Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 28, 2016

ပုဂံပြန်လည်တည်ဆောက်ရေး (ဒေါက်တာသန်းထွန်း)


ပုဂံမှာ ၈ ဂျူလိုင် ၁၉၇၅ ငလျင်ကြောင့် တော်တော်ပျက်စီးခဲ့တယ်လို့ကြားရပြီးနောက် ကျနော်တို့ မျက်မြင်ကိုယ်တွေ့ ဖြစ်အောင် ပုဂံကိုသွားကြပါတယ်။ နေ့စဉ်နဲ့အမျှ ဆယ်ရက်လောက် အပြိုအပျက်တွေကြားထဲ လှည့်လည်သွားလာပီး အပျက်မှတ်တမ်းယူပါတယ်။
့
ကျနော့်သဘောထား အချုပ်ကိုပြောရရင် စောစောက ပြောခဲ့ပီးတဲ့အကြောင်းတွေကိုမှီပီး ပုဂံခေတ် အနုပညာဆုံးရှုံးဒါက နဲတယ်။ ကုန်းဘောင်ခေတ် အနုပညာဆုံးရှုံးဒါက တော်တော်ဘဲများနေတယ်လို့ ပြောချင်ပါတယ်။

နောက်အရေးကြီးတဲ့ အချက်တချက်ပြောချင်ပါသေးတယ်။ အဆောက်အအုံမှာ သုံးစွဲတဲ့ ခေတ်သစ်ပစ္စည်းတွေဖြစ်တဲ့ သံအတွင်းသားအမာခံနဲ့ ကွန်ကရစ်အင်္ဂတေတွေသုံးပီး အထက်ဝါလေးလေးကြီးတွေကို ပျမ်းမျှလိုက်ရင် အသက်ရှစ်ရာ ရှိကြတဲ့ အုတ်ပုံအောက်ဝါပေါ်မှာ ဇွတ်မရ ရအောင်တင်ထားကြဒါဟာလဲ အင်မတန်ညံ့တဲ့ လုပ်ပုံကိုင်ပုံ ဖြစ်ပါတယ်။ ပြော့ပြော့ပေါ့ပေါ့ပစ္စည်းကို အခံထားပြီး မာမောလေးလေးပစ္စည်းကို ထိပ်ကဖိတင်ဘို့ဟာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ မကြာခင်ဘဲ အပေါ်က လေးတဲ့ပစ္စည်းဟာ စိုက်ကျမယ်၊ ကျိုးကျမယ်ပေါ့။ ဒီတခါ ဥပမာ အမြင့်ပေတရာက ကျလာမယ်ဆိုရင် အောက်ခံဂူမိုး၊ ဂူမျက်နှာကြက်နဲ့ ဂူနံရံတွေဟာ ဘယ်သက်သာပါ့မလဲ။ ငလျင်ဘေးက သေးသေး၊ ထိပ်က ပြုတ်ကျလာတဲ့ပစ္စည်းဆောင့်လို့ ပျက်တာကများများဖြစ်တော့မယ်လို့ ကြိုပီးပြောနိုင်ပါတယ်။ သိပ်ကောင်းတဲ့ ပစ္စည်းကို မသုံးတတ်ဘဲသုံးရင် ဒီလိုဘဲ ဒုက္ခပေးနေမှာဘဲ။ ဘုရားလူကြီးတွေဟာ ဘုရားငွေနဲ့ ဘုရားပြင်တဲ့အခါ အဆောက်အအုံပစ္စည်းသုံးစွဲနည်းကို ပိသုကာဆိုင်ရာ အကြံပေးချက်မပါဘဲ ကိုယ်လုပ်ချင်သလို လုပ်တာမျိုး မလုပ်သင့်ကြတော့ဘူး။
့

နိဂုံးချုပ်ပြောချင်ဒါကတော့ တကယ်လို့ အပျက်ကိုမပြင်ဘဲ နောက်ထပ်ဆက်မပျက်အောင် ထိန်းသိမ်းဒါလောက်နဲ့ မကျေနပ်နိုင်ကြရင် ဒီသုံးချက်ကို ဆင်ခြင်ပါ။
၁။ ဆွေးမတတ်ဖြစ်နေတဲ့ အုတ်ခုံပေါ်မှာ သံခံကွန်ကရစ်လောင်းတဲ့ လေးလေးလံလံထိပ်ဖျားမျိုးမတင်ကြပါနဲ့။
၂။ အခြေခံပုံစံနဲ့ ကိုက်မယ့်အထွတ်ကိုဘဲ ရွေးပီးတင်ကြပါ။ ပီးတော့-
၃။ ပုဂံခေတ်ကုန်အထိ မပေါ်ရဘူးသေးတဲ့ ပုံစံမျိုးလုပ်ရင်တော့ နဲနဲမှ လက်မခံကြပါနဲ့။
သန်းထွန်း

ပုံ = ဟံသာဝတီသတင်းစာ (၂၁ စက်တင်ဘာ ၁၉၇၅)

Tint Swe မူရင်းသတ်ပုံကို လိုသလိုပြင်မရေးလို့ ပို့စ်တင်ပေးသူကို ချီးကျူးပါတယ်။
- အချက်တချက်
- အမြင့်ပေတရာက
- တကယ်လို့

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

No comments:

Post a Comment