CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 26, 2016
NLD ဦးဆောင်သည့် လွှတ်တော် USDP ဦးဆောင်သည့် လွှတ်တော်ကဲ့သို့ နွေးထွေးမှုမရှိဟု ရခိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ဝေဖန်
ပြီးခဲ့သည့် USDP ဦးဆောင်သည့် လွှတ်တော် ငါးနှစ်သက်တမ်းအတွင်း တပ်မတော် ခေါင်းဆောင်များ ပါဝင်သည့်အတွက် တိုင်းရင်းသား ကိုယ်စားလှယ်များ အနေဖြင့် စိုးရိမ်ကြောင့်ကျမှုများ ရှိခဲ့သော်လည်း USDP ပါတီမှ နွေးထွေးစွာ ဆက်ဆံခဲ့သည်ဟု ၄င်းကပြောသည်။
''ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်း လွှတ်တော်ကို ဖြတ်သန်းခဲ့ပြီးပြီ။ အဲဒီကာလက USDP လွှမ်းမိုးထားတယ်။ သူတို့နဲ့ စတင်ထိတွေ့တဲ့အခါ အရင်တုန်းက စစ်အာဏာရှင်တွေက တိုင်းသူ ပြည်သားတွေကို ဘယ်လောက်နှိပ်စက်ခဲ့လဲဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ ရင်ထဲကြောင့်ကျစိတ်တွေ ရှိခဲ့ပါတယ်။ လွှတ်တော်ထဲ ရောက်လာတဲ့အခါ ဗိုလ်ချုပ်ကြီးတွေပဲ ဦးဆောင်ပြီးတော့ လွှတ်တော်ကို ကြီးစိုးနေတာပဲ။
ဒါပေမဲ့ လွှတ်တော်ထဲမှာ USDP ပါတီက တိုင်းရင်းသားတွေကို နွေးနွေးထွေးထွေး ဆက်ဆံတယ်။ NLD ဦးဆောင်တဲ့ လွှတ်တော်နဲ့ ကျွန်တော်တို့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ လေးလတာ ထိတွေ့ဆက်ဆံလိုက်တဲ့ အခါမှာတော့ နွေးထွေးမှုမှာ USDP ပါတီနဲ့ ဆက်ဆံခဲ့ တဲ့နွေးထွေးမှုလောက် မရသေးတာ တွေ့ရပါတယ်''
ဟု ဦးဘရှိန်က ပြောသည်။
Source: Tomorrow J
NLD ဦးဆောင်သည့် လွှတ်တော် USDP ဦးဆောင်သည့် လွှတ်တော်ကဲ့သို့ နွေးထွေးမှုမရှိဟု ရခိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ဝေဖန်
Reviewed by MP4 YoU
on
August 26, 2016
Rating: 5
Reviewed by MP4 YoU
on
August 26, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment