Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 29, 2017

သတင်းခိုးဝက်ဘ်ဆိုက်များ ရပ်



ရန်ကုန်၊ ဧပြီ ၂၆ – မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ ၁၂ သန်းရှိ လာတာနဲ့အမျှ သတင်းအချက်အလက်တွေဟာ စက္ကန့်၊ မိနစ်အ လိုက်မြန်မြန်ဆန်ဆန် စီးဆင်းလာပါတယ်။
သတင်းအချက်အလက်တွေ အများဆုံးဝေမျှရာနေရာကတော့ လူမှု ကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ခ်ဟာ ဆိုရှယ်မီဒီယာတစ်ခုအဖြစ် ရပ်တည်နေပေမဲ့ မြန်မာနိုင်ငံကပြည် သူတွေအတွက် သတင်းအချက်တွေကိုမျှဝေရာဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ ၁၂ သန်းမှာ ၁၁ သန်းဟာဖေ့စ် ဘုတ်ခ်ကိုသာ အဓိကထားသုံးစွဲကြလို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့သတင်းမီဒီယာတွေဟာ စနစ်တကျသင်ထားတဲ့ သတင်းထောက်တွေနဲ့ ငွေကြေးကုန်ကျခံပြီး သတင်းဖြစ်တဲ့နေ ရာတွေကိုသွားရောက်ပြီး သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေကြပါတယ်။
ဒါပေမဲ့လည်းတစ်ဖက်မှာတော့ တရားဝင်သတင်းဌာနတွေရဲ့သတင်း တွေကိုပြန်လည်ကူးယူပြီး စီးပွားရေးလုပ်ကိုင်နေတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကတွင်ကျယ်နေပါတယ်။
သတင်းမီဒီယာတွေနဲ့ပတ်သက်လို့ စနစ်တကျမသိရှိသေးတဲ့ဖေ့စ် ဘုတ်ခ်သုံးစွဲသူအများစုဟာ တရားမဝင်သတင်းခိုးယူသူတွေရဲ့ သတင်းစာမျက်နှာတွေကိုပြန်လည်ဝေမျှတာကို အများဆုံးလုပ်ကြပါ တယ်။
ပြည်တွင်းသတင်းဌာနတွေက သတင်းတွေကိုတစ်ဖက်လှည့်နဲ့ ပြန် လည်ကူးယူပြီး စီးပွားဖြစ်လုပ်ကိုင်လာကြတာဟာ နှစ်အတော်ကြာခဲ့ပြီ လို့ ပြည်တွင်းသတင်းဌာနမှာ လုပ်ကိုင်နေကြသူတွေက ပြောဆိုကြပါ တယ်။
The Voice သတင်းဌာနက တာဝန်ခံအယ်ဒီတာ ဦးကျော်ဆန်းမင်းက အလွယ်တကူရယူခံနေရတာကြာပြီလို့ ပြောပါတယ်။
အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်းနဲ့ဓာတ်ပုံ တွေကိုလူအများကြည့်ရှုနိုင်ဖို့အချိန်နဲ့ တစ်ပြေးညီတင်ပြထားခြင်း သာဖြစ်ပါတယ်လို့ စီးပွားဖြစ်လုပ်ကိုင်နေကြပြီး ပြန်လည်ကူးယူဖော်ပြ တဲ့ အွန်လိုင်းသတင်းဌာနတွေက သူတို့ ရဲ့ဝက်ဘ်ဆိုက်တွေကို ညွှန်းထားကြပါတယ်။
အဲသည်စာမျက်နှာတွေဟာ တရားဝင်သတင်းဌာနတွေဖြစ်တဲ့ 7 Days, Eleven Media Group, The Voice Weekly Irrawaddy (Bur-mese Version), Myanmar Times, DVB, Kumudra, Popular News, VOA, RFA ဆီက သတင်းတွေကိုပေါ်တင်ကူးယူပြီး စီးပွားရေးကြော် ငြာတွေလက်ခံပြီး စီးပွားဖြစ်လုပ်ကိုင်နေကြပါတယ်။
ဘယ်လိုကူးယူလဲ
အဲသည်အွန်လိုင်းစာမျက်နှာတွေဟာ ပြည်တွင်းသတင်းဌာနကြီး တွေရဲ့ နေ့စဉ်သတင်းစာတွေ၊ ဂျာနယ်တွေအပါအဝင် ဝက်ဘ်ဆိုက်စာ မျက်နှာတွေက တစ်ဆင့်ပြန်လည်ကူးယူကြပါတယ်။
အဲသည်သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာထဲဝင်ရောက် ကြည့်ရှုမယ်ဆိုရင်လည်း သူတို့ကူးယူခဲ့တဲ့ သတင်းဌာနရဲ့နာမည်ကို တော့ အောက်ဆုံးမှာဖော်ပြထားပါတယ်။ အဲသည်စာမျက်နှာတွေ အားလုံးဟာ ပြည်တွင်းသတင်းဌာနအသီးသီးရှိတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရယူထားတာ မဟုတ်ပါဘူး။
ဦးကျော်ဆန်းမင်းက ဂုဏ်သိက္ခာရှိတဲ့ မီဒီယာအချင်းချင်းကတော့ သူ့သတင်းကိုယ်ခိုး၊ ကိုယ့်သတင်း သူခိုးဆိုတာမျိုး မလုပ်ဘူးဗျ၊ ဒါပေမဲ့အခုပေါ်နေတဲ့ ဝက်ဘ်ဆိုက် တချို့က လူလေးတစ်ယောက် နှစ်ယောက်နဲ့လုပ်ကြတယ်၊ သူတို့မှာ သတင်းထောက်လဲမရှိဘူးပေါ့ ဗျာ၊ မီဒီယာအကြီးမှာဖော်ပြနေတဲ့ သတင်းတွေကိုရယူပြီး တစ်ဖက် လှည့်နဲ့ သူတို့ဝက်ဘ်ဆိုက်မှာတင်နေတာပါလို့ ပြောပါတယ်။
အဲသည် အွန်လိုင်းသတင်း စာမျက်နှာတွေကတော့ ပြည်တွင်းသ တင်းဌာနအသီးသီးကရရှိတဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြ ရတာဖြစ်တဲ့အတွက် အချိန်နဲ့အမျှစက္ကန့်မလပ်သတင်းသစ်တွေနဲ့ အင်တာနက်သုံးစွဲသူတွေအကြား ပျံ့နှံ့နေတာပါ။
ဒါ့အပြင်မှားယွင်းတဲ့ သတင်းတွေ၊ နိုင်ငံတကာက သတင်းအမှားတွေ ကို လူစိတ်ဝင်စားအောင် ချဲ့ကားရေးသားတာတွေကိုပါ ဝေမျှလာပါ တယ်၊ အချို့စာမျက်နှာတွေဆိုရင် တစ်ဖက်မှာလည်း တရားဝင် သတင်းဌာနတွေရဲ့ သတင်းတွေကိုကူးယူဖော်ပြတဲ့အပြင် လိင်အသားပေးစာပေတွေကို ကြားညှပ်ပြီးဖော်ပြကြတာကြောင့် ပိုမို လူသိများလာပါတယ်။
ကြော်ငြာရှာ
အဲသည်လိုပျံ့နှံ့နေတာနဲ့အညီ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မိမိတို့ကုန်ပစ္စည်း၊အမှတ်တံဆိပ်တွေကို ကြော်ငြာဖို့မျက်စိကျစရာ ဖြစ် လာပါတယ်။
ပြည်တွင်းသတင်းဌာနတွေမှာ ကြော်ငြာထည့်လိုတဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေအနေနဲ့ကတော့ သူတို့ရဲ့ကုန်ပစ္စည်း၊ အမှတ်တံဆိပ်တွေကို ဝက်ဘ်ဆိုက်ကို တိုက်ရိုက်ထည့်တာတွေရှိပါတယ်။
ဒါပေမဲ့ ပြန်လည်ကူးယူဖော်ပြတဲ့ စာမျက်နှာတွေကတော့ အဲသည် လိုပုံစံမျိုးနဲ့ ကြော်ငြာလက်ခံတာထက်ပိုပါတယ်။
‘သတင်းထောက်တွေမရှိတဲ့ ဝက်ဘ်ဆိုက်တွေကျတော့ကြော်ငြာ တိုက်ရိုက်လက်ခံတာမျိုးရှိတယ်၊ နောက်ဂူးဂဲလ်အက်ပ်ကနေသွားတာ မျိုးရှိတယ်လို့ Amara Digital Marketing Agency တည်ထောင်သူ ဒေါ်ချမ်းမြေ့ခိုင်က ပြောပါတယ်။
ဂူးဂဲလ်အက်ပ်ကနေ ကြော်ငြာတွေလက်ခံတယ်ဆိုတာကတော့ google app word ဆိုတာရှိပါတယ်။ ကြော်ငြာထည့်တဲ့သူတွေ အနေနဲ့ အဲသည်ဝက်ဘ်ဆိုက်ကို တိုက်ရိုက်သွားစရာမလိုတော့ဘဲ google app word မှာ key word အချို့ကိုရေးလိုက်တယ်ဆိုရင် ပြန်လည်ကူးယူဖော်ပြတဲ့ အွန်လိုင်းသတင်းဌာနတွေဆီကိုရောက်ရှိ သွားတာဖြစ်ပါတယ်။
ဥပမာ – မိုဘိုင်းလ်ဖုန်းသုံးသူတွေအတွက်Myanmar mobile google တို့ Myanmar Simcard စတာတွေကို google app word မှာ key word အဖြစ်ရိုက်ထည့်ထားလိုက်မယ်ဆိုရင် အခုနပြောတဲ့ ဝက်ဘ် ဆိုက်တွေမှာသွားပေါ်မှာဖြစ်ပါတယ်။ အဲဒါတွေကနေလည်း အွန် လိုင်းသတင်းဌာနတွေကနေ ကြော်ငြာလက်ခံကြတာမျိုးတွေလည်း ရှိကြပါတယ်။
Amara Digital Marketing Agency ဟာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး digital marketing agency ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာနဲ့လူမှု ကွန်ရက်နဲ့ပတ်သက်တဲ့ အခြေခံနဲ့သိသင့်သိထိုက်တဲ့ အကြောင်း အရာတွေကိလှည့်လည်သင်တန်းပေးနေပါတယ်။ ဒါ့အပြင် အဲသည် အေဂျင်စီဟာ ပြည်တွင်းပြည်ပရှိ ဈေးကွက်ကိုလည်းထိုးဖောက် လုပ်ကိုင်နေပါတယ်။ Amara Digital Marke -ting Agency ရဲ့ ဖောက်သည်တွေထဲမှာတော့ Nok Air, VietJet လေကြောင်းလိုင်း၊ ချယ်ရီမိုဘိုင်းလ်၊ Oppo စမတ်ဖုန်းကုမ္မဏီ၊ စင်ကာပူခရီးသွား ဘုတ်အဖွဲ့၊ စင်ကာပူစီမံခန့် ခွဲမှုသင်တန်းကျောင်းတွေလည်းပါဝင် နေပါတယ်။
‘ကျွန်တော်တို့ရဲ့သတင်းတွေကို အလကားရနေတော့ ကြော်ငြာတွေ ကိုဈေးနည်းနည်းနဲ့လက်ခံနိုင်တယ်၊ ကြော်ငြာရှင်တွေအနေနဲ့ကလဲ ကျင့်ဝတ်မရှိတဲ့ မီဒီယာတွေမှာကြော်ငြာထည့်တာမျိုးမလုပ်သင့်ပါဘူး၊ ကျွန်တော်တို့ ပြည်တွင်းမီဒီယာတွေက အခံဘက်ကပဲဖြစ်နေတယ် လို့ ဦးကျော်ဆန်းမင်းက ပြောပါတယ်။
ယူကျူ့မှာ ကြော်ငြာတဲ့ ခေတ်တစ်ခေတ်ဟာ တစ်ကမ္ဘာလုံးမှာရေ ပန်းစားပေမဲ့ နောက်ပိုင်းမှာ သတင်းအတုတွေ၊ ဗီဒီယိုအတုတွေ သတင်းခိုးယူထားတဲ့ အကောင့်တွေမှာကြော်ငြာထည့်မိတဲ့ လုပ်ငန်းတွေကို သိက္ခာပိုင်းမှာကျဆင်းမှာ၊ ကိုယ့်ရဲ့အမှတ်တံဆိပ်ပါ ကျဆင်းလာတာကြောင့် ယူကျူ့မှာကြော်ငြာထည့်သူဟာ အင်မတန် မှ နည်းပါးသွားတယ်လို့ သိရပါတယ်။
ဘယ်လိုကာကွယ်လဲ
အဲသည်လို ပြန်လည်ကူးယူဖော်ပြနေတာတွေနဲ့ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတော်တော်များများကတော့ သတင်းတွေကို ခရက်ဒစ်မပေးဘဲရယူတာ၊ ခွင့်ပြုချက်မတောင်းဘဲ ရယူနေတာတွေ မလုပ်ဖို့ ပုံစံအမျိုးမျိုးနဲ့ သတိပေးထုတ်ပြန်ထားကြပါတယ်။
ဦးကျော်ဆန်းမင်းက ကျွန်တော်တို့လဲ အကြိမ်ကြိမ်စာထုတ်တယ်၊ ထုတ်လိုက်တဲ့အချိန်မှာတော့ ခဏရပ်သွားပါတယ်၊ ပြီးရင်ပြန်ယူကြ တာပါပဲ၊ အဲဒါတွေကို ကျွန်တော်တို့ ပြည်တွင်းမီဒီယာတွေအနေနဲ့ စုပြီးတစ်ခုခုလုပ်ဆောင်ဖို့သင့်နေပါပြီလို့ ပြောပါတယ်။
ပြည်တွင်းသတင်းဌာနတော်တော်များများက ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပေမဲ့ သတင်းတွေဆက်လက်ကူးယူဖော်ပြနေဆဲဖြစ်တာ ကြောင့် ခွင့်ပြုချက်မယူဘဲနဲ့သတင်းရယူတာမျိုးဆက်မလုပ်ကြဖို့ ကူး ယူဖော်ပြတဲ့ ဝက်ဘ်ဆိုက်အသီးသီးရှိ admin တွေဆီကိုစာ ပို့အကြောင်း ကြားတာလောက်ပဲလုပ်ကြတယ်လို့သိရပါတယ်။
မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးကျော်ဇေယျထွန်းက သတင်းတွေကို ပြန်လည်ကူးယူဖော်ပြနေတဲ့ အွန်လိုင်းသတင်းဌာနတွေဟာ တာဝန် ယူမှု၊ တာဝန်ခံမှုမရှိသလိုဖြစ်နေတာကြောင့် ကူးယူဖော်ပြခံရတဲ့ သတင်းဌာနတွေအနေနဲ့ နစ်နာတယ်လို့ ထင်မြင်မိရင် သတိပေး တားမြစ်တာတွေများများလုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊ ဒါ့အပြင် အဲဒီပြဿနာနဲ့ပတ်သက်ပြီးတော့လဲ မီဒီယာလောကမှာ ဝိုင်းဝန်း ဆွေးနွေးပြီး ဥပဒေပြဋ္ဌာန်းနိုင်အောင်လုပ်ဆောင်သင့်တယ်လို့  ပြောပါတယ်။
မကာကွယ်နိုင်ဘူးလား
ပြည်တွင်းသတင်းဌာနတွေဆီက သတင်းတွေကိုခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြနေတာဟာ ဉာဏမူပိုင်ခွင့်နဲ့သက်ဆိုင်ပြီး နိုင်ငံတကာ မှာတော့ Copy Right မှာ ရေးသားတဲ့စာတွေ၊ ကိုယ်ပိုင်အားထုတ်မှုနဲ့ ရယူထားတဲ့အချက်အလက်တွေကို ကူးယူမှုအတွက် ဥပဒေရှိပါတယ်။ ပြင်းပြင်းထန်ထန်အရေးယူလေ့ရှိပါတယ်။
ပြည်တွင်းမီဒီယာအဖွဲ့အစည်းတွေက ပြတ်ပြတ်သားသားသတိပေးဖို့ လိုအပ်နေတယ်လို့ တရားလွှတ်တော်ရှေ့နေ အချို့ကသုံးသပ်ကြပါ တယ်။
တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်က သတင်းဌာနအနေနဲ့ကိုယ့်ရဲ့ တိုက်နာမည်နဲ့ ကြော်ငြာလက်ခံနေတာတွေ၊ သတင်းရယူနေတာတွေ ကိုသတိပေးတားမြစ်မယ်၊သတင်းကိုကူးယူဖော်ပြခြင်းမရှိရဘူးလို့ တားမြစ်ထားမယ်၊ တုပကူးယူတာတွေ မလုပ်ဖို့ပြောထားမယ်၊ အဲဒီ လို မှလုပ်ရင်အရေးယူဖို့လုပ်ရတော့မှာပေါ့လို့ ပြောပါတယ်။
သူကဆက်ပြီး ကူးယူဖော်ပြနေသူတွေကို သတင်းစာဆရာများအ သင်းကနေလဲ ခေါ်ပြီးသတိပေးဖို့လိုတယ်၊ သတင်းဌာနတွေကသ တင်းတွေကို ကူးယူဖော်ပြတာ၊ စီးပွားဖြစ်လုပ်ကိုင်တာတွေဆက် မလုပ်ဖို့ ခံဝန်ကတိထိုးတာမျိုးတွေလုပ်ဖို့လိုတယ်လို့ဆိုတယ်။
ဒေါ်ချမ်းမြေ့ခိုင်ကတော့ အဓိကကတော့ မြန်မာပြည်မှာကမူပိုင်ခွင့် ဥပဒေ၊ မီဒီယာ ဥပဒေတွေက အရမ်းအားနည်းသေးတာကြောင့် ပိုမိုခိုင်ခိုင်မာမာဖြစ်လာအောင် ပြဋ္ဌာန်းလာနိုင်အောင်လုပ်ဆောင်ကြဖို့ အရေးကြီးလာပြီလို့ သုံးသပ်ပါတယ်။
သူက’နိုင်ငံတကာမှာရှိတဲ့ ဝါရင့်သတင်းဌာနတွေမှာကျတော့ အဲဒီလို ဟာမျိုးတွေရှိတယ်လေ၊ ဥပမာရိုက်တာ သတင်းဌာနဆိုရင် သတင်း ဌာနတွေအကုန်လုံးက အဲဒီကနေဝယ်ပြီးတော့မှ ကိုယ့်သတင်းအဖြစ် ပြန်လည်ဖော်ပြကြတယ်၊ အဲဒီလိုလုပ်တာမျိုးလဲ မရှိသေးဘူး ဆိုတော့ မြန်မာပြည်မှာကိုင်တွယ်ရခက်နေပါတယ်လို့ ပြောတယ်။
ရှေ့နေဦးခင်ဇော်က လက်ရှိမီဒီယာ ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ တွေဟာထိရောက်မှုမရှိသေးဘဲ အကာအကွယ်ပေးမယ့် ဥပဒေ တွေဖြစ်လာအောင်လုပ်နိုင်ဖို့လည်း လိုအပ်နေတယ်လို့ ထောက်ပြ ပြောဆိုပါတယ်။
သူက သတင်းတွေကိုကိုယ်တိုင် မလိုက်ဘဲ ဦးနှောက်ဖောက်စား နေတာတွေကိုကာကွယ်ဖို့ အဲဒီဥပဒေတွေကိုပြောင်းလဲဖို့လိုတာပေါ့၊ အဲဒါတွေက အကာအကွယ်ပေးရမှာဖြစ်ပါတယ်၊ ဒါမှတားမြစ်လို့ရမှာ ပေါ့လို့ ဆိုပါတယ်။
ဥပဒေလိုအပ်
ဦးကျော်ဇေယျထွန်းကတော့ ပြည်တွင်းသတင်းဌာနတွေကနစ်နာ တယ်လို့ ထင်နေရင်တော့သက်ဆိုင်ရာဌာနကိုအကြောင်းကြားတာ၊ မီဒီယာ ဥပဒေမှာလည်း သတင်းကူးယူဖော်ပြနေတာတွေနဲ့ပတ် သက်ပြီး ကာကွယ်နိုင်တဲ့ ဥပဒေတွေကိုပြဋ္ဌာန်းနိုင်အောင်လုပ် ဆောင်ရမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
သူက သစ်ထူးလွင်က မန္တလေး ပြဿနာ(မြန်မာနဲ့မွတ်စလင်ပြဿ နာ)တက်တုန်းက သူကစဖော်ပြတာ၊ ကောင်မလေးတစ်ယောက် rape လုပ်ခံရတယ်ဆိုပြီး သူကအရင်တက်တော့ အဲဒီနောက်မှာ တောက်လျှောက် ပြဿနာတက်တာလေ၊ ပြန်ကြည့်ရင်လဲ တွေ့နိုင်ပါတယ်၊ တရားဝင်မီဒီယာဆိုရင် တရားစွဲလို့ရတယ်၊ သူ့ကျ တော့ဘယ်လိုတရားစွဲရမလဲ၊ ပြောရရင်တော့ဗျာ ဒါက မီဒီယာ လောကအတွက် အားနည်းချက်ဖြစ်တယ် ယူဆတယ်ဆိုရင် ဥပဒေတစ်ခုပြဋ္ဌာန်းရမှာဖြစ်ပါတယ်လို့ ပြောပါတယ်။
သည်နေ့အချိန်အထိတော့ ပြည်တွင်းမီဒီယာတွေအနေနဲ့ သတင်းပြန် လည်ကူးယူဖော်ပြပြီး စီးပွားဖြစ်လုပ်ကိုင်နေကြတဲ့ အွန်လိုင်းသတင်း ဌာနတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်တာမျိုးမတွေ့ရသေးပါဘူး။
ဒါကြောင့် အဲသည်သတင်းဌာနတွေက ဆက်လက်ကူးယူဖော်ပြနေ တာတွေကို ရပ်တန့်ဖို့ဆိုရင်ကြော်ငြာထည့်မယ့် စီးပွားရေးလုပ်ငန်း ရှင်တွေအနေနဲ့ အဲသည်သတင်းဌာနတွေမှာ ကြော်ငြာမထည့်ကြဖို့ လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်က ပြောပါတယ်။
သတင်းတွေကို ပြန်လည်ကူးယူဖော်ပြနေတာတွေကိုရပ်တန့်ဖို့ မြန် မာ နိုင်ငံသတင်းမီဒီယာကောင်စီကနေ ပြည်တွင်းမီဒီယာတွေအပေါ် မှာ ပံ့ပိုးမှုတွေပိုမိုပေးအပ်ဖို့လိုတယ်လို့ ဦးကျော်ဆန်းမင်းကဆိုတယ်။
သည်လိုကူးယူဖော်ပြနေတာတွေကို ကာကွယ်နိုင်ဖို့ ဘယ်လိုလုပ်မ လဲဆိုတာမျိုး ပြည်တွင်းမီဒီယာတွေအနေနဲ့ ဆွေးနွေးကြဖို့လည်း လိုအပ်လာပါပြီ။
‘စုပေါင်းပြီးတော့ရင်ဆိုင်မှဖြစ်တော့မှာပါ၊ တရားဝင်မီဒီယာတွေဘက် က အခံဘက်ကချည်းဖြစ်နေလို့ပါလို့ ဦးကျော်ဆန်းမင်းကပြောတယ်။

Author – ချမ်းသာ
http://www.kumudranews.com

No comments:

Post a Comment