြီးမေးမှ သိလိုက်ရတာက မထွေးရီ ရင်ကို ပိုပြီးပူလောင်သွားစေခဲ့ရတယ်။ အသိမကြွယ်သေးတဲ့ အသက်လေးနှစ်သာရှိသေးတဲ့ မထွေးရီရဲ့သမီးလေးဟာ ကလေးတွေ ခေါ်ခေါ်နေတဲ့ ဘကြီးဆိုသူကြောင့် အခုလို ဖြစ်ခဲ့ရတယ်လို့ သိရတယ်။ ဘကြီးဆိုသူက သူ့ရဲ့ အ င်္ဂ ါနဲ့ ပွတ်ကြောင်း၊ လက်နဲ့ထိုးသွင်းကြောင်း မိခင်ကို ပြောပြတယ်။ အစကတော့ ကလေးစကားကို မယုံကြည်ခဲ့ဘူး။ ကလေးက တစ်ခါမှ မတွေ့ကြုံဖူးတဲ့ အဖြစ်အပျက်တွေကို ထပ်ခါထပ်ခါ ပြောနေတာရယ်၊ သမီးလေး နာကျင်နေတာတွေရယ်ဟာ လိမ်နေတာမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ‘ဒါနဲ့ သမီးက ဘာလို့မအော်လဲလို့ မေးတော့၊ သမီးပါးစပ်ကို တိပ်နဲ့ ကပ်ထားတာလို့ ပြောတယ်၊ ပြီးတော့ မေမေတို့ကို ဘာလို့ အစက မပြောလဲလို့မေးတော့ သမီးပြောရင် ဘကြီးက မေမေတို့ကို သတ်မှာပေါ့တဲ့၊ မေမေတို့သေ မှာ စိုးလို့ မပြောခဲ့တာတဲ့၊ ရင်ထဲမှ မွန်းကျပ်သွားတာပဲ” လို့ စကားပြောနေရင်း မထွေးရီအသံတွေ တိမ်ဝင်သွားတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှာ ကလေးငယ် မုဒိမ်းကျင့်ခံခဲ့ရပြီး နောက် ရက် ည ၁၂းဝဝ နာရီမှ သည်အဖြစ်အပျက်တွေကို သိရခဲ့တယ်။ သိသိချင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊နေ့စဉ်ရက်ဆက် ငိုပဲငိုနေမိတယ်။ တစ်ခါမှ မကြုံဖူးတဲ့ အဖြစ်အပျက်ကြောင့် ဗဟုသုတလည်း နည်းတဲ့ မထွေးရီတို့ဟာ အိမ်မှာပဲ ကလေးကို ဒဏ်ကြေဆေးလိမ်းပေးတာနဲ့ ကျိတ်ပြီး ကုသပေးခဲ့တယ်။ ဘကြီးဆိုသူက မထွေးရီတို့နေထိုင်တဲ့ ဘုန်းကြီးကျောင်းက သံဃာတစ်ပါး ဖြစ်တယ်။ အသက် ၄၆ နှစ်။ ငွေရှိတယ်။ စီးပွားရေးလုပ်တယ်လို့ သိရတယ်။ မပြောရဲခဲ့ မထွေးရီသိပြီး သုံးရက်လောက်အကြာမှာ ကလေးက အပေါ့သွားတိုင်း တဆတ်ဆတ်တုန်အောင် နာကျင်နေမှုခံစားနေရတာကို မကြည့်ရက်ခဲ့ဘူး။ အဲဒါနဲ့ အနီးနားက ဆေးခန်းကို သွားပြခဲ့တယ်။ ဆေးခန်းကို ရောက်တော့ သမီးလေးရဲ့ အ ဖြစ်မှန်ကို မပြောရဲခဲ့ဘူး။ ကလေးရဲ့ အင်္ဂ ါက ဘာနဲ့ခိုက်မိတာလဲမသိဘူးလို့ ဆရာ ဝန်ကို လိမ်ပြီးပြောခဲ့တယ်။ “နောက်ဆုံးတွေးလိုက်တာက သမီးလေးအရွယ်ရောက်လို့ ကျောင်းနေရင် လူတကာ လက်ညှိုးထိုးကဲ့ရဲ့ခံရမယ်၊ ပြီးတော့ ဒါက သာမန်လူမဟုတ်ဘူး၊ သင်္ကန်းဝတ် ဘုန်းကြီးဖြစ်နေ တော့ ကိုယ့်ဘာသာကို အကြည်ညိုမဲ့မှာစိုးလို့ ဆေးကုတော့ လိမ်ပြီးကုတယ်”လို့ မထွေးရီက ရှင်းပြတယ်။ သူ လိမ်ညာခဲ့ပေမဲ့ ကလေးကို စစ် ဆေး လိုက်တဲ့အခါမှာဆရာဝန်က အဖြစ်အပျက်အလုံးစုံကို သိသွားပါတယ်။ မှုခင်းနဲ့ဆိုင်တဲ့ အတွက် ကုသပေးလို့ မရကြောင်း ဆရာဝန်က ရှင်းပြတယ်။ နောက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ တယ်။ “ကျွန်မရဲ့ နှစ်ဝမ်းကွဲ ယောက်မကဆို ရင် ကျွန်မနေ့တိုင်းငိုနေတာမြင်တော့ လာမေးတယ်၊ သူကပဲ ဘကြီးက တဏှာရူးကြောင်း၊ အပြာကားတွေ ကြည့်ကြောင်း ပြောပြီး အမှုကို ချက်ချင်း မဖွင့်ဖို့ လာပြောတယ်၊ ဘုန်းကြီးကျောင်းမှာတည်းပြီး အမှုဖွင့်တော့ မကောင်းဘူး၊ အိမ်ငှား အ ရင်ရှာ၊ အိမ်ငှားရရင် သူကိုယ်တိုင် သက်သေလိုက်ပေးမယ်လို့ပြောတယ်၊ ကိုယ်ကလဲ ယုံကြည်မိတာပေါ့” လို့ မထွေးရီက ပြောတယ်။ မထွေးရီတို့ မိသားစုဟာ သူ့သမီးလေး ဘဝကို ဖျက်ဆီးခဲ့တဲ့ ဘကြီးဆိုတဲ့ ဘုန်းကြီးနေ ထိုင်တဲ့ကျောင်းမှာ အဖီဆွဲပြီးနေရတယ်။ ကံကြမ္မာကိုက မထွေးရီအပေါ်မှာ ရက်စက်လွန်းတယ်လို့ဆိုရမလားပဲ။ ဘုန်းကြီးကျောင်းမှာ မနေခင်က မထွေးရီတို့ အောင်မြေသာစံမြို့နယ်၊ အုတ်စက်ရပ်ကွက်က ညီမဖြစ်သူရဲ့ ခြံဝင်းအလွတ်မှာ အိမ်ဆောက်နေကြတယ်။ ရွှေဘိုဇာတိဖြစ်တဲ့ မထွေးရီဟာ ညီမဖြစ် သူက အိမ်ဆွေးတဲ့အထိ နေနိုင်ကြောင်း ပြောတဲ့အတွက် ပါလာတဲ့ငွေနဲ့ ညီမဖြစ်သူ ခြံဝင်းထဲ မှာ အိမ်ကို ခိုင်ခိုင်မာမာဆောက်ခဲ့ကြတယ်။ သိပ်မကြာခင်မှာ မြေဈေးတွေတက်လာတော့ အိမ်ဝိုင်း ရောင်းတော့မှာဖြစ်လို့ မထွေးရီ ဆောက်ထားတဲ့အိမ်ကို ဖျက်ယူသွားဖို့ အိမ်ကနေ အပြီး ထွက်ပေးဖို့ ပြောလာတယ်။ ဘုန်းကြီးကျောင်းမှာ မထွေးရီက ဘယ်လိုပဲတောင်းပန်ခဲ့ ပေမဲ့ ညီမဖြစ်သူက ချက်ချင်းထွက်ပေးဖို့ ပြောဆိုလာတာကြောင့် အနီးနားက ဘုန်း ကြီးကျောင်းမှာ ခဏနေဖို့ ခွင့်ပန်ပြီးနေခဲ့ ကြတယ်။ မထွေးရီရဲ့ အမျိုးသားက သည်ဘုန်းကြီးကျောင်းမှာ လမ်းခင်းတာတွေ၊ ကျောင်းဆောက်တဲ့အခါ ကူညီပေးတာတွေရှိခဲ့တဲ့အတွက် ကျောင်းထိုင် ဘုန်းကြီးနဲ့ ရင်းနှီးတယ်။ နှစ်လလောက်သာနေမှာ ဖြစ်တဲ့အတွက် ဘုန်းကြီးကလည်း ခွင့်ပြုတယ်။ ဘုန်းကြီးကျောင်းမှာနေထိုင်တာ တစ်လနဲ့ သုံးရက်အကြာမှာ အခုလိုအဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ မထွေးရီက “ကိုယ့်ပါးကို ရိုက်ပြီးငိုတာ၊ ထမင်းလဲမစားဘူး၊ စားလို့လဲမဝင်ဘူး၊ အမြဲလိုလို ငိုတယ်၊ အရူးမကြီးကျနေတာပဲ”လို့ သူ့ သမီး လေးအကြောင်းကို ပြန် ပြောရင်းကျလာတဲ့ မျက်ရည်တွေကို သုတ် ရင်းပြောပြန်တယ်။ သာသနာတော်အတွက်၊ သမီးလေး အရှက်အတွက် အမှန်တရားကို မျက်ကွယ်ပြုပြီး အမှုမဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သည်လိုဆုံးဖြတ်ခဲ့ပြီး မေ့ပျောက်ဖို့ ကြိုး စားနေတဲ့ မထွေးရီတို့ကို ဘကြီးရဲ့ ဆွေမျိုးတွေက စိတ်အနှောင့်အယှက် ပေးခဲ့တယ်။ ငွေကြေးပြည့်စုံတဲ့ ဘကြီးဘက်က မျက်နှာလိုက် အကြိုက်ဆောင်ပေးတဲ့လူ တွေကလည်း အများသား။ သမီးအကြီးမလေးကို ကျူရှင်ပို့ပြီး အပြန်ကလေးတွေ သောက်ဖို့ လက်ဖက်ရည် ဝင်ဝယ်တဲ့ မထွေးရီကို ဘကြီးရဲ့ ဆွေမျိုးတွေက စောင်းချိတ်ပြောဆိုတာခံရတယ်။ သူတို့က မထွေးရီဟာ ငွေလိုချင်လို့ ကလေးက မုဒိမ်းကျင့်မခံရဘဲ ခံရတယ်ဆိုပြီး ပြောကြတယ်။ အဲသည်လို ကြားလိုက်တာနဲ့ မထွေးရီစိတ်ထဲမှာ ပူလောင်မှု ဒေါသတွေ ထွက်သွားတယ်။ ‘အဲဒီနေ့ကဆိုလေ ရှက်လိုက်တာ၊ လူမှန်းသူမှန်းမသိအောင်ကို ဆိုင်ကယ်မောင်းလာလိုက်တာ၊ စိတ်ကလဲ လွတ်သွားပြီလေ၊ ဘယ်လိုလုပ် အိမ်ရောက်သွားမှန်းကို မသိတော့ဘူး” လို့ မထွေးရီက ပြောတယ်။ သမီးလေး အဖြစ်ဆိုးနဲ့ ကြုံခဲ့တာကို တစ်သက်လုံးရင်ထဲမှာ မျိုသိပ်သွားဖို့ ဆုံးဖြတ်ထားပေမဲ့ သည်လိုတွေ ကြားလိုက်ရတော့ မခံချင်စိတ်တွေ၊ မိခင်တစ်ယောက် ရဲ့ သတ္တိတွေ ပေါ်ထွက်လာခဲ့တယ်။ မထွေးရီက ‘သူတို့ကပဲ စော်ကားတယ်၊ သူ တို့ကပဲပြောရတယ်ဆိုပြီး အမှုဖွင့်ဖို့ အမျိုးသားနဲ့ တိုင်ပင်တယ်” လို့ မခံချင်စိတ်နဲ့ အံကိုတင်းတင်းကြိတ်ရင်း ပြောတယ်။ အမှန်တရားရှိတယ် အခင်းဖြစ်ပြီး ရှစ်ရက်အကြာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှာ အမှတ် (၁) ရဲစခန်းမှာ အမှုဖွင့်ဖို့ ဆောင်ရွက်ခဲ့တယ်။ အမှုစဖွင့်ဖို့ ရဲစခန်းအတွင်း ရောက်နေစဉ်မှာပဲ ဘကြီးဆိုသူ က ဖုန်းဆက်ပြီးခေါ်ပြီး ကျေအေးပေးဖို့ တောင်း ဆို တယ်။ ‘အရှင်ဘုရားရိုက်လို့ ခြေသလုံးကွဲတယ်၊ ခေါင်းကွဲတယ်ဆိုရင် မပြောလိုပါ ဘူး၊ ဒါကြီးက ဘယ်လိုမှ ကျေအေးပေးလို့မရပါဘူး”လို့ မထွေးရီက ပြောတယ်။ မထွေးရီရဲ့ အမျိုးသားဖြစ်သူက မထွေးရီထက် စာရင် ရိုးအ,တယ်။ မိခင်လည်းဖြစ် ၊ သွက်လည်းသွက်တဲ့ မထွေးရီက သမီးအတွက် ဘာမဆို ရင်ဆိုင်ဖို့အသင့်ရှိနေတယ်။ သူ့ရဲ့အားကိုးရာက ဥပဒေမှာ အမှန်တရားရှိတယ်လို့ ယုံကြည်ထားတာပဲ ဖြစ်တယ်။ ‘ဥပဒေအကြောင်းတော့ နားမလည် ဘူး၊ ဥပဒေမှာ အမှန်တရားရှိတယ်လို့ ယုံကြည်တယ်၊ ကျွန်မသမီးလေးက တကယ် နစ်နာသွားခဲ့တာလေ”လို့ မထွေးရီက ဆို ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်မှာ သူတို့နေထိုင်တဲ့ ဘုန်းကြီးကျောင်းအတွင်းမှာပဲ ကျောင်းထိုင်ဘုန်းကြီး၊ ဘကြီးလို့ခေါ်တဲ့ ဘုန်းကြီး၊ မထွေးရီတို့ မိသားစုတို့ကို ရဲ တပ်ဖွဲ့ဝင်တွေက တံခါးပိတ် ပြီး စစ်ဆေးတယ်။ ကျူးလွန်ခံရသူကလေးကို အရင် မေးတဲ့အခါ ကလေးက မပြောရဲတဲ့အတွက် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က တရားခံဘယ်သူလဲဆိုတာကို တစ်ယောက်ပြီး တစ်ယောက် လက်ညှိုး ထိုးမေးခဲ့တယ်။ တခြားသူတွေကိုတော့ ခေါင်းခါယမ်းခဲ့ပြီး ဘကြီးဆိုသူ အလှည့်ရောက်ချိန်မှာတော့ ခေါင်းညိတ်ပြခဲ့တယ်။ အမှုဖွင့်ပြီး မကြာခင်မှာတော့ သည့်ထက်အဖြစ်ဆိုးတာကို ထပ်သိလာခဲ့ရတယ်။ အဲဒါက ကလေးငယ်ကို သဘာဝ ကို ဆန့်ကျင်ပြီး ပြစ် မှု ကျူးလွန်ခဲ့တယ်ဆိုတာကိုပါပဲ။  ကျူးလွန်ခံရသူ ကလေးငယ်က မိခင်ကို မပြောရဲခဲ့တာကို သူ အရမ်းခင်တွယ်ရတဲ့ မငယ်လေးဆို သူမေးမှ ဖြစ်ကြောင်းကုန်စင်ထပ်မံပြောပြခဲ့တယ်။ မထွေးရီက “ကလေးပါးစပ်က နာတာ ကို ရိုးရိုးအပူကန်လို့နာတာလို့ ထင်ခဲ့တာ၊ မုန့်ကျွေးတော့ ပါးစပ်ကနာတယ်တဲ့၊ လည်ချောင်းနာ ပျောက်ဆေးတောင် ဝယ်တိုက်ခဲ့ရသေးတယ်၊ သူတအားချစ်တဲ့ မငယ်လေးက မေးမှ ဒိုင်းဒိုင်း ဆို အကုန်ပြောပြတာ”လို့ ပြောရင်းအသံတွေ တိမ်ဝင်သွားပြန်တယ်။ ပြီးတော့ မျက်ရည်တွေလည်း ကျလာတယ်။ ငွေကြေးချို့တဲ့တဲ့ မထွေးရီတို့မိသားစုအတွက် ဥပဒေပါအမှန်တရားကို လွယ်လင့် တကူ မရရှိခဲ့ပါဘူး။ သမီးလေးကျန်းမာရေးအတွက် အမှုဖွင့်ပြီး ဆေးကုသဖို့ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိခဲ့တယ်။ ကြန့်ကြာနေရ “ရဲစခန်းကိုသွားတဲ့အချိန်မှာ အစက တော့ နွေးနွေးထွေးထွေးပဲ၊ နောက်ပိုင်းကျ အဖျားရှူး လာတယ်၊ ဆေးကုသခွင့်ရဖို့ ဆေးစာသွားယူတာ စခန်းမှူးမရှိလို့၊ လူကြီးလမ်းကြောင်းပါ သွားလို့နဲ့ တစ်နေကုန်ထိုင်စောင့်ခဲ့ရတဲ့ရက်တွေရှိတယ်”လို့ မထွေးရီက သူကြုံတွေ့ခဲ့ရပုံကို ပြောတယ်။ အမှုဖွင့်ပြီး ငါးရက်လောက်နေမှ ဆေးစာရတယ်။ အမှုဖွင့်တာလည်းနောက်ကျ၊ ဆေးစာရတာလည်းနောက်ကျတော့ မှုခင်းဆရာဝန်စစ် ဆေးဖို့လည်း နောက်ကျသွားတယ်။ ‘အခင်းဖြစ်ပြီး ၁၀ ရက်လောက်ကြာသွားတယ်၊ ကလေးက ဒဏ်ရာတော့ ကျန်သေးတာပေါ့၊ မှုခင်းဆရာဝန်ကြီးက ရက်တ အားနောက်ကျလို့ ကျွန်မတို့ကို ဆူသေးတယ်”လို့ မထွေးရီ က ပြောတယ်။ သမီးအတွက် မေးရင်းမြန်းရင်းနဲ့ ပထမဆုံး သွားပြခဲ့တဲ့ ဆေးခန်းက လမ်းညွှန်မှုနဲ့ သက်သေအထောက်အထား ခိုင် လုံဖို့ ဘကြီးဆို သူပြောစကားတွေကို အသံဖမ်းခဲ့တယ်။ အသံဖမ်းခဲ့တဲ့ အထဲမှာ ဘကြီးဆိုသူက သူကျူးလွန်ကြောင်း ဝန်ခံချက်တွေပါတယ်။ အသံဖိုင်က သည်အ တိုင်းထားလို့ တစ်နေ့ပျောက်သွားရင် အခက်အခဲ ကြုံနိုင်တယ်ဆိုပြီး ကော်ပီတွေလည်း ကူးထားတယ်။ မထွေးရီမှန်းထားတဲ့အတိုင်း အသံဖိုင် ပါတဲ့ ဖုန်းဟာမျက်နှာကြီးရာ ဟင်းဖတ်ပါ တဲ့ ဆွေမျိုးတွေကြောင့် ပျောက်သွားခဲ့တယ်လို့ ဆိုတယ်။ ‘နေရတာကလဲ ဘုန်းကြီးကျောင်း ထဲ မှာ၊ ယောက်မနှစ်ဝမ်းကွဲကလဲ သူတို့ဘက် ကဆို တော့ ဘယ်သူမှမသိအောင် ကော်ပီကူးထားလိုက်တာ၊ ဒါပေမဲ့ ဒီဇင်ဘာလ ၂၉ ရက် နေ့ လယ် ပိုင်းမှာ  ပျောက်သွားတာ” လို့ မထွေးရီက ပြောတယ်။ ဘကြီးရဲ့ ဆွေမျိုးတွေက လိုချင်တဲ့ ငွေကြေးပေးမယ်၊ အမှုကျေအေးပေးဖို့ပြောပြီး လာညှိ တာရှိသလို သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲမယ်လို့ ခြိမ်းခြောက်ပြောတာလည်း ရှိခဲ့တယ်။ သူတို့ဘယ်လိုပဲပြောပြောအမှန်တရားကို ယုံ ကြည် တဲ့အတွက် မထွေးရီတစ်ယောက် ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တယ်။ ‘ကားတစ်စီး၊ တိုက်တစ်လုံး၊ တစ် ဘဝလုံး ချမ်းသာအောင်ပေးမယ်ဆိုရင်တောင် ကျွန်မ လက်သင့်မခံနိုင်ဘူး၊ ကျွန်မလိုချင်တာက အမှန်တရားပဲ” လို့ မထွေးရီက ဆိုတယ်။ တရားရုံးမှာ အမှန်တရားကိုသာ ယုံကြည်ထားတဲ့ မထွေးရီအတွက် တရားရင်ဆိုင်ရတဲ့အခါ မှာလည်း အခက်အခဲတွေရှိခဲ့ပြန်တယ်။ တရားရုံး ကိုရောက်လို့ ဘယ်ကိုသွားပြီး ဘာလုပ်ရမလဲ မသိခဲ့ဘူး။ မသိလို့ မေးမြန်း ပြန်ရင် အဆူ အ ငေါက်က ခံရသေးတယ်။ ရုံးချိန်းက ဘယ်အချိန်လဲမသိရလို့ တစ်နေကုန် စောင့်ခဲ့ရတဲ့ရက်တွေလည်း ရှိခဲ့တယ်။ အခက်အခဲဆုံးက ရှေ့နေ မငှားရမ်းနိုင် တာပါပဲ။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့က တာဝန်ရှိသူချိတ် ဆက်ပေးခဲ့တဲ့ ရှေ့ နေ တစ်ဦးရှိခဲ့တယ်။ သည်ရှေ့နေက အမှုတွဲကူးဖို့၊ ပါဝါတင်ဖို့ ငွေကျပ် ၅၀,ဝဝဝ တောင်းတာ ကိုပင် ပြည့် ပြည့်ဝဝမပေးနိုင်ခဲ့။ ခြစ်ကုတ်ပြီးစုထားတဲ့ငွေ ကျပ် ၄၀,ဝဝဝ ကိုပေးခဲ့ပြီး ကျန်တာ နောက်မှပေးဖို့  ပြောခဲ့ရတယ်။ ‘ငွေပေးလိုက်လို့ စားဝတ်နေရေး ခက်ခဲသွားတယ်၊ ဒါပေမဲ့ ရှေ့နေကမှ ဥပဒေနားလည်တာဆိုတော့ အရဲစွန့်ပြီး ပေးလိုက်တယ်၊ တကယ်ပဲ အဲဒီရက်တွေက ဆန်ပြုတ်ပဲသောက်ခဲ့ရတယ်” လို့ မထွေးရီက ပြောပါတယ်။ သူ့ဘက်ကလိုက်ပေးတဲ့ရှေ့နေဆိုသူဥပဒေအရာရှိကမဝင်ခိုင်းလို့လို့ပြောပြီး အပြန်လှန်မေးခွန်းထုတ်တာ၊ မေးမြန်းတာတွေမလုပ်ဘူးလို့ မထွေးရီက ပြောပါတယ်။အဲဒါတွေအပြင် တရားရင်မဆိုင်ခင်ကသမီးလေးကို ဆေးစစ်ချက် အောင်တယ်လို့သိထားတဲ့အသိက တရားရုံးရောက်တဲ့အခါတလွဲစီ ဖြစ်ကုန်တယ်။ ‘ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့က ဆရာမကြီးကပြောတော့ ဆေးစာ အောင်တယ်၊ ကိုယ်က စင် ပေါ်ကလူ စိတ် အေး အေးထားလို့ ပြောတယ်၊ ဒါပေမဲ့ တရားရုံး မှာ ဆရာဝန်ထွက်ဆိုသွားတာက ကလေးအင်္ဂ ါ က ချို့ယွင်းချက်တောင်မရှိဘူးလို့ ထွက်ဆိုသွားတယ်” လို့ မထွေးရီက ဆိုပါတယ်။ တစ်ခါတလေမှာ ရေဝယ်သောက်ဖို့ ပိုက်ဆံတောင်မရှိဘဲ ရုံးချိန်းသွားခဲ့ရတဲ့ ရက်တွေလည်း ရှိခဲ့တယ်။ အလုပ်က အ ဆင်မပြေ၊ ဘုန်း ကြီး ကျောင်းထဲမှာလည်း ဆက်မနေဖို့ မောင်းထုတ်ခံရတယ်။ သည်လိုနဲ့ သူ့မှာရှိတဲ့ ရေခဲ သေတ္တာကို ရောင်းပြီး ရတဲ့ငွေနဲ့ ဘုန်းကြီး ကျောင်းနဲ့ဝေးတဲ့ နေရာမှာ အိမ်ငှားနေတယ်။ ဘုန်းကြီးရဲ့ဆွေမျိုးတွေက နောက် ပြောင်းတဲ့ရပ်ကွက်အထိကို လိုက်ပြီးရန်ရှာတာ၊ စောင်း မြောင်းပြောဆိုတယ်လို့ ဆိုပါတယ်။ အဲသည် ရပ်ကွက်မှာလည်း အဆင်မပြေဖြစ်လာတယ်။ သည်လိုကလေးကို ရပ်ကွက်ထဲက သူတွေက အထင်သေးတဲ့အကြည့်နဲ့ ကြည့်တာ၊ သမီးလေးနဲ့ သူတို့ကလေးတွေကို မကစားဖို့ ပြောဆိုတာတွေ ရှိလာတယ်။ သမီးလေးအားငယ်မှာ ၊ စိတ်ဓာတ် ကျမှာစိုးလို့ ကလေးကို မထွေးရီ အလုပ်သွားတိုင်း ခေါ်သွားတယ်။ အလုပ်မသွားတဲ့ရက်ဆိုရင် အိမ်ထဲမှာပဲ နေကြတယ်။ မထွေးရီက အဝတ်လျှော်၊ စက်ချုပ်တဲ့အလုပ်ကို လုပ်တယ်။ ရတဲ့အလုပ်နဲ့ငွေရှာ မထွေးရီက အဝတ်လျှော်၊ စက်ချုပ် တဲ့အ လုပ် ကို လုပ်တယ်။ တစ်ခါတစ်ရံ အမျိုးသမီး ခရီးသည်ကို ဆိုင်ကယ်တက္ကစီ လိုက်ပို့တာလည်း လုပ်တယ်။ သည်အလုပ်နဲ့တင်သမီးကြီးနဲ့ သား အလတ် ကျောင်းစရိတ်၊ သမီးငယ်ဆေးကု သ စရိတ်တွေ ချွေတာပြီးသုံးစွဲနေရတယ်။ သူ့ ရဲ့ အမျိုးသားကလည်း ကျပန်းအလုပ်လုပ် တာ ဖြစ်လို့ ငွေကြေးမချောင်လည်ဘူး။ တစ်နေ့မှာ အဝတ်လျှော်ရင်း  နောက် ထပ် အလုပ်သစ်တစ်ခုလုပ်ဖို့ ဆက်စပ်မိ တယ်။ နောက် ထပ်အလုပ်တစ်ခုက သူ့အ တွက် လက် ရှိကြုံနေရတဲ့ အခက်အခဲတွေကို ပြောင်းလဲလာ စေလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ သူက Man-dalay Journalism School မှာ အချိန်ပိုင်း အနေနဲ့ သန့်ရှင်းရေး ဝင်လုပ်ခဲ့တယ်။ သူက အလုပ်ပြီးတာနဲ့ တခြားအလုပ်တွေရမှာဖြစ်တဲ့အတွက် သည်နေရာဟာ ဘာလုပ် တဲ့နေရာလဲဆိုတာ မစပ်စုခဲ့မိဘူး။ ရုံးချိန်းရှိတဲ့ တစ်နေ့မှာ Mandalay Journalism School မှာ သန့်ရှင်းရေးလုပ်ဖို့ နောက်ကျသွားတယ်။ အဲသည်မှာတင် ဘာကြောင့်နောက်ကျရတဲ့အကြောင်းကို ရှင်းပြရင်း မီဒီယာအချိတ်အ ဆက်တွေရလာခဲ့တယ်။ အမှုအတွက် အမိန့်ချခါနီးအချိန်မှာ မီဒီယာနဲ့ဆက်သွယ်မိပြီး အကူအညီတောင်းခဲ့တယ်။ တရား ရုံး ကို အမှုကြားနာဖို့ မီဒီ ယာအချို့လိုက် လာတဲ့နေ့က လျှောက်လဲ ချက်ဖတ်ရမယ့်နေ့ဖြစ်တယ်။ အဲသည်နေ့ က လျှောက်ချက် မဖတ် ဖြစ်ဘူး။ မထွေးရီတို့ အမှုရင်ဆိုင်စဉ်က ပုဒ်မ ၃၇၆/ ၅၁၁ ကြံစည်မှုနဲ့သာ စွဲချက်တင်ခံရ တယ်လို့ သိရတယ်။ ကြံစည်မှုနဲ့သာ အမိန့်ချမယ်ဆိုရင် တစ်ကိုယ်တော်ဆန္ဒပြ ဖို့အထိ ပြုလုပ်ဖို့ ရည်ရွယ်ထားတယ်။ ‘ဒါဆို ကလေးက သေသွားမှ မုဒိမ်းမှုမြောက်မှာလားလို့တောင် မေးလိုက်မိသေးတယ်” လို့ မထွေးရီက ဆိုတယ်။ နောက်ပိုင်းမှာ မီဒီယာတွေ ရုံးတော်ကို လိုက်လာမှ သည်အမှုက ခရိုင်တရား ရုံးမှာ အ မိန့် မချဖြစ်သေးဘဲ တိုင်းတရားရုံးအထိ အမှုတွဲကိုတင်လိုက်တယ်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့ ပုဒ်မ ၃၇၆ မုဒိမ်းမှု ပြောင်းလဲသွားတယ်လို့ သိရ တယ်။ လက်ရှိအခြေအနေမှာတော့ ပြစ်မှုကျူး လွန်ကြောင်း ထင်ရှားတဲ့ပုဒ်မနဲ့ စွဲချက်တင်ထားတဲ့အတွက် ဘုန်းကြီးဘက်က ရှေ့နေက နေပြည်တော်အထိ အမှုတွဲတင်ထားတယ်လို့ သိရတယ်။ အမှုက တစ်နှစ် ကျော်ကြာလာပေမဲ့ မပြီးပြတ်သေးပါဘူး။ ပြောင်းရွှေ့နေထိုင်တဲ့နေရာက ပတ်ဝန်းကျင်နဲ့ အဆင်မပြေတော့ အိုင်အင်န်ဂျီအို အဖွဲ့အစည်းဖြစ်တဲ့ ဝေါဗွီရှင်ကို အကူအညီတောင်းခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ ဝေါဗွီရှင်ရဲ့ စီမံချက်နယ်မြေထဲမှာပါနေတဲ့အတွက် အကူအညီရခဲ့တယ်။ ဝေါဗွီရှင်အဖွဲ့အစည်းက ပတ်ဝန်းကျင်ကောင်းတဲ့နေရာကို အိမ်ငှားရမ်းပေးခဲ့တယ်။ သူ့သမီးလေးဘဝမှာ အမည်းစက်ဖြစ် သွားစေခဲ့တဲ့အတွက် မထွေးရီက သူ့ဆွေမျိုးတွေကိုလည်း နာကြည်းချက်နဲ့ အဆက်အသွယ်လည်း မလုပ်ခဲ့ဘူး။ သား သမီးသုံးယောက်လုံး ပညာ တတ်တွေ ဖြစ်စေဖို့ သူ့မှာလုပ်စရာတွေ ကျန်နေသေးတယ်။ သူ့ရဲ့ ကလေးတွေကို သူ့လို အသိပညာနည်းပါးတဲ့သူမဖြစ်စေချင်ဘူး။ အဓိကက ပြစ်မှု ကျူးလွန်ခံရတဲ့သမီးငယ်လေးဘဝကို ပိုပြီးပညာ တတ်ဖြစ်စေချင်တယ်။ ကလေးတွေ ပညာတတ်ကြီးတွေ ဖြစ်အောင် သူရုန်းကန်နေဦးမှာပါ။ ‘ပညာတတ်မှ သူကြုံခဲ့ရတာတွေကို အမှားအမှန်ခွဲခြားနိုင်မယ်၊ ပညာတတ်မှ အ ရာရာကို ရင်ဆိုင်ရဲမှာလေ”လို့ မထွေးရီက ပြောတယ်။
Author အိမို့မို့ခိုင်

Kumudra news
  • ရည္းစားေဟာင္းအေၾကာင္းေဒါသတၾကီးေျပာေနတဲ့ေကာင္မေလး
  • ေစ်း၀ယ္သူဟန္ေဆာင္ျပီး ဖုန္းကိုအလစ္သုတ္သြားသူ အလစ္သမား
  • ကေလးသံုးေယာက္ကိုရိုက္ႏွက္ ကန္ေက်ာ္ကသတ္ခဲ့တဲ့တြံေတးပေယာဂဆရာကိုသြားေရာက္ဖမး္ဆီးစဥ္
  • EVER TOP Mobile sales and Serviceဖုန္းဆိုင္CCTV မွတ္တမ္း
  • CCTV တြင္ရိုက္ကူးထားေသာ အင္းစိန္၊ဒညင္းကုန္းကေဖာက္ထြင္းမွဳ 
  • မႏၱေလးတြင္ ထိုးမွဳမ်ားဆက္တိုက္ျဖစ္ပြားေနျခင္း
  • သားၾကီး မယားၾကီးရွိလ်က္ႏွင့္တရြာတည္းေနမိန္းကေလးအားျဖားေယာင္းျပီး ကိုယ္၀န္ရွိလာေသာအခါ ဟာဘတ္ပိုးသတ္ေဆးတုိက္၍ သတ္ျဖတ္
  • No comments:

    Post a Comment