Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 29, 2017

“ေနာက္ေၾကာင္း ျပန္မလွန္ေရး” မူဝါဒအရ မေကြး ဝန္ႀကီးခ်ဳပ္ေဟာင္းကို အေရးမယူ


“ေနာက္ေၾကာင္း ျပန္မလွန္ေရး” မူဝါဒအရ မေကြး ဝန္ႀကီးခ်ဳပ္ေဟာင္းကို အေရးမယူ
နိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ညႊန္ၾကားေရးခ်ဳပ္ ဦးေဇာ္ေဌး / ဧရာဝတီ

By ထက္နိုင္ေဇာ္ 29 April 2017


မေကြးတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဘုန္းေမာ္ေရႊ ဦးေဆာင္သည့္ အစိုးရအဖြဲ႕ေဟာင္း၏ ေငြေၾကး အရွုပ္ေတာ္ပုံ ကိစၥမ်ားသည္ ဥပ ေဒႏွင့္အညီ အေရးယူနိုင္ေသာ္လည္း ယခု အစိုးရသစ္၏ “ေနာက္ေၾကာင္း ျပန္မလွန္ေရး” မူဝါဒအရ အေရးယူမည္ မဟုတ္ေၾကာင္း နိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ညႊန္ၾကားေရးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာသည္။

ယေန႔ ေန႔လယ္ပိုင္းက ေနျပည္ေတာ္ရွိ ျပန္ၾကားေရး ဝန္ႀကီးဌာနတြင္ နိုင္ငံေတာ္ အစိုးရ၏ ပထမတႏွစ္တာ ကာလအတြင္း ျပဳျပင္ ေဆာင္ရြက္ခဲ့မွုမ်ားႏွင့္ ပတ္သက္သည့္ သတင္းစာရွင္းလင္းပြဲတြင္ မေကြးတိုင္း အစိုးရအဖြဲ႕ေဟာင္းအေပၚ အေရးမယူသည့္ ကိစၥကို ဧရာဝတီက ေမးခြန္းထုတ္ခဲ့ရာ ညႊန္ခ်ဳပ္ ဦးေဇာ္ေဌးက အထက္ပါအတိုင္း ျပန္လည္ ေျဖၾကားျခင္း ျဖစ္သည္။

“အစိုးရသစ္ရဲ့ ေပၚလစီက ေနာက္ေၾကာင္း ျပန္လွန္ဖို႔ မဟုတ္ပါဘူး။ ေနာက္ေၾကာင္း လွန္ရင္ေတာ့ ေနာက္ေၾကာင္း ျပန္နိုင္တဲ့ အေန အထားေတြ ရွိပါတယ္”ဟု ဦးေဇာ္ေဌးက ေျပာသည္။

ကမၻာေပၚမွာ ဒီမိုကေရစီ အသြင္ကူးေျပာင္းေနသည့္ နိုင္ငံမ်ားကို ေလ့လာၾကည့္ပါက ေနာက္ေၾကာင္းလွန္ျခင္းေၾကာင့္ ေနာက္ေၾကာင္း ျပန္သည့္ ျဖစ္စဥ္မ်ားကို ေတြ႕ရမည္ ျဖစ္ေၾကာင္း၊ နိုင္ငံေတာ္ အတိုင္ပင္ခံ၏ မူဝါဒမွာ ယခင္ အစိုးရအဆက္ဆက္က မည္သို႔ လုပ္ငန္း ေဆာင္ရြက္မွုမ်ား ရွိေစကာမူ လက္ရွိ အစိုးရသစ္၏ မူဝါဒႏွင့္အညီ အေကာင္းဆုံး ေဆာင္ရြက္ရန္သာ ျဖစ္ေၾကာင္းလည္း ဦးေဇာ္ေဌးက ေျပာသည္။

“အားလုံးကို တူးဆြေနမယ္ဆိုရင္ေတာ့ ေရဆုံးေရဖ်ား မဆုံးဘူးေပါ့ေနာ္။ တပ္မေတာ္ အစိုးရ၊ မဆလေခတ္အထိ ရွိတယ္။ ေျမယာကိစၥ ေတြဆိုရင္ အဲဒီေခတ္အထိ ရွိတယ္။ အဲဒါေၾကာင့္မိုလို႔ ထိုက္သင့္တဲ့ ပိုက္ဆံ ေငြေၾကး ျပန္ေလ်ာ္ဖို႔ပဲ ညႊန္ၾကားတာ ျဖစ္ပါတယ္”ဟု ဦးေဇာ္ေဌးက ေျပာသည္။

မေကြးတိုင္း အစိုးရအဖြဲ႕ေဟာင္း၏ ႀကံ့ခိုင္ေရးပါတီသို႔ လွူဒါန္းလိုက္သည့္ မေကြးတိုင္းေဒသႀကီး ဖြံၿဖိဳးေရး ရန္ပုံေငြ က်ပ္ ၁.၇ ဘီလီယံ၊ ေမာ္ေတာ္ယာဥ္ ၄ စီး၊ ဘတ္ဟိုး ၁ စီး၊ ပဲ့ေထာင္ေရယာဥ္ ၂ စီးႏွင့္ ေရႊသုခ ေငြေရးေၾကးေရး အသင္းကို လႊဲေျပာင္းခဲ့သည္ က်ပ္ ၁.၇၅ ဘီလီယံကို လက္ရွိ တိုင္းေဒသႀကီး အစိုးရကို ျပန္လႊဲရန္ ညႊန္ၾကားထားၿပီး မလႊဲမွသာ အေရးယူရန္ ျဖစ္ေၾကာင္း နိုင္ငံေတာ္ အတိုင္ပင္ ခံ႐ုံး ဝန္ႀကီးဌာနက ေျပာသည္။

ဒီမိုကေရစီ အေျပာင္းအလဲ ျပဳလုပ္သည့္ အစိုးရသစ္လက္ထက္တြင္ ယခုကိစၥသည္ ဘယ္လိုနည္းႏွင့္မၽွ ခြင့္မျပဳသင့္သည့္ ကိစၥျဖစ္ ေၾကာင္း၊ အဂတိလိုက္စားမွုႏွင့္ ပတ္သက္၍ ယခင္ အစိုးရအဖြဲ႕ဝင္ေဟာင္းမ်ားသည္ တရားဥပေဒႏွင့္အညီ အဆုံးအျဖတ္ ခံယူသင့္ ေၾကာင္း နိုင္ငံေရးေလ့လာသူ ေဒါက္တာ ရန္မ်ိဳးသိမ္းက ေျပာသည္။

“ဒီေငြေၾကးက ျပည္သူရဲ့ ဘ႑ာေငြ ျဖစ္တယ္။ ျပည္သူ႔ဘ႑ာကို အစိုးရ၊ လႊတ္ေတာ္နဲ႔ တပ္မေတာ္မွာ ေစာင့္ေရွာက္ဖို႔ တာဝန္ရွိတယ္။ နိုင္ငံေတာ္နဲ႔ နိုင္ငံသားေတြရဲ့ အက်ိဳးကို ေရွ႕ရွုမယ္ဆိုရင္ အလြဲသုံးထားတဲ့ ေငြေတြကို အျပည့္အဝ ျပန္ဆပ္ရမယ့္အျပင္ တည္ဆဲဥေပဒ အရ ဆက္လက္ စိစစ္နိုင္ဖို႔လည္း အေရးႀကီးတယ္”ဟု ေဒါက္တာ ရန္မ်ိဳးသိမ္းက ဧရာဝတီသို႔ ေျပာသည္။

၎က ဆက္၍ “ျပည္သူ႔ဘ႑ာ အလြဲသုံးထားတာကို ေနာက္ေၾကာင္းျပန္လွည့္မွာဆိုးလို႔ အမ်ိဳးသား ရင္ၾကားေစ့ေရးကို ထိခိုက္မွာဆိုးလို႔ ဆိုၿပီး ဥပေဒအရ ထိထိေရာက္ေရာက္ မေဆာင္ရြက္နိုင္ရင္ ျမန္မာနိုင္ငံရဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းမွုကို နိုင္ငံတကာနဲ႔ ျပည္သူလူထု က ယုံၾကည္မွု နည္းသြားလိမ့္မယ္”ဟု ဆိုသည္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အစိုးရသစ္ လက္ထက္တြင္ အဂတိလိုက္စားမွုႏွင့္ပတ္သက္၍ တိုင္ၾကားမွုမ်ားတြင္ ေျမယာ အမွုမ်ား အမ်ားဆုံး ျဖစ္ၿပီး ၎ေနာက္မွ တရားေရးႏွင့္ ဌာနဆိုင္ရာမ်ား ျဖစ္ေၾကာင္း၊ ျမန္မာနိုင္ငံတြင္ အဂတိလိုက္စားမွုကို တိုက္ဖ်က္ ရန္ အခ်ိန္ယူရမည္ဟု နိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ညႊန္ခ်ဳပ္ ဦးေဇာ္ေဌးက ေျပာသည္။

အဂတိ လိုက္စားမွုကို လႊတ္ေတာ္၊ မီဒီယာ၊ ျပည္သူလူထုက ပိုမို ေစာင့္ၾကည့္လာေၾကာင္း၊ ကမၻာေပၚတြင္ ဒီမိုကေရစီ အသြင္ကူးေျပာင္း သည့္ နိုင္ငံ ၂၀ ကို ေလ့လာၾကည့္ရာတြင္ အဂတိလိုက္စားမွု တိုက္ဖ်က္မွု အျမန္ဆုံး နိုင္ငံမွာ ၁၀ ႏွစ္ၾကာေၾကာင္း၊ ျမန္မာနိုင္ငံမွာ ဦးသိန္းစိန္လက္ထက္ႏွင့္ ထည့္တြက္လၽွင္ပင္ ၆ ႏွစ္သာ ရွိေသး၍ ေနရာအားလုံးတြင္ Capacity ျမင့္ရဦးမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးက ေျပာသည္။
Irrawaddy
https://burma.irrawaddy.com/news/2017/04/29/134058.html
“နောက်ကြောင်း ပြန်မလှန်ရေး” မူဝါဒအရ မကွေး ဝန်ကြီးချုပ်ဟောင်းကို အရေးမယူ
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးချုပ် ဦးဇော်ဌေး / ဧရာဝတီ

By ထက်နိုင်ဇော် 29 April 2017


မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ဦးဆောင်သည့် အစိုးရအဖွဲ့ဟောင်း၏ ငွေကြေး အရှုပ်တော်ပုံ ကိစ္စများသည် ဥပ ဒေနှင့်အညီ အရေးယူနိုင်သော်လည်း ယခု အစိုးရသစ်၏ “နောက်ကြောင်း ပြန်မလှန်ရေး” မူဝါဒအရ အရေးယူမည် မဟုတ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးချုပ် ဦးဇော်ဌေးက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် နိုင်ငံတော် အစိုးရ၏ ပထမတနှစ်တာ ကာလအတွင်း ပြုပြင် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မကွေးတိုင်း အစိုးရအဖွဲ့ဟောင်းအပေါ် အရေးမယူသည့် ကိစ္စကို ဧရာဝတီက မေးခွန်းထုတ်ခဲ့ရာ ညွှန်ချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

“အစိုးရသစ်ရဲ့ ပေါ်လစီက နောက်ကြောင်း ပြန်လှန်ဖို့ မဟုတ်ပါဘူး။ နောက်ကြောင်း လှန်ရင်တော့ နောက်ကြောင်း ပြန်နိုင်တဲ့ အနေ အထားတွေ ရှိပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ကမ္ဘာပေါ်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် နိုင်ငံများကို လေ့လာကြည့်ပါက နောက်ကြောင်းလှန်ခြင်းကြောင့် နောက်ကြောင်း ပြန်သည့် ဖြစ်စဉ်များကို တွေ့ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ၏ မူဝါဒမှာ ယခင် အစိုးရအဆက်ဆက်က မည်သို့ လုပ်ငန်း ဆောင်ရွက်မှုများ ရှိစေကာမူ လက်ရှိ အစိုးရသစ်၏ မူဝါဒနှင့်အညီ အကောင်းဆုံး ဆောင်ရွက်ရန်သာ ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

“အားလုံးကို တူးဆွနေမယ်ဆိုရင်တော့ ရေဆုံးရေဖျား မဆုံးဘူးပေါ့နော်။ တပ်မတော် အစိုးရ၊ မဆလခေတ်အထိ ရှိတယ်။ မြေယာကိစ္စ တွေဆိုရင် အဲဒီခေတ်အထိ ရှိတယ်။ အဲဒါကြောင့်မိုလို့ ထိုက်သင့်တဲ့ ပိုက်ဆံ ငွေကြေး ပြန်လျော်ဖို့ပဲ ညွှန်ကြားတာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

မကွေးတိုင်း အစိုးရအဖွဲ့ဟောင်း၏ ကြံ့ခိုင်ရေးပါတီသို့ လှူဒါန်းလိုက်သည့် မကွေးတိုင်းဒေသကြီး ဖွံဖြိုးရေး ရန်ပုံငွေ ကျပ် ၁.၇ ဘီလီယံ၊ မော်တော်ယာဉ် ၄ စီး၊ ဘတ်ဟိုး ၁ စီး၊ ပဲ့ထောင်ရေယာဉ် ၂ စီးနှင့် ရွှေသုခ ငွေရေးကြေးရေး အသင်းကို လွှဲပြောင်းခဲ့သည် ကျပ် ၁.၇၅ ဘီလီယံကို လက်ရှိ တိုင်းဒေသကြီး အစိုးရကို ပြန်လွှဲရန် ညွှန်ကြားထားပြီး မလွှဲမှသာ အရေးယူရန် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင် ခံရုံး ဝန်ကြီးဌာနက ပြောသည်။

ဒီမိုကရေစီ အပြောင်းအလဲ ပြုလုပ်သည့် အစိုးရသစ်လက်ထက်တွင် ယခုကိစ္စသည် ဘယ်လိုနည်းနှင့်မျှ ခွင့်မပြုသင့်သည့် ကိစ္စဖြစ် ကြောင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ယခင် အစိုးရအဖွဲ့ဝင်ဟောင်းများသည် တရားဥပဒေနှင့်အညီ အဆုံးအဖြတ် ခံယူသင့် ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

“ဒီငွေကြေးက ပြည်သူရဲ့ ဘဏ္ဍာငွေ ဖြစ်တယ်။ ပြည်သူ့ဘဏ္ဍာကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်မှာ စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုမယ်ဆိုရင် အလွဲသုံးထားတဲ့ ငွေတွေကို အပြည့်အဝ ပြန်ဆပ်ရမယ့်အပြင် တည်ဆဲဥပေဒ အရ ဆက်လက် စိစစ်နိုင်ဖို့လည်း အရေးကြီးတယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “ပြည်သူ့ဘဏ္ဍာ အလွဲသုံးထားတာကို နောက်ကြောင်းပြန်လှည့်မှာဆိုးလို့ အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်မှာဆိုးလို့ ဆိုပြီး ဥပဒေအရ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နိုင်ငံတကာနဲ့ ပြည်သူလူထု က ယုံကြည်မှု နည်းသွားလိမ့်မယ်”ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်တွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားမှုများတွင် မြေယာ အမှုများ အများဆုံး ဖြစ်ပြီး ၎င်းနောက်မှ တရားရေးနှင့် ဌာနဆိုင်ရာများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုကို တိုက်ဖျက် ရန် အချိန်ယူရမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။

အဂတိ လိုက်စားမှုကို လွှတ်တော်၊ မီဒီယာ၊ ပြည်သူလူထုက ပိုမို စောင့်ကြည့်လာကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်း သည့် နိုင်ငံ ၂၀ ကို လေ့လာကြည့်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်မှု အမြန်ဆုံး နိုင်ငံမှာ ၁၀ နှစ်ကြာကြောင်း၊ မြန်မာနိုင်ငံမှာ ဦးသိန်းစိန်လက်ထက်နှင့် ထည့်တွက်လျှင်ပင် ၆ နှစ်သာ ရှိသေး၍ နေရာအားလုံးတွင် Capacity မြင့်ရဦးမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ပြောသည်။
Irrawaddy

No comments:

Post a Comment