Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 21, 2016

အံႀကိတ္ သြားႀကိတ္တတ္တာ ေပ်ာက္ကင္းေအာင္


သ႐ုပ္ေဖာ္ - ေက်ာ္မိုးထိုက္/ဧရာဝတီ


By ေအဘယ္လ္ 20 November 2016

သင္ဟာ ညအိပ္တဲ့ အခ်ိန္မွာ အံႀကိတ္တတ္ပါသလား၊ သြားခ်င္း တႂကြိႂကြိ ပြတ္တိုက္တဲ့ အသံေၾကာင့္ အနီးနားက အိပ္ေနတဲ့သူေတြ လန႔္နိုးၿပီး အိပ္မရတဲ့အထိ ျဖစ္တတ္တာ ၾကဳံဖူးပါသလား။ Bruxism လို႔ေခၚတဲ့ အံႀကိတ္ သြားႀကိတ္တာဟာ လူေတာ္ေတာ္မ်ားမ်ား ခံစားရေလ့ရွိတဲ့ စိတ္ပိုင္းဆိုင္ရာနဲ႔ ဆက္စပ္ေနတဲ့ သြားဘက္ဆိုင္ရာ ျပႆနာတခု ျဖစ္ပါတယ္။

အေပၚသြားေတြနဲ႔ ေအာက္သြားေတြကို သိလၽွက္နဲ႔ျဖစ္ေစ၊ ကိုယ္တိုင္ သတိမထားမိဘဲျဖစ္ေစ၊ အားနဲ႔ ႀကိတ္ေနမိၿပီ ဆိုရင္ Bruxism ျဖစ္ေနၿပီလို႔ ေျပာလို႔ ရပါတယ္။ ေန႔ဘက္ေရာ ညအိပ္ေပ်ာ္ေနခ်ိန္မွာပါ ျဖစ္နိုင္ပါတယ္။ အထူးသျဖင့္ ညအိပ္ေမာက်ေနခ်ိန္မွာ ပိုႀကိတ္ေလ့ရွိပါတယ္။ ပိုၿပီးေတာ့လည္း အားနဲ႔ ႀကိတ္တတ္ပါတယ္။

ပုံမွန္အားျဖင့္ လူတိုင္း အစာဝါးတဲ့အခါ ေပါင္ ၅၀ ကေန ၁၀၀ ေလာက္ပဲ အားစိုက္ဝါးေလ့ ရွိေပမယ့္၊ မသိစိတ္နဲ႔ ေမးရိုး ႂကြက္သားေတြက အားနဲ႔ ႀကိတ္ေနတဲ့ အခ်ိန္မ်ိဳးမွာ ေပါင္ ၃၀၀ ေက်ာ္ထိ ရွိေနနိုင္တယ္လို႔ ဆိုပါတယ္။ အစားအစား မပါဘဲ သြားခ်င္း ႀကိတ္တာေၾကာင့္ သြားေတြရဲ့ အေပၚယံ ေႂကြလႊာေတြ ပ်က္စီး ျပဳန္းတီးနိုင္သလို အံသြားေတြရဲ့ မ်က္ႏွာျပင္လည္း ပါးလာၿပီး ေနာက္ဆုံး သြားေတြ တိုလာတာေတြ ျဖစ္ေစနိုင္ပါတယ္။

သြားေတြရဲ့ ေႂကြလႊာေတြ ျပဳန္တီးျခင္းေၾကာင့္ အပူ သို႔မဟုတ္ အေအး ေသာက္တဲ့အခါ သြားေတြ က်င္ကနဲ ခံစားရတာေတြ ျဖစ္တတ္သလို သြားႀကိတ္အား ျပင္းထန္လြန္းရင္လည္း သြားေတြ အက္ကြဲတာမ်ိဳးလည္း ျဖစ္ေစနိုင္ပါတယ္။ ၿပီးေတာ့ ေမးရိုးႂကြက္သားမ်ား တင္းၿပီး နာက်င္တာေတြလည္း ခံစားရနိုင္ၿပီး မ်က္ႏွာနဲ႔ ဆက္စပ္ေနတဲ့ နားကိုက္တာေတြ၊ ပါးေၾကာ နားထင္ေၾကာေတြနဲ႔ Tension headache လို႔ ေခၚတဲ့ ေခါင္းကိုက္တာေတြ ခံစားရေစနိုင္ပါတယ္။

အဲဒါေတြအျပင္ ေမးရိုးဆစ္ေရာဂါ ျဖစ္ၿပီး ေမးရိုးဆစ္ကိုက္ျခင္း၊ ပါးကိုက္ျခင္း၊ ပါးစပ္ ေကာင္းေကာင္း မဟနိုင္ျခင္းစတာေတြ ခံစားရနိုင္သလို သြားဖုံးေရာင္ယမ္းျခင္း၊ သြားေတြ အလြယ္တကူ ယိုင္နဲ႔ေစျခင္းလည္း ျဖစ္ေစနိုင္ပါတယ္။

ဘာေၾကာင့္ ျဖစ္ရသလဲ

စိတ္တင္းက်ပ္ဖိစီးမွု၊ ေဒါသျဖစ္ျခင္း၊ စိတ္အလို မက်ျခင္းေၾကာင့္ ညအိပ္ရာမွာ သြားႀကိတ္အံႀကိတ္တာ ျဖစ္ၿပီး ပင္ကိုယ္ စိတ္လွုပ္ရွား တက္ႂကြလြယ္ၿပီး အၿပိဳင္အဆိုင္စိတ္ ျပင္းထန္သည့္ ကိုယ္ရည္ကိုယ္ေသြး ရွိသူေတြမွာ အမ်ားဆုံး ေတြ႕ရပါတယ္။ တဖန္ ရည္မွန္းတာက တျခား ျဖစ္ေနတာကတလြဲ ျဖစ္ေနတဲ့ အေနအထားမ်ိဳးမွာလည္း သြားႀကိတ္အံႀကိတ္ ျဖစ္တတ္ပါတယ္။

ဘယ္လိုကုသမလဲ

ႏွစ္နဲ႔ခ်ီၿပီး အံႀကိတ္ေနရင္ ေမးရိုးဆစ္ေရာဂါ၊ သြားျပဳန္းတီးျခင္းနဲ႔ ေနာက္ဆက္တြဲ ေဝဒနာေတြခံစားရၿပီး၊ သြားေတြ သိပ္တိုလာရင္ ကုသရခက္ခဲတာမို႔ သိတာနဲ႔ ဆရာဝန္ျပဖို႔ လိုပါတယ္။

အဲဒီလို ညအိပ္ခ်ိန္မွာ သြားႀကိတ္အံႀကိတ္ ျဖစ္ေစရတာဟာ စိတ္ဖိစီးမွုနဲ႔ အလိုမက် ေဒါသထြက္စရာေတြေၾကာင့္ ျဖစ္တာမို႔ အေၾကာင္းရင္းကို  ေသခ်ာ ရွာေဖြရပါမယ္။ စိတ္ဖိစီးမွုကို ေလ်ာ့နည္းဖို႔ အားကစားလုပ္ပါ၊ တရားထိုင္ပါ၊ လိုအပ္ရင္ ဆရာဝန္ရဲ့ အႀကံျပဳခ်က္ယူၿပီး စိတ္ၿငိမ္ေဆး ေသာက္ပါ။

မညီတဲ့ သြားေတြကိုလည္း သြားညႇိကုသေပးဖို႔၊ ညအိပ္ရာမွာလည္း Mouth guard တပ္ဆင္အိပ္စက္ဖို႔၊ ေမးရိုး ႂကြက္သားမ်ား ေျဖေလ်ာ့ေစရန္ Muscle relaxants ေဆးေပးဖို႔၊ ေမးရိုးႂကြက္သားမ်ား လွုပ္ရွားမွုကို ထိန္းခ်ဳပ္ ေျဖေလၽွာ့နိုင္လာေအာင္ ႂကြက္သားမ်ား အတင္းအေလၽွာ့ကို အာ႐ုံခံနိုင္တဲ့ Biofeedback စက္ကို သုံးၿပီး ေလ့က်င့္ေပးဖို႔ အႀကံျပဳလိုက္ပါတယ္။

ညႊန္း – ေဒါက္တာဉာဏ္၏ “သြားလွလွ ခံတြင္းသန႔္သန႔္ ေမတၱာရနံ့”
Irrawaddy
အံကြိတ် သွားကြိတ်တတ်တာ ပျောက်ကင်းအောင်
သရုပ်ဖော် - ကျော်မိုးထိုက်/ဧရာဝတီ



By အေဘယ်လ် 20 November 2016

သင်ဟာ ညအိပ်တဲ့ အချိန်မှာ အံကြိတ်တတ်ပါသလား၊ သွားချင်း တကြွိကြွိ ပွတ်တိုက်တဲ့ အသံကြောင့် အနီးနားက အိပ်နေတဲ့သူတွေ လန့်နိုးပြီး အိပ်မရတဲ့အထိ ဖြစ်တတ်တာ ကြုံဖူးပါသလား။ Bruxism လို့ခေါ်တဲ့ အံကြိတ် သွားကြိတ်တာဟာ လူတော်တော်များများ ခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ သွားဘက်ဆိုင်ရာ ပြဿနာတခု ဖြစ်ပါတယ်။

အပေါ်သွားတွေနဲ့ အောက်သွားတွေကို သိလျှက်နဲ့ဖြစ်စေ၊ ကိုယ်တိုင် သတိမထားမိဘဲဖြစ်စေ၊ အားနဲ့ ကြိတ်နေမိပြီ ဆိုရင် Bruxism ဖြစ်နေပြီလို့ ပြောလို့ ရပါတယ်။ နေ့ဘက်ရော ညအိပ်ပျော်နေချိန်မှာပါ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ညအိပ်မောကျနေချိန်မှာ ပိုကြိတ်လေ့ရှိပါတယ်။ ပိုပြီးတော့လည်း အားနဲ့ ကြိတ်တတ်ပါတယ်။

ပုံမှန်အားဖြင့် လူတိုင်း အစာဝါးတဲ့အခါ ပေါင် ၅၀ ကနေ ၁၀၀ လောက်ပဲ အားစိုက်ဝါးလေ့ ရှိပေမယ့်၊ မသိစိတ်နဲ့ မေးရိုး ကြွက်သားတွေက အားနဲ့ ကြိတ်နေတဲ့ အချိန်မျိုးမှာ ပေါင် ၃၀၀ ကျော်ထိ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ အစားအစား မပါဘဲ သွားချင်း ကြိတ်တာကြောင့် သွားတွေရဲ့ အပေါ်ယံ ကြွေလွှာတွေ ပျက်စီး ပြုန်းတီးနိုင်သလို အံသွားတွေရဲ့ မျက်နှာပြင်လည်း ပါးလာပြီး နောက်ဆုံး သွားတွေ တိုလာတာတွေ ဖြစ်စေနိုင်ပါတယ်။

သွားတွေရဲ့ ကြွေလွှာတွေ ပြုန်တီးခြင်းကြောင့် အပူ သို့မဟုတ် အအေး သောက်တဲ့အခါ သွားတွေ ကျင်ကနဲ ခံစားရတာတွေ ဖြစ်တတ်သလို သွားကြိတ်အား ပြင်းထန်လွန်းရင်လည်း သွားတွေ အက်ကွဲတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ မေးရိုးကြွက်သားများ တင်းပြီး နာကျင်တာတွေလည်း ခံစားရနိုင်ပြီး မျက်နှာနဲ့ ဆက်စပ်နေတဲ့ နားကိုက်တာတွေ၊ ပါးကြော နားထင်ကြောတွေနဲ့ Tension headache လို့ ခေါ်တဲ့ ခေါင်းကိုက်တာတွေ ခံစားရစေနိုင်ပါတယ်။

အဲဒါတွေအပြင် မေးရိုးဆစ်ရောဂါ ဖြစ်ပြီး မေးရိုးဆစ်ကိုက်ခြင်း၊ ပါးကိုက်ခြင်း၊ ပါးစပ် ကောင်းကောင်း မဟနိုင်ခြင်းစတာတွေ ခံစားရနိုင်သလို သွားဖုံးရောင်ယမ်းခြင်း၊ သွားတွေ အလွယ်တကူ ယိုင်နဲ့စေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

စိတ်တင်းကျပ်ဖိစီးမှု၊ ဒေါသဖြစ်ခြင်း၊ စိတ်အလို မကျခြင်းကြောင့် ညအိပ်ရာမှာ သွားကြိတ်အံကြိတ်တာ ဖြစ်ပြီး ပင်ကိုယ် စိတ်လှုပ်ရှား တက်ကြွလွယ်ပြီး အပြိုင်အဆိုင်စိတ် ပြင်းထန်သည့် ကိုယ်ရည်ကိုယ်သွေး ရှိသူတွေမှာ အများဆုံး တွေ့ရပါတယ်။ တဖန် ရည်မှန်းတာက တခြား ဖြစ်နေတာကတလွဲ ဖြစ်နေတဲ့ အနေအထားမျိုးမှာလည်း သွားကြိတ်အံကြိတ် ဖြစ်တတ်ပါတယ်။

ဘယ်လိုကုသမလဲ

နှစ်နဲ့ချီပြီး အံကြိတ်နေရင် မေးရိုးဆစ်ရောဂါ၊ သွားပြုန်းတီးခြင်းနဲ့ နောက်ဆက်တွဲ ဝေဒနာတွေခံစားရပြီး၊ သွားတွေ သိပ်တိုလာရင် ကုသရခက်ခဲတာမို့ သိတာနဲ့ ဆရာဝန်ပြဖို့ လိုပါတယ်။

အဲဒီလို ညအိပ်ချိန်မှာ သွားကြိတ်အံကြိတ် ဖြစ်စေရတာဟာ စိတ်ဖိစီးမှုနဲ့ အလိုမကျ ဒေါသထွက်စရာတွေကြောင့် ဖြစ်တာမို့ အကြောင်းရင်းကို  သေချာ ရှာဖွေရပါမယ်။ စိတ်ဖိစီးမှုကို လျော့နည်းဖို့ အားကစားလုပ်ပါ၊ တရားထိုင်ပါ၊ လိုအပ်ရင် ဆရာဝန်ရဲ့ အကြံပြုချက်ယူပြီး စိတ်ငြိမ်ဆေး သောက်ပါ။

မညီတဲ့ သွားတွေကိုလည်း သွားညှိကုသပေးဖို့၊ ညအိပ်ရာမှာလည်း Mouth guard တပ်ဆင်အိပ်စက်ဖို့၊ မေးရိုး ကြွက်သားများ ဖြေလျော့စေရန် Muscle relaxants ဆေးပေးဖို့၊ မေးရိုးကြွက်သားများ လှုပ်ရှားမှုကို ထိန်းချုပ် ဖြေလျှော့နိုင်လာအောင် ကြွက်သားများ အတင်းအလျှော့ကို အာရုံခံနိုင်တဲ့ Biofeedback စက်ကို သုံးပြီး လေ့ကျင့်ပေးဖို့ အကြံပြုလိုက်ပါတယ်။

ညွှန်း – ဒေါက်တာဉာဏ်၏ “သွားလှလှ ခံတွင်းသန့်သန့် မေတ္တာရနံ့”

No comments:

Post a Comment