Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 22, 2017

ကာလီမယ်တော် ပုံရုပ်ပြောင်ကို လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ပေါ့ပ်စတား ကေတီပယ်ရီ ဝေဖန်ခံရ



နာမည်ကျော် ပေါ့ပ်စတားတဦးဖြစ်တဲ့ ကေတီပယ်ရီဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားတဲ့ ကာလီမယ်တော်ပုံရုပ်ပြောင်ဓာတ်ပုံတပုံကို သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါ တယ်။

ကေတီပယ်ရီဟာ အဲဒီပုံကို သူ့ရဲ့ အင်စတာဂရမ် အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပြီး “လက်ရှိစိတ်အခြေအနေ”လို့ ခေါင်းစဉ်တပ်ဖော်ပြခဲ့တာပါ။



အဲဒီပုံကို ဧပြီလ ၁၉ ရက်နေ့က တင်လိုက်တာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ အိန္ဒိယနိုင်ငံသား ပရိတ်သတ်တွေက ဒေါသတကြီးတုံ့ပြန်ဝေဖန်ခဲ့ကြတာပါ။

အဲဒီပုံအောက်မှာ ဝေဖန်ခဲ့ကြတဲ့ မှတ်ချက်ပေါင်း ၁ သောင်း ၁ ထောင်ကျော်ရှိခဲ့ ပြီး အများစုကတော့ ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုဝေဖန်ခဲ့ကြတာပါ။

ကာလီမယ်တော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားကိုးကွယ်ရာ ဖြစ်တဲ့အတွက် ဒီပုံကို ဖြုတ်ချပစ်လိုက်ဖို့ ဝေဖန်မှုတွေ ရှိကြသလို တချို့ကလည်း ဟိန္ဒူဘာသာအပေါ် လေးစားမှု ရှိသင့်ပြီး သူ့ကို ခုလိုမလုပ်သင့်ဘူးလို့ ပြောနေကြပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမေရိကန်ပေါ့ပ်အဆိုတော် ကေတီပယ်ရီ ကတော့ လက်ရှိအချိန်ထိ ဒီပုံကို ထားရှိဆဲဖြစ်ကာ ဘာမှတုံ့ပြန်တာမျိုးမရှိခဲ့ပါဘူး။

Credit: DVB

No comments:

Post a Comment