Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, August 31, 2016
Swimsuit ထုတ်မယ်ဆိုတဲ့ မော်ဒယ်လ်လုလုအောင်နဲ့ အင်တာဗျူး
ယုမွန်ကျော်| August 30, 2016 |
မော်ဒယ်လ် လုလုအောင် (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)
Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဒီရက်ပိုင်းအတွင်း နာမည်ကျော်ကြား လူကြိုက်များလာတယ်လို့ ဆိုရမယ့် မော်ဒယ်လ်တဦးဆိုရင် အားလုံးလည်း သိလောက်မယ်လို့ထင်ပါရဲ့။ သူကတော့ ကချင်တိုင်းရင်းသူ မော်ဒယ်လ် လုလုအောင်ပါ။ မော်ဒယ်လ် လုလုအောင်ဟာ သူ့ရဲ့ Sexy ကျကျ အလှဓာတ်ပုံများကို ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြရင်း ပရိသတ်ကြားမှာ ရေပန်းစားလာတဲ့သူတယောက်လည်း ဖြစ်ပါတယ်။
လုလုအောင်ကို အားပေးဝန်းရံကြတဲ့ အမျိုးသားပရိသတ်တွေကြောင့်လဲ သူဟာ ပိုပြီး နာမည်ရ အောင်မြင်လာတယ် လို့ ဆိုရင်လည်း မမှားပါဘူး။
၂၀၀၄ ခုနှစ်ဝန်းကျင်လောက်မှာ မော်ဒယ်လ်အဖြစ်ရပ်တည်ခဲ့ပြီး အဲ့ဒီလောကကနေ ခေတ္တခဏပျောက်ကွယ်သွားရာမှ အခုတခါ အွန်လိုင်းစာမျက်နှာတွေမှာ တကျော့ပြန်လည်အောင်မြင်လာကာ ပရိသတ် အားပေးမှုကို ပြန်လည် ရရှိ လာခဲ့တာပါ။ ဒါကြောင့် အွန်လိုင်းမှာနာမည်ကြီးနေတဲ့ မော်ဒယ်လ်လုလုအောင်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
မော်ဒယ်လ် လုလုအောင်
မော်ဒယ်လ် လုလုအောင် (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)
မေး။ ။ အရင်တုန်းကလည်း မော်ဒယ်လ်အဖြစ် ရပ်တည်ဖြစ်ခဲ့သေးတယ်နော်။ အဲ့ဒါနဲ့ပတ်သက်လို့ ပြောပေးပါလား။
ဖြေ။ ။ ကျမက ၂၀၀၄ ခုနှစ်တုန်းက ရန်ကုန်ရောက်တယ်။ ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တယ်။ ဆုတွေရခဲ့တယ်။ နောက် ဘေလ်ဘုတ်တွေတဲ့အခါမှာလည်း ကျမပါတယ်။ အဲဒီတုန်းက ကျမက ရန်ကုန်နဲ့ မြစ်ကြီးနားကို သွားလိုက်လာလိုက် လုပ်နေရတာ။ မြစ်ကြီးနားမှာက စာမေးပွဲဖြေရတာကိုး။ တဖြည်းဖြည်းနဲ့ အဆက်ပြတ်သွားပြီး လွန်ခဲ့တဲ့ သုံးနှစ် လောက်ကမှ ကိုယ့်ရဲ့အားလပ်ရက်တွေမှာ ဓာတ်ပုံတွေ တပုံတင်တပုံတင်နဲ့ ပရိသတ်တွေ တဖြည်းဖြည်း နည်းနည်းပါးပါး သိလာကြတယ်။ အခု ဒီ ၂ ရက် ၃ ရက်အတွင်းမှာမှ ပရိသတ်က ပိုပြီးသိလာကြတယ်။
မေး။ ။ Sexy ကျကျ ဓာတ်ပုံတွေ ရိုက်ကူးဖြစ်တာက ဘယ်လိုခံယူချက်ကြောင့်ပါလဲ။
ဖြေ။ ။ လူတိုင်းမှာက သူ့ဝါသနာနဲ့သူရှိကြတယ်လေ။ ကိုယ့်ရဲ့အားလပ်တဲ့အချိန်မှာ လုပ်ချင်တဲ့အရာရှိမယ်။ ပြီးရင် ငယ်ငယ်တုန်းက မလုပ်ခဲ့ရတာတွေရှိမယ်။ ကျမဆိုရင်လည်းငယ်ငယ်တုန်းက ဒီ အနုပညာကို သိပ်ဝါသနာပါခဲ့တယ်။ ဒါပေမယ့် အခုလို မီဒီယာတွေလည်း အားမကောင်းခဲ့သေးဘူး။ ကိုယ်မလုပ်ခဲ့ရတာတွေကို အခုလို ကိုယ် အေးအေး ဆေးဆေးလေး ဖြစ်နေတဲ့အချိန်မှာ ကိုယ်ရဲ့အားလပ်ချိန်မှာ Relax လုပ်ရင်းဓာတ်ပုံရိုက်ခဲ့တာပါ။
မေး။ ။ မလုလုအောင်ရဲ့ပုံတွေကို တချို့အားပေးတဲ့သူတွေရှိမယ်။ တချို့ယဉ်ကျေးမှုအရ မကြိုက်ကြတဲ့သူတွေလည်း ရှိမယ်။ ဒါနဲ့ပတ်သတ်ပြီးတော့ရော ဘာပြောချင်ပါသလဲ။ ပုံတွေတင်တဲ့အခါမှာလည်း ဟာသဆန်ဆန် စာသားမျိုးတွေ ရေးပြီး တင်လေ့ရှိတာလည်းတွေ့ရတယ်။
ဖြေ။ ။ ဒါကတော့ အဆိုးနဲ့အကောင်းကတော့ ဒွန်တွဲနေတာပေါ့။ ကိုယ်ကိုသဘောကျတဲ့သူရှိမယ်၊ မကျတဲ့သူရှိမယ်။ ကောင်းတာပြောတဲ့သူရှိမယ်၊ မကောင်းတာပြောတဲ့သူရှိမယ်။ ဘာပဲပြောပြော ဒါကတော့ လူ့အခွင့်အရေးပဲလေ။ သူတို့ပြောချင်တာကို သူတို့ပြောပိုင်ခွင့်ရှိပါတယ်။ ကိုယ်ကတော့ ကိုယ်လုပ်ချင်တာလေးကို လုပ်သွားချင်တာပဲ ရှိတာပါ။ ပုံတင်ရင် ကြည့်တဲ့သူလည်း Relax ဖြစ်အောင်ပါ။ ကိုယ်တွေလည်း Facebook မှာ ဟာသတွေတွေ့ရင် သဘောကျတယ်။ ကြည့်တယ်။ ဒါကြောင့် သူများတွေကိုလည်းပျော်စေချင်တယ်။ သူငယ်ချင်းတွေဆိုရင်လည်း အဲ့ဒီလိုပဲ။ ဒါကြောင့် သူတို့ရဲ့ ဓာတ်တွေကူးတာလား မသိပါဘူး။ မခွီရရင်လည်း နေလို့ထိုင်လို့မကောင်းဘူးဖြစ်နေတာ။ ဒါကြောင့် ပုံတင်ရင် ရယ်စရာအနေနဲ့ ရေးမိပြောမိတာပါ။ တချို့က ဒါကို ညုတုတုပြောချင်တာလားလို့ ထင်ကြတာ လည်း ရှိပါတယ်။
မော်ဒယ်လ် လုလုအောင်
မော်ဒယ်လ် လုလုအောင် (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)
မေး။ ။ Facebook မှာ ကိုယ့်ကို အားပေးတဲ့သူ များလာတာ ဘယ်အချိန်မှာစသိတာလဲ။ ဘယ်လိုခံစားရပါလဲ။
ဖြေ။ ။ ကိုယ်ကလည်း အဲလိုဖြစ်ပါစေဆိုပြီး လုပ်တာထက် ကိုယ့်အမတွေက နိုင်ငံခြားကနေ အကျီအသစ်တွေ ၀ယ်ပေးတယ်။ ပို့ပေးတယ်။ ဒီအတိုင်းဆိုရင် နှမျောစရာကြီးလို့ ကိုယ်ကလည်း ၀ါသနာပါတာ ဓာတ်ပုံရိုက်ဆိုတော့ ရိုက်ပြီး Facebook ပေါ်မှာတင်လိုက်တယ်။ ကိုယ်ကလည်း အပြင်မှာသူငယ်ချင်းများများ မရှိပါဘူး။ Facebook မှာက ကိုယ့်ရဲ့ဆွေမျိုး သူငယ်ချင်းလည်း မဟုတ်ဘဲ သူတို့က “ဟယ် အကျီလေးက ဘယ်လို ဘာညာ”ဆိုပြီး လာ ရေးပေး ကြတော့ ကိုယ်က ပျော်တာပေါ့။ မသိတဲ့သူငယ်ချင်းတွေလည်း အများကြီးရတယ်။ စိတ်ထဲမှာ ကျေနပ်တာပေါ့။ အဲလို မျိုး တပုံစ တပုံစ တင်ရင်းကနေ Page ကနေ အားပေးတဲ့ ပရိသတ်တဖြည်းဖြည်းနဲ့တိုးလာခဲ့တာပါ။ ငါ့ကို အားပေးတဲ့ သူတွေရှိတာပဲဆိုပြီး တဖြည်းဖြည်းနဲ့အားတက်လာခဲ့တယ်။
မေး။ ။ Facebook မှာ “လု ကို ၀န်းရံကြ”ဆိုပြီး အမျိုးသားပရိသတ်တွေ တော်တော်များတယ်။ အဲ့ဒီ ပရိသတ်တွေကို ဘာပြန်ပြောချင်ပါလဲ။
ဖြေ။ ။ ရုတ်တရက်ဒီလိုဖြစ်သွားတာ အရမ်းလည်း အံ့သြပြီး ပျော်လည်းပျော်တယ်။ စိတ်လည်း လှုပ်ရှားတယ်။ ကျေးဇူးလည်းတင်တယ်။ ၀န်းရံကြတဲ့ အမျိုးသားတွေဆိုရင် သူတို့ရဲ့ အကောင့်တွေထဲမှာ အမျိုးသမီးတွေလည်း ရှိတယ်လေ။ သူတို့ကို အငြူစူခံပြီးတော့ ကိုယ့်ကို အားပေးကြတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။
မော်ဒယ်လ် လုလုအောင်
မော်ဒယ်လ် လုလုအောင် (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)
မေး။ ။ လုလုအောင် နာမည်နဲ့ ပစ္စည်းတခုခုထုတ်ရင်တောင် ၀ယ်မယ်ဆိုပြီးပြောကြတာတွေလည်း တွေ့ရတယ်။ အဲဒီအတွက် အစီအစဉ် တခုခုများရှိပါလား။
ဖြေ။ ။ ဟုတ်ကဲ့ သူငယ်ချင်းတွေကလည်းပြောကြတယ်။ တခုခုလုပ်ကြရအောင်ဆိုပြီးတိုင်ပင်နေကြတာ ရှိတယ်။ လုပ်ဖြစ်ရင် မြန်မာနိုင်ငံမှာက Swimsuit တွေက ၀ယ်ရတာ မဆင်မပြေဘူးလေ။ တချို့ အိမ်နီးနားချင်း နိုင်ငံတွေက လာတာတွေရှိတယ်။ ဒါပေမယ့် တချို့က ကျမတို့လို ခန္ဓာကိုယ်ကြီးတဲ့သူတွေအတွက်က ရှားတယ်လေ။ ဒါကြောင့် တကယ်တမ်း Branded လည်းကောင်းပြီးတော့ ချုပ်သားကောင်းကောင်းနဲ့ ထုတ်ဖို့ စဉ်းစားထားတယ်။ သူငယ်ချင်း တွေကလည်း အားပေးကြတယ်။ စိတ်လည်းဝင်စားနေတယ်။
Irrawaddy
Tuesday, August 30, 2016
....................
ခရက်ဒစ် Kyi Zaw Aye
.....
ဒီနေ့သဘောကျတဲ့status။
....................
ငြိမ်းချမ်းရေးထောက်ခံသူချင်းမတည့်ကြလို့ ငြိမ်းချမ်းရေးထောက်ခံပွဲကို နှစ်ဖွဲ့ခွဲလုပ်ရတဲ့ မြို့တောင်ရှိသေးရဲ့။
ခရက်ဒစ် Kyi Zaw Aye
မဘသ (မန္တလေး)နဲ့တွေ့မှပဲ.........
ဒေါ်လာ(၇)သန်းမယူဘဲ ဆိတ် ၇ ကောင်တောင်းပြီး ရွာပြန်ခဲ့တဲ့ အာဖရိကမော့စ်
The Gods Must Be Crazy 1 Full - The Best Movie... by namtv
ဆိတ် ၇ကောင်ယူပြီးပြန်မယ် ´´ ဆိုပြီး Hollywood ရုပ်ရှင်လောကကို ဆိတ်၇ကောင်ရဖို့ ၀င်လာရာကနေ ကမ္ဘာကျော်သွားတဲ့ မင်းသားကတော့ မင်းသား Niaau-Toma ဖြစ်ပါတယ်။
(၁) အာဖရိကမော့စ်၏ ကိုယ်ရေးအကျဉ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
- ၎င်းတို့ညီအစ်ကိုကို အခြားရွာက ရွာသူကြီးတစ်ဦးက မွေးစားခဲ့ပြီး အသက် ၉ နှစ်လောက်မှာ ၎င်း၏အစ်ကိုဟာ အပျော်တမ်း အမဲပစ်အဖွဲ့ရဲ့ ပစ်သတ်မှုကို ခံရပြီး ၎င်းတစ်ဦးတည်း ဘ၀ကိုစတင်ခဲ့ပါတယ်။
- Toma ဟာ လူရိုင်းပေမယ့် ဥာဏ်အလွန်ကောင်းသူဖြစ်ပြီး ၎င်းရွာရဲ့ အမဲလိုက်အကျွမ်းအကျင်ဆုံး သူရဲကောင်းတစ်ဦးဖြစ်သလို ၁၉ နှစ်သားမှာလည်း ရွာအတွက် ငါးမွေးမြူရေးကန်တစ်ခု ပြုလုပ်ခဲ့ပြီး အဆိပ်မှုတ်ပြောင်းကို ပေ ၃၀အထိ ရောက်အောင် ၎င်းရွာသားများကို သင်ပေးခဲ့သလို မြှားကိုလည်း အဝေးဆုံးရောက်အောင် ပစ်ခတ်နည်းကို သင်ပေးခဲ့ပါတယ်။
- ယင်းနောက် ရုပ်ရှင်ဇာတ်ကားတွေ ဆက်ရိုက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဂရင်းနှစ်စံချိန်ဝင်ခဲ့ပြီး ဟာသလူရိုင်းသရုပ်ဆောင် တသက်တာအနုပညာရှင်ဆုကို ရရှိခဲ့လေသည်။
- Toma ဟာ ဆယ်စုနှစ်ကျော် သရုပ်ဆောင်မှုကြောင့် ရရှိခဲ့သော် ဒေါ်လာ သန်း ၇၀ ကျော်ကို အာဖရိက ကလေးသူငယ်များ အာဟာရချို့တဲ့မှု ဖောင်တေးရှင်းကို အကုန်လှူဒါန်းသွားခဲ့လေသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(3) Crazy Safari
(4) Crazy Hong Kong
..............
ဒေါ်လာ(၇)သန်းမယူဘဲ ဆိတ် ရ ကောင်တောင်းပြီး ရွာပြန်ခဲ့တဲ့ အာဖရိကမော့စ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° °°°°°°°°°°°°°°°°°°
- `` ပီတာက ဆိတ်ရကောင်ပေးမယ်ဆိုလို့ ကျွန်တော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကို အခုမှကြားဖူးတာဗျ။ ဒီမှာနေအခါ ၃၀ ၀င်တဲ့အထိ နေရမယ်ပြောတယ်။ ပြီးရင် ကျွန်တော် စန်ဆီကို
ဆိတ် ရကောင်ယူပြီးပြန်မယ် ´´ ဆိုပြီး Hollywood ရုပ်ရှင်လောကကို ဆိတ်ရကောင်ရဖို့ ၀င်လာရာကနေ ကမ္ဘာကျော်သွားတဲ့ မင်းသားကတော့ မင်းသား Niaau-Toma ဖြစ်ပါတယ်။
-မင်းသား Niaau-Toma လို့ ပြောရင် မြန်မာပရိတ်သတ်တွေအနေနဲ့ သိတဲ့လူ နည်းကျပေမယ့် အာဖရိကမော့စ်/ ပုလင်းမင်းသား ဆိုရင်တော့ လူသိများကြမယ် ထင်ပါတယ်။
(၁) အာဖရ်ိကမော့စ်၏ ကိုယ်ရေးအကျဉ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
- *၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာဖရိကမော့စ်ကို တောင်အာဖရိကတိုက်အစွန် နမီးဘီးယားနိုင်ငံရဲ့ မြို့ပြနဲ့ဝေးတဲ့ *စန် ဆိုတဲ့ အာဖရိက လူရိုင်းရွာလေးမှာ မွေးဖွားခဲ့ပါတယ်။
[စကားချပ်။ ဒီရွာလေးဟာ နမီးဘီးယားနိုင်ငံရဲ့ ကာလာဟာရီ သဲကန္တာရထဲမှာ ရှိပြီး *ဘာဆာဝါ ဆိုတဲ့ ၁၂ ရာစု လူနေထိုင်မှုစနစ်လို နေထိုင်တဲ့ လူမျိုးစုရွာလေးပါ။ ဘာဆာဝါ လူမျိုးစုဟာ မှတ်တမ်းများအရ လူ ၂၀၀ ကျော်သာ ကျန်တော့ပြီး ၎င်းတို့၏ ဘာသာစကားမှာလည်း လူ ၁ သောင်းတောင် မသိရှိပေ။]
- ငယ်ရွယ်စဉ်မှာ အာဖရိက ဘိန်းမှောင်ခိုအဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် တမိသားစုလုံး သေခဲ့ရပြီး ၎င်းနှင့် သူ့အစ်ကိုတို့သာ ကျန်ခဲ့ပါတယ်။
- ၎င်းတို့ညီအစ်ကိုကို အခြားရွာက ရွာသူကြီးတစ်ဦးက မွေးစားခဲ့ပြီး အသက် ၉ နှစ်လောက်မှာ ၎င်း၏အစ်ကိုဟာ အပျော်တမ်း အမဲပစ်အဖွဲ့ရဲ့ ပစ်သတ်မှုက်ို ခံရပြီး ၎င်းတစ်ဦးတည်း ဘဝကိုစတင်ခဲ့ပါတယ်။
- Toma ဟာ လူရိုင်းပေမယ့် ဉာဏ်အလွန်ကောင်းသူဖြစ်ပြီး ၎င်းရွာရဲ့ အမဲလိုက်အကျွမ်းအကျင်ဆုံး သူရဲကောင်းတစ်ဦးဖြစ်သလို ၁၉ နှစ်သားမှာလည်း ရွာအတွက် ငါးမွေးမြူရေးကန်တစ်ခု ပြုလုပ်ခဲ့ပြီး အဆိပ်မှုတ်ပြောင်းကို ပေ ၃၀အထိ ရောက်အောင် ၎င်းရွာသားများကို သင်ပေးခဲ့သလို မြှားကိုလည်း အဝေးဆုံးရောက်အောင် ပစ်ခတ်နည်းကို သင်ပေးခဲ့ပါတယ်။
- ၎င်းဟာ ရွာရှိ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ပြီး အသက် ၂၅ လောက်မှာ ရွာသူကြီးသမီးနှင့် လက်ထပ်ခဲ့ပါတယ်။
- ၁၉၇၉ ခုနှစ်မှာ Hollywood ထုတ်ဝေသူတစ်ဦး Jamie Uys ရဲ့ သားဖြစ်တဲ့ ပီတာကို အသက်ကယ်ဆယ်ရာမှ ပီတာက ၎င်းကို မင်းသားအဖြစ်တင်ပြီး ရုပ်ရှင်ရိုက်ရာမှ Hollywood တွင်သာမက ကမ္ဘာအနှံ့အပြားထိအောင် နာမည်ကျော်ခဲ့လေသည်။
- ၁၉၉၀ ခုနှစ် The Gods Must Be Crazy 2 (ရေကားနဲ့ Toma ရဲ့ သားနဲ့သမီးပါသွားတဲ့ ဇာတ်ကား) အပြီးမှာ Toma ကမ္ဘာကျော် လူတစ်ဦးဖြစ်လားပြီး ၎င်းအား ကမ္ဘာ့လူရိုင်းမျိုးနွယ်စုတွေကို ထိန်းသိမ်းရေးသံတမန်နှင့် တောင်အာဖရိက လူမည်းတွေ၏ စားဝတ်နေရေးသံတမန် အဖြစ်ပါ ခန့်ထားခြင်း ခံရလေတော့သည်။
- ယင်းနောက် ရုပ်ရှင်ဇာတ်ကားတွေ ဆက်ရိုက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဂရင်းနှစ်စံချိန်ဝင်ခဲ့ပြီး ဟာသလူရို်င်းသရုပ်ဆောင် တသက်တာအနုပညာရှင်ဆုကို ရရှိခဲ့လေသည်။
- Toma ဟာ Sakei Ururun Taizaiki ဇာတ်ကားအပြီးမှာ ရွာပြန်ချင်ပြီပြော၍ ပီတာမှ ၎င်းရွာသို့ ပြန်ပို့ခဲ့ပြီး ၎င်းမှစ၍ ရုပ်ရှင်လုံးဝမရိုက်တော့ဘဲ မိသားစုနဲ့အတူ ရွာမှာအမဲလိုက်ရင်း နေထိုင်ခဲ့ပါတော့သည်။
- Toma ဟာ ဆယ်စုနှစ်ကျော် သရုပ်ဆောင်မှုကြောင့် ရရှိခဲ့သော် ဒေါ်လာ သန်း ရ၀ ကျော်ကို အာဖရ်ိက ကလေးသူငယ်များ အာဟာရချို့တဲ့မှု ဖောင်တေးရှင်းကို အကုန်လှူဒါန်းသွားခဲ့လေသည်။
- ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် Toma မှာ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။
(၂) အာဖရိကမော့စ် သရုပ်ဆောင်ခဲ့သော ဇာတ်ကားများ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(1) The Gods Must Be Crazy (1)
(2) The Gods Must Be Crazy (2)
(3) Crazy Safari
(4) Crazy Hong Kong
(5) The Gods Must Be Funny In China
(6) Sakei Ururun Taizaiki
(အနှစ်ချုပ်ရရင် ဖြူစင်တဲ့အပြုံးနဲ့ ကမ္ဘာ့သူ ကမ္ဘာ့သားတွေရဲ့ အမောကို ဟာသနှော သရုပ်ဆောင်၍ ပြေပျောက်စေခဲ့ပြီး ငွေကြေးနဲ့ အောင်မှုမြင်မှုတွေဟာ ရိုးရှင်းသောဘဝနှင့် မိသားစုကမ္ဘာလောက် နှစ်သက်ဖွယ်မကောင်းဘူးဆိုတာကို သက်သေပြခဲ့တဲ့ Hollywood သရုပ်ဆောင် မင်းသားကြီးတဦးရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ နှလုံးသားဒေါင့်တနေရာမှာ ယနေ့ထိစွဲထင်ခဲ့ပါတယ်လို့ ပြောကြားရင်း . . . နဝ)
Credit - ★ မူရင်းတင်သူများ အားလုံးကို ကျေးဇူးတင်ပါသည်။
နွေတည (အခန်း ၁၇ အဆက်)
နွေတည (အခန်း ၁၇ အဆက်)
ယခုလည်း သူသည် အိပ်ရာထဲတွင် “ဒီမျက်လုံးကြီး ဖွင့်စမ်းပါ”ဟု တိုးတိုး ပြောပြီးရယ်နေလျက်။ ထိုရယ်မောရွှင်ပျသံ ကလေးသည် ဤ အိပ်ခန်းကလေးကို သာယာချမ်းမြေ့မှုအပေါင်းဖြင့် ဖုံးလွှမ်းပေးနေသည်။ သူသည်ပါးချင်းထိကပ်ထားရာမှ ခွာလိုက်ပြန်လျက် ကျနော့်မျက်နှာပေါ်တွင် နှာတံဖြင့် မထိတထိ ဖိကပ်ထားသည်။ ထို့နောက် နွေးထွေးသော သူ့နှုတ်ခမ်းဖြင့် ထိကပ်ထားပြန်သည်။ ယခုလည်းကျနော်သည် ဆုံးဖြတ်ထားသမျှကို ပစ်ပယ်လိုက်ပြီး သူ့ ကိုအလုံးစုံ ဖွင့်ပြောလိုက်ချင်သည့် ဆန္ဒများ ရင်ပြင်ထဲတွင် ပြည့်သိပ်လာနေပြန်သည်။ ထိုဆန္ဒများကို တောင့်၍တင်း၍ ရပ်ခံထား၏။ ဤအချိန်ကလေး၌ ခွဲကြရတော့မည် ဟူသော အသိသည် စိတ်နှလုံးကို နှိုးဆွပေးထားနေသည်။ တင်းထားသမျှ စိတ်များကို အဆုံးစွန်အထိ လျှော့ချလိုက်ရမည် ကဲ့သို့ ဖြစ်နေသည်။ ဤအချိန်ကလေး၌ သူ့အသံကို မကြားနိုင်တော့အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလိုက်လျှင်မည်မျှကောင်းမည်နည်း။ နောက်ဆုံး၌ တင်းခံနေသမျှကို ရုတ်တရက် ဖြေချလိုက်ပြီး ကျနော်သည် သူ့ကိုယ်လုံးကျစ်ကျစ်ကလေးကို အတင်းအကျပ်ဆုံးပွေ့ဖက်လိုက်တော့သည်။ အရုပ်ကလေးလို ဖျစ်ညစ်ပစ်လိုက်လေသည်။ ဝေသည် ကျနော့်ရင်ခွင်ထဲတွင် ပျောက်ကွယ်သွားပြီး အသက်ရှုမရတော့အောင်ပင် မွန်းကျပ်နေသည်။ သူ့ပါးကို အထပ်ထပ် အပြန်ပြန်၊ အထပ်ထပ်အပြန်ပြန် နမ်းပစ်လိုက်သည်။ သူသည်လည်း ကျနော့် ကို အတင်းအကျပ်ပြန်ဖက်ထားသည်။ ဝေ့ အသက်ရှုသံမှာ မောပန်းလာသည်။ လရောင်ခြည်ထဲတွင် ဝေ့မျက်လုံးများမှ အရည်လဲ့ရွှန်းတောက်ပလာသည်။ သူ့မျက်နှာကလေးမှာ နီထွေးနေသည်။ ထိုအခါတွင် ဝမ်းနည်း ဆွေးမြေ့စိတ်များသည် ကျနော့်တကိုယ်လုံးကို အစိမ့်စိမ့် ဝါးမျိုနေသည်။ “ကိုကို၊ ကိုကို၊ လွှတ်အုံးကွယ်၊ နဲနဲ ရှော့ပေးပါအုံး၊ ဝေမနေတတ်တော့ဘူ၊ အသက်ရှုလို့လဲ မရတော့ဘူး” ကျနော်သည် ဖြည်းဖြည်း ဖြေလျှော့ လွှတ်လိုက်သည်။ လှိုင်းလိပ်အိနေသော သူ့ဆံပင်များသည် ကျနော့် ပါးပြင်ကို ပွတ်တိုက်နေဆဲ။ သူ့အသက်ရှူငွေ့သည် ကျနော့် ပါးပြင်ကိုဖြတ်သန်းနေဆဲ။ နွေးအိသော သူ့နှုတ်ခမ်းသည် ထိကပ်ထားဆဲ။ သို့သော် ယခုအခါ၌ အာရုံခံစားစိတ်သည် ကျနော့် စိတ်နှလုံး၌ အလျင်းမရှိနိုင်တော့ပါ။ ယခုအခါ၌ ဖြစ်ပျက်နေမှုအပေါင်း၊ သူ့ကိုအလုံးစုံ ဖွင့်လှစ် ပြောပစ်လိုက်တော့မည်။ ထို့နောက် သူနှင့် ကျနော်သည် မြိုင်ကြီးမှလည်းကောင်း၊ သူနှင့် ကျနော့် အသိ အပေါင်းအသင်း ရှိသမျှနေရာ အပေါင်းမှလည်းကောင်း၊ ခိုးပြေးသလို ထွက်ပြေး သွား တော့မည်။ နောက်ထပ်ဘဝသစ်တခုကို တဖန်ဖန်ဆင်းယူမည်။ ဤအတိတ်၏ အမဲစက်အပေါင်းကို ချေဖျက်ပစ်တော့မည်။ ထိုအချိန်မှစ၍ သူ့ကို ကျနော့် အနားလေးတောင် အဝေးထက်ပို၍ ခွာခွင့်ပြုတော့မည် မဟုတ်။ “ ဟော လေးနာရီတောင် ထိုးသွားဘီကိုကို၊ မြင်းလှည်းမောင်းလာသံတောင် ကြားနေဘီ” ဟု သူသည် ပြောနေ၏။ “ထတော့ကွယ်၊ ဝေဒီတခါ ဟိုမယ် ဖောက်သည် ပေးခဲ့မယ်။ မြတ်ချင်သမျှမြတ်ပေါ့၊ ဟိုမယ် နှစ်ရက်ဘဲနေပြီး ပြန်ခဲ့မယ်၊ ကိုကိုနဲ့ မခွဲချင်တော့ဘူး၊ ကိုကိုနဲ့ ခွဲနေရတဲ့ရက်တွေ မနဲတော့ဘူးနော်၊ ဝေ သွားတောင် မသွားချင်တော့ဘူးကွယ်၊ ဝမ်းနည်းစရာကောင်းတာဘဲ၊ တော်ဘီ၊ ဒီတခေါက် အမေ့အတွက်လဲ စိတ်အေးရပီဘဲ၊ အိမ်မယ်ဘဲ မခွာဘဲ အိမ်ဆိုင်ကလေး ဖွင့်ပီးရောင်းတော့မယ်၊ ထတော့ကွယ်” သူ့ဝမ်းနည်းရိပ် ဝမ်းနည်းငွေ့ သန်းနေသော၊ တုန်ယင်လှိုက်လှဲနေသော အသံကလေးမှာ ဤ အိမ်ခန်းကို နောက်ဆုံးနှုတ်ဆက်နေသကဲ့ပင်။ သူ့မျက်နှာကလေးတွင် ဝမ်းနည်းရိပ်များ ရှက်သန်းနေသည်။ မေတ္တာစစ်စစ်တို့၏ အခိုးအရိပ်များသည်လည်း သူ့မျက်လုံးအိမ်ထဲတွင် ဖြတ်သန်းနေပြန်သည်။ ဝေသည် သူ့အလိုလိုပင် နောင်တတရား ရနေပြီထင်၏။ ယခုလရောင်ရိပ်ရိပ်ထဲတွင် တွေ့မြင်နေသည့် ဝေ့ မျက်နှာမှာ စပါးသယ် အလုပ်သမလေးမခင်ဝေ၏ မျက်နှာသော်လည်းကောင်း သမီးလေး စပယ်ခိုင်နှင့် ခွဲခွာပြီး ဟေမန်မှလာခဲ့စဉ်က ဝေ၏မျက်နှာကလေးအဖြစ်သို့ လည်းကောင်း ပြန်၍ ဖြစ်နေသည်။ ဖွင့်ပြောတော့မည့်ဆဲဆဲ အချိန်၌ပင် ကျနော့် စိတ်နှလုံးထဲတွင် မျိုသိပ်ထားသည့် အကျိတ်အခဲ အစိုင်အခဲများ၊ နာကျည်းမှုများ ပြန်၍ ပေါ်လာလေသည်။ အမဲစက်များအတွက် ရွံ့ရှာစက်ဆုပ်စိတ်အဆိပ်သည် ထိုအချိန်တွင် ကျနော့် တကိုယ်လုံးကို တဖျင်းဖျင်း ရစ်ပတ်နေသည်။ ပျော့ညံ့သော၊ သိမ်မွေ့သော၊ မပြတ်သားသော၊ အားလျော့သော ကျနော့်စိတ် အပေါင်းကို ထိုစိတ်တို့သည် ဘေးသို့ ပြတ်တောင်းစွာ လွှင့်ဖယ် ထုတ်ပစ်လေသည်။ ဘယ်မျှ ရွံ့ရှာဖွယ်ကောင်းသည့် ပြစ်မှုနည်း၊ ထိုပြစ်မှုအားကျူးလွန်ဖောက်ဖျက်ထားသူအား ဘာကြောင့် မိမိသည် ဤမျှ မေတ္တာထားနေရသနည်း။ အားလုံးကို ရုန်းကန် ဆန်တက်ပြီးနောက် ကျနော်သည် အေးဆေးတည်ငြိမ်သွားလေသည်။ စိတ်ထဲ၌ အသက်သေသည်အထိ ကြေကွဲရသည်ပင် ဖြစ်ပါစေတော့၊ ဆုံးဖြတ်ချက်အတိုင်း အတိအကျ လိုက်နာရမည်။ ကျနော်သည် သူ့ကို နောက်ဆုံးတကြိမ် ထပ်၍ ပွေ့ညှစ်ပစ်လိုက်ပြီး ဖြေလွှတ်လိုက်လျက် စက်ရုပ်တခုကဲ့သို့ အိပ်ရာမှ ထလိုက်လေသည်။ ထိုအချိန်တွင် မြင်းလှည်းလည်း အိမ်ခြံရှေ့ အပေါက်ဝမှ ကြာပွတ်ရိုက်ပြီး အချက်ပေးနေသည်.။ ထိုနောက်အိမ်ထဲမှ အထည်ထုပ်များကို တင်လိုက်ပြီး မြင်းလှည်းသည်ကုန်းပေါ်ပိုင်းမှ အဆင်း အကွေ့ ဖက်သို့ ဖြည်းဖြည်း နှေးနှေး ဆင်းသက်သွားလေသည်။ မြင်းလှည်းထွက်ခွာနေစဉ်တွင် ကျနော်သည် ဟေမန်၏နံနက်ဆည်းဆာအလှများကို ပြန်လည် တမ်းတနေသည်။ မြစ်ပြင်ထက်ဝယ် နှင်းမှုန်များ ရစ်ကိန်းနေတတ်သည့် ဟေမန်။ ယခုမြိုင်ကြီးသည် မလှုပ်မရှက် အိပ်မောကျနေဆဲပင်။ မြင်းလှည်းသည် ကားဂိတ်ဖက်သို့ ချိုးကွေ့နေလျက် မြင်းခွာသံ တချက်ကြားတိုင်း အိမ်မှ တလှမ်းကွာလာနေခဲ့ပြီကို ဝမ်းနည်းဖွယ်ရာပင် ကျနော်သည် ငြိမ်၍ တွေးနေ၏။ ထိုအခါတွင် မြင်းလှည်းကို အိမ်ဘက် ပြန်မောင်းနှင်သွားစေချင်သော ဆန္ဒကို ကျနော်သည် ပင်ပန်းလှစွာ ချေဖျက်နေရသည်။ လွန်ခဲ့သည့်တည၊ သူ့ကို သတ်ရန် ကြိုးစားခဲ့သည့် တညက သတ်ပစ်မိလျှင် ယခုလို ဖြစ်ပျက်နေမှုဖြင့် ကြုံတွေ့ရမည်မဟုတ်။ ယခုကား ဝေ့ ကိုအခြားတပါးသော ယောက်ျား တဦးနှင့်တွဲယှဉ် အိပ်စက်ရန် ကျနော်သည် လိုက်ပို့နေလျက်သား ဖြစ်နေသည်။ မြို့သစ်ကလေးမှ ဟေမန်သို့ ပြောင်းရန် မြင်းလှည်းဖြင့်ထွက်လာခဲ့စဉ်က မြင်းလှည်းပေါ်မှ သူ လိမ့်ကျပြီး တခါတည်းသေလွန်သွားခဲ့လျှင် မည်မျှကောင်းမည်းနည်း။ ထိုစဉ်ကဆိုလျှင် သူသည် အပြစ်ကင်းစင်နေသည့် မခင်ဝေသာလျှင် ဖြစ်လျက် ထိုစဉ်က သေလမ်းဖြင့် ခွဲခွာခဲ့ရလျှင် ယခုထက် အဆပေါင်းများစွာ သက်သာပေမည်။ မြင်းလှည်း ဖြတ်သန်းနေစဉ် လမ်းဘေး ဓာတ်မီးတိုင်များမှ အလင်းရောင်နှင့် ဝင်လုဆဲဆဲမှိန်ဖျော့ဖျော့လရောင်သည် တဖက်ဘေးမှ သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။ အိပ်ရာမှ ထပြေးလာခဲ့ရသဖြင့် သူသည် မပြင်ဆင်ရသေးဘဲ ပကတိရိုးသားဖြူစင်သောအလှများနှင့် မခင်ဝေပင် ဖြစ်နေသည်။ သူ့ထမီမှာ ကပိုကရိုဖြစ်နေသည်။ သူသည် အိပ်ရာထဲမှ ထလာခဲ့သော တွန့်ကြေနေသည့် အက်ျီကို ဆွဲဆန့်နေသည်။ သူ့ မျက်နှာပေါ်မှ မပီမသအပြုံးရိပ်ကို မြင်နေရသည်။ ဤ အချိန်၌ သံယောဇဉ် ကြိုးများသည် မြင်းခွာတချက်လှမ်းလိုက်တိုင်း တင်းကျပ်လာနေသည်။ နောက်ဆုံးတွင် ကျနော်သည် မာနအပေါင်းကို ဖြေလျော့လိုက်ပြီး မြင်းလှည်းကို နော်က်ပြန်၍ မောင်းခိုင်း ချင်သော ဆန္ဒ ပေါ်လာနေပြန်သည်။ “ ဝေဟိုမယ်နှစ်ရက်ဘဲ နေမယ်နော်ကိုကို။ ဝေမရှိရင် ကိုကို စားရေးသောက်ရေး ဒုက္ခရောက်နေရတာဘဲ၊ စီးပွားရေး လောဘတိုက်နေမိတာ ကိုကို့ကို ဒုက္ခ ပေးသလိုဘဲနော်၊ ကိုကိုစားဖို့ငါးသလောက်ပေါင်းယူလာခဲ့မယ်၊ သဘက်ခါပြန်လာမှာ၊ ဟိုကကုန် မယူလာခဲ့တော့ဘူး၊ တော်ဘီကွယ်၊ ကိုကို နဲနဲပိန်သွားသလားလို့၊ ဝေမရှိတုန်းများ ဖျားနေရင်ဒုက္ခ၊ ဝေ့ကို ကိုကိုသတိမရဘူးလား” သူတိုးတိုးပြောလိုက်သံသည် တင်းခံမာကျောနေသမျှ တို့ကို ချေဖျက်ပစ်နေသလိုဖြစ်နေသည်။. “ မရပါဘူး” “ဘာ ကိုကို” “အော်…. သတိမရပါဘူးဝေ” “ဟင်…” “ ဟုတ်ပါတယ်၊ ကိုယ့် အတွက် နေသားတကျ ဖြစ်နေပါပြီ၊ နေနေကျဖြစ်နေပြီဝေ၊ ကိုယ်တို့ဟာ ညားစ ဇနီးမောင်နှံမှ မဟုတ်တော့တာဘဲ၊ ပြီးတော့ ဝေ့ကို ကိုယ်က ဧည့်သည်လိုသဘောထားနေတယ်၊ ဟုတ်တယ်လေ၊ အဲဒီလိုမှသဘော မထားနိုင်ရင်လဲ၊ ဒီလိုနေလို့ ဘယ်ရနိုင်ပါ့မလဲ၊ ဝေ ကသုံးရက်လောက်လာနေပြီး ပြန်သွားလိုက်၊ အခုနေအခါမယ် ဒါကိုအသစ်အဆန်းလုပ်နေလို့ မဖြစ်ဖူးလေ၊ အိမ်ထောင်တခုရဲ့ အဓိက အကျဆုံး မဏ္ဍိုင်ဟာ စီးပွားရေးဘဲမှုတ်လား။ စီးပွားရေးလူအမြင် တင့်တယ်အောင် ဘယ်နည်းနဲ့ဖြစ်ဖြစ် စီးပွားရေးဘဲ လုပ်ရမယ်မှုတ်လား၊ “ဧည့်သည် ဖြစ်၍၊ အိမ်အိုးပစ်ခွာ၊ မနေသာပါ၊ သူ့ရွာသူ့ထံ ပြန်ပေတာဘဲ” ဆိုသလိုပေါ့လေ” ဝေသည် သူ့ကိုယ်ကို ပို၍ တိုးညွတ်လိုက်ကာ ကျနော့်မျက်နှာကို ငေးကြည့်နေရင်း မျက်နှာမှာ မှိုင်းညှို့လာနေသည်။ “ ဒါဖြင့် မြင်းလှည်းပြန်မောင်းခိုင်းတော့မယ် ကိုကို” မြင်းလှည်းသည်နောက်ဆုံးတွင် အကြောင်းအရာအပေါင်း၏ အဆုံးသတ်ရာဒေသဖြစ်မည့် ကားဂိတ်ဖက်သို့ ကွေ့ချိုး ဝင်လာနေသည်။ ကျနော်သည် မဟတဟ မပွင့်မလင်း တချက် ရယ်လိုက်၏။ ထိုရယ်သံထဲ၌ ရွံ့မုန်းမှု။ ခါးသီးမှု၊ စက်ဆုပ်မှု အပေါင်းသည် ပြည့်သိပ်ပါရှိသွားနေသည်။ ထိုအထဲတွင် ကြေကွဲမှု ဆို့နစ်မှုများပါ ရောနှောနေပြန်သည်။ “အထူးအဆန်းမဟုတ်ပါဘူးဝေရာ၊ မင်းအခု ရက်ပိုင်းမယ် ရုးများရုးနေသလား” ကျနော်သည် ရယ်သံနှင့်ဆက်တိုက်ပြောလိုက်လေသည်။ နောက်ဆုံးတွင် ကျနော်သည် ကားဂိတ်၌ မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ကားလှဲမိုးပေါ်သို့ အထည်ထုပ်များ တင်ပေးနေသည်။ ဝေသည် ကားပေါ်သို့တက်သွားပြီး ခရီးသည်များနှင့်ရောနှောနေလေသည်။ ကျနော်သည် နှုတ်ဆက်ရန်ကားနံဘေးမှ သူရှိရာဘက်သို့ လျှောက်သွားခဲ့လေသည်။ ကျနော်သည် သူ့မျက်နှာကို မော့ကြည့်ပြီး “ ကိုယ်သွားတော့မယ်ဝေ”ဟု တိုးတိုးနှုတ်ဆက်လေသည်။ သည်တခါကျနော့် နှုတ်ဆက်သံမှာ အတိုးသက်ဆုံး၊ အညင်သာဆုံးနှင့် ဝေ့အပေါ်ထားရှိသမျှ မေတ္တာအပေါင်း၏ နူးညံ့သိမ်မွေ့မှု၊ နက်နဲမှဲုအပေါင်းကို ဖော်ပြနေသည်။ “ဟုတ်ကဲ့ ကိုကို”ဟု သူ၏ ချိုမြသော နှုတ်ဆက်သံမှာ ပြတ်တောက်ကုန်ပြီးသည့် သံယောဇဉ် ကြိုးအပေါင်းကို နောက်ဆုံးပြန်၍ဆက်ရန် အားအင်ကုန်ခန်း နွမ်းနယ်စွာမြှော်လင့်ချက်ကင်းမဲ့စွာ ကြိုးပမ်းလိုက်မှုတခုကဲ့သို့ ဖြစ်နေသည်။ ဤစက္ကန့်တို့မှာ နောက်ဆုံး စက္ကန့်များဖြစ်၏။ အခိုင်အမြဲတည်ဆောက်ခဲ့ဘူးသည့် အိမ်ထောင်ရေးတခု၏ နောက်ဆုံး၏ နောက်ဆုံးအချိန်ဖြစ်သော ဝမ်းနည်းကြေကွဲဖွယ်ရာ စက္ကန့်များဖြစ်လေသည်။ ဤသို့ဖြင့် ဝေနှင့် ဝေးသွားခဲ့ရပါပြီ။ သည်တခါ အဖြစ်အပျက်ကား အိပ်မက်မဟုတ်တော့ပါ။ လမ်းကြောင်း ပြောင်းလဲသွားသော အိမ်ထောင်းရေးမှာ နောက်ဆုံး၌ အရှိန်ကို ပြန်၍ မထိန်းနိုင်တော့ဘဲ ပြိုကွဲပျက်စီးသွားခဲ့လေပြီ။ နိုင်ဝင်းဆွေ ( အခန်း ၁၈ နိဂုံးပိုင်းကို မျှော်...)
Make Money Online : http://ow.ly/KNICZ
Monday, August 29, 2016
အမေရိကန် စစ်သမီးတွေမတ်တပ်ရပ်ပြီး အပေါ့အပါး ဘယ်လိုသွားသလဲ
Min Myat Maung
စစ်သုံးပုံစံ
ဪ…ဖစ်မှဖစ်ရလေ… အမေရိကန် အမျိုးသမီးစစ်သည်တွေအကြောင်း ရေးလိုက်မှ တချို့ကလည်း ကပ်သီးကပ်သပ် သိချင်ကြတယ်။ အမျိုးသမီးတွေ မတ်တပ်ရပ် ဘယ်လိုရှူရှူပေါက်သလဲတဲ့ဗျာ။
ခေတ်ဟောင်းအဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ ပြေးကြိုလှည့်ထွေးညို သီချင်းလိုပေါ့နော်။ "ထွေးညိုလေးရယ် သေးဆိုတာ မတ်တပ်ပေါက်ရတယ်" လို့ ဖျက်ဆိုထားတာ ကြားဖူးတယ်မဟုတ်လား။
စစ်တပ် ယာဉ်တန်းနဲ့ စစ်ဆင်ရေးခရီးထွက်ရင်း လမ်းဘေးတစ်နေရာမှာ မတ်တပ်ပန်းနေတဲ့ အမျိုးသမီးစစ်သည်တွေ ပုံကိုလည်း တွေ့လို့ ဗဟုသုတ တင်လိုက်ပါတယ်။ ဟုတ်ပါရဲ့ အဲလို ဟာလာဟင်းလင်း ကွင်းပြင်ကြီးထဲမှာ ထိုင်ပေါက်လို့မှ မရတာနော်။
ကဲ… အမျိုးသမီးတွေ မတ်တပ်ပန်းနိုင်အောင် ထုတ်လုပ်ထားတဲ့ ကတော့ပုံကို တင်ပေးထားပါတယ်။ အမေရိကားမှာတော့ ညစ်ပတ်တဲ့ အများသုံးအိမ်သာတွေပေါ် မထိုင်ချင်သူ၊ တောစခန်းထွက်သူ၊ ကားနဲ့ ခရီးရှည်သွားသူတွေလည်း သုံးကြပါသတဲ့။ မြန်မာနိုင်ငံမှာလည်း ညစ်ပတ်တဲ့ အိမ်သာပေါ် ထိုင်ရမှာ မသတီရင် ဒါမျိုးသုံးနိုင်ပါတယ်။ အွန်လိုင်းပေါ်မှာ ဝယ်ရင် ၈ ဒေါ်လာ ၁၀ ဒေါ်လာလောက်ပါပဲ။
Min Myat Maung
စစ်သုံးကိရိယာ အပြည့်အစုံ set ဖြစ်ပါတယ်။ ဓာတ်ဗူးလေး ချစ်စရာဆိုပြီး ရေနွေးထည့်မသောက်နဲ့နော်။
အရပ်သုံးပုံစံပါ။ ဝယ်လို့ရပါတယ်။
Sunday, August 28, 2016
တိုင်းရင်းဆေး ၅ မျိုး သုံးစွဲရန်မသင့်ဟု ကျန်းဦးစီးကြေညာ
  By ဒီဗွီဘီ
    25 August 2016
DVB
.......
    By ဒီဗှီဘီ
    25 August 2016
တိုင်းရင်းဆေး ၅ မျိုးမှာ အနောက်တိုင်းဆေးတွေ ရောနှောထုတ်လုပ်ထားတဲ့အပြင် မှတ်ပုံတင် ထားခြင်းလည်း မရှိတဲ့အတွက် သုံးစွဲရန် မသင့်ဘူးလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဆေးတော်ကြီး၊ စံပြည့်ဖြိုး၊ စိန်လက်မ၊ မေတ္တာရှင်၊ အဆစ်ပုံစတဲ့ တိုင်းရင်းဆေးတို့ကို မသုံးကြဖို့နဲ့ တိုင်းရင်းဆေးရောင်းတဲ့ ဆေးဆိုင်တွေအနေနဲ့aလည်း အဲ့ဒီလို မှတ်ပုံမတင်ထားတဲ့ ဆေးတွေကို မရောင်းဖို့ ကြေညာချက်ထဲ ဖော်ပြပါတယ်။
တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံမတင်ထားတဲ့ တိုင်းရင်းဆေးတွေ ဆေးဝါးအတုတွေ စံမညီ တိုင်းရင်းဆေးတို့ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ မလုပ်ကြဖို့နဲ့ လိုက်နာ ဆောင်ရွက်ခြင်း မရှိရင် တိုင်းရင်းဆေးဥပဒေနဲ့ တရားစွဲအရေးယူမယ်လို့ အသိပေးထားပါတယ်။
DVB
၁၁ ရာစု ပုဂံခေတ် ဗိသုကာပညာ
၁၁ ရာစု ပုဂံခေတ် ဗိသုကာပညာ
ဘားကုဒ်
ဘားကုတ်အမျိုးမျိုး
UPC ဘားကုတ်
Code 39 ဘားကုတ်
Code 128 ဘားကုတ်
Code 93 ဘားကုတ်
ITF 14 ဘားကုတ်
မဂ္ဂဇင်း ဘားကုတ်
ဒေတာမက်ထရစ် ဘားကုတ်
QR ကုတ်
PDF417 ဘားကုတ်
..........
Barcode- ဆိုသည်မှာ အလင်းဖြင့်ထိုးပြီး စက်ဖြင့် ဖတ်နိုင်သော အချက်အလက်ဖြစ်သည်။ ပုံမှန်အားဖြင့် တစ်ဖက်မြင် ဘားကုတ် (1D Barcode) နှင့် နှစ်ဖက်မြင် ဘားကုတ်(2D Barcode) ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။
တစ်ဖက်မြင် ဘားကုတ်များတွင် အချက်အ လက်များကို ဒေါင်လိုက်လိုင်း များတွေအဖြစ် နေရာလွတ်ခြား ပြီးချထားသည်။ နှစ်ဖက်မြင် ဘားကုတ်ဒ်များတွင် လေးဒေါင့်ပုံ၊ အစက်ပုံ၊ ခြောက် ဒေါင့်ပုံနဲ့အခြားသော ဂျော်မထရီ ပုံစံရုပ်ပုံလေးတွေ အဖြစ်လည်း ရှိတတ်ပါတယ်။ တစ်ဖက်မြင် ဘားကုတ်ဒ်များကို ရှေးယခင်ကပင် သုံးစွဲခဲ့ကြပြီး လူသိများသည်။ နှစ်ဖက်မြင် ဘားကုတ်များတွင် အချက်အလက်များကို နေရာကျဉ်းကျဉ်းဖြင့် အမြောက်အများ သိမ်းဆည်းနိုင်သောကြောင့် ယခု အခါ ပိုမို သုံးစွဲလာကြသည်။
Barcode ကိုပထမဆုံးသုံး တာက ကားတွေမှာအမှတ်တံဆိပ် လုပ်ဖို့ပါ။ သို့ပေမယ့် စီပွားရေး အတွက် အောင်မြင်မှုမရှိခဲ့တာ ကြောင့် စူပါမားကတ်တွေရဲ့ ငွေ ရှင်းစနစ်တွေမှာ အစားထိုးသုံးစွဲ လာကြပါတယ်။ Barcode တွေကို optical scanner လို့ခေါ်တဲ့ barcode reader များနှင့်ဖတ်ရှုနိုင်သလိုအ ထူးပြုလုပ်ထားတဲ့ဆော့ဖ်ဝဲများနှင့် လည်း scan ဖတ်ပြီးအသုံးပြုနိုင်ပါ တယ်။
Barcode ကို 1952 ခုနှစ် အောက်တိုဘာလ ရ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ်မူပိုင်ခွင့်တင် ခဲ့တာဖြစ်ပါတယ်။ Barcode ကို ၁၉၄၈ခုနှစ်မှာ Bernard Silver ဆိုသူကျောင်း သားကသူ၏သူငယ်ချင်းများနှင့်စု ပေါင်းတည်ထွင်ခဲ့ကြတာဖြစ်ပါ တယ်။ Silver ဟာ ဒေသတွင်း အ စားအစာလုပ်ငန်းဆိုင်ရာ ဥက္ကဋ္ဌ က ထုတ်ကုန်များရဲ့သတင်းအ ချက်အလက်ကို အလိုအလျောက် မှတ်တမ်းတင် စစ်ဆေးနိုင်မည့် စနစ်တစ်ခုရချင်တယ်ဟု သုတေ သီတစ်ဦး ကိုပြောသံကြားရာမှ ယခုကဲ့သို့ပြုလုပ်ရန် အကြံရရှိခဲ့ ခြင်းဖြစ်ပါတယ်။ ပထမပိုင်းတွင် ultraviolet မင်ကို သုံးစွဲခဲ့တဲ့ အတွက်ဈေးအလွန်ကြီးမားခဲ့ပါ တယ်။ တဖြည်းဖြည်းပိုမိုကောင်းမွန်စေရန် ကြံစတီထွင်ကြရင်းမှ ယ နေ့သုံးစွဲသော Barcode ပုံစံကိုရ ရှိလာကြတာဖြစ်ပါတယ်။
ဘားကုတ်အမျိုးမျိုး
UPC ဘားကုတ်
Code 39 ဘားကုတ်
Code 128 ဘားကုတ်
Code 93 ဘားကုတ်
ITF 14 ဘားကုတ်
I2of5 (Interleaved 2 of 5) ဘားကုတ်
မဂ္ဂဇင်း ဘားကုတ်
ဒေတာမက်ထရစ် ဘားကုတ်
QR ကုတ်
PDF417 ဘားကုတ်
ဝီကီပီဒီယ မြန်မာဘာသာစာမျက်နှာမှ ကူးယူဖော်ပြသည်။
ရေစီးနှင့်အတူမျောပါသွားသည့် ကျောင်းဆရာမအား သေဆုံးလျှက် ပြန်လည်ရှာဖွေတွေ့ရှိ
..........
တောင်တွင်းကြီး သြဂုတ် (၂၈)
မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ သြဂုတ်(၂၇) ရက်နံနက်(၉)နာရီခွဲအချိန်ခန့် တောင်ကျချောင်းအားဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့သည့် ကျောင်းဆရာမအား ယနေ့ သြဂုတ် (၂၈) ရက် နံနက် (၇) နာရီ (၅၀) မိနစ်အချိန်ခန့်တွင် သေဆုံးလျှက် ပြန်လည်ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း သိရသည် ။
အဆိုပါ ဆရာမသည် တောင်တွင်းကြီးမြို့နယ် ၊ အောင်းစုကျေးရွာအုပ်စု ၊ အောင်းစုကျေးရွာနေ (အဘ) ဦးခင်မောင်သိန်း၏ သမီး အသက်(၂၇) နှစ်ရှိ မလင်းစန္ဒာဖြစ်ပြီး အမှတ်(၁၅၉) ပိတ်ဆွယ်ခုံ အခြေခံပညာမူလတန်းကျောင်းတွင် မူလတန်းပြ ( နေ့စား/လပေး ) တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
၄င်းသည် တာဝန်ထမ်းဆောင်ရန် စာသင်ကျောင်းသို့ သွားရာ အကျယ်(၅၀)ပေခန့်ရှိ ငမင်တောင်ကျချောင်းအားဖြတ်ကူးစဉ် ရေစီးနှင့် မျောပါသွားခဲ့ခြင်းဖြစ်သည်။ ထိုသို့မျောပါသွားခဲ့သည့် အချိန်မှစ၍ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ဒေသခံပြည်သူများက ငမင်ချောင်းရိုးတစ်လျှောက်စဉ်ဆက်မပြတ် လိုက်လံရှာဖွေခဲ့ကြရာမှ ယနေ့နံနက်ပိုင်းတွင် ငမင်ရွာ၏အရှေ့ဘက် (၁) မိုင်ခန့် ၊ အခင်းဖြစ်ပွား မျောပါခဲ့သည့် နေရာ၏အနောက်ဘက် (၆)ဖာလုံခန့် အကွာ ငမင်ချောင်းမကြီးနှင့် ပိတ်ဆွယ်ခုံချောင်းတို့ဆုံသည့် နေရာအနီး ချောင်းဘေး သဲခုံပေါ်တွင် မှောက်လျှက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ရေနောက်မျောပါသေဆုံးခဲ့ရသည့် ဆရာမလေး၏ မိသားစုအား တောင်တွင်းကြီးမြို့နယ်ဌာနဆိုင်ရာများ ၊ ပညာရေးဌာနမိသားစုများက စာနာထောက်ထားမှု ကူညီထောက်ပံ့ခြင်းများပြုလုပ်ပေးခြင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးတို့က လိုအပ်သော ကူညီမှု ၊ ပေါင်းစပ်ညှိနှိုင်းပေးမှုများ ပြုလုပ်ပေးလျှက်ရှိပြီး ဆရာမ မလင်းစန္ဒာ သေဆုံးခြင်း နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် / မဟုတ် သိရှိနိုင်ရန် တောင်တွင်းကြီးမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ( ၉ /၂၀၁၆ ) ဖြင့်အမှုတွဲဖွင့်လှစ်၍ စခန်းမှူး ဒုတိယရဲမှူး မျိုးမြင့်ထွန်းက စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည် ။
ဗိုလ်ပြည့် ( တောင်တွင်းကြီး )
https://www.facebook.com/bopyae.taungdwingyi
မော်ဒယ်လုလုအောင်
ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့မန်းလေးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်
ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့မန်းလေးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်
စစ်တပ် အသရေဖျက်မှုနဲ့ သရုပ်ဆောင်တစ်ဦးကို ထောင်ဒဏ်ချမှတ်
ဓာတ်ပုံ-Soe Min Kyaw fb
RFA Burmese
....
ဓာတ်ပုံ-Soe Min Kyaw fb
တပ်မတော်အပေါ်အသရေပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရုပ်ရှင် ဗီဒီယို သရုပ်ဆောင်တစ်ဦးကို တရားရုံးက ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ စနေနေ့က ချမှတ်လိုက်ပါတယ်။
အသက်၃၅နှစ်အရွယ် သရုပ်ဆောင်ထွန်းလင်းသိန်းဟာ ပြီးခဲ့တဲ မတ်လဆန်းက သူ့ရဲ့ နစ်ဆန်းကား ပတ်ပတ်လည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အပေါ် ဆဲဆိုထားတာတွေကို မှုတ်ဆေးနဲ့ ရေးသားခဲ့တဲ့အတွက် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားပေါ်မှာ ဖမ်းဆီးခဲ့တာပါ။
သူ့ကို နိုင်ငံတော်အကြီးအကဲတွေကို ဂုဏ်သရေ ညှိုးနွမ်းအောင်ပြုလုပ်မှု၊ သာသနာ့အလံကို အလွဲသုံးစားလုပ်မှု စတဲ့ ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
မနေ့ကတော့ တရားရုံးက သူ့ကို ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ ချမှတ်လိုက်ပါတယ်။
RFA Burmese
http://www.rfa.org/burmese/
ပုဂံပြန်လည်တည်ဆောက်ရေး (ဒေါက်တာသန်းထွန်း)
ပုဂံမှာ ၈ ဂျူလိုင် ၁၉၇၅ ငလျင်ကြောင့် တော်တော်ပျက်စီးခဲ့တယ်လို့ကြားရပြီးနောက် ကျနော်တို့ မျက်မြင်ကိုယ်တွေ့ ဖြစ်အောင် ပုဂံကိုသွားကြပါတယ်။ နေ့စဉ်နဲ့အမျှ ဆယ်ရက်လောက် အပြိုအပျက်တွေကြားထဲ လှည့်လည်သွားလာပီး အပျက်မှတ်တမ်းယူပါတယ်။
့
ကျနော့်သဘောထား အချုပ်ကိုပြောရရင် စောစောက ပြောခဲ့ပီးတဲ့အကြောင်းတွေကိုမှီပီး ပုဂံခေတ် အနုပညာဆုံးရှုံးဒါက နဲတယ်။ ကုန်းဘောင်ခေတ် အနုပညာဆုံးရှုံးဒါက တော်တော်ဘဲများနေတယ်လို့ ပြောချင်ပါတယ်။
နောက်အရေးကြီးတဲ့ အချက်တချက်ပြောချင်ပါသေးတယ်။ အဆောက်အအုံမှာ သုံးစွဲတဲ့ ခေတ်သစ်ပစ္စည်းတွေဖြစ်တဲ့ သံအတွင်းသားအမာခံနဲ့ ကွန်ကရစ်အင်္ဂတေတွေသုံးပီး အထက်ဝါလေးလေးကြီးတွေကို ပျမ်းမျှလိုက်ရင် အသက်ရှစ်ရာ ရှိကြတဲ့ အုတ်ပုံအောက်ဝါပေါ်မှာ ဇွတ်မရ ရအောင်တင်ထားကြဒါဟာလဲ အင်မတန်ညံ့တဲ့ လုပ်ပုံကိုင်ပုံ ဖြစ်ပါတယ်။ ပြော့ပြော့ပေါ့ပေါ့ပစ္စည်းကို အခံထားပြီး မာမောလေးလေးပစ္စည်းကို ထိပ်ကဖိတင်ဘို့ဟာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ မကြာခင်ဘဲ အပေါ်က လေးတဲ့ပစ္စည်းဟာ စိုက်ကျမယ်၊ ကျိုးကျမယ်ပေါ့။ ဒီတခါ ဥပမာ အမြင့်ပေတရာက ကျလာမယ်ဆိုရင် အောက်ခံဂူမိုး၊ ဂူမျက်နှာကြက်နဲ့ ဂူနံရံတွေဟာ ဘယ်သက်သာပါ့မလဲ။ ငလျင်ဘေးက သေးသေး၊ ထိပ်က ပြုတ်ကျလာတဲ့ပစ္စည်းဆောင့်လို့ ပျက်တာကများများဖြစ်တော့မယ်လို့ ကြိုပီးပြောနိုင်ပါတယ်။ သိပ်ကောင်းတဲ့ ပစ္စည်းကို မသုံးတတ်ဘဲသုံးရင် ဒီလိုဘဲ ဒုက္ခပေးနေမှာဘဲ။ ဘုရားလူကြီးတွေဟာ ဘုရားငွေနဲ့ ဘုရားပြင်တဲ့အခါ အဆောက်အအုံပစ္စည်းသုံးစွဲနည်းကို ပိသုကာဆိုင်ရာ အကြံပေးချက်မပါဘဲ ကိုယ်လုပ်ချင်သလို လုပ်တာမျိုး မလုပ်သင့်ကြတော့ဘူး။
့
နိဂုံးချုပ်ပြောချင်ဒါကတော့ တကယ်လို့ အပျက်ကိုမပြင်ဘဲ နောက်ထပ်ဆက်မပျက်အောင် ထိန်းသိမ်းဒါလောက်နဲ့ မကျေနပ်နိုင်ကြရင် ဒီသုံးချက်ကို ဆင်ခြင်ပါ။
၁။ ဆွေးမတတ်ဖြစ်နေတဲ့ အုတ်ခုံပေါ်မှာ သံခံကွန်ကရစ်လောင်းတဲ့ လေးလေးလံလံထိပ်ဖျားမျိုးမတင်ကြပါနဲ့။
၂။ အခြေခံပုံစံနဲ့ ကိုက်မယ့်အထွတ်ကိုဘဲ ရွေးပီးတင်ကြပါ။ ပီးတော့-
၃။ ပုဂံခေတ်ကုန်အထိ မပေါ်ရဘူးသေးတဲ့ ပုံစံမျိုးလုပ်ရင်တော့ နဲနဲမှ လက်မခံကြပါနဲ့။
သန်းထွန်း
ပုံ = ဟံသာဝတီသတင်းစာ (၂၁ စက်တင်ဘာ ၁၉၇၅)
Tint Swe မူရင်းသတ်ပုံကို လိုသလိုပြင်မရေးလို့ ပို့စ်တင်ပေးသူကို ချီးကျူးပါတယ်။
- အချက်တချက်
- အမြင့်ပေတရာက
- တကယ်လို့
ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆
Friday, August 26, 2016
အိုက်စလန်သွားကြမလား
အိုက်စလန်သွားကြမလား
NLD ဦးဆောင်သည့် လွှတ်တော် USDP ဦးဆောင်သည့် လွှတ်တော်ကဲ့သို့ နွေးထွေးမှုမရှိဟု ရခိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ဝေဖန်
ပြီးခဲ့သည့် USDP ဦးဆောင်သည့် လွှတ်တော် ငါးနှစ်သက်တမ်းအတွင်း တပ်မတော် ခေါင်းဆောင်များ ပါဝင်သည့်အတွက် တိုင်းရင်းသား ကိုယ်စားလှယ်များ အနေဖြင့် စိုးရိမ်ကြောင့်ကျမှုများ ရှိခဲ့သော်လည်း USDP ပါတီမှ နွေးထွေးစွာ ဆက်ဆံခဲ့သည်ဟု ၄င်းကပြောသည်။
''ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်း လွှတ်တော်ကို ဖြတ်သန်းခဲ့ပြီးပြီ။ အဲဒီကာလက USDP လွှမ်းမိုးထားတယ်။ သူတို့နဲ့ စတင်ထိတွေ့တဲ့အခါ အရင်တုန်းက စစ်အာဏာရှင်တွေက တိုင်းသူ ပြည်သားတွေကို ဘယ်လောက်နှိပ်စက်ခဲ့လဲဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ ရင်ထဲကြောင့်ကျစိတ်တွေ ရှိခဲ့ပါတယ်။ လွှတ်တော်ထဲ ရောက်လာတဲ့အခါ ဗိုလ်ချုပ်ကြီးတွေပဲ ဦးဆောင်ပြီးတော့ လွှတ်တော်ကို ကြီးစိုးနေတာပဲ။
ဒါပေမဲ့ လွှတ်တော်ထဲမှာ USDP ပါတီက တိုင်းရင်းသားတွေကို နွေးနွေးထွေးထွေး ဆက်ဆံတယ်။ NLD ဦးဆောင်တဲ့ လွှတ်တော်နဲ့ ကျွန်တော်တို့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ လေးလတာ ထိတွေ့ဆက်ဆံလိုက်တဲ့ အခါမှာတော့ နွေးထွေးမှုမှာ USDP ပါတီနဲ့ ဆက်ဆံခဲ့ တဲ့နွေးထွေးမှုလောက် မရသေးတာ တွေ့ရပါတယ်''
ဟု ဦးဘရှိန်က ပြောသည်။
Source: Tomorrow J
သေဆုံးသွားသည့်ဘိုးဘေးများကို မီးခိုးကျပ်တိုက်၍ နှစ်ပေါင်းရာနှင့်ချီ မပျက်မစီးသိမ်းဆည်းထားလေ့ရှိသည့် တောင်ပေါ်မျိုးနွယ်စု
ပါပူအာနယူးဂီနီကျွန်းနိုင်ငံလေးရှိ အနောက်ပါပူအာဒေသမှ ၀ိုဂီရွာလေးတွင် နေထိုင်သည့် ဒါနီမျိုးနွယ်စုသည် ဘိုး ဘေးဘီဘင်များ၏
ရုပ်အလောင်းများကိုမီးခိုးကျပ်တိုက်ကာ နှစ်ပေါင်းရာနှင့်ချီ အောင် ဆေးစီရင်
သိမ်းဆည်းထားခြင်းဖြင့် ရုပ်အလောင်းများကို မပျက်မစီးအောင် ထားရှိလေ့ရှိကြသည်။
ခေတ်မီတိုးတက်လာသည့် ယနေ့ခေတ်အခါကြီးတွင် ရုပ် အလောင်းများကိုမီးခိုးကျပ်တိုက်ကာ ဆေးစီရင်လေ့မရှိကြတော့
သော်လည်း ဒါနီမျိုးနွယ်စုများက သေဆုံးသူများ၏ ရုပ်အလောင်းများကို သိမ်းဆည်းထားကာ အလေးအမြတ်ထားနေကြဆဲဖြစ်သည်။ မကြာ သေးမီနှစ်များအတွင်း ဒါဘီမျိုးနွယ်စုများ ထံသို့ လာရောက်လည်ပတ်သော ကမ္ဘာ လှည့်ခရီးသွားပေါင်းများစွာရှိလာခဲ့ပြီး ဒါဘီ မျိုးနွယ်စုများ၏ ထုံးတမ်းဓလေ့အစဉ်အလာများနှင့် စစ်တိုက်သည့်ဟန်ပြုလုပ်ကာ စစ်ရေးလေ့ကျင့်ကြပုံများကို လာရောက် လေ့လာခဲ့ကြသည်။
၁၉၃၈ ခုနှစ်တွင် နယူး ဂီနီသို့
ရောက်ရှိလာခဲ့သည့် အမေရိကန်သတ္တဗေဒပညာရှင် ရစ်ချတ်အာ့ခ်ျဘိုးက စတင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒါဘီ မျိုးနွယ်စုဝင်အမျိုးသားများသည် မျက်နှာ ဆေးခြယ်ခြင်း၊ အမွေးအတောင်နှင့်အရိုးများဝတ်ဆင်ခြင်း၊Koteka အမည်ရှိ လိင် အင်္ဂါအဖုံးအကာဝတ်ဆင်ခြင်းတို့ အပါအ၀င် ရိုးရာဝတ်စုံများဝတ်ဆင်လေ့ရှိပြီး အမျိုးသမီးများက ကောက်ရိုးများ၊ ယက် လုပ်ထားသည့်အိတ်တို့ကို ၀တ်ဆင်ကြသည်ဟု သိရသည်။
မေဇွန်(DM,19.8.16)
Pyi Myanmar
Thursday, August 25, 2016
ငလျင်ကြောင့် ပုဂံရှေးဟောင်းဘုရားစေတီ ၆၀ ကျော် ထိခိုက်ပျက်စီး၊ လူသေဆုံးမှုရှိ
ညနေ ၅ နာရီကျော်က ငလျင်လှုပ်ခတ်မှုကြောင့် စူဋ္ဌာမဏိစေတီတော်မြတ်ကြီး စိန်ဖူးတော်ပြိုကျခဲ့ပါတယ်။
ရုပ်သံ – ဌေးဌေး
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဒီကနေ့ ညနေက လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ရှေးဟောင်းဘုရားစေတီ ၆၅ ဆူလောက် ထီးတော်ယိုင်၊ စိန်ဖူးတော်မြေခ၊ ဖောင်းရစ်တွေ အက်ကွဲခဲ့တယ်လို့ လူကယ်ပြန်ဌာနက သတင်း ထုတ်ပြန်ပါတယ်။
ပုဂံမြို့မှ စူဠာမဏိစေတီတော် ငလျင်ကြောင့်ပြိုကျ
စူဠာမဏိ ဘုရား အထက်ပစ္စယံနဲ့စိန်ဖူးတော်
ပြိုကျ မြေခ
ပုဂံမြို့မှ စူဠာမဏိစေတီတော် ငလျင်ကြောင့်ပြိုကျ
ပုဂံ
ပုဂံရောက်ပြီ
လာရတဲ့ရည်ရွယ်ချက်ထဲက အရေးအကြီးဆုံးက ကိုယ့်စာရင်းပဲ။
ဆွေဘုရား မျိုးဘုရားပေါ့။
ပုဂံမှာ အရေးကြီးတဲ့စာရင်း နိုင်ငံရဲ့အရေးကြီးစာရင်းဘ တွေရှိတယ်၊
ထိပ်ဆုံးက အမျိုးသားရတနာစာရင်းပေါ့ နောင်လာမယ့်မျိုးဆက်
အတွက် ပုဂံက ဆက်လက်သယ်ဆောင်ပေး သွားရမယ့်
ယဉ်ကျေးမှုအမွေတွေပါ။
အဲဒါတွေက ကိုယ်တိုင်ကြည့်မှ ဘယ်လိုပျက်တယ်၊ ဘယ်လောက်
ထိခိုက်တယ် ဆိုတဲ့ ပမာဏသိရလိမ့်မယ်။
ဘယ်သူမှ တာဝန်မပေးပေမယ့်၊ မူလက ဒါ၊ ၁၉၇၅ ငလျင်ကြောင့်
ဒါက အခု ၂၀၁၆ ငလျင်ကြောင့်ကဒီလောက် ဒီနေရာမှာ ကိုယ်သိပြီး
ကိုယ်ရောက်နေတဲ့ ဆုံမှတ်မှာ ရှေ့လူနဲ့ နောက်လူ ဆက်ပေးးဖို့
ငါနိုင်သလောက် လုပ်ပေးရမယ့်အရာ။
အဲဒါက ကြားနေသိနေ၊ ပို့နေတဲ့သတင်းထဲမှာမပါဘူး၊ သိနိုင်မှာ
မဟုတ်သလို ပြောနိုင်ကြမှာမဟုတ်ဘူး။
ဒါပေမယ့် ကိုယ့်စာရင်းတွေက ထိပ်ဆုံးတက်နေတယ်။
မြင်းကပါဂြူေ့ပာက်ကြီး၊ ဂူပြောက်ငယ်၊ ဝက်ကြီးအင်းဂူပြောက်ကြီး
အပယ်ရတနာ၊ လောကထိပ်ပန်၊ ပုထိုးသားများ၊ စူဠာမဏိ၊ စိုးမင်းကြီး။
ကွမ်းတောင်ထိတယ်၊ အက်တယ်စောင်းတယ်၊ ကွဲတယ်၊ ရွဲ့တယ်ဆိုတာ
တွေထက် အတွင်းထဲမှာ ငုံထားတဲ့ မြန်မာတွေရဲ့ ယဉ်ကျေးမှု အနုပညာ
လမ်းကြောင်းပေါ်က အရေးကြီးတဲ့ သက်သေခံ အနုပညာပစ္စည်းတွေ
ဖြစ်တယ်။
အဲဒါတွေက အစားထိုးလို့မရဘူး၊ အဲဒါတွေမရှိရင် လံကွတ်တီနဲ့လူမျိုး
ဖြစ်မယ်လို့ အတိအကျပြောလို့ရပါတယ်။
အဲဒီ ကျွန်တော့်စာရင်း အထိအခိုက်ကအခုခန မြင်ရကြားရ ခြင်းမှာ
အနည်းငယ်ထက် ပို တဲအန္တ့ရယ်ကင်းတာက ငလျင်နဲ့ကိုယ်နဲ့မှာ
အရှူံးထဲကအမြတ်တွက်ရင် ၁၀ ဂိုး ၃ ဂိုးနဲ့အနိင်ရတယ်လို့ အသိပေး
အပ်ပါတယ်။
သယ်ဆောင်ဖို့ ဆိုင်တယ်လို့ထင်ရင်အခုခင်ဗျားကို အသိပေးပါတယ်။
မဆိုင်ဘူးထင်ရင် မဆိုင်သလိုဆက်ပြီး နေနိုင်ပါတယ်။
၂၀၁၆ သြဂုတ်လ၊ ၂၄ လျင် နှင့်လက်ဆင့်ကမ်းကြရမည့်
အမွေ(၁) မှ စပြီး ပုဂံစာရင်းကိုဖွင့်အပ်ကြောင်းပါ။
ရှေ့လူထားခဲ့တာကို နောက်လူတွေ အတွက်အတွက် ထိန်းသိမ်းစောင့်
ရှောက်ပြီး လက်ဆင့်ကမ်းပေးရမယ့် ရတနာလို့ ပြောတာတွေနဲ့ ဒီငလျင်
အချက်အလက်မှာ
ဒီငလျင်ဟာ ၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၊ ၈ ရက် နေ့မှာ ပုဂံဒေသက
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များစွာကို မြေခအောင် ချေမှုန်းသွား
ခဲ့တဲ့ ငလျင်ရဲ့၄၁ နှစ်မြောက် နှစ်ပတ်လည် ဇူလိုင်နဲ့ သြဂုတ်လမှာ
လှုပ်ခတ်ခြင်းဖြစ်ပါတယ်။
ငလျင်ဗဟိုချက်က ပုဂံရဲ့တစ်ဖက်ကမ်းဖြစ်တဲ့ တန့်ကြည့်တောင်ရဲ့
အောက်ကလာတဲ့ Fault ကြောင့်ဖြစ်တယ်။
ဒါဟာ နောင် နှစ်လေးဆယ်၊ လေးဆယ့်ငါး၊ ငါးဆယ်မှာ နောက်ထပ်
တစ်ကြိမ်ပြန်လာဦးမယ်ဆိုတာ မေ့လျော့ခဲ့ရင် ခေတ်အဆက်ဆက်
ဒီ မှန်မှန်လှုပ်ခဲ့တဲ့ ငလျင် အပါအဝင်ကမ္ဘာစစ် ၂ ကြိမ်ကိုပါဖြတ်ပြီး
ယဉ်ကျေးမှုတွေကို သယ်ဆောင်ပေးခဲ့တဲ့
ပထမမြန်မာနိုင်ငံတော်က မီးတောက်မီးလျှံကြီးတွေဟာ ပြာပုံဘဝကို
ရောက်ဖို့လက်တစ်ကမ်းမှာ ရှိနေပြီဆိုတာ အသိပေးပါတယ်။
ဒီ ငလျင်က မေးခွန်းများစွာကိုချန်ထားပေးခဲ့တယ်ဆိုတာ
မေးခွန်းကိုသိပြီး အဖြေကို တိကျစွာဖြေတတ်ဖို့ အသိ၊ ဉာဏ်ပညာ၊
တရားဓမ္မ တို့ထဲမှာ နှလုံးသားကိုပါ ဖြည့်စွက်ထည့်သွင်းတတ်ရင်
မေးခွန်းနဲ့အတူ အဖြေတွေကို လွယ်ကူထင်ရှားစွာ ထင်လင်းလာတာကို
မြင်ရပါလိမ့်မယ်။
ဆက်လက်သယ်ဆောင်နိုင်ကြဖို့ တတ်စွမ်းသမျှ ဖြည့်ဆည်းလိုက်တဲ့
စာရင်း နဲ့ ဒီငလျင်ဖျက်ဆီးနှုန်းနဲ့ တိုက်ပြီးစစ်ကြည့်ပါ့မယ်။
၂၀၁၆ သြဂုတ်လ၊ ၂၄ လျင် နှင့် လက်ဆင့်ကမ်းကြရမည့်အမွေ(၁)
၂၄ ရက်နေ့ ညနေ ငလျင်လှုပ်ပြီးပြီးခြင်းစတင်မြင်ရကြားရတဲ့ သတင်းဟာ
အကြီးမားဆုံး စူဠာမဏိစေတီတော်ကြီးဖြစ်ပါတယ်၊
ဒါဟာ ငလျင်စက်ဝန်းမှာ ဆတူ သက်ရောက်မှုမှာ အရေးကြီးပြီး
ကြီးမားတဲ့ ဓမ္မရံကြီး၊ သဗ္ဗညု၊ကန်တော့ပလ္လင်၊ စူဠာမဏိ၊ အာနန္ဒာ၊
ထီးလိုမင်းလို စေတီတော်ကြီးတွေတည်ငြိမ်စွာ ကျန်ရှိနေတဲ့အတွက်
စူဠာမဏိစေတီတော်ကြီး ရုပ်ပျက်ဆင်းပျက် ပြိုကျခဲ့ရခြင်းမှာ
ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းပေါ့လျော့မှုကြောင့်ဆိုတဲ့အချက်အလက်က
ထင်ရှားတယ်လို့ ထင်ပါတယ်၊ ကျန်တဲ့ အဆင့်တူစေတီကြီးများ
နည်းတူ ထိန်းသိမ်းမှု ရှိခဲ့ပါသလားဆိုတာ မှတ်တမ်းမှာ ပေါ်လွင်နိုင်ပါတယ်။
ပုဂံကိုချစ်မြတ်နိုးတဲ့ သာမန်နိုင်ငံသားတစ်ယောက်ရဲ့ အသိအမြင်မှာတင်
ကျန် အဆင့်တူ စေတီကြီးများနည်းတူယူနက်စကိုက ကူညီပံ့ပိုးတဲ့ နည်း
ပညာနှင့် တိုက်မနံရံများကို သံကူ ကွန်ကရစ်နဲ့ချုပ်ကိုင် တောင့်တင်းစေခဲ့
ပါသလားလို့ စောကြောကြည့်ရမှာဖြစ်ပါတယ်။
တက်လာသမျွှ အစိုးရတာဝန်၊ခေတ်အဆက်ဆက်ရှေးဟောင်း သုတေသန
တာဝန်လို့လက်ညှိုးထိုး စွတ်စွဲနေရင် ပေါလျော့သူစာရင်း စာရွက်သာ
ကျန်ခဲ့ပြီးစေတီပုထိုးတွေကုန်သွားခဲ့ပြီဆိုတဲ့ အဖြစ်ကို ရှေ့ဆက်လက်ကမ်း
ကြရမယ့်ခရီးအတွက် အဖြေရှာကြရမှာ ဖြစ်လို့ နှလုံးသားပါ လိုအပ်ခဲ့ပါပြီလို့
အသိပေးရခြင်းပါ။
စူဠာမဏိ ဒါယကာက ဒုတိယ ပုဂံကိုတည်ထောင်သူလို့ သမိုင်းပညာရှင်များ
သဘောညီခဲ့တဲ့ နရပတိစည်သူ လို့ခေါ်တဲ့ ဒုတိယစည်သူပါ။
ပုဂံ သမိုင်းမှာ ခေါင်းစဉ်ကောင်းများစွာ ဆုံမှတ်ပေါင်းများစွာ ရှိခဲ့သူပါ။
ဒီမြေပေါ်မှာ ရရှိလာတဲ့ ဗုဒ္ဓဘာသာကိုသန့်စင်စေခဲ့ပြီး ယနေ့လက်ခံကျင့်သုံး
နေကြတဲ့ ကိုယ်လုပ်မှ ကိုယ်ရတဲ့အဘိဓမ္မာကဲတဲ့ ဝိပဿနာကျင့်တဲ့
စတုတ္ထသံဃာယနာတင်က လာခဲ့တဲ့ သာသနာကိုရဖို့ ပုသိမ်ကဆပဒရွာသား
ရဟန်ူ ဆပဒမထေရ်ကို သီဟိုဠ်သို့စေလွှတ်ပြီး စတုတ္ထသံဃာယနာတင်တဲ့
ပိဋက သုံးပုံကိုယူဆောင်စေခဲ့တဲ့သူပါ။
အဲဒီနောက်မှာမှ ပုဂံအရှေ့တစ်ခွင်မှာဝိပဿနာကျင့်တဲ့ သီဟိုဠ်သာသနာ
ထွန်းကားတဲ့ သက်သေခံ ဝိပဿနာ ကျင့်ကြံတဲ့ တရားအားထုတ်ရာဂူများ
ဖြစ်တဲ့ သမီးဝှက်ဂူ၊ မျှားသဂူ၊တို့နဲ့အတူ ငှက်ပစ်တောင်သာသနာဂိုဏ်းတို့
ထင်ရှားပေါ်ထွန်းခဲ့သလို သူ့ဆရာသခင်ဓမ္မရံသီကို ဆောက်လုပ်လှူဒါန်းတဲ့
တရားကျင့်ရာ ဂူအခန်းငယ်များစွာနဲ့ ကျောက်ဂူဥမင်တို့ ပေါ်ထွန်းခဲ့ခြင်း
ဖြစ်ပါတယ်။
နောက် နရပတိစည်သူရဲ့ ကုသိုလ်ကဓမ္မရာဇက စေတီတော်ကြီးပါ ဓမ္မရာဇက
စေတီကြီးက ပုဂံမှာ မုခ်ပေါက် (၅) မျက်နှာရှိတဲ့ စေတီ၁၈ဆူထဲက အကြီးဆုံး
ဖြစ်တယ် ၅၅၀ ဇာတ်တော်စဥ့်ကွင်းရှိတဲ့ ၅ ဆူထဲကတစ်ဆူဖြစ်ပြီး ဓမ္မရာဇက
စေတီတော်ကြီးကို ကုန်ကျငွေ လေးသောင်းလေးရာ နှစ်ဆယ့်ခုနစ်ကျပ်လို့
မှတ်တမ်းတင်ရေးထိုးခဲ့တဲ့ကျောက်စာက မြန်မာနိုင်ငံနယ်နိမိတ်ရဲ့အကျယ်
အဝန်းကို ပထမဆုံး စတင်ရေးထိုးခဲ့တဲ့ ကျောက်စာလည်းဖြစ်ပြန်ခဲ့ပါတယ်။
စူဠာမဏိ ပြိုကျသွားပုံကိုမြင်ရတာနဲ့တင်တန်းလျက်ရှိနေတဲ့ သုကုသိုလ်တွေ
ကို သတိရပြီး ဓမ္မရာဇက လုံးပြည့် အကြီးဆုံးပူစရာမရှိ၊ ကျောက်ဂူဥမင်
ပူရပါပြီ နတ်သမီးကမ်းပါးက ကမ်းပါးစောင်း တစ်ခုကိုမေးတင်ဆောက်
ထားတဲ့ အဆောက်အဦ။မကြာခင် သတင်းတက်လာပါပြီကျောက်ဂူဥမင်
ပြိုကျပျက်စီး နရပတိစည်သူ ကုသိုလ်တွေတန်းစီပြီးစဉ်းစားလို့လည်း
မပေါ်တော့ပြီ ကျောက်ဂူဥမင် ကိုယ့်စာရင်းတွင်ထိပ်ဆုံးက ကျောက်ဂူဥမင်။
ရွှေနန်း စက္ကူ ကျောက်ဂူဥမင် လို့ပင် စာရေးဖူးတဲ့ ကျောက်ဂူဥမင်။
ပုဂံမှာ သာသနိက အဆောက်အဦ သုံးထောင်ကျော်ရှိရာမှာ သဲကျောက်နဲ့
ပြုလုပ်တဲ့ အဆောက်အဦက လေးလုံးပဲ ရှိပါတယ်။
ဒီစာရင်းကို အခုထပ်ပြီး အသိပေးပါတယ်။
၁- ရွှေစည်းခုံ
၂ - မြကန်ပိဋကတိုက်
၃ - ကျောက်ဂူ ဥမင်နဲ့
၎- နန်းဘုရား ဖြစ်တယ်။
ကိုးကွယ်ရာစေတီ၊ စာကြည့်တိုက်၊
တရားကျင့်ရာဂူဗိမာန်ကျောင်းနဲ့
နန်းကျဘုရင့်နေရာ အထိမ်းအမှတ် ဆိုပြီး ကျောက်အဆောက်အဦလေးခု
ဟာ အကြောင်းအရာနဲ့တကွ ပုဂံမြေမှာ လှပနေပါတယ်။
၁- ရွှေစည်းခုံ( တင့်တယ်လျက်)
၂- မြကန်ပိဋကတိုက်
ရာဇကုမာရ်ရဲ့ ပိဋကသုံးပုံကူးယူရေး ပရော့ဂျက်ဖြစ်တဲ့ မြကန်ရဲ့အောက်က
စက္ကူတိုက်လို့ ဒေသခေါ်တဲ့ မြကန်ပိဋက တိုက်ဟာ မြန်မာတွေရဲ့ ပထမဆုံး
စာကြည့်တိုက်ဖြစ်ပြီး သဲကျောက်နဲ့ ဆောက်လုပ်တဲ့ အဆောက်အဦ
ဖြစ်ပါတယ်၊ ညောင်ဦးကျောက်ပန်းတောင်း ကားလမ်းဖောက်လုပ်ရာမှာ
ကျောက်ကန်ထရိုက်ရရှိသူက ဖျက်ပြီး လမ်းခင်းလိုက်ပြီဖြစ်ပါတယ်၊
ပန္နက်အုတ်ခုံ ကျန်မှပဲသိရှိခဲ့တော့လည်း၊
မြန်မာတွေ စာမတတ်တာ ပထမဆုံးစာကြည့်တိုက် လမ်းခင်းလိုက်ကြရှာ
လို့ သိကြတော့ ဘယ်သူ့မှာမှ တာဝန်မရှိတော့ပါ။
၃ - ကျောက်ဂူဥမင်နဲ့ နန်းဘုရားက ပြီးခဲ့တဲ့ လတွေမှာ ရောက်တော့
သံယက်မများနဲ့ အားဖြည့်ထားတာ တွေ့ပါတယ်၊ နန်းဘုရား ပျတ်ဝတ်ဝတ်
နိမ့်ကျပေမယ့် ကျောက်ဂူဥမင်ပြိုကျခဲ့ပြီ သတင်းက ဘယ်လောက်လည်း၊
ဘယ်လိုပျက်စီးပုံလည်း ပြေးကြည့်ချင်ရတဲ့အရာက အဝင်ဝက ကျောက်ဆစ်
ပန်းတမော့လက်ရာတွေ အတွက်ပါပဲ။
နားမှာ ဧရာဝဏ်ဆင်ကို နားကပ်လုပ် ပန်ထားတဲ့ တံခါးစောင့် ဘီလူးတွေ
ရေစင်အမြိုက်အိုးလေးနဲ့ သီရိနတ်သမီး လေး အားလုံးအတွက် စိတ်ပူရတာက
အဲဒါ ဧရာဝတီမြစ်ကမ်းပါးက တစ်ခုတည်းသော ထမဆုံး ကျောက်ဆစ်
ပန်းတမော့လက်ရာပါ၊ အဲဒါ ပါသွားရင် မြန်မာ့ပထမဆုံး ကျောက်ဆစ်
လက်ရာ ဘယ်မှာ။
ကျောက်ဂူဥမင်က ပခုက္ကူထွက်တဲ့ဖက် အစွန်ဆုံးမှာပါ အဲဒီကျောက်ဆစ်
လက်ရာပါမပါက မေးရင်ကို ခတ်ခက်ခက်ပါ၊ အဝင်ဝတံခါးမ ဘယ်ညာမှာ
ကြည့်မှ မြင်မယ့်အရာပါ။
မနက် မိတ္ထီလာအရောက်မှာ ရှေ့ကသွားနှင့်တဲ့ ကိုလင်းနဲ့ ကုဋေသူက
ကျောက်ဂူဥမင် ရောက်ပြီ ပြိုသွားပြီဖုန်းဆက်တော့ ကဲ ကုဋေသူရယ်
အောက်ဆင်းပြီး အဝင်ဝက ကျောက်ဆစ်လက်ရာ အမြန်ကြည့်စမ်းပါကွယ်။
အားလုံးကောင်းတယ် အထိအခိုက်မရှိတဲ့။ ကျွန်တော့်စာရင်း ပွဲဦးထွက်
ဒီငလျင်က ကျော်ဖြတ်နိုင်ခဲ့တဲ့ ပုဂံဒေသက ကြွင်းကျန်ရစ်ခဲ့တဲ့ ကျောက်
အဆောက်အဦ ၃ ခုထဲက အဆောက်အဦ ပျက်စီးသွားပေမယ့် အဝင်ဝက
အနုပညာလက်ရာဟာ ကျန်ရစ်ခဲ့တဲ့ပုဂံခေတ်က ဗုဒ္ဓဥယျာဉ်မှာပွင့်လန်း
ခဲ့တဲ့ပန်းတမော့ ကျောက်ဆစ်လက်ရာပန်းပါ။ ဆက်လက်သယ်ဆောင်
လက်ဆင့်ကမ်းကြရန်သာ။
Myo Swe Than