Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 23, 2016

ကွာရှင်းထားတာ မှန်ကန်ကြောင်း အတည်ပြုလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

22.10.2016

ကျန်တဲ့ ကောလဟလတွေကတော့ မဖြေရှင်းတော့ဘူးလို့ ဆိုပါတယ်။


အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ ဥက္ကာမြင့်ကြူတို့ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အတွက် နှစ်ဖက် သက်သေ လူကြီးများရှေ့မှောက်မှာ  ကွာရှင်းပြတ်စဲ လိုက်ပြီ ဖြစ်ကြောင်းကို ယနေ့ထုတ် မြန်မာ့အလင်းသတင်း စာထဲမှာ ကြော်ငြာထည့်သွင်းခဲ့ပါတယ်။


အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ကွာရှင်းထားတယ်ဆိုတာ မှန်ကန်ကြောင်း အဆိုတော် ဝိုင်းစုခိုင်သိန်းမှ Myanmar Celebrity  အင်တာဗျူးမှာ အတည်ပြု ပြောပြခဲ့ပါတယ်။


သူမရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို ပြောပြသင့်တဲ့ ကိစ္စတစ်ခုလို့ ထင်တဲ့အတွက် ပြောပြခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ကောလဟလတွေနဲ့ ပတ်သက်လို့ ဘာမှ ဖြေရှင်းစရာ မရှိပါဘူးလို့ သူမက ဆိုပါတယ်။

အောက်တိုဘာ(၂၂)ရက်နေ့တွင် ကျင်းပခဲ့တဲ့ သူမရဲ့ " ဂါ " အခွေပရိုမိုးရှင်းမှာ ပရိသတ်များနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။
Source : Myanmar Celebrity
Photo  : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်၊ နစ်ကီ/7Day Daily
ဓူဝံ






No comments:

Post a Comment