Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 9, 2016

အဆိုတော် နီနီခင်ဇော် ဂုဏ်သိက္ခာကို ထိခိုက်လိုခြင်းမဟုတ်ဘဲ မိမိဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ဖြေရှင်းလိုက်တဲ့ ဦးမျိုးမြင့်သိန်း




အဆိုတော် နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဦးမျိုးမြင့်သိန်းအနေနဲ့ ယင်းရဲ့ ဂုဏ်သိက္ခာအတွက် မီဒီယာများနဲ့တွေ့ဆုံရှင်းလင်းပွဲကို ပြုလုပ်သွားမယ်လို့ စီစဉ်ထားပြီး နီနီခင်ဇော် ၏ ဖခင် ဖြစ်သူရဲ့ တောင်းပန်မှုကြောင့် ရက်ရွှေ့ဆိုင်းသွားခဲ့ကြောင်း သိရပါတယ်။
နီနီခင်ဇော်ရဲ့ ဖခင်ဖြစ်သူက ယခုဖြစ်ပွားတဲ့ ကိစ္စတွေမှာ သူရဲ့ သမီးဖြစ်သူ နေမကောင်းပြီး စိတ်ရှုပ်ထွေးနေတဲ့အတွက် စကား အမှားတွေ ပါသွားနိုင်လို့ ခွင့်လွှတ်ပေးဖို့စက်တင်ဘာ 9ရက်နေ့ မနက်မှာ တောင်းဆိုတာကြောင့် သူ့အနေနဲ့ အဆိုပါရှင်းလင်းပွဲကို မူလက စဉ်းစားထားတဲ့အတိုင်းပြုလုပ်တော့ မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဦးမျိုးမြင့်သိန်းက ရှင်းပြခဲ့ရာမှာ “နီနီခင်ဇော်အနေနဲ့ ဘ၀ရဲ့ ကံကြမ္မာဆိုးလို့ ဆိုရလောက်အောင် ကျွန်တော့်အနေနဲ့ မတရား သိမ်းယူထားခြင်း မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်က မှ တရားဝင်လက်ထပ်ယူထားခြင်းဖြစ်ပါတယ်။ လက်မထပ်ခင်လည်း သုံးနှစ်လောက် အထိ ပံ့ပိုးပေးခဲ့ပါတယ်။ မိခင်ကိုယ်တိုင်က သမီးဖြစ်သူ အသက်ပြည့်ကြောင်း အထောက်အထားအပြည့်အစုံရှိကြောင်း သက်သေသာဓကနဲ့ ရှင်းပြခဲ့ပါတယ်။ ကျွန်တော်တို့က ရန်ကုန်မြို့ ၊ 7မိုင်ခွဲ နေအိမ်မှာ တရားဝင် လက်ထပ်ယူခဲ့တာဖြစ်ပါတယ်။ နီနီခင်ဇော်ပြောတဲ့ လွန်ခဲ့တဲ့ ရှစ်နှစ် အသက် ၁၇ နှစ်သမီးအရွယ်က ဆိုတာကတော့ မဟုတ်မှန်ပါဘူး။ ကျွန်တော့်မှာ စာချုပ်၊ စာတမ်းတွေ အထောက်အထား အပြည့်အစုံရှိပါတယ်။ နောက်ပြီး ကျွန်တော့် ရဲ့ ဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀န်းအားလုံး ကလည်း သိကြပါတယ်။ ကျွန်တော့်ဘက်က သူ့ဘ၀အတွက် ပံ့ပိုးကူညီပေးခဲ့တာတွေပဲ ရှိပါတယ်။ အခုလိုဖြေရှင်းရတာကလည်း နီနီခင်ဇော် ရဲ့ ဂုဏ် သိက္ခာပိုင်းကို ထိခိုက်စေလိုသော ရည်ရွယ်ချက်နဲ့ ဖြေရှင်းတာမျိုး မဟုတ်ပါဘူး။ အဲဒီလိုလည်း မဖြစ်စေချင်ပါဘူး။ ကျွန်တော့်ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေတဲ့ အသက်မပြည့်သူကို သွေးဆောင်ဖျားယောင်း တယ် ၊ ငွေကြေးနဲ့ သိမ်းယူထားတယ် ဆိုတဲ့ အမြင်မှားမှုတွေ ရှိနေကြတာကြောင့် ကျွန်တော့်ရဲ့ ဂုဏ် သိက္ခာအတွက် သက်သက်သာ ဖြေရှင်းရခြင်းဖြစ်ပါတယ် “ လို့ စက်တင်ဘာလ ၈ရက်နေ့ ည၁၀ နာရီခန့်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ပရိသတ်ကို တစ်စုံတစ်ရာ ရှင်းလင်းပြောကြားဖို့ အတွက် နီနီခင်ဇော့် ကို ဖုန်းဆက်မေးမြန်းရာမှာလည်း မိခင်ဖြစ်သူက အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပြောကြားစရာမရှိပါကြောင်းဖြေဆိုခဲ့ပါတယ်။
NEWS: # ဒဂုံဝေလင်း
Photo# U MYO MYINT THEIN 'S FB
Sunday Journal

No comments:

Post a Comment