Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 28, 2016

ေရစီးႏွင့္အတူေမ်ာပါသြားသည့္ ေက်ာင္းဆရာမအား ေသဆံုးလ်ွက္ ျပန္လည္႐ွာေဖြေတြ႕႐ွိ


ေတာင္တြင္းႀကီး ၾသဂုတ္ (၂၈)

မေကြးတိုင္းေဒသႀကီး ၊ေတာင္တြင္းႀကီးၿမိဳ႕နယ္တြင္ ယမန္ေန႔ ၾသဂုတ္(၂၇) ရက္နံနက္(၉)နာရီခြဲအခ်ိန္ခန္႔ ေတာင္က်ေခ်ာင္းအားျဖတ္ကူးစဥ္ ေရစီးႏွင့္အတူ ေမ်ာပါေပ်ာက္ဆံုးသြားခဲ့သည့္ ေက်ာင္းဆရာမအား ယေန႔ ၾသဂုတ္ (၂၈) ရက္ နံနက္ (၇) နာရီ (၅၀) မိနစ္အခ်ိန္ခန္႔တြင္ ေသဆံုးလ်ွက္ ျပန္လည္႐ွာေဖြ ေတြ႔႐ွိၿပီျဖစ္ေၾကာင္း သိရသည္ ။


အဆိုပါ ဆရာမသည္ ေတာင္တြင္းႀကီးၿမိဳ႕နယ္ ၊ ေအာင္းစုေက်းရြာအုပ္စု ၊ ေအာင္းစုေက်းရြာေန (အဘ) ဦးခင္ေမာင္သိန္း၏ သမီး အသက္(၂၇) ႏွစ္႐ွိ မလင္းစႏၵာျဖစ္ၿပီး အမွတ္(၁၅၉) ပိတ္ဆြယ္ခံု အေျခခံပညာမူလတန္းေက်ာင္းတြင္ မူလတန္းျပ ( ေန႔စား/လေပး ) တာ၀န္ထမ္းေဆာင္ေနသူျဖစ္ေၾကာင္း သိရသည္။
၄င္းသည္ တာ၀န္ထမ္းေဆာင္ရန္ စာသင္ေက်ာင္းသို႔ သြားရာ အက်ယ္(၅၀)ေပခန္႔႐ွိ ငမင္ေတာင္က်ေခ်ာင္းအားျဖတ္ကူးစဥ္ ေရစီးႏွင့္ ေမ်ာပါသြားခဲ့ျခင္းျဖစ္သည္။ ထိုသို႔ေမ်ာပါသြားခဲ့သည့္ အခ်ိန္မွစ၍ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႔အစည္းမ်ား၊ တာ၀န္႐ွိဌာနဆိုင္ရာမ်ား၊ေဒသခံျပည္သူမ်ားက ငမင္ေခ်ာင္း႐ိုးတစ္ေလ်ွာက္စဥ္ဆက္မျပတ္ လိုက္လံ႐ွာေဖြခဲ့ၾကရာမွ ယေန႔နံနက္ပိုင္းတြင္ ငမင္ရြာ၏အေ႐ွ႕ဘက္ (၁) မိုင္ခန္႔ ၊ အခင္းျဖစ္ပြား ေမ်ာပါခဲ့သည့္ ေနရာ၏အေနာက္ဘက္ (၆)ဖာလံုခန္႔ အကြာ ငမင္ေခ်ာင္းမႀကီးႏွင့္ ပိတ္ဆြယ္ခံုေခ်ာင္းတို႔ဆံုသည့္ ေနရာအနီး ေခ်ာင္းေဘး သဲခံုေပၚတြင္ ေမွာက္လ်ွက္အေနအထားျဖင့္ ေသဆံုးေနသည္ကို ေတြ႔႐ွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


ထိုကဲ့သို႔ ေရေနာက္ေမ်ာပါေသဆံုးခဲ့ရသည့္ ဆရာမေလး၏ မိသားစုအား ေတာင္တြင္းႀကီးၿမိဳ႕နယ္ဌာနဆိုင္ရာမ်ား ၊ ပညာေရးဌာနမိသားစုမ်ားက စာနာေထာက္ထားမႈ ကူညီေထာက္ပံ့ျခင္းမ်ားျပဳလုပ္ေပးျခင္း ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းသိန္း ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဇာ္၀င္း ၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး ဦးေမာင္ေမာင္ေထြးတို႔က လိုအပ္ေသာ ကူညီမႈ ၊ ေပါင္းစပ္ညႇိႏိႈင္းေပးမႈမ်ား ျပဳလုပ္ေပးလ်ွက္႐ွိၿပီး ဆရာမ မလင္းစႏၵာ ေသဆံုးျခင္း ႏွင့္ပတ္သက္၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္ / မဟုတ္ သိ႐ွိႏိုင္ရန္ ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္း ေသမႈေသခင္း အမွတ္စဥ္ ( ၉ /၂၀၁၆ ) ျဖင့္အမႈတြဲဖြင့္လွစ္၍ စခန္းမႉး ဒုတိယရဲမႉး မ်ိဳးျမင့္ထြန္းက စံုစမ္းစစ္ေဆးေဆာင္ရြက္လ်ွက္႐ွိေၾကာင္း သတင္းရ႐ွိသည္ ။

ဗုိလ္ျပည့္ ( ေတာင္တြင္းႀကီး )
https://www.facebook.com/bopyae.taungdwingyi
..........


တောင်တွင်းကြီး သြဂုတ် (၂၈)

မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ သြဂုတ်(၂၇) ရက်နံနက်(၉)နာရီခွဲအချိန်ခန့် တောင်ကျချောင်းအားဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့သည့် ကျောင်းဆရာမအား ယနေ့ သြဂုတ် (၂၈) ရက် နံနက် (၇) နာရီ (၅၀) မိနစ်အချိန်ခန့်တွင် သေဆုံးလျှက် ပြန်လည်ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း သိရသည် ။



အဆိုပါ ဆရာမသည် တောင်တွင်းကြီးမြို့နယ် ၊ အောင်းစုကျေးရွာအုပ်စု ၊ အောင်းစုကျေးရွာနေ (အဘ) ဦးခင်မောင်သိန်း၏ သမီး အသက်(၂၇) နှစ်ရှိ မလင်းစန္ဒာဖြစ်ပြီး အမှတ်(၁၅၉) ပိတ်ဆွယ်ခုံ အခြေခံပညာမူလတန်းကျောင်းတွင် မူလတန်းပြ ( နေ့စား/လပေး ) တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
၄င်းသည် တာဝန်ထမ်းဆောင်ရန် စာသင်ကျောင်းသို့ သွားရာ အကျယ်(၅၀)ပေခန့်ရှိ ငမင်တောင်ကျချောင်းအားဖြတ်ကူးစဉ် ရေစီးနှင့် မျောပါသွားခဲ့ခြင်းဖြစ်သည်။ ထိုသို့မျောပါသွားခဲ့သည့် အချိန်မှစ၍ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ဒေသခံပြည်သူများက ငမင်ချောင်းရိုးတစ်လျှောက်စဉ်ဆက်မပြတ် လိုက်လံရှာဖွေခဲ့ကြရာမှ ယနေ့နံနက်ပိုင်းတွင် ငမင်ရွာ၏အရှေ့ဘက် (၁) မိုင်ခန့် ၊ အခင်းဖြစ်ပွား မျောပါခဲ့သည့် နေရာ၏အနောက်ဘက် (၆)ဖာလုံခန့် အကွာ ငမင်ချောင်းမကြီးနှင့် ပိတ်ဆွယ်ခုံချောင်းတို့ဆုံသည့် နေရာအနီး ချောင်းဘေး သဲခုံပေါ်တွင် မှောက်လျှက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ထိုကဲ့သို့ ရေနောက်မျောပါသေဆုံးခဲ့ရသည့် ဆရာမလေး၏ မိသားစုအား တောင်တွင်းကြီးမြို့နယ်ဌာနဆိုင်ရာများ ၊ ပညာရေးဌာနမိသားစုများက စာနာထောက်ထားမှု ကူညီထောက်ပံ့ခြင်းများပြုလုပ်ပေးခြင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးတို့က လိုအပ်သော ကူညီမှု ၊ ပေါင်းစပ်ညှိနှိုင်းပေးမှုများ ပြုလုပ်ပေးလျှက်ရှိပြီး ဆရာမ မလင်းစန္ဒာ သေဆုံးခြင်း နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် / မဟုတ် သိရှိနိုင်ရန် တောင်တွင်းကြီးမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ( ၉ /၂၀၁၆ ) ဖြင့်အမှုတွဲဖွင့်လှစ်၍ စခန်းမှူး ဒုတိယရဲမှူး မျိုးမြင့်ထွန်းက စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည် ။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
https://www.facebook.com/bopyae.taungdwingyi

No comments:

Post a Comment