Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 6, 2016
By netsetaw - June 1, 2016
(၁) ရေနွေကြမ်း
(၂) ပျားရည်
(၃) သခွားသီး
(၄) ခရမ်းချဉ်သီး
ကာကွယ်ပေးနိုင်ပါတယ်။
(၅) ဆော်လမွန်ငါး
လှပစေရုံသာမက ရောဂါဆိုးအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်ပြီး ငယ်ရွယ်နုပျိုမှုကို ပေးပါတယ်။
နတ်စည်တော် (Shwemom)
.......................................
ငယ်ရွယ်နုပျိုနေစေဖို့ စားသင့်တဲ့အစားအစာများ
By netsetaw - June 1, 2016
အသားရေကတော့ ယောကျာ်းကော မိန်းမကော လှချင်ကြပါလိမ့်မယ်။ အချို့ကကျတော့ အသားရေဟာ ခပ်လှမ်းလှမ်းက ကြည့်ရင် လှသယောင်ထင်ရပေမယ့် အနီးကပ်ကြည့်တဲ့အခါ မွဲခြောက်ခြောက်၊ ကြမ်းရှရှ။ အချို့တွေကတာ့ အသား
ညိုသယောင်ဆိုပေမယ့် အနီးကပ်ကြည့်တဲ့အခါ နုပျိုစိုအိနေတတ်ပါတယ်။ အသားရေနုရင် လူလည်း ငယ်သယောင်ထင်ရ
ပါတယ်။ ဒီတော့ ဆယ်ကျော်သက်လေးတွေလို အသားရေ ငယ်ရွယ်နုပျိုနေစေဖို့အတွက် နေ့စဉ် စားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရေနွေကြမ်း
ရေနွေးကြမ်း ပုံမှန်သောက်တဲ့ အကျင့်လုပ်ပေးပါ။ အကောင်းဆုံး ရေနွေးကြမ်းကတော့ အိပ်ယာဝင်ကာနီး ရေနွေးကြမ်းနဲ့
မနက်ပိုင်း သန့်ရှင်းရေးလုပ်ပြီး သောက်တဲ့ ရေနွေးကြမ်းက လူကို ပိုပြီးထိရောက်စေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အ
ခြားအချိန်တွေမှာလည်း ရေနွေးကြမ်းသောက်တာ အကျိုးမယုတ်ပါဘူး။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေတဲ့
ဓာတ်တွေကို ဖယ်ရှားပေးပြီး အသားရေကို စိုပြည်လက်ဆက်စေပါတယ်။
(၂) ပျားရည်
ပျားရည်ကိုလည်း ရေနွေးကြမ်းကဲ့သို့ မနက်-ည တစ်ခွက် သောက်ပေးနိုင်ပါတယ်။ ရေနွေးကြမ်းမှာ ဖျော်ပြီး သောက်
လည်း အဆင်ပြေပါတယ်။ ရေနဲ့/ရေဆူဆူနဲ့/သံပုရာသီးနဲ့ စိတ်ကြိုက် သောက်နိုင်ပါတယ်။ ၀မ်းကို မှန်စေပြီး ကယ်လိုရီ
လောင်ကျွမ်းမှုကို လျှင်မြန်စေလို့ အဆီကျစေနိုင်ပါတယ်။ အသားရေ နူးညံ့ချောမွှေ့မှုကိုလည်း ထိရောက်စေပြီး ၀က်ခြံ၊
တင်းတိတ်၊ မှဲ့ခြောက်-စတာတွေကို မဖြစ်စေပါဘူး။
(၃) သခွားသီး
ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါ၀င်တဲ့ သခွားသီးကလည်း အသားရေအတွက် ပေါင်းတင်ပေးနိုင်ရုံသာ မက၊
ဖျော်ရည်လုပ်ပြီး သောက်ခြင်း၊ သဘာဝအတိုင်း စားပေးခြင်းဖြင့် အသားရေကို ငယ်ရွယ်နုပျိုစေပါတယ်။
(၄) ခရမ်းချဉ်သီး
ဗီတာမင် E အဓိက ပါ၀င်တဲ့ ခရမ်းချဉ်သီးကလည်း အသားရေအတါက် အလွန်အဖိုးတန်တဲ့ အသီးဖြစ်ပါတယ်။ သဘာဝအတိုင်း စားပေးခြင်းက ပိုပြီး ထိရောက်စေပြီး အသားရေ ပျော့ခြင်း၊ တွဲခြင်း၊ ခြောက်သွေ့ခြင်း၊ အိုမင်းလွယ်ခြင်းတို့ကို
ကာကွယ်ပေးနိုင်ပါတယ်။
(၅) ဆော်လမွန်ငါး
Omega 3 Fatty Acid ဓာတ် ကြွယ်ဝစွာပါ၀င်တဲ့ ဆော်လမွန်ငါးကိုလည်း နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။ အသားရေကို
လှပစေရုံသာမက ရောဂါဆိုးအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်ပြီး ငယ်ရွယ်နုပျိူမှုကို ပေးပါတယ်။
နတ်စည်တော် (Shwemom)
source : everydayhealth.com
No comments:
Post a Comment