Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 3, 2016

နှစ်ယောက်တွဲ ပုံတွေကို Cover Photo ချိန်းလိုက်တဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာ


 02.12.2016

ပရိသတ်တွေကတော့ စိတ်ဝင်စားလို့ နေကြပါပြီ။


အနုပညာလောကမှာ နေရာတစ်နေရာစီကို ခိုင်ခိုင်မာမာရရှိထားနိုင်သူ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ နားထားတဲ့ သရုပ်ဆောင်များ ဖြစ်ပါတယ်။ အနုပညာအလုပ်များ နားထားချိန်မှာ အဘိဓမ္မာသင် တန်းများကို အတူတူလေ့လာနေတာကိုလည်း တွေ့ရသလို ခရီးတွေလည်း သွားနေရတာကို တွေ့ရပါတယ်။
ယခင်က စိုးသူဟာ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တစ်ယောက်တည်း ပုံတင်ထားပေမယ့် ဒီဇင်ဘာ(၂)ရက်နေ့မှာ စိုးမြတ်နန္ဒာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ချိန်းလိုက်ပါတယ်။ စိုးမြတ်နန္ဒာကတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခင်ကတည်းက စိုးသူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို တင်ထားတာဖြစ်ပါတယ်။



ဓာတ်ပုံတွေ အသီးသီး တင်ထားတဲ့ သူတို့နှစ်ဦးဟာ ပရိသတ်တွေကိုတော့ ဘာမှ ပြောပြထားတာမျိုး မရှိပါဘူး။ ပရိသတ်တွေကလည်း သူတို့နှစ်ဦးကို သဘောတူနေကြသလို သူတို့ဆီက အတိအလင်းပြောပြမယ့် စကားတွေ ကိုလည်း ကြားချင်နေကြပြီ ဖြစ်ပါတယ်။

Photo : စိုးသူ ဖေ့စ်ဘွတ်၊ စိုးမြတ်နန္ဒာဖေ့စ်ဘွတ်
Duwun


 စိုးသူဇနီးဟောင်း
 မမောတမ်းမနော
 LU LU AUNG
 Htun Htun Wai Yan Wedding Reception
    Han Thi And funny gyu
    Thinzar Wint Kyaw

    No comments:

    Post a Comment