Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 21, 2016

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဧ။် သမ္မတကြီး ဦးထင်ကျော်ထံသို အိတ်ဖွင့်ပေးစာ


လေးစားအပ်ပါသော သမ္မတကြီးခင်ဗျား၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတရုံး က နိုဝင်ဘာလ ၁၈ရက် ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အမိန့် အမှတ်၊ ၅၉/၂၀၁၆ ပါ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး အား တာဝန်မှရပ်စဲ သည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့် အကြောင်းကြောင့် ဤကဲ့သို့ အမိန့် ထုတ်ပြန်ခဲ့ ရသည်ကို ပြည်သူလူထုကြီးအနေဖြင့် သိရှိနိုင်ရန် နိုင်ငံပိုင်သတင်းမီဒီယာများကသော်လည်းကောင်း၊ ပုဂ္ဂလိက သတင်းမီဒီယာများ ကသော်လည်းကောင်းအမြန်ဆုံး ထုတ်ပြန်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီး ဒီမိုကရေစီစနစ်ဆီသို့ လျောက်လှမ်းနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဧ။် အစိုးရသည် ပြည်သူလူထုကို ကိုယ်စားပြုသော ၊ ပြည်သူလူထုဧ။် ယုံကြည်အားကိုးရသော အစိုးရတရပ်ဖြစ်ထိုက်သည်ဟု လေးနက်စွာ ယုံကြည်မိပါသည်။

ပြည်သူလူထုကြီးဧ။်ခေါင်းဆောင် နိုင်ငံတော်ဧ။် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများအတိုင်းလုပ်ဆောင်ပြီး ပွင့်လင်းမြင်သာမှုကို အလေးထားဆောင်ရွက်ရန် ပြည်တွင်းရှိ တာဝန်ရှိပုဂ္ဂိုလ်များကိုသာမက၊ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြုပ်နှံမှုပြုလုပ်မည့် ကုမ္မဏီများကိုပါ မကြာခဏ တိုက်တွန်းလေ့ရှိသည်ကို သမ္မတကြီး အသိဖြစ်ပါမည်။

သို့ ပါ၍ သမ္မတကြီးအနေဖြင့်၊ နိုင်ငံတော်ဧ။် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဧ။် ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့်သော်လည်းကောင်း၊ ပြည်သူလူထု ကရွေးကောက်တင်မြောက်ထားသည့် အစိုးရတရပ် ပီပီ ပွင့်လင်းမြင်သာမှုကို အလေးထားဖော်ဆောင်သည့်အနေဖြင့်သော်လည်းကောင်း၊ အမိန့် အမှတ် ၅၉/၂၀၁၆ အား မည်သည့်အကြောင်းကိစ္စများပေါ်ပေါက်ခဲ့သဖြင့် ထုတ်ပြန်ခဲ့ရသည်ကို အမြန်ဆုံး ပြည်သူလူထုအား အသိပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်
မောင်အေးမင်းဟန်
၁၀/မလမ(နိုင်)၁၈၂၇၅၈

ကျွန်တော်တို့ ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့ အစိုးရအား ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်နိုင်ရန် အကူအညီပေးသည့် အနေဖြင့် ဤပို့စ်အား ထပ်မံ ကူးယူဖော်ပြပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

  •  ''ဒီမိုက​ရေစီ​ခေတ်​ကာလမှာ ဖြစ်​သင့်​ဖြစ်​ထိုက်​တဲ့ ဆုံးဖြတ်​ချက်​ မဟုတ်​ဖူး” ​-ဒေါက်​တာထွန်းဝင်း
  • သိမ်းဆည်းခံ လယ်ယာမြေများ မူလပိုင်ရှင်ထံ ပြန်ပေးမည်ဟု လယ်/ဆည် ဒုဝန်ကြီးပြော
  • ရာထူးမှ အထုတ်ခံရမှု အကြောင်းပြချက် မပေးဟု ဒု ဝန်ကြီး ဒေါက်တာ ထွန်းဝင်း ပြော  
  • အစိုးရသက်တမ်းအတွင်း ပထမဆုံးအဖြစ် ဒုဝန်ကြီးတစ်ဦးအား တာဝန်မှရပ်စဲ
  •  ဒုဝန်ကြီးဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲခြင်းအကြောင်းရင်း ရှင်းပြရန် စိုက်ပျိုးရေးပညာရှင်များ တောင်းဆို
  • No comments:

    Post a Comment