Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 11, 2016

နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင် ပြန်လည်ရှင်းလင်းထားတဲ့ သူတို့နှစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း အပြည့်အစုံ


 * နီနီခင်ဇော်က ဖြေထားပါတယ်။ အသက် (၁၇) နှစ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စဆိုတော့ ဥပဒေအရကြည့်ရင် သူအသက်မပြည့်​သေးပါဘူး။
ကျွှန်တော် ပြောချင်တာလည်း အဲ့ဒါပါပဲ။ ကျွန်တော်က ဘာသတင်းတွေပဲထွက်ထွက် သူကိုယ်တိုင်ရော အခြားသူတွေကရော ဘာတွေပဲပြောပြော စိတ်ထဲဘာမှမရှိပါဘူး။ အဓိကက ကျွန်တော်ချစ်တဲ့သူ အဆင်ပြေတာ မြင်နေရရင် ကျေနပ်ပါတယ်။ ဒါပေမယ့် သူဒီလိုဖြေလိုက်တဲ့ကိစ္စမှာ ကျွန်တော့်အပြင် ကျွန်တော့်မိသားစုနဲ့ အသိုင်းအဝိုင်းက ဘယ်လိုမှ လက်မခံနိုင်ကြတော့ပါဘူး။ ဒါကြောင့် အမှန်တရားကို ပြောဖို့ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် အစအဆုံး ပြောပြပါမယ်။

သူနဲ့ကျွန်တော် စတွေ့တော့ ၂၀၀၈ ဒီဇင်ဘာ (၇) ရက်နေ့ပါ။ သူက ၁၉၉၁ သြဂုတ် (၃၁) မှာ မွေးပါတယ်။ ဒါဆို သူ့အသက် ၉၁၇၀ နှစ် (၄) လ ရှိပါပြီ။ ဒါက ခင်ကြတဲ့အဆင့်ပါ။ မိတ်ဆွေဖြစ်ခဲ့ကြတယ်။ သူ့အိမ်ဝင်ထွက်တယ်။ လက်ထပ်တာက တစ်နှစ်ခွဲအကြာ ၂၀၁၀ ဇွန် (၁၀) ရက်နေ့ပါ။ အဲ့ဒီအချိန် သူအသက် (၁၈) နှစ်နဲ့ (၁၀) လပါ။ ဥပဒေအရ (၁၈) နှစ်ပြည့်ပေမယ့် (၂၀) အောက်ဆိုရင် အုပ်ထိန်းသူခွင့်ပြုမှဆိုတော့ သူ့အမေ ဒေါ်နီမာ ကိုယ်တိုင် လက်မှတ်ထိုးပေးခဲ့ပါတယ်။ သူ့အဖေကတော့ ဟိုးအရင်ကတည်းက သူ့အနားမရှိတော့ မပါခဲ့ပါဘူး။ သူ့အဖေနဲ့ သူ့အမေက တရားဝင်ကွာရှင်းပြီးသားပါ။

* အန်ကယ်ကတော့ ကလေးတစ်ယောက်အဖေ မုဆိုးဖိုပေါ့။
ဟုတ်ပါတယ်။ ကျွန်တော့်ဇနီးဆုံးတာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ (၂၆) ရက်နေ့ပါ။

* နီနီခင်ဇော်နဲ့ ဘယ်မြို့၊ ဘယ်နေရာမှာ လက်ထပ်ခဲ့တာပါလဲ။
သူက တရားရုံးမှာ လက်မထပ်ချင်ဘူးတဲ့။ ဒါ့ကြောင့် ရန်ကုန်တိုင်းတရားသူကြီး ဦးခင်စောကို ခေါ်ပြီး အိမ်မှာပဲ လက်မှတ်ထိုးခဲ့တာပါ။ ကျွန်တော့် အိမ်မှာပါ။ ရှေ့နေ ဦးခင်ညွှန့် ပါပါတယ်။ သူလည်း ခုချိန်ထိ ရှိနေပါတယ်။

* အန်ကယ်နဲ့ နီနီက ချစ်သူတွေဖြစ်ပြီး ယူခဲ့ကြတာလား၊ လူကြီးတွေ ပေးစားခဲ့တာလား။
ကျွန်တော် အသေးစိတ် ပြောပြပါ့မယ်။ သူနဲ့ ကျွန်တော် ခင်တဲ့နောက်ပိုင်းမှာ သူတို့မိသားစုရဲ့ အဆင်မပြေမှုတွေ မြင်ရတယ်။ မှန်တာပြောရင် ကျွန်တော်က သူ့ကို သမီးတေစ်ယောက်လိုပဲ သဘောထားခဲ့တာပါ။ တစ်ခြား ဘာပက်သက်မှုမှ မရှိခဲ့ပါဘူး။ သူက ကျောင်းတစ်ဖက်နဲ့ ကျွန်တော့်ညီတွေရဲ့ တိုက်က အခန်းတစ်ခန်းမှာ ကလေးတွေကို ကျူရှင်ပြတာလည်းလုပ်ပါတယ်။ ပြီးတော့ သီချင်းနဲ့ပက်သက်တာတွေလည်း လုပ်နေပါတယ်။ ကျွန်တော့်ညီ လင်မယားကလည်း အများကြီးကူညီပေးကြပါတယ်။ တစ်နေ့ ကျွန်တော့်ညီအိမ် ကျွန်တော်သွားတော့ ကျူရှင်ဆင်းမယ့် ကလေးတွေဘက်က စာလာသင်တာပျက်လို့နဲ့တူတယ်၊ ကျူရှင်သင်မှာလား အဆိုတော်ဖြစ်ချင်တာလား ဆိုပြီး သူ့ကို အပြစ်တင်လိုက်တဲ့အသံ ကျွန်တော်ကြားလိုက်ရပါတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်သူ့ကို တစ်လသုံးသိန်း ကျောင်းစရိတ်ဆိုပြီး ထောက်ပံ့ပါတယ်။ လုံးဝအဖြူထည်သက်သက်ပါ။ ကျွန်တော့်သမီးက ပညာသင်နိုင်တဲ့ အခြေနေမျိုးမဟုတ်တော့၊ ငါ့သမီးလေးသာဆိုရင် ဆိုတဲ့ စိတ်နဲ့ပါ။

* ဟုတ်ကဲ့. . . ဆက်ပြောပါရှင်. .
ဒီလိုပဲ ငွေကြေးထောက်ပံ့သလို သူ့အလုပ်ကိစ္စတွေအတွက်လည်း ကားနဲ့ အကြိုအပို့ လုပ်ပေးခဲ့ပါတယ်။ ကျောင်းလည်း အကြိုအပို့ လုပ်ပေးခဲ့ပါတယ်။ သူ့ကို ယူဖို့လည်း အစီစဉ်လုံးဝမရှိခဲ့ပါဘူး။ သူနဲ့ Sex ကိစ္စပက်သက်မှုလည်း လုံးဝမရှိခဲ့ပါဘူး။ သူ့မှာချစ်သူရှိပါတယ်။ နာမည်က ဒေါက်တာ. . . . ပါ(နာမည်ပြောပါတယ်)။ အဲဒီဒေါက်တာမှာက တရားဝင်ဇနီးနဲ့ ကလေးရှိပါတယ်။ တစ်နေ့ အဲဒီလူရဲ့ဇနီးက နီနီခင်ဇော်တို့ အိမ်အောက်ကနေ (နီနီခင်ဇော်နဲ့ ကျွန်တော့်ညီတို့က မျက်နှာချင်းဆိုင်အခန်းပါ) နီနီခင်ဇော်ကို လင်ခိုးမ ဆိုပြီး တစ်ရပ်ကွက်လုံးကြားအောင် လာဆဲပါတယ်။ အဲဒီညမှာပဲ ကျွန်တောာ့်ကို သူဖုန်းဆက်ပါတယ်။ သူ့ကို လက်ထပ်ပါတဲ့။ သူ ဒီရပ်ကွက်မှာ မနေရဲတော့ဘူးတဲ့။ ကျွန်တော် အတန်တန်ပြောပါတယ်၊ အသက် (၄၀) ကွာတယ်၊ လက်မထပ်ချင်ဘူးလို့။ သူ့အမေကလည်း လက်ထပ်ဖို့ အကြိတ်အနယ်ပြောပါတယ်။

* အဲ့ဒါနဲ့ လက်ထပ်ဖြစ်သွားတာလား။
ကျွန်တော် သေသေချာချာပြောပါတယ်။ လက်ထပ်တာက လွယ်တာမဟုတ်ဘူး၊ ယူပြီးရင် ကွဲတာကွာတာ မဖြစ်ချင်ဘူး။ တရားဝင်သွားပြီနော် သေချာစဉ်းစားစေချင်တယ်လို့ အဲ့လိုပြောလို့ သူ့အမေက ယူစေချင်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း စီစဉ်လိုက်တယ်။ နောက်နေ့ လက်ထပ်တော့မယ်၊ အဲဒီည ကျွန်တော့်အိမ်လာကြသေးတယ်။ သူတို့ပြန်ခါနီး ကျွန်တော် ထပ်ပြောလိုက်သေးတယ်၊ သေချာပြီနော်၊ ဒီညထပ်စဉ်းစားပါ စိတ်ပြောင်းသွားရင် ဖုန်းဆက်လိုက်ပါ။ မနက်အစီစဉ်တွေအားလုံး ဖျက်လိုက်ပါ့မယ်လို့။ နောက်နေ့မနက် ကျွန်တော် သူတို့ကို သွားကြိုတော့ သူက ဘာပြောလဲဆိုရင် စဉ်းစားလား မစဉ်းစားလားဆိုရင် အိမ်လည်းရောက်ရော တန်းအိပ်ပစ်လိုက်တယ်တဲ့။ မနက် ဦးမျိုးလာမှ အောက်ဆင်းလာတော့တာတဲ့။

* အန်ကယ့်ဘက်ကရော ဘာကြောင့်လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။
ကျွန်တော်စဉ်းစားတာပေါ့ အသက်လဲကွာတယ်လေ ဒါပေမယ့် သူနဲ့ သူ့အမေပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လက်ထပ်ဖြစ်ခဲ့တာပါ။

* ဘာများလဲရှင့်. . .။
တစ်ကယ်တော့ ဦးမျိုးကို စတွေ့တဲ့နေ့ကတည်းက သမီးက ချစ်ခဲ့တာတဲ့။ သူ့အမေကလည်း သူ့ရည်းစားနဲ့ သူနေနေရပေမယ့် သူက အစ်ကို့ကိုပဲ တ,နေတာတဲ့။ ဒီစကားကြားတော့ ဪ. . .ငါ့ကို တစ်ကယ်ချစ်မြတ်နိုးတာပဲဆိုတဲ့ စိတ်နဲ့ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

* အန်ကယ့်သမီးကိုရော သဘောတူ၊ မတူ မေးကြည့်ခဲ့ဖူးလား။
ကျွန်တော့်သမီးက သူ့ကို တစ်အားချစ်တယ်။ သမီးက ဉာဏ်ရည်လည်း မကောင်းရှာဘူး။ သူ့ကို ဘယ်လောက်ချစ်သလဲလို့ အမှတ်တရတစ်ခုပြောရရင် ကျွန်တော်တို့ မင်္ဂလာဦးညမှာ အိမ်ကို ခဲနဲ့ အပေါက်ခံရတယ်။ ကျွန်တော်က ဘယ်ကပေါက်လဲပေါ့။ သမီးပေါက်တာဖြစ်နေတယ်။ သူကထုံးစံအတိုင်း နီနီခင်ဇော်နဲ့ အိပ်နေကျဆိုတော့ နှီနီခင်ဇော်နဲ့ အိပ်ဖို့လာတယ်၊ နီနီက သူ့ကိုမောင်းထုတ်လိုက်တယ်။ ဒီတစ်ခါအိပ်လို့မရဘူးဆိုတော့ သူစိတ်ဆိုးသွားတယ်။ အမျိုးတွေကတောင် ရယ်စရာပြောပါတယ်၊ နီနီက ဦးမျိုးနဲ့ မညားခင်ကတည်းက သမီးနဲ့ ညားနေတာဆိုပြီး။ သမီးချစ်တာတွေ အသေးစိတ် ကျွန်တော်မပြောတော့ပါဘူး။ သီချင်းတောင် သူ့သီချင်းပဲ နားထောင်တာပါ။ သမီးက အစွဲအလန်းကြီးတယ်လေ။

* မင်္ဂလာဦးအမှတ်တရ တင်တောင်းတာမျိုးရော ရှိခဲ့လား။
ငွေကြေးပုံပေးခဲ့တာတော့ မရှိခဲ့ပါဘူး။ အမှတ်တရ လက်ဝတ်လက်စားဝယ်ပေးခဲ့တာတော့ ရှိပါတယ်။ ထပ်ပြီး အံ့သြဝမ်းနည်းစရာတစ်ခုက အရင်ကျွန်တော့်ဇနီးက စိန်တွေစုတာ တစ်အားဝါဿနာပါတယ်။ စိန်လက်ဝတ်လက်စားတွေ အများကြီးပဲ။ ကျွန်တော်တို့ မင်္ဂလာဆောင်ပြီးတော့ သမီးက အဲ့ဒီအထုတ်ကိုယူပြီး နီနီခင်ဇော်ကို အထုတ်လိုက်ပေးလိုက်တယ်။ သူ့သဘောနဲ့ သူချစ်လို့ပေးတာပါ။ ကျွန်တော်ကတော့ မယူခင်ကတည်းက ကျောင်းစရိတ် တစ်လသုံးသိန်းကို ၂၀၀၉ ခုနှစ်ကတည်းက တစ်လမပြတ် ပေးခဲ့ပါတယ်။ ကျောင်းပြီးတဲ့အထိပေါ့။ သူ့အမေကပြောပါတယ် အစ်ကို့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူးတဲ့ (ပြုံးလျက်)။ သူ့မှာ ချစ်သူရှိလျက်နဲ့ ဘာလို့ပေးလဲဆိုတော့ သမီးကသူ့ကိုချစ်တယ်။ သူ့ကို စံထားတယ်။ နောက်သူ့မှာ အမေမရှိဘူး။ အဲဒီအချက်တွေကြောင့် ဘာမျှော်လင့်ချက်မှမထားပဲ ပေးခဲ့တာပါ။

* ဘွဲ့ယူတော့ အန်ကယ်ရှိသေးတယ်ပေါ့။
ဘွဲ့က စောင့်ရတယ်လေ။ ဟောက်ဆင်းတဲ့အထိ ကျွန်တော်နဲ့ မကွဲသေးပါဘူး။ ဘွဲ့ယူတော့ ကျွန်တော်သူနား မရှိတော့ပါဘူး။

* ဘယ်နှစ်နှစ်ပေါင်းရပြီး ဘယ်အချိန်မှာကွဲခဲ့တာလဲ။
သုံးနှစ်ကျော်ပေါင်းခဲ့ရတယ်။ ၂၀၁၃ ခုနှစ်မှာ တရားဝင်ကွာခဲ့ကြပါတယ်။ ကွာရှင်းခါနီးကလည်း ကျွန်တော့်ကို လိမ်ခဲ့ပါတယ်။ သူနိုင်ငံခြားမှာအပြီးနေတော့မယ် လိုက်မလား။ မလိုက်ရင် ကွာရှင်းပေးပါတဲ့။ ကျွန်တော်ကသမီးနဲ့ ဘယ်လိုမှလိုက်လို့မဖြစ်တာ သူသိတယ်လေ။ သူနဲ့ကျွန်တော် ပေါင်းသင်းတဲ့ကာလမှာ တစ်ခါမှ ရန်မဖြစ်ခဲ့ပါဘူး။ အဲ့ဒ်အချိန် သူ့အဖေပြန်ရောက်လာပါတယ်။ ပြောတယ်။ ကျွန်တော်က သူ့သမီးကို လိမ်လည်ပြီးယူတာတဲ့။ အဲဒီအချိန် နီနီပြန်ပြောလိုက်တဲ့ စကားကိုတော့ ကျွန်တော် ကျေးဇူးတင်ပါတယ်။ “အဖေ. . . ဦးမျိုးက သမီးကို ဂွင်ဆင်ပြီးယူတာမဟုတ်ဘူး။ သမီးက ဦးမျိုးကို ဂွင်ဆင်ပြီး ယူခဲ့တာပါ” တဲ့။

* ကွာရှင်းပြီးနောက်ပိုင်း အဆက်အသွယ်ရှိသေးလား။
သူ့သဘောကျ ကျွန်တော် ကွာရှင်းလက်မှတ်ထိုးပေးမယ်ဆိုတော့ ကျွန်တော်တစ်ခုပဲ တောင်းဆိုတယ်။ နင့်အမေကိုတော့ ခေါ်မလာနဲ့တော့ ငါမမြင်ချင်ဘူးလို့ သူ မခေါ်လာခဲ့ပါဘူး။ တက္ကသိုလ်ရိပ်သာလမ်းက ဖူဂျီဟောက်စ်မှာ ကွာရှင်းခဲ့ကြတာပါ။ သူ့သူငဘ်ချင်းခေါ်လာပါတယ်။ လက်မှတ်ထိုးပြီးတဲ့အချိန် သူပြောတယ်။ သူ့ကိုဆက်ပြီး စောင့်ရှောက်ပေးပါတဲ့။ တစ်လတစ်ခါတော့ အနည်းဆုံး ဖုန်းဆက်ပေးပါတဲ့။ သူလည်းဆက်ပါ့မယ်တဲ့။ အဲဒီနေ့ကစပြီး ကျွန်တော်သင်္ဘောပြန်မထွက်ခင်အထိ သူနေ့တိုင်း ဖုန်းဆက်ပါတယ်။

* ကွာရှင်းပြီးတဲ့တိုင် အဆက်အသွယ်ရှိတယ်ပေါ့။
ဟုတ်ပါတယ်။ ကွာရှင်းမယ်ဆိုတာ သိပြီးပေမယ့် ကွာရှင်းစာချုပ်မှာ လက်မှတ် မထိုးပေးရမချင် မင်္ဂလာနှစ်ပတ်လည်တိုင်း ကျွန်တော်သူ့ကို လက်ဆောင်တွေ ပေးနေတုန်းပါ။ ကွာရှင်းပြီးတော့လည်း သူမှာလိုက်တဲ့အတိုင်း သင်္ဘောပေါ်ကတောင်မှ တစ်လတစ်ခါ မဖြစ်မနေဖုန်းဆက်ပါတယ်။ ကျွန်တော်သူ့ကို စိတ်နာစရာတစ်ခုတော့ ပြောခဲ့မိလိုက်တယ်။ သူ ဘွဲ့ယူစဉ်ကပေါ့။ အမှန်တော့ Congratulation လှမ်းလုပ်ရင်းကနေ သူတို့မိသားစုဓါတ်ပုံတွေတက်လာတော့ “ဪ. . ခုဘေးမှာ ရပ်နေကြတဲ့သူတွေက ဒီပညာရေးအတွက် ဒီဘွဲ့ရဖို့အတွက် ဘာတစ်ခုမှ မလုပ်ပေးခဲ့ကြဘူးနော်” လို့ ပြောလိုက်မိတော့ သူတင်းပြီး ဖုန်းချသွားတယ်။ အဲဒီနေ့ကစပြီး အဆက်အသွယ်ပြတ်သွားပါတယ်။ ကျွန်တော့်ဖုန်းကို သူဘလောခ့်လုပ်လိုက်ပါပြီ။ တစ်ရက်မှာ တစ်ခြားဖုန်းနဲ့ခေါ်ကြည့်တော့ သူ့အစ်ကိုကိုင်တယ်။ နောက်သူ့အဖေက ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ ကျွန်တော်နဲ့ တွေ့ချင်တယ်ဆိုလို့ ဂန္ဓမာဟိုးဆေးမှာ ချိန်းလိုက်တယ်။ အဲဒီမှာ သူ့အဖေကပြောတယ်။ “ကျွန်တော့်သမီးကို မနှောက်ယှက်ပါနဲ့” တဲ့။ ကွဲချင်တယ်ဆိုတာတောင် အေးအေးဆေးဆေးကွဲပေးခဲ့တာပါ။ မနှောက်ယှက်ပါဘူးလို့ ပြောတော့ သူကဆက်ပြောတယ်။ “သမီးက ပြောပါတယ်တဲ့၊ အစ်ကိုကြီးက ကတိသစ္စာကို အရမ်းတန်ဖိုးထားတဲ့သူပါတဲ့”။ ပေါင်းလာတဲ့ သုံးနှစ်ကျော်မှာ သူနဲ့ပက်သက်ပြီး ကတိပေးပြီးတာမှန်သမျှ ဖြစ်အောင်လုပ်ပေးခဲ့တယ်လေ။ ကျွန်တော်က ကတိနဲ့ သစ္စာကို အသက်ထက်ပိုတန်ဖိုးထားတယ်။ အသက်ပဲအသေခံချင်ခံမှာပါ။ အဲ့ဒီမှာကတိပေးလိုက်ပါတယ်။ နောက်မဆက်သွယ်တော့ပါဘူးလို့၊ တစ်ခုတော့ ပြောလိုက်တယ်။ သူက တော်တဲ့မိန်းကလေးပါ။ ဒါပေမယ့် မလိမ်ပါနဲ့လို့။ အိမ်ထောင်ကျဖူးတာ ဘာဖြစ်လဲ ပြတ်ပြတ်သားသားပြောပါ။ ယူချင်တဲ့သူက ယူမှာပါပဲလို့။ ဒါပေမယ့် ဆီးဂိမ်းမှာတောင် အပျိုလို့ လိမ်ခဲ့ကြတယ်။ ဆီးဂိမ်း မကျင်းပခင်က နေပြည်တော်ကို လေးခေါက်တိတိ လိုက်ပို့ဖူးတယ်။ လေ့ကျင့်ကြတဲ့ အချိန်ကပေါ့။ ကျင်းပတော့ ကွဲပြီးသွားပြီ။ လိုက်ပို့တုန်းကလည်း လေ့ကျင့်တဲ့နေရာကို မခေါ်ပဲ ဟိုတယ်မှာပဲ သူ့အမေက ကျွန်တော့်ကို စောင့်​နေခိုင်းပါတယ်။

* အခု အွန်လိုင်းပေါ်တက်နေတဲ့ ပိုစ့်တွေ၊ သတင်းတွေ အန်ကယ့်ဆီက ထွက်တာလား။
ကျွန်တော် သူ့ကိုချစ်တယ်။ ခုလည်း ချစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာစိတ်ကူးထဲတောင် မရှိခဲ့ပါဘူး။ ကဲ. . ယုတ်မာပြီး လုပ်မယ်ဆို ကျွန်တော့်မှာ ဒီထက်သေချာခိုင်မာတဲ့ ပုံတွေအများကြီးလေ၊ ဒီပုံလောက်နဲ့ ဘယ်လုပ်ပါ့မလဲ။ သူ့ကို အခုလို အောင်မြင်တိုးတက်စေချင်ခဲ့တာလေ။ ကျွန်တော်နဲ့ နေနေ၊ မနေနေ ကျွန်တော်ဖြစ်စေချင်တာ သူဖြစ်နေရင် ကျွန်တော် ကျေနပ်တယ်။ သူက တစ်ကယ်တော်တဲ့ မိန်းကလေးပါ။

* ဒါဆို ဒီသတင်းရဲ့ ရင်းမြစ်က အန်ကယ် မဟုတ်ဘူးပေါ့။
ကျွန်တော် သူ့အဖေကို ကတိပေးပြီးသားလေ။ နောက်တစ်ခု သမီးမမေးပေမယ့် ကျွန်တော်ဖြေမယ်။ ကျွန်တော် သူ့ပိုက်ဆံကို ခုချိန်ထိ တစ်ကျပ်မှ မစားခဲ့ဘူးနော်။ သူကတော့ ပေးချင်ခဲ့ရှာပါတယ်။ ဒါပေမယ့် ဒီငွေတွေအားလုံးက သူ့အမေကပဲ ကိုင်တာလေ။ ခရီးသွားပြီးပြန်လာရင် လက်ဆောင်လေးတွေတော့ ဝယ်ခဲ့ရှာပါတယ်။ ပြောရရင် သူက ငွေတစ်ခုတည်းကြောင့် ကျွန်တော့်ကို လက်ထပ်ခဲ့တာ မဟုတ်သလို ကျွန်တော်ကလည်း စပွန်ဆာပေးတာ မဟုတ်ပါဘူး။ တစ်ကယ့်ကို အတည်တကျနဲ့ သံယောဇဉ်ရှိခဲ့ကြတာပါ။

* ဒီပြဿနာဖြစ်တော့ အဆက်အသွယ်ရသေးလား။
မရဘူး။ ကျွန်တော်က စဉ်းစားလိုက်သေးတယ်။ သူ့အဖေကို ဆက်ပြီး သတိပေးရင်ကောင်းမလားလို့ ကျွန်တော့်ကို မဟုတ်တာတွေပြောထားတာ ပြန်ဖြေရှင်းပါလို့၊ ပြောရင်လည်း ဖြေရှင်းပေးမယ်လို့ မထင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူပြောသမျှ အမှားတွေချည်းပဲလေ။ ဒါကို ဖြေရှင်းလိုက်ရင် သူပြန်ပြင်ရမယ်။ ပြန်ပြင်လိုက်ရင် နီနီခင်ဇော်ဆိုတာ ခုတစ်မျိုး တော်ကြာတစ်မျိုးပြောတဲ့ သူလို့၊ လူတွေ မြင်ကုန်မှာပေါ့။

* ဒါဆို နီနီခင်ဇော် အွန်လိုင်းပေါ်မှာ ပြောခဲ့တာတွေက အမှားတွေပေါ့။
ပြောခဲ့တာတွေထဲမှာ (၉၀) ရာခိုင်နှုန်းဟာ အမှားတွေပါ။ သူ့ဘဝ (၁၇) နှစ်မှာ ဖျက်ဆီးခဲ့တယ်။ (၁၈) နှစ်မှာ ပြီးသွားတယ်တို့ တစ်ယောက်တည်း ရုန်းကန်ခဲ့တယ်တို့ဆိုတာကတော့ လုံးဝမှားပါတယ်။ စီးရီးထွက်ဖို့ သူ့ဟာသူ ကြိုးစားခဲ့တာတော့ မှန်တယ်။ သူငွေတွေ ရှာနိုင်နေပြီဆိုတော့ သူ့ဟာသူ လုပ်ချင်တယ်တဲ့။ သူမရှာနိုင်တုန်းက ကျွန်တော်လုပ်ပေးခဲ့တာ သူရှာနိုင်တဲ့အချိန်မှာ သူ့ဟာသူလေး လုပ်ချင်တယ်။ စီးရီးကိစ္စနဲ့ပက်သက်ပြီး ကျွန်တော် ငွေစိုက်ထုတ်ထားရင်တောင် သူပြန်ပေးချင်တယ်။ ဒါပေမယ့် သူက ငွေမကိုင်ရဘူးလေ၊ သူ့အမေပဲကိုင်တာ။ သူ့အမေက နင်ယောက်ျားက ဘောစိပဲ ပြန်ပေးစရာမလိုဘူးဆိုပြီး ပြန်မပေးခဲ့တာတွေတော့ရှိတာပေါ့။

* စီးရီးကို သူကိုယ်ပိုင်ငွေလေးနဲ့ပဲ ထုတ်ခဲ့တာပေါ့။
သူ့မှာ အဲ့ဒီစိတ်လေးရှိတယ်။ ကျောင်းသွားရင်တောင် ငွေမကိုင်ဘူး။ ပိုက်ဆံကို အိတ်ထဲထည့်ထားပေးပါ။ ဒီလောက်ပဲ။ ပြီးရင် သူမသုံးဘူး။ မရှိဆင်းရဲသားတွေ ဘာတွေတွေ့ရင် ပေးတတ်တယ်။ ဟောက်ဆင်းတုန်းကလည်း တစ်နေ့မှ တစ်သောင်းပဲယူသွားတယ်။ အဲ့ဒါလည်း ဆေးရုံမှာ မရှိဆင်းရဲသားတွေကို ဆေးဝယ်ပေး မုန့်ဝယ်ပေးနဲ့ ကုန်တာပဲ။

* ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ပုံတွေ သတင်းတေါတက်လာတော့ အွန်လိုင်းပေါ်က လှမ်းမေးကြတယ်။ ကျွန်တော် မဖြေခဲ့ဘူး။ ကျွန်တော် ဝဋ်ရှိလို့ခံရတာပါလို့ အတိတ်က သူများကို ပြောမိခဲ့လို့ ခံရတာပါလို့ပဲ ပြန်ပြောခဲ့ပါတယ်။ အခုပြန်ပြောရတယ်ဆိုတာ ကျွန်တော် အခုအပြင်သွားရင် ကျွန်တော့်ကို အသက်မပြည့်တဲ့ ကလေးတစ်ယောက်ကိုပဲ အနိုင်ကျင့်သူကြီးလိုလို၊ မုဒိန်းကောင်ကြီးလိုလို အပျော်ကြံသလိုလို အပြောခံရ။ အကြည့်ခံရတော့ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ်။ မတုံ့ပြန်ချင်ပေမယ့် အမှန်တရားကို ဖြေရှင်းလိုက်တာပါ။ သစ္စာတရား ပြောရရင် သူ့ကိုလုံးဝ မထိခိုက်စေချင်ပါဘူး။ ဖြေရှင်းပြီဆိုတာနဲ့ သူ့ကိုထိခိုက်တော့မှာ။ အမှန်တွေပြောရပြီလေ။ Public ကို သူညာခဲ့တယ်။ (၁၇) နှစ်ဆိုတာ သူနဲ့ ကျွန်တော်နဲ့တောင် မတွေ့သေးပါဘူး။ (၁၇) နှစ်ကျော်မှ တွေ့ခဲ့ကြတယ်။ ကျွန်တော့်မှာ အားလုံး သက်သေတွေရှိတယ်။ လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်၊ သူ့မှတ်ပုံတင်မိတ္တူ၊ သူ့အမေကိုယ်တိုင် သက်သေလက်မှတ်ထိုးထားတာတွေ အားလုံးရှိပါတယ်။ ကျွန်တော်လဲ တောထဲနေတာမဟုတ်တော့ ကျွန်တော့်မိသားစုမျက်နှာ၊ အသိုင်းအဝိုင်းမျက်နှာ၊ သမီးမျက်နှာကြောင့် ရှင်းပြနေတာပါ။ ဒီနေ့ကစပြီး မီဒီယာတေါကနေတစ်ဆင့် ကျွန်တော် ဖြေရှင်းသွားမှာပါ။

အိုအေစစ်ဂျာနယ်မှ ဂျူလိုင်ချို အင်တာဗျူးသည်။

No comments:

Post a Comment