Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 22, 2017

ရင်သပ်ရှုမောဖွယ် ကောက်ကြောင်းအလှနဲ့ ခိုင်လီဂျန်နာ

အသက် ၁၉ နှစ်အရွယ်သာရှိနေပြီး အလှပြင်ပစ္စည်းကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် မီလျံနာမလေး ဖြစ်နေပြီး ဘီကီနီဝတ်စုံလေးဝတ်လို့ သူမရဲ့ပြစ်မျိုးမဲ့မထင် အလှတွေကို ပြသလိုက်တာဖြစ်ပါတယ်။ ခိုင်လီဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလာဘာဆက်စ်မြို့မှာရှိတဲ့ သူမရဲ့အိမ်ကြီးရဲ့ လျှောက်လမ်းမှာ ထိုင်ပြီး ပို့စ်ပေးနေခဲ့တာဖြစ်ပါတယ်။

နံရံကို မှီထိုင်နေတဲ့ ကင်မ်ကာဒါရှီယန်ရဲ့ အမေတူ အဖေကွဲ ညီမငယ် ခိုင်လီဟာ ကောက်ကြောင်းအလှကို ပေါ်လွင်နေအောင် ထိုင်ရင်း သူမရဲ့ ၅ ပေ ၆ လက်မရှိတဲ့ အရပ်ကို ကင်မရာထဲအကုန်ဝင်အောင် ရိုက်ကူးပြသထားတဲ့ ပုံတစ်ပုံလည်းပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဆက်စီကျကျ ကြည့်နေတဲ့ မျက်နှာအနီးကပ်ပုံတစ်ပုံ နဲ့ သူမရဲ့ ကောက်ကြောင်းကို ပိုမိုမြင်သာစေမယ့် ပုံတစ်ပုံကိုလည်း မျှဝေခဲ့ပါတယ်။

ခိုင်လီဂျန်နာဟာ Forbes ရဲ့ အသက် ၃၀ နှစ်အောက် အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ Kylie နှုတ်ခမ်းနီထုတ်လုပ်တဲ့ သူမဟာ Forbes ရဲ့ ၂၀၁၇ ခုနှစ် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များစာရင်းမှာ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။

ရောင်းမလောက်အောင်ဖြစ်နေတဲ့ သူမရဲ့ နှုတ်ခမ်းနီတွေက အလွန်အမင်းအောင်မြင်လှသလို အစ်မဖြစ်သူ စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာနဲ့ တွဲဖက်လုပ်ကိုင်တဲ့ ဖက်ရှင်လုပ်ငန်းတွေကလည်း အောင်မြင်လှတယ်လို့ Forbes က ဆိုပါတယ်။

သူမဟာ အလှကုန်နဲ့ ဖက်ရှင်လုပ်ငန်းတွေကိုသာမက အိမ်ခြံမြေဘက်ကိုလည်း စတင်ခြေချလို့နေပြီး မကြာသေးမီကပဲ ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills မှာ နောက်ထပ် အိမ်ကြီးတစ်လုံးကို ဝယ်ယူလိုက်ပါတယ်။

အောက်ပါဓါတ်ပုံများကတော့ သူမ ၁၈ နှစ်မွေးနေ့တုန်းက သူမရဲ့ ရည်းစားချစ်သူ နဲ့အတူတူတွဲရိုက်ထားတဲ့ ဓါတ်ပုံလေးတစ်ချို့ဖြစ်ပါတယ်။

Source: Duwun






actress wut hmone shwe yee sue miss international queen 2014 myo ko ko san


 Myanmar Actress Shwe Hmone Yati
 Myanmar Singer Aung La And Actress  Wyne Su Khaing Thein

 88 Students leader Min Ko Naing was married


 Htoo Eh Lin

 Myanmar Actress Shwe Hmone Yati
သင်ဇာဝင့်ကျော်ရဲ့  လင်းပိုင်ကြီးကိုစီးမယ်  
Myanmar Actress Thin Zar Wint Kyaw
Myanmar Actress Thinzar Wint Kyaw

No comments:

Post a Comment