Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 19, 2017

ဘက်ခမ်းဇနီးမောင်နှံက ကလေးတွေအမည်ကို မူပိုင်ခွင့်တင်



ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ သူတို့ရဲ့ ကလေး ၄ ယောက်အမည်ကို မူပိုင်ခွင့် ယူလိုက်ပြီဖြစ်တဲ့အတွက် သူတို့နာမည်နဲ့ သူတို့ကြိုက်ရာပစ္စည်းတွေကို ထုတ်လုပ်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ဘရွတ်ကလင်း၊ အသက် ၁၄ နှစ်အရွယ် ရိုမီယို၊ အသက် ၁၂ နှစ်အရွယ် ခရုစ်နဲ့ အသက် ၅ နှစ်အရွယ် ဟာပါတို့ဟာ အခုဆိုရင် မူပိုင်အမှတ်တံဆိပ်တွေ ရှိသွားပါပြီ။
ဘောလုံးသမားဟောင်းကြီး ဒေးဗစ်နဲ့ အဆိုတော်ဘဝကနေ ဒီဇိုင်နာဘဝကို ကူးပြောင်းခဲ့တဲ့ ဗစ်တိုးရီးယားတို့ရဲ့ကလေး ၄ ယောက်ကလည်း ခေသူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းတွေကို စတင်အခြေပြုနေပါပြီ။

“သူတို့နှစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းအလုပ်ဆုံး A-list ဆယ်လီတွေဖြစ်ပါတယ်။ အခုဆိုရင် ကလေးတွေ နာမည်ကိုတောင် မူပိုင်ခွင့်တင်လိုက်ပြီ။ ဘက်ခမ်းအမှတ်တံဆိပ် ကျယ်ပြန်လာမယ့် အခွင့်အရေးတွေကတော့ မဆုံးနိုင်အောင်ပါပဲ” လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

ဘရွတ်ကလင်းကဆိုရင် ဓာတ်ပုံတွေ အများအပြားရိုက်ကူးခဲ့ကာ ကိုယ်ပိုင် ဓာတ်ပုံစာအုပ်တစ်အုပ်ကိုတောင် ထုတ်ဝေခဲ့ပြီး ရိုမီယိုကတော့ Burberry အတွက် မော်ဒယ်လုပ်ပေးခဲ့ကာ ခရုစ်ကတော့ ပြီးခတဲ့ ဒီဇင်ဘာလမှာ ပေါ့ပ်သီချင်းတစ်ပုဒ်ကို ထုတ်လုပ်ခဲ့ပါတယ်။ အသက် ၅ နှစ်သာ ရှိသေးတဲ့ ဟာပါလေးကတော့ T-shirt ဒီဇိုင်း ထုတ်ခဲ့ပါတယ်။

by Duwun

No comments:

Post a Comment