Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 2, 2016




ချမ်းသာလာခဲ့ပါတယ်။
SAW
Petchtai Wongkamlao

..............................


မန်(သို ့) ထိုင်းနိုင်ငံရဲ ့ စိန်တပွင့်
ထိုင်းနိုင်ငံမှာ ၀င်ငွေအများဆုံး ဟာသ အနုပညာရှင် သန်းကြွယ်သူဌေး Petchtai Wongkamlao ဖက်ထိုင်း ၀ုန်ခမ်လောင် (မန်)ဟာ ယခုဂျွန်လ ၂၄ ရက်နေမှာ အသက် (၅၁)နှစ်ရှိပြီဖြစ်ပါတယ်။
အာရှနိုင်ငံတွေက သူ ့ကို မျက်နှာလေးထောင့် ဟာသသရုပ်ဆောင်လို ့ လူသိ
များကြပါတယ်။
ထိုင်းလူမျိုးတွေကအိစံ(လာအိုနိုင်ငံသားများလာရောက်အခြေချ နေထိုင့်တဲ့
နယ်မြေ) ဒေသလို ့ ခေါ်ကြတဲ့ အူဘွမ်ရဌာနီ သားပါ၊ ၁၆နှစ်သားထဲက ပညာတပိုင်းတစနဲ ့ နယ်လှည့်ဖျော်ဖြေတဲ့ အငြီမ့်နောက်မှာ တောက်တိုမယ်ရ အလုပ်သမားဘဝ အလုပ်ကြမ်းလုပ်ရင်း အနုပညာလောက ထဲ စတင်အခြေချခဲ့ ပါတယ်။
ဟာသ အဖွဲ ့ထောင် ပျက်လုံးတွေထုတ်ရင်း TV လိုင်းက ကျင်လွိုင်ကျင်လန်း အစီစဉ်မှာပါ၀င်ခဲ့ရာကနေ စတင်ကျော်ကြားလာပြီး ကိုယ်တိုင်ဇတ်ညွန်းရေး-
ရုပ်ရှင် ဒါရိုက်တာလုပ် ကုပဏီပိုင်ရှင်ဖြစ်တဲ့အထိ ချမ်းသာလာခဲ့ပါတယ်။
မန် ဟာ ကိုယ်အောက်ပိုင်း ဆိုင်ရာတွေကို အများဆုံးသုံး ပျက်လုံးတွေထုတ်တတ်
ပါတယ်၊ တကယ့်အပြင်ဘဝမှာတော့ မိသားစုအပေါ် သံယောဇဉ်ကြီးပြီး တလင်
တမယား စနစ်ကို ကျင့်သုံးခဲ့တဲ့သူ ၊အလုပ်အပေါ် အလွန်သစ္စာရှိသူတဦးဖြစ်ပါတယ်။
အရာရာ ပြည့်စုံတဲ့ဘဝရောက်မှ ပညာဟာအရေးပါမှန်းသိခဲ့ပြီးဘန်ကောက် ရမ်ကန်ဟန် တက္ကသိုလ်ကနေ ဘွဲ ့ရအောင် ဆက်လက် ပညာသင်ခဲ့ပြီး ယခု PoliticalScience နိုင်ငံရေးသိပ္ပံဘာသာကိုဆက်လက်သင်ကြားလေ့လာ နေသလို သားသမီးနှစ်ယောက် စလုံးကို ကနေဒါနိုင်ငံမှာ ကျောင်းထားခဲ့ပါတယ်။
SAW
Social Action for Women - SAW
Petchtai Wongkamlao

No comments:

Post a Comment