Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 21, 2016

နိုင်ငံခြား ကျောင်းသွားတက်ပြီးမှ သွက်လာတာပါဆိုတဲ့ အလှမယ် ဟန်သီ

နိုင္ငံျခား ေက်ာင္းသြားတက္ၿပီးမွ သြက္လာတာပါဆိုတဲ့ အလွမယ္ ဟန္သီ
အလွမယ္ ဟန္သီ / မ်ိဳးမင္းစိုး / ဧရာဝတီ

By ဧပရယ္ဆု 21 November 2016

လူမွုကြန္ရက္ေဖ့စ္ဘုတ္ စာမ်က္ႏွာထက္မွာ အလွမယ္တေယာက္ရဲ့ Live Video Chat တခုဟာ မၾကာေသးခင္က ေဖ့စ္ဘုတ္သုံးစြဲသူအၾကား ေရပန္းစားလာခဲ့ပါတယ္။

အဲ့ဒါကေတာ့ သူ႔ရဲ့ Live Video Chat မွာ ပရိသတ္ေတြနဲ႔အတူ ျပန္လည္ေျပာဆိုထားတဲ့ သူ႔ရဲ့ အမူအရာတခ်ိဳ႕ ေၾကာင့္ ေျပာဆိုေဝဖန္မွုေတြရွိလာတာျဖစ္ပါတယ္။ အဆိုပါ အလွမယ္ကေတာ့ Miss Supranational Myanmar 2104 နဲ႔ Miss Supranational Asia & Oceania 2014 ရရွိထားခဲ့ဖူးသူ အလွမယ္ ေမာ္ဒယ္လ္ ဟန္သီ ပဲ ျဖစ္ပါတယ္။

ယခင္က အေနအထိုင္ ေအးေဆး တည္ၿငိမ္သူအျဖစ္ ပရိသတ္အမ်ား လက္ခံထားတဲ့ အလွမယ္ ဟန္သီတေယာက္ ယခင္က ပုံစံနဲ႔ ကြာျခားေနတဲ့ အျပဳအမူတခ်ိဳ႕ေၾကာင့္ ပရိသတ္အမ်ား အံ့ၾသေဝဖန္မွုေတြရွိလာတာလည္း ျဖစ္ပါတယ္။

အဆိုပါ အလွမယ္ ဟန္သီရဲ့ ပရိသတ္ေတြနဲ႔ Live Video Chat ေျပာဆိုထားတဲ့ ဟန္ပန္အမူအရာအတိုင္း ရယ္စရာ ဟာသတခုအသြင္ ဖန္တီးကာ ျပန္လည္ရိုက္ကူးထားတဲ့ ဗီဒီယိုေတြလည္း ေဖ့စ္ဘုတ္မွာ ေရပန္းစားလာပါေတာ့တယ္။
အလွမယ္ ဟန္သီ

အဆိုပါ ဟာသဖန္တီးမွုတြင္ မႏၲေလးမွ နာမည္ႀကီးဟာသပုဂၢိဳလ္တဦးအျဖစ္ အြန္လိုင္း ပရိသတ္အမ်ား လက္ခံထားတဲ့ စတီဗင္ေဇာ္ႀကီးကိုယ္တိုင္ သ႐ုပ္ေဆာင္ ဖန္တီးထားတဲ့ ဗီဒီယိုလည္း ပါဝင္ပါတယ္။

ဒီ Live Video ကို အေျပာင္အပ်က္သေဘာမ်ိဳး ျပန္လုပ္ၾကသူေတြကိုလည္း သူ႔ရဲ့ Video ကို ေသခ်ာၾကည့္ၿပီး လုပ္ေပးတာျဖစ္တဲ့အတြက္ ေက်းဇူးတင္ေၾကာင္း၊ လူတေယာက္နဲ႔တေယာက္ အျမင္ခ်င္းမတူတဲ့အတြက္ လုပ္နိုင္ေၾကာင္းနဲ႔ လူတိုင္းအေပၚကို ေမတၱာထားပါတယ္လို႔ အလွမယ္ဟန္သီက ဧရာဝတီကိုေျပာပါတယ္။

ဆက္လက္ၿပီး သူက “အမွန္ကေတာ့ေလ ဟန္သီ ေဖ့စ္ဘုတ္ Live Video ကေတာ့ အခုမွ စတက္တာမဟုတ္ပါဘူး။ အျမဲတမ္းတက္ျဖစ္ပါတယ္။ ဟန္သီရဲ့ေဖ့စ္ဘုတ္ Live Video ဆိုတာ ဟန္သီပရိသတ္ေတြအတြက္ ဟန္သီနဲ႔ ရင္းႏွီးေအာင္ ထိေတြ႕ဖို႔အတြက္ကို တင္ျဖစ္တာပါ။ ဟန္သီ ခ်စ္တဲ့ပရိသတ္ေတြအတြက္ အဓိကထားတင္ျဖစ္တာပါ။ ကြန္းမန႔္ေတြ မက္ေဆ့ခ်္ေတြမွာ စာမျပန္ျဖစ္ရင္ေတာ့ ဟန္သီရဲ့ Live Video ေလးကေန စကားေျပာျဖစ္ပါတယ္။ ဒီတေခါက္ကေတာ့ ႐ုတ္တရက္ႀကီး ထေပါက္သြားတာေပါ့ေနာ္” လို႔ ဟန္သီက ဆိုပါတယ္။

ဒါ့အျပင္ အလွမယ္ ဟန္သီက “ဟန္သီ နိုင္ငံျခားသြားၿပီး ျပန္လာတဲ့ေနာက္ပိုင္းမွ ပိုသြက္လာတာလည္း ပါပါတယ္။ ဟန္သီ အမ်ားႀကီးေျပာင္းလဲလာတာေပါ့ေနာ္။ ဟိုမွာက အရမ္း သြက္သြက္လက္လက္ေနမွ မဟုတ္ရင္ ကိုယ္ပဲ အျမဲတမ္း ေနာက္က်တာေပါ့ေနာ္။ ဟိုမွာ တႏွစ္ေလာက္ အဲ့ဒီလိုေနခဲ့ရတာဆိုေတာ့ အက်င္ပါသြားတာပါ။ အခုထိ လည္း ဟန္သီကို အျပင္မွာလာၾကည့္ရင္ သြက္သြက္လက္လက္ပဲ ေနပါတယ္။ အရင္တုန္းကေတာ့ အရမ္းေအးတာ မွန္ပါတယ္။ ဒါေပမယ့္ အခုေတာ့ ပိုသြက္လာတာေပါ့ေနာ္” လို႔ အလွမယ္ ဟန္သီက နိုင္ငံျခားေက်ာင္းသြားတက္ၿပီးမွ ေျပာင္းလဲသြားတဲ့ အျပဳအမူအေၾကာင္းကို ေျပာျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ ေၾကာ္ျငာေတြ၊ မဂၢဇင္း မ်က္ႏွာဖုန္းေတြ ရိုက္ကူးေနၿပီး၊ ႐ုပ္ရွင္ဇာတ္ကားမ်ားလည္း ရိုက္ကူးဖို႔ရွိတယ္လို႔ သိရပါတယ္။

အလွမယ္ ဟန္သီက စီပြားေရးကိုလည္း စိတ္ဝင္စားတာေၾကာင့္ MIC မွာ Business Management ကို တက္ေရာက္ ေနၿပီး၊ သူ႔ရဲ့ေတးစီးရီးေခြအသစ္ကိုလည္း ေသခ်ာျပင္ဆင္ေနကာ ပရိသတ္ လက္ထဲထည့္ေပးဖို႔ ရွိဦးမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အလွမယ္ ဟန္သီဟာ “မခ်စ္တတ္ေသးဘူး”ဆိုတဲ့ Solo Album ကို ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိထားၿပီး ျဖစ္ပါတယ္။
Irrawaddy
...............................
အလှမယ် ဟန်သီ / မျိုးမင်းစိုး / ဧရာဝတီ

By ဧပရယ်ဆု 21 November 2016

လူမှုကွန်ရက်ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အလှမယ်တယောက်ရဲ့ Live Video Chat တခုဟာ မကြာသေးခင်က ဖေ့စ်ဘုတ်သုံးစွဲသူအကြား ရေပန်းစားလာခဲ့ပါတယ်။

အဲ့ဒါကတော့ သူ့ရဲ့ Live Video Chat မှာ ပရိသတ်တွေနဲ့အတူ ပြန်လည်ပြောဆိုထားတဲ့ သူ့ရဲ့ အမူအရာတချို့ ကြောင့် ပြောဆိုဝေဖန်မှုတွေရှိလာတာဖြစ်ပါတယ်။ အဆိုပါ အလှမယ်ကတော့ Miss Supranational Myanmar 2104 နဲ့ Miss Supranational Asia & Oceania 2014 ရရှိထားခဲ့ဖူးသူ အလှမယ် မော်ဒယ်လ် ဟန်သီ ပဲ ဖြစ်ပါတယ်။

ယခင်က အနေအထိုင် အေးဆေး တည်ငြိမ်သူအဖြစ် ပရိသတ်အများ လက်ခံထားတဲ့ အလှမယ် ဟန်သီတယောက် ယခင်က ပုံစံနဲ့ ကွာခြားနေတဲ့ အပြုအမူတချို့ကြောင့် ပရိသတ်အများ အံ့သြဝေဖန်မှုတွေရှိလာတာလည်း ဖြစ်ပါတယ်။

အဆိုပါ အလှမယ် ဟန်သီရဲ့ ပရိသတ်တွေနဲ့ Live Video Chat ပြောဆိုထားတဲ့ ဟန်ပန်အမူအရာအတိုင်း ရယ်စရာ ဟာသတခုအသွင် ဖန်တီးကာ ပြန်လည်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေလည်း ဖေ့စ်ဘုတ်မှာ ရေပန်းစားလာပါတော့တယ်။
အလှမယ် ဟန်သီ

အဆိုပါ ဟာသဖန်တီးမှုတွင် မန္တလေးမှ နာမည်ကြီးဟာသပုဂ္ဂိုလ်တဦးအဖြစ် အွန်လိုင်း ပရိသတ်အများ လက်ခံထားတဲ့ စတီဗင်ဇော်ကြီးကိုယ်တိုင် သရုပ်ဆောင် ဖန်တီးထားတဲ့ ဗီဒီယိုလည်း ပါဝင်ပါတယ်။

ဒီ Live Video ကို အပြောင်အပျက်သဘောမျိုး ပြန်လုပ်ကြသူတွေကိုလည်း သူ့ရဲ့ Video ကို သေချာကြည့်ပြီး လုပ်ပေးတာဖြစ်တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ လူတယောက်နဲ့တယောက် အမြင်ချင်းမတူတဲ့အတွက် လုပ်နိုင်ကြောင်းနဲ့ လူတိုင်းအပေါ်ကို မေတ္တာထားပါတယ်လို့ အလှမယ်ဟန်သီက ဧရာဝတီကိုပြောပါတယ်။

ဆက်လက်ပြီး သူက “အမှန်ကတော့လေ ဟန်သီ ဖေ့စ်ဘုတ် Live Video ကတော့ အခုမှ စတက်တာမဟုတ်ပါဘူး။ အမြဲတမ်းတက်ဖြစ်ပါတယ်။ ဟန်သီရဲ့ဖေ့စ်ဘုတ် Live Video ဆိုတာ ဟန်သီပရိသတ်တွေအတွက် ဟန်သီနဲ့ ရင်းနှီးအောင် ထိတွေ့ဖို့အတွက်ကို တင်ဖြစ်တာပါ။ ဟန်သီ ချစ်တဲ့ပရိသတ်တွေအတွက် အဓိကထားတင်ဖြစ်တာပါ။ ကွန်းမန့်တွေ မက်ဆေ့ချ်တွေမှာ စာမပြန်ဖြစ်ရင်တော့ ဟန်သီရဲ့ Live Video လေးကနေ စကားပြောဖြစ်ပါတယ်။ ဒီတခေါက်ကတော့ ရုတ်တရက်ကြီး ထပေါက်သွားတာပေါ့နော်” လို့ ဟန်သီက ဆိုပါတယ်။

ဒါ့အပြင် အလှမယ် ဟန်သီက “ဟန်သီ နိုင်ငံခြားသွားပြီး ပြန်လာတဲ့နောက်ပိုင်းမှ ပိုသွက်လာတာလည်း ပါပါတယ်။ ဟန်သီ အများကြီးပြောင်းလဲလာတာပေါ့နော်။ ဟိုမှာက အရမ်း သွက်သွက်လက်လက်နေမှ မဟုတ်ရင် ကိုယ်ပဲ အမြဲတမ်း နောက်ကျတာပေါ့နော်။ ဟိုမှာ တနှစ်လောက် အဲ့ဒီလိုနေခဲ့ရတာဆိုတော့ အကျင်ပါသွားတာပါ။ အခုထိ လည်း ဟန်သီကို အပြင်မှာလာကြည့်ရင် သွက်သွက်လက်လက်ပဲ နေပါတယ်။ အရင်တုန်းကတော့ အရမ်းအေးတာ မှန်ပါတယ်။ ဒါပေမယ့် အခုတော့ ပိုသွက်လာတာပေါ့နော်” လို့ အလှမယ် ဟန်သီက နိုင်ငံခြားကျောင်းသွားတက်ပြီးမှ ပြောင်းလဲသွားတဲ့ အပြုအမူအကြောင်းကို ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ ကြော်ငြာတွေ၊ မဂ္ဂဇင်း မျက်နှာဖုန်းတွေ ရိုက်ကူးနေပြီး၊ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။

အလှမယ် ဟန်သီက စီပွားရေးကိုလည်း စိတ်ဝင်စားတာကြောင့် MIC မှာ Business Management ကို တက်ရောက် နေပြီး၊ သူ့ရဲ့တေးစီးရီးခွေအသစ်ကိုလည်း သေချာပြင်ဆင်နေကာ ပရိသတ် လက်ထဲထည့်ပေးဖို့ ရှိဦးမယ်လို့ သိရပါတယ်။

ဒါ့အပြင် အလှမယ် ဟန်သီဟာ “မချစ်တတ်သေးဘူး”ဆိုတဲ့ Solo Album ကို ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး ဖြစ်ပါတယ်။
Irrawaddy

No comments:

Post a Comment