Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 4, 2016

Gossip Column(အတိတ်ဇာတ်ကြောင်းကို တူးဆွခံလိုက်ရတဲ့ နိုင်ငံကျော်ရုပ်ရှင်မင်းသမီး)


လူတိုင်း လူတိုင်းမှာ အတိတ်နောက်ကြောင်း ရာဇဝင်ရှိတတ်ကြပါတယ်။ အတိတ်မှာ မှန်တာတွေလုပ်ခဲ့တာလည်းရှိသလို အမှားအယွင်းတွေလည်း လုပ်ရင်လုပ်မိတတ်ခဲ့ကြမှာပါ။ သာမန်လူတစ်ယောက်ရဲ့ အတိတ်အကြောင်းတွေကို ဘယ်သူကမှ စိတ်မဝင်စားတတ်ကြပေမယ့် နာမည်ကျော်ဆယ်လီတစ်ယောက်ရဲ့ အတိတ်အကြောင်းကိုတော့ မည်မျှပင်ရိုးစင်းပြီး မထူးဆန်းပါစေ၊ ပရိသတ်တွေအနေနဲ့ အလွန် စိတ်ဝင်စားတတ်ကြတာ သဘာဝပါ။

ယခုရက်ပိုင်းကမှ မြန်မာပြည်ရဲ့ အကောင်းဆုံးဟိုတယ်ကြီးတွေမှာ မင်္ဂလာအခမ်းအနားတွေ၊ ညစာစားပွဲတွေကျင်းပ၊ မင်္ဂလာဆောင်အကြိုဓါတ်ပုံတွေကို ဝေဝေဆာဆာရိုက်ကူးပြီး၊ ငွေကုန်ကြေးကျများစွာဖြင့် ခမ်းခမ်းနားနား မင်္ဂလာဆောင်ခဲ့တဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးလေးတစ်ဦးရဲ့ အတိတ်နောက်ကြောင်းတွေဟာ သူမတို့စုံတွဲ ပြည်ပနိုင်ငံတွေကို ဟန်းနီးမွန်း မထွက်သေးခင်မှာပဲ လူမှုကွန်ယက် အွန်လိုင်းပေါ်မှာ မွှေးပျံ့လာခဲ့ပါပြီ..။

 အောင်မြင်မှုလမ်းကြောင်းပေါ်ကို သူမခြေချမိစဉ်မှာပဲ ကိုကြီးနဲ့ အမှတ်မထင် ဆုံဆည်းခဲ့ပါတယ်။ ကြေငြာတစ်ခုရိုက်ကူးဖို့ သူမကိုလာငှားရင်း စတင်ဆုံဆည်းခဲ့ကြတဲ့ ကိုကြီးဟာ သိပ်မကြာခင်မှာပဲ အရင်းနှီးဆုံးသူတွေ ဖြစ်ခဲ့ကြပါတယ်။ သူမရဲ့ အိမ်ကိုပါ အဝင်အထွက်ရှိခဲ့ပြီး ကိုကြီးဟာ သူမရဲ့မိဘတွေနဲ့ပါ အင်မတန် ခင်မင်ရင်းနှီးခဲ့တယ်ဆိုတာကို မိသားစုနဲ့ ယှဉ်တွဲရိုက်ကူးထားတဲ့ ဓါတ်ပုံတွေက ပြောပြနေပါတယ်။ ကိုကြီးဟာ အိမ်ထောင်သည် ကလေးအဖေဖြစ်တာကြောင့် ကိုကြီးရဲ့ အမျိုးသမီးက ဒီကိစ္စတွေအပေါ် မျက်စိစပါးမွှေးဆူးပါလေရောပေါ့။
အဲဒီနောက်ပိုင်းမှာ ကိုကြီးရဲ့ ခင်မင်မှုတွေပိုခဲ့ပြီး သိန်း ၁၅၀၀ အကုန်ကျခံပြီး အိမ်ပြင်ပေးခဲ့သလို၊ ရုပ်ရှင်အစည်းရုံးမှာ သိန်း ၅၀၀ ရှယ်ယာထည့်ပေးခဲ့ပါတယ်။ ကိုကြီးရဲ့ စေတနာမေတ္တာတွေက သူမအပေါ် ဒီလောက်လေးနဲ့တော့ မပြီးသွားခဲ့ပါဘူး။ စိန်တစ်ဆင်စာ၊ တန်ဖိုးအကြီးဆုံးနာရီနဲ့ လက်ဝတ်လက်စားတွေအပြင် ရှုတင်သွားရင် မျက်နှာငယ်မှာစိုးလို့ သိန်း ၂ထောင်ကျော်တန် ကားလဲ ဝယ်ပေးခဲ့ပါသေးတယ်။

၂၀၁၅ ခုနှစ် အကယ်ဒမီမှာ လွဲခဲ့ရတဲ့ “ကျွန်တော့်ရည်းစားဘုရားမှာနေသည်” ဆိုတဲ့ ဇာတ်ကားအတွက် သိန်း ၅၀၀ ကိုလည်း ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းလှတဲ့ ကိုကြီးတစ်ယောက် ကုမ္ပဏီကပိုက်ဆံတွေကို အလွဲသုံးစားလုပ်မှုနဲ့ ထောင်တစ်နှစ်ကျပြီး ဘဝပျက်သလို ဖြစ်သွားခဲ့ပါတယ်။ အမှုနဲ့  ဆက်စပ်နေတာကြောင့် ကိုကြီးပံ့ပိုးပေးခဲ့တဲ့ သိမ်းလို့ရတဲ့ ပစ္စည်းမှန်သမျှကို ဆိုင်ရာက ပြန်သိမ်းသွားပါရော။ ပြသနာအဖြစ်မခံလိုတဲ့သူမ ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲ ပြန်ပေးခဲ့ပါတယ်။


ဒါတွေအားလုံးက ကျန်ခဲ့ပါပြီ အတိတ်ကို ကန်လန့်ကာချပြီး ကိုကြီးဆိုတာကို ခေါင်းထဲက ထုတ်ကာ ကိုယ့်ဘဝလမ်း ကိုယ်ဆက်လျှောက်နေဆဲမှာပဲ ကိုကြီးက သူ့ဘဝကို ပြန်လည်ထူမတ်ပြီး သူ့အနားပြန်ရောက်လာဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူမမှာ လှပတဲ့အနာဂါတ်တွေကို ပိုင်ဆိုင်နေပြီလေ သူမလှည့်မကြည့်တော့ပါဘူး…။

လှုမှုကွန်ယက် အွန်လိုင်းမီဒီယာ (Cele Cele Small) စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ သူမရဲ့ သတင်းတွေဟာ အမှန်သာဖြစ်နေခဲ့မယ်ဆိုရင် သူဟာ စပွန်ဆာယူခဲ့သလား..? ကျေးဇူးကန်းသလိုဖြစ်ခဲ့သလား..? ဆိုတာကိုတော့ ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်တွေပေါ်မှာပဲ အဖြေရှိပါတယ်။

လူဟာ အမှားနဲ့ မကင်းတဲ့အတွက် အတိတ်မှာ ရှိခဲ့ဖူးတဲ့ အဖြစ်အပျက်အချို့ကိုတော့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ မှားခဲ့သည်ဖြစ်စေ မှန်ခဲ့သည်ဖြစ်စေ ပရိသတ်ကိုတုံ့ပြန်မှုပြုတဲ့အခါ သတိပြုဆင်ခြင်နိုင်ဖို့ အရှေ့မှာ နီးနီးကပ်ကပ် ဖြစ်ပျက်ခဲ့တဲ့ကိစ္စတစ်ခုကို သင်ခန်းစာယူဖို့လိုမယ်လို့ ယူဆမိပါတယ်။
credit: cele cele small
via http://www.popolay.com/program-detail.php?pml=7106






















No comments:

Post a Comment