Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 26, 2018

မရူးဘဲႏွင့္ စိတ္က်န္းမာေရးေဆးရံု အပို႕ခံရသည့္ မိခင္

တာေမြၿမိဳ႕နယ္ နတ္ေမာက္ရပ္ကြက္ ဦးထြန္းျမတ္လမ္းရွိ ၿခံက်ယ္ႏွင့္တိုက္ အေမြဆိုင္ကိစၥႏွင္႔ပတ္သက္ၿပီး မိခင္အရင္းကို စိတ္က်န္းမာေရးေဆး႐ံုသို႔ မ႐ူးဘဲ ပို႔ခဲ့သျဖင့္ မိခင္က သမီးသံုးဦးစလံုးကို တရားစြဲခဲ့ရတဲ့အေၾကာင္း ေဒၚစုစုၾကည္ကို Speaker ဂ်ာနယ္မွ ေတြ႕ဆံုေမးျမန္းထားသည္မ်ားကို ျပန္လည္ေဖာ္ျပလုိက္ပါသည္။

Speaker ။ ။ အန္တီ့ရဲ႕အမ်ဳိးသားမွာ ေမြးခ်င္း ဘယ္ႏွေယာက္ရွိလဲ။ အဲဒီအထဲက ဒီအေမြကို ရယူခ်င္တာ ဘယ္သူရွိလဲ။
DSSK ။ ။ အန္တီ့အမ်ဳိးသားမွာ ေမြးခ်င္း ခုနစ္ေယာက္ရွိတယ္။ အေႏွာင့္အယွက္ေပးေနတာေတာ့ တစ္ေယာက္တည္းပါ။
Speaker ။ ။ သူတို႔ေတြက ဘယ္မွာေနတာလဲ။
DSSK ။ ။ အရင္တုန္းက ဒီအထဲမွာေနတယ္။ အခုေတာ့ ေျပာင္းသြားၿပီ။
Speaker ။ ။ သမီးေတြက အန္တီလိုမိခင္ စကားထက္ အေဒၚရဲ႕ စကားကို နားဝင္တယ္ဆိုတာ ဘယ္လိုေၾကာင့္ျဖစ္မယ္ထင္လဲ။
DSSK ။ ။ အဲဒါေတာ့ အန္တီလည္း စဥ္းစားလို႔မတတ္ဘူး။ အန္တီက ေမြးကတည္းက အတူတူေနၿပီး တာဝန္ေက်တဲ့ အေမဆိုေတာ့ အန္တီ့ ဘက္က လိပ္ျပာသန္႔ပါတယ္။ တရား႐ံုးမွာထြက္တာေတြက အန္တီ့ သမီးေတြရဲ႕ ဆႏၵမဟုတ္ဘူး။
Speaker ။ ။ ဘယ္လိုေၾကာင့္ အခုသမီးေတြနဲ႔ ျဖစ္ရတာလဲ။
DSSK ။ ။ ရွင္းရွင္းေျပာရရင္ အန္တီက ေလာဘရွိလို႔ မဟုတ္ဘူး။ အန္တီက သမီး ေတြကို ဆံုးမရတယ္။ သူတို႔အေဖက ဂ်ပန္မွာ (၁၉) ႏွစ္ေနတာေလ လူမႈေရးကိစၥနဲ႔ ပတ္သက္လာရင္ သူတို႔အေဒၚက ေျမႇာက္ ေျမႇာက္ေပးတယ္။ အန္တီ့သမီး သံုးေယာက္လံုး အိမ္ေထာင္ျပဳသြားပါၿပီ။ သံုးေယာက္လံုး အိမ္ေထာင္ျပဳျခင္းမွာ အန္တီ့ရဲ႕ ခြင့္ျပဳခ်က္ မပါဘူး။ အသိေပးတာေလာက္ပဲ ရွိတယ္။ အန္တီ့သမီးအႀကီးဆိုရင္ (၄၅)ႏွစ္ရွိၿပီ။ ေရနံ ကုမၸဏီမွာလုပ္တယ္။ အလတ္က (၃၇) ႏွစ္ စင္ကာပူမွာ။ အငယ္မေလးက (၂၉) ႏွစ္ ဆရာဝန္မေလးပါ။
Speaker ။ ။ ရြာသာႀကီးကို ပို႔တာက ဘယ္သမီးလဲ။
DSSK ။ ။ သမီးသံုးေယာက္လံုး ပို႔တာပါ။ ရဲက သံုးေယာက္လံုး စြဲခိုင္းတယ္။ မိသားစု ေရွ႕ေနရွိတယ္။ အစ္မႀကီးသမီးေတြ တရား႐ံုး ေရာက္ရင္ ၿငိမ္သြားမွာေပါ့ဆိုၿပီး စြဲတာ။ ေဘးပေယာဂ ပါတာရယ္။ သူတို႔ရဲ႕ ဘာသာ ေရးအသိ မရွိတာလည္း ပါတာေပါ့။ အန္တီက ေျပာတယ္။ အေမ့မွာ ဘာမွမရွိဘူး။ အန္တီ့မွာ အေၾကြးေတြ ရွိတယ္။ သားသမီး သံုးေယာက္ကို ပညာသင္ခဲ့ရတာ။ အေၾကြးေတြရွိတဲ့အခါက်ေတာ့ အေမ့အေၾကြးေတြကို ဆပ္မယ္။ အေဖရွိတုန္းက ဒီက ရတဲ့ အိမ္လခကို အေဖကယူတယ္။ အေဖမရွိေတာ့ ဒီက အိမ္လခကို အေမယူမယ္။ သမီးတို႔လည္း အေမ့ကို မေထာက္ပံ့နဲ႔။ အမ်ားဆံုးေထာက္ပံ့တာက သမီးအႀကီးဆုံးကပဲ ေထာက္ပံ့တယ္။ ဒီဟာေရာင္းရရင္ ေလးပံုပံုမယ္။ သမီးတို႔လည္း ေလးပံုတစ္ပံု။ အေမ ေလးပံုတစ္ပံု ယူမယ္။ အေမ့ ေလးပံုတစ္ပံုလည္း သမီးတို႔ကို အေမက ေပးမယ္။ ဆက္ခံခြင့္ထားခဲ့ မယ္ေပါ့။ ဒါေပမဲ့ အန္တီ့ရဲ႕သမီးက ဘာေျပာလည္းဆိုေတာ့ သမီးနာမည္ က လင္းတင့္ၾကည္။ လင္းတင့္ၾကည္က ဥပေဒမွာတဲ့ လင္ေသရင္ မယားမရဘူး။ အေဖေသရင္ သမီးရမယ္။ စာခ်ဳပ္စာတမ္းဥပေဒမွာ မေရႊ႕ေျပာင္းႏိုင္တဲ့အိမ္ႀကီး အန္တီ့ရဲ႕ေယာကၡမႀကီး ေတြကေတာင္ ေပးခဲ့ၿပီးသား။ နင္တို႔ လက္ခံလို႔ရတယ္ဆို ငါလိုက္ပို႔ေပးမယ္။ သြားပို႔ေတာ့ ဟိုက မရဘူး။ ေနာက္ၿပီးေတာ့ ကေမၻာဇဘဏ္မွာ သူတို႔အေဖ စာအုပ္က်န္ခဲ့တယ္။ အဲဒီ စာအုပ္ကို သူတို႔ယူထားတယ္။ သူတို႔က သြားထုတ္တယ္ မရဘူး။ အန္တီ့ကို ရြာသာႀကီးပို႔ ထားတဲ့အခ်ိန္မွာ သူတို႔က သြားထုတ္တာ။ ဒါေပမဲ့ ဘဏ္ကေျပာတာ လိုက္ၾကည့္မယ္။ ေဒၚစုစုၾကည္ တကယ္ရူးတယ္ဆိုရင္ ထုတ္ေပးမယ္ဆိုေတာ့ ရွင္းရွင္းေျပာရင္ ဒါေတြ အားလံုး အန္တီရဲ႕ သမီးေတြဟာ အဲဒီေလာက္ မေကာက္က်စ္ဘူး။ အန္တီေမြးခဲ့တာ အန္တီ သိတာေပါ့။ ဒါေပမဲ့ ကေလးေတြရဲ႕ ကံတရား၊ အန္တီ့ရဲ႕ အတိတ္ဝဋ္ေၾကြး၊ သူတို႔အေဒၚ အဓိက ေနာက္ကႀကိဳးကိုင္တဲ့သူကို ေဖာ္ခ်င္လို႔ အန္တီ ဒါကို လုပ္တာပဲ။
Speaker ။ ။ ရြာသာႀကီးကိုပို႔တဲ့ အေျခ အေနက ဘယ္လိုကေန ဘယ္လိုျဖစ္သြားလဲ။
DSSK ။ ။ ရြာသာႀကီးကိုပို႔တဲ့ အေျခအေနက ျဖစ္တဲ့ေန႔က အန္တီက သူငယ္ခ်င္းေတြအိမ္ သြားေနတာ။ အန္တီရဲ႕ အမ်ဳိးသား ဆံုးတဲ့ေန႔ ကတည္းကစၿပီး သူတို႔က ထြက္လိုက္ ဝင္လိုက္ပဲ အၿငိမ္ကိုမေနဘူး။ အၾကီးႏွစ္ ေယာက္စလံုးကေပါ့။ အငယ္ေလးကေတာ့ သြားလိုက္ လာလိုက္ ေပါ့။ မသၿဂဳႋဟ္ခင္လည္း သူတို႔က အန္တီ့ကို ေကာင္းေကာင္းမြန္မြန္ မဆက္ဆံဘူး။ သၿဂဳႋဟ္တဲ့ေန႔မွာလည္း ေကာင္းေကာင္းမြန္မြန္ မဆက္ဆံ ဘူး။ ရက္လည္ေတာ့လည္း အဲဒီလိုပဲ သူစိမ္းလိုပဲ ဆက္ဆံတယ္။ မိေထြး လိုေပါ့။ ဒါေပမဲ့ ရက္လည္ၿပီး ႏွစ္ရက္အၾကာမွာ အန္တီက အိမ္မွာ တစ္ေယာက္တည္း ေနရတယ္ဆိုေတာ့ အေဖာ္ ေကာင္မေလးကလည္း အိမ္ျပန္ခ်င္ေတာ့ သူငယ္ခ်င္းအိမ္မွာ သြားေနေတာ့ သူတို႔က ၁ဝ နာရီခြဲ လာေခၚေတာ့ အန္တီက ျပန္လာတယ္။ အိမ္ကိုျပန္ေရာက္ေတာ့ ည ၁၁ နာရီ ၂ဝ၁၅ ဇန္နဝါရီ ၃ဝ ရက္ ေသာၾကာေန႔ ည ၁၁ နာရီမွာေပါ့။ အန္တီ က အဲဒီမွာ ထိုင္ေနတာ ေကာ္ဖီေသာက္ေနရင္းေပါ့။ အဲဒီအခ်ိန္မွာ လူငါး ေယာက္ဝင္လာတယ္။ သန္မာ ထြားႀကိဳင္းတဲ့ အမ်ဳိးသားေတြေပ့ါ။ အဲဒီမွာ အန္တီက ဘာလာလုပ္တာလဲ။ အလတ္မက တံခါးဖြင့္ၿပီး အေမ့ကို ၿမိဳ႕နယ္မွဴးက ေတြ႕ခ်င္လို႔တဲ့ဆိုေတာ့ ဘာလုပ္ဖို႔ ေတြ႕ခ်င္လည္း မနက္ျဖန္မွေတြ႕ေလ ညဥ့္နက္ေနၿပီလို႔ ေျပာတာေပါ့။ အဲဒီမွာပဲထိုင္ေနတာ။ အဲဒီအခ်ိန္မွာ အန္တီက နည္းနည္းပိန္ေနတာေပါ့။ စိတ္လည္း ညစ္ေနတာ ကိုး။ အဲဒီအခ်ိန္ အန္တီကို ေပြ႕လိုက္တယ္။ ေပြ႕ၿပီး ပါးစပ္ပိတ္လိုက္တာ အန္တီကလည္း ႐ုန္းတာေပါ့။ အိမ္ေရွ႕မွာ တကၠစီ ေရာက္ေနတယ္။ ဒ႐ိုင္ဘာေဘးမွာ တစ္ေယာက္ထိုင္တယ္။ ေဘးမွာ အန္တီ့သမီး အလတ္ ထိုင္တယ္။ အန္တီက အလယ္မွာ ေဘးမွာ ႏွစ္ေယာက္၊ ေနာက္မွာ ႏွစ္ေယာက္နဲ႔ေပါ့။ အန္တီ့ကို တျဖည္းျဖည္းနဲ႔ ေခၚေခၚ သြားလိုက္တာ ဒီနား ညာဘက္ကိုေကြ႕မယ္ဆို ၿမိဳ႕နယ္ေကာင္စီ မေကြ႕ဘူး။ ဘယ္ကို ေကြ႕တယ္။ နင္တို႔ ဘယ္ေကြ႕တယ္ဆိုေတာ့ SSC တဲ့။ SSC က်ရင္လည္း ဘယ္ေကြ႕ရမွာေလ။ အဲဒါလည္း မေကြ႕ဘူး။ တည့္တည့္ ႀကီးသြားေတာ့ အန္တီက ဒီကေန ရြာသာႀကီးကို တြက္ၾကည့္ ၄၅ မိနစ္ ေလာက္ ေမာင္းရတယ္။ ညဘက္ႀကီး လမ္းကလည္း ခင္းေနတာ။ ဟိုက်ေတာ့ စိတ္က်န္းမာေရးေဆး႐ံုႀကီး ရြာသာႀကီး အန္တီ့သမီးကို အန္တီက ငယ္ငယ္လို႔ ေခၚတာကိုး။ ငယ္ငယ္ နင္ငါ့ကို လုပ္ခ်လိုက္ၿပီ ေျပာလိုက္တယ္။ ဟိုက်ေတာ့ အန္တီက ကားေပၚကမဆင္းဘူး။ မဆင္းရင္ အတင္းေခၚမယ္တဲ့ ေခၚရင္ ေအာ္မွာပဲလို႔။ အဲဒီမွာ ဆရာဝန္မေလးက အန္တီခဏေလး ဆင္းလိုက္ပါဆိုေတာ့ ဆင္းလိုက္တာေပါ့။ ဆင္းေတာ့စစ္တာေပါ့။ ဆင္းလည္းဆင္းေရာ အန္တီ့ကို ခ်ဳပ္တာေပါ့။ အန္တီက ႐ုန္းတာ အတင္းကို႐ုန္းတာ။ အဲဒီအခ်ိန္ နာရီၾကည့္လိုက္ေတာ့ ည ၁ နာရီ။ သူတို႔က လက္ကို ေဆးတစ္လံုး ထိုးလိုက္တယ္။ အဲဒီမွာ ေမ့ သြားတယ္။ ေနာက္တစ္ေန႔မနက္မွာ အန္တီ့ကို ႏွစ္ေယာက္ခန္းမွာ တစ္ေယာက္တည္းထားတယ္။ အန္တီက နာရီၾကည့္လိုက္ေတာ့ ၅ နာရီ ငါဘယ္ေရာက္ေနလဲလိုဆိုေတာ့ တစ္ဖက္ခန္း လူနာေစာင့္ ေကာင္မေလးက အန္တီ ရြာသာႀကီး ေရာက္ေနတာဆိုေတာ့ အန္တီသိၿပီလို႔ ေျပာလိုက္တယ္။ အဲဒီကစၿပီး ရွစ္ရက္ေျမာက္ေန႔မွာ အန္တီကေတာ့ အ႐ူး ေတြၾကားထဲမွာ ေနရတာေပါ့။ အန္တီေရာက္ တဲ့ အခ်ိန္တုန္းက တစ္ေန႔လံုး အ႐ူးေတြကို လႊတ္ထားတယ္။ အခုေနာက္ပိုင္းေတာ့ မသိဘူး။ အန္တီက မနက္ဆို ဆရာဝန္အခန္းထဲမွာ ေနတယ္။ အ႐ူးေဆး႐ံုဆိုေတာ့ အ႐ူးလိုပဲေပါ့။ ရွစ္ရက္ေျမာက္မွာ လူနာေစာင့္တစ္ေယာက္ဆီမွာ ဖုန္းပါတယ္။ သူ႔ဖုန္းနဲ႔ အန္တီ့ ညီမကို ဖုန္းဆက္တယ္။ ေနာက္ အန္တီ့ရဲ႕ အစ္မ ေထာင္ဆရာဝန္ လုပ္ခဲ့ဖူးသူေလ။ သူတို႔ဖုန္းႏွစ္လံုးပဲ အလြတ္ရတာေလ။ ဆက္ေတာ့ ႏွစ္ေယာက္လံုး ဖုန္းမကိုင္ဘူး။ ေနာက္ပိုင္းမွာ အန္တီ့ညီမက ဖုန္းကိုင္တယ္။ အန္တီ့ရဲ႕ အိမ္နာမည္က မစီေလ။ အဲဒီမွာ မစီ ဘယ္ေရာက္ေနတာလဲ။ ငါရြာသာႀကီးမွာ။ အဲထင္သားပဲတဲ့။ ဒီမွာေတာ့ အမႈဖြင့္ထားတယ္ဆိုေတာ့ ငါ့ကို လာေခၚလွည့္ဆိုေတာ့ ည ၇ နာရီရွိေနၿပီ။ ေနာက္ေန႔က စေနေန႔။ အဲဒီရက္မွာ ဘာေျပာလဲဆိုေတာ့ နပ္စ္မေလး ကေပါ့ အန္တီ ေရႊျမယာဆရာေတာ္က ထမင္းလာေကြၽးမယ္ဆိုေတာ့ အန္တီက စိတ္ ေရာဂါေဝဒနာရွင္မွ မဟုတ္တာ။ အထဲမွာေနတာေပါ့။ စေန၊ တနဂၤေႏြ ႏွစ္ရက္လံုး အန္တီ့ အမ်ဳိးေတြေရာ၊ အန္တီတူေတြေရာ အကုန္လံုး လာၾကတယ္။ အဲဒီမွာ ရန္ျဖစ္ၾကတယ္။ ေနာက္ဆံုး တနလၤာေန႔ၾကရင္ ဆရာဝန္ႀကီးနဲ႔ ဘုတ္ထိုင္ၿပီးေတာ့ ျပန္လႊတ္ေပးပါ့မယ္ ဆိုၿပီးေတာ့ တနလၤာေန႔မွာ ဘုတ္ထိုင္ေတာ့ ေဒါက္တာဝင္းေအာင္ျမင့္ စိတ္က်န္းမာေရး ဆရာဝန္ႀကီး။ သူက ကြၽန္ေတာ္ ဝင္းေအာင္ျမင့္ လို႔ေျပာတယ္။ အဲဒီမွာ အန္တီက ဆရာနဲ႔ ကြ်န္မေတြ႕တာ ဒါ first time ပဲေနာ္ ဆိုေတာ့၊ သူက ဟုတ္ပါတယ္ဆိုေတာ့ အန္တီ့ကို အရင္ စစ္တယ္။ အန္တီ့အမ်ဳိးေတြကို စစ္တယ္။ ေနာက္ အန္တီ့သမီးေတြ စစ္တယ္။ ဆရာႀကီး က ကြၽန္ေတာ္ လူမႈေရးအရ မွားၿပီးေတာ့ ေခၚလိုက္မိတာပါ။ အန္တီက အိမ္ျပန္လို႔ရ ၿပီလားဆိုေတာ့ ရၿပီတဲ့။ အဲဒီမွာ ကြၽန္မကို ဘယ္လို DC ေပးမွာလဲဆိုေတာ့ ကြၽန္မကို အ႐ူးလက္မွတ္ေပးမွာလားဆိုေတာ့ မဟုတ္ ပါဘူး အန္တီတဲ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္မက လုပ္စရာေတြ အမ်ားႀကီးရွိေသးတယ္လို႔ မေပးပါဘူးဆိုေတာ့ သမီးႀကီးက အိမ္ျပန္ေခၚလို႔မရဘူးတဲ့ အိမ္မွာ ဘယ္သူမွ မရွိဘူးတဲ့ ဆရာဝန္ႀကီးက အငယ္ဆရာဝန္မ ကို နင့္အေမနဲ႔ ျပန္ေနရမယ္ဆိုေတာ့ အငယ္ မေလးက အေမ့ေၾကာက္လို႔ အစ္မနဲ႔သြားေန တာ ၁၁ ရက္ေျမာက္ေန႔မွာ အစ္မႀကီးက လာေခၚတယ္။ သုဝဏၰ ေရႊအင္ၾကင္းအိမ္ရာမွာ ရက္ ၄ဝ ေနခဲ့ရတယ္။ ဘာလို႔လဲဆို ေတာ့ ဒီအိမ္မွာ ေသာ့က သံုးေခ်ာင္းရွိတာကိုး။ အန္တီ့ကို တစ္စံုပဲေပးၿပီး သူတို႔ကႏွစ္စံု ယူထားတာ။ အဲဒီေတာ့ အန္တီက ေသာ့ေတြ အကုန္လံုး လဲပစ္တယ္။ သူတို႔နဲ႔ ျပႆနာျဖစ္တာက ၂ဝ၁၅ ဇန္နဝါရီ ၂၁ ရက္က ျဖစ္တာ တရား႐ံုးမွာေပါ့။ ဒါေပမဲ့ အန္တီက ရဲမွာ အမႈဖြင့္ေတာ့ ရဲက အေမနဲ႔ သမီးဆိုေတာ့ ေရွာင္ေနဆိုၿပီး အန္တီက ေရွာင္ေနတယ္။ အိမ္ကေကာင္မေလးကို လာလာဆြယ္တယ္။ အဲဒီေတာ့ အန္တီက ေကာင္မေလးကို ေခၚသြားတယ္။ သူတို႔မွာ ေသာ့ရွိေတာ့ အန္တီ က အထဲကေန ေသာ့ခတ္ထားတယ္။ အဲဒီမွာ ဒီဝင္ေပါက္က မဟုတ္ဘဲ ဘုရားခန္းနားက ဆြဲတံခါးေလး တစ္ခုရွိတယ္။ အဲဒီေသာ့က အန္တီ့ဆီမွာပဲ ရွိတယ္။ အဲဒီမွာ ေကာင္မေလးနဲ႔ အျပင္ထြက္မယ္ဆို ေကာင္မေလးကို အ ရင္ထြက္ၿပီးမွ အန္တီက ေသာ့ပိတ္။ အဲဒီဆြဲ တံခါးကေနထြက္ၿပီး ျပန္ပိတ္တာေပါ့။ အဲဒီလို လုပ္တာကို အန္တီရဲ႕ ေယာက္မကေနၿပီး ႏွစ္ရက္ေျမာက္ေန႔မွာ အေပၚထပ္ကေနၿပီး ၾကည့္ေနတာ။ ဘယ္ကဝင္တယ္ ဆိုတာကို ေတြ႕သြားတယ္။ သံုးရက္ေျမာက္ေန႔မွာ အန္တီ့သမီးအလတ္နဲ႔ ေယာင္းမရဲ႕အမ်ဳိးသား အဲဒီေသာ့ကို ဖ်က္ေနတာ။ ရဲကို ဖုန္းဆက္ရတာေပါ့။ အဲဒီမွာ အမႈဖြင့္တယ္။ သံုးရက္အထိ မလာေတာ့ တရား႐ံုးကို အန္တီဦးတိုက္ေလွ်ာက္တာ ၂ဝ၁၆ ဇန္နဝါရီ ၂၈ ရက္ကေန အမႈရင္ဆိုင္ေနတာ အခုထိပဲ။ ေနာက္ သူတို႔က ျပည္ထဲေရးကို တိုင္တာ ရွိေသးတယ္။ ျပည္ထဲေရးကေန ရန္ကုန္တိုင္းရဲကို ခ်တယ္။ အဲဒီကေန အေနာက္ပိုင္းခ႐ိုင္ ရဲမွဴးၿပီးေတာ့ ဗဟန္းရဲမွဴး ဦးခင္ေမာင္ႀကီး သူ႔ကို ခ်ေပးေတာ့ အန္တီကိုစစ္တယ္။ အစစ္ခံၿပီးၿပီ ရဲက သူတို႔ကို ေတာင္းပန္ ခိုင္းတယ္။ သူတို႔မေတာင္းပန္ဘူး။ အန္တီက အမႈျဖစ္တာ ႏွစ္ႏွစ္ခြဲ ေယာက်္ား ေသတာ သံုးႏွစ္ဆိုေတာ့ အန္တီ့ အေနနဲ႔ လုပ္သင့္ၿပီလို႔ ထင္လို႔ ဒီလို မီဒီယာ ကို ေျပာတာျဖစ္တယ္။ အဲဒီလို လုပ္တာဟာ လည္း ဒီတိုက္မွာ အမ်ဳိးေတြပဲရွိတာ။ သူတို႔က ေတာ့မပါဘူး ဒါေပမဲ့ အခုခ်ိန္မွာ အဓိကပါဝင္တာက ၾသစေတးလ်ားမွာ ၁၉၈၉ မွာ ထြက္သြားတဲ့ ေယာင္းမအငယ္ ေျမႇာက္လို႔ သူက အန္တီကို အတိုက္အခံလုပ္တယ္။ ဒါေၾကာင့္မို႔ အန္တီက လုပ္လိုက္တာ ဒါပဲ။ အန္တီက အမွန္တရားကို ေဖာ္ထုတ္တာပါ။ တကယ္လုပ္တဲ့သူကို ခံေစခ်င္တာ ဥပေဒ အရပဲေလ မီဒီယာကို ဘာျဖစ္လို႔ ေျပာရလဲ ဆို ႏိုင္ငံေတာ္ကသိေအာင္ ေခတ္ေတြလည္း ေျပာင္းပါၿပီ။
Speaker ။ ။ အန္တီရဲ႕အမ်ဳိးသား က်န္ခဲ့တဲ့ ပိုင္ဆိုင္မႈက ဘယ္ေလာက္က်န္ခဲ့လဲ။
DSSK ။ ။ ဒီၿခံႀကီးေရာင္းလို႔ရရင္ အခ်ဳိး က်ရမယ္။ ဘယ္ေလာက္တန္တယ္ဆိုတာေတာ့ မသိဘူး။ အန္တီ့ေယာက်္ားရွိတုန္းက လည္း ေပးရင္ယူတယ္၊ ေကြၽးရင္စားတယ္။ ဒါေပမဲ့ အန္တီ့ကို အဓိက ေထာက္ပံ့ေပးခဲ့တာက အမ်ဳိးသားက ျမန္မာျပည္မွာတုန္းက တကၠစီေမာင္းတယ္၊ ရွာေကြၽးပါတယ္။ ဂ်ပန္ ထြက္သြားတယ္။ အဲဒီမွာ (၁၉) ႏွစ္ဆိုလည္း သူက ေပ်ာ္သလိုေနတာေပါ့။ ဒါေပမဲ့ အန္တီ့ အေပၚမွာ အရမ္းေကာင္းတာက ေယာကၡထီး နဲ႔ ေယာကၡမပဲ။ ဟိုဘက္ခန္းမွာ ေနတယ္။ ဒါေပမဲ့ ဆံုးသြားၾကၿပီ။ သူတို႔ကလည္း သား မရွိေတာ့ ဒီအိမ္ႀကီးကို အေမြဆက္ခံခြင့္ေပး ခဲ့ပါတယ္။ စာခ်ဳပ္စာတမ္းနဲ႔ တရားဝင္လုပ္ ေပးခဲ့ပါတယ္။ အဲဒါနဲ႔တင္ တရားဝင္ပါတယ္။ ဥပေဒအရ အက်ဳံးဝင္ေစခ်င္လို႔ အေရွ႕ပိုင္းခ႐ိုင္ တရား႐ံုးမွာ အန္တီက ဦးတိုက္ေလွ်ာက္ ၿပီးပါၿပီ။ အန္တီက အခု ပင္စင္ႏွစ္ေသာင္း ရွစ္ေထာင္ ရပါတယ္။ ဒီအိမ္ေရွ႕က ငွားထားတာ အန္တီရပါတယ္။ သံုးႏွစ္ရွိၿပီေပါ့။ ဒါေပမဲ့လည္း အန္တီမွာ အေၾကြးေတြ သိန္းႏွစ္ရာ့ငါးဆယ္ ဆပ္ခဲ့ရပါတယ္။ အန္တီ မရွက္ပါဘူး။ အေၾကြးကေတာ့ေက်ၿပီ။ အတိုးေတြကေတာ့ ေပးရဦးမွာေပါ့။ ေပးရမယ့္သူက အန္တီရဲ႕အမ်ဳိးသားတူေလးကို ေပးရမွာ ေၾကြးပူေတာ့ မဟုတ္ဘူး။ ဒီအိမ္ႀကီး ေရာင္းရရင္ေတာ့ ေပးမယ္လို႔ေျပာထားတယ္။ ေၾကြးေအးေပါ့။ အန္တီသည္ အခုခ်ိန္မွာ ေနစရာ အိမ္ရွိတယ္။ အန္တီက သမီးေတြကို ဆယ္တန္းေအာင္ရင္ ကားေမာင္းသင္ေပးတယ္။ ကိုယ္တိုင္ကားေမာင္းၿပီး ေက်ာင္းတက္ခိုင္းတယ္။ သမီးႀကီးက ဝိဇၨာသိပၸံ၊ အလတ္က ECO ၊ အငယ္က ေဆး(၂)။ ဒါေပမဲ့ အန္တီက ဟိုဘက္လမ္းမွာ အေမြရေသးတယ္။ အငယ္မေလး ေက်ာင္းတက္တုန္းက သိန္းႏွစ္ ရာနဲ႕ ၿပိဳင္ကားေလးဝယ္ေပးေသးတယ္။ သမီးေလး အိမ္ေထာင္က်ၿပီး အန္တီနဲ႔ ျပႆနာ ျဖစ္ေတာ့ ေရာင္းလိုက္ေတာ့ သိန္းငါးဆယ္ပဲ ရပါတယ္။ သားတို႔အျမင္ ဆိုရင္ေတာ့ အန္တီ့ဘဝက ေအးခ်မ္းတယ္လို႔ ထင္မွာပါ။ ဒီအိမ္ေရာင္းရရင္ရမွာ ဒါေပမဲ့လည္း အေမြဆိုတာ ထိုက္မွ စားရတာပါ။ တကယ့္အစစ္ အမွန္ အန္တီလိုခ်င္တာက ဘယ္သူပဲျဖစ္ ျဖစ္ ဝင္မပါနဲ႔။ မိသားစုေျပလည္ေအာင္ လုပ္ခ်င္လုပ္။ အခုျဖစ္ေနတာက ေယာင္းမေပါ့။ အန္တီနဲ႕ဆိုေတာ့ သူစိမ္းေလ။ သမီးေတြနဲ႔က်ေတာ့ သူတို႔အေဒၚ ျဖစ္တာေပါ့။ ဒါေတြက မလုပ္သင့္ဘူးေလ။ သူလည္း အိမ္ေထာင္နဲ႔ အေမတစ္ေယာက္အေနနဲ႔ စဥ္းစားၾကည့္ေလ။ ကိုယ္ခ်စ္တဲ့ သမီးေတြနဲ႔ ခြဲေနရတာ ဘယ္လို ခံစားရတယ္ဆိုတာ သားတို႔စဥ္းစားၾကည့္ပါ။ (ငိုျပီးေတာ့ေျပာသည္) ကိုယ္ခ်စ္တဲ့ သမီးေတြေလ။ အန္တီ အရမ္းစိတ္ထိခိုက္ခံစားရ ပါတယ္။ အန္တီ အမ်ားႀကီး စဥ္းစားပါတယ္။ အန္တီမွာ တိုင္ပင္ရမယ့္သူဆိုတာ မရွိပါဘူး။ အန္တီအစ္မေတြကလည္း သူတို႔ကို စိတ္နာ တယ္။
Speaker ။ ။ ဒီလိုလုပ္ရတဲ့ အေၾကာင္းက ေနာက္ကြယ္က ဘယ္လိုေတြ ရွိလို႔ထင္လဲ။
DSSK ။ ။ အန္တီ့အျမင္က မိသားစုမွာ ဖြင့္မေျပာသာတဲ့ အေၾကာင္းေတြရွိမယ္။ ရွိလည္း ရွိပါတယ္။ ဒါေပမဲ့ အန္တီသည္ ေသ သြားတဲ့သူေတြကို မထိခိုက္ေစခ်င္ပါဘူး။ အဓိက တကယ္ေတာ့ ရွင္းရွင္းေလးေျပာရရင္ အမ်ားထင္သလို အေမြလိုခ်င္လို႔ မဟုတ္ဘူး။ သမီးေတြက အေမြလိုခ်င္လို႔ မဟုတ္ဘူး။ ေသြးထိုးေပးသူက အေမြမေပးခ်င္လို႔။ ဒါေၾကာင့္မို႔ မိသားစုၿပိဳကြဲေအာင္ လုပ္လိုက္တာပဲ။ ဒါေပမဲ့ အန္တီနဲ႔ သမီးေတြၾကားမွာလည္း လူမႈေရးကိစၥေတာ့ ရွိတာေပါ့။ ဒါေတြ ဟာ ဖြင့္မေျပာသာဘူး။ အေမဆိုတာ သူမ်ားေျပာမွ ၾကားရတာေလ သားသမီးယံု စံုလံုး ကန္းေလ။ ကြၽန္ယံုရင္ တစ္ဖက္ပဲ ကန္းတာ။ ဖြင့္မေျပာသာတဲ့ အေၾကာင္းေတြရွိတဲ့အတြက္ ဘာမွမေျပာခ်င္ဘူး။ အန္တီနားမလည္တာ က အန္တီသမီးေတြက တစ္ဖက္ကေသြးထိုး တာကိုဘာ့ေၾကာင့္ သူတို႔ဘဝကို အပ်က္ခံ ၿပီး။ လုပ္သလဲဆိုတာကိုေတာ့ အန္တီ အဲဒီ အေျဖကို လိုခ်င္လို႔ အန္တီ ဒါလုပ္တာပါ။ ေနာက္က လက္မဲေလ အခုဟာက သမီးေတြနဲ႔ ဖိုက္ေနရတာေလ။ အန္တီသမီးေတြထဲမွာ အၾကီးဆံုးေလးက လိမၼာတယ။္ သူက ရွာ ေကြၽးခဲ့တယ္။ အန္တီ့ကို ရွာေကြၽးလို႔ ေက်းဇူး တင္ရမယ္ဆိုရင္ သမီးအႀကီးပဲရွိတယ္။ အလတ္နဲ႔ အငယ္က အန္တီ့အေပၚမွာ ေက်းဇူး တစ္စက္ေလးမွ မရွိခဲ့ဘူး။ ကေလးတစ္ေယာက္ကို ေက်ာင္းထားရတယ္ဆိုတာ မိဘတိုင္း သိပါတယ္။ အန္တီေျပာခ်င္တာက ျမန္မာ ျပည္မွာရွိတဲ့ မိခင္ေတြအားလံုး ကိုယ္စားျပဳတယ္။ သားသမီးေတြ အားလံုးကို ကိုယ္စားျပဳတယ္။ မိခင္ဆိုတာ ဘယ္ေတာ့မွ သားသမီး အက်ဳိးယုတ္ေအာင္ မလုပ္ဘူးဆိုတာ ေပၚလြင္ေစခ်င္ပါတယ္။ ေနာက္တစ္ခ်က္ သားသမီးတိုင္းသည္ မိခင္ေက်းဇူးကို မဆပ္ခ်င္ ေန ေက်းဇူးမကန္းသင့္ဘူးဆိုတာ က်န္တဲ့ သားသမီးတိုင္း သိေစခ်င္လို႔ ဒီျပသနာကို ေဖာ္ရတာပါ။
Speaker ။ ။ ဒီရက္ပိုင္း လူမႈကြန္ရက္မွာလည္း ျပန္႔သြားေတာ့ သားသမီးေတြက ျပန္ၿပီး ဆက္သြယ္တာ ရွိလား။
DSSK ။ ။ ဧၿပီသံုးရက္က ဗဟန္း ဒုၿမဳိ႕နယ္မွဴးက ေခၚေပးတယ္။ သူတို႔ဆီမွာ အန္တီတို႔က အစစ္ခံခဲ့ရတာကိုး။ အငယ္မေလးက မမကို ေျပာေပးပါဆိုေတာ့ မလာပါဘူး။ သံုးရက္ထိ ေစာင့္ေသးတယ္။ ဒုၿမိဳ႕နယ္မွဴးက အန္တီ ႀကိဳက္သလိုလုပ္ပါလို႔ ေျပာတယ္။ မဆက္သြယ္ပါဘူး။ အလတ္ကေတာ့ စင္ကာပူ မွာ ေနတယ္ဆိုေတာ့ တရား႐ံုးက ကင္းလြတ္ခြင့္ေပးထားတယ္။
Spaker ။ ။ အခုလုိ စိတ္ရွည္လက္ရွည္ ေျဖၾကားေပးတာ Speaker က ေက်းဇူးတင္ပါတယ္ အန္တီ။

SPeaker

#Unicode Version#
တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်းရှိ ခြံကျယ်နှင့်တိုက် အမွေဆိုင်ကိစ္စနှင့်ပတ်သက်ပြီး မိခင်အရင်းကို စိတ်ကျန်းမာရေးဆေးရုံသို့ မရူးဘဲ ပို့ခဲ့သဖြင့် မိခင်က သမီးသုံးဦးစလုံးကို တရားစွဲခဲ့ရတဲ့အကြောင်း ဒေါ်စုစုကြည်ကို Speaker ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

Speaker ။ ။ အန်တီ့ရဲ့အမျိုးသားမှာ မွေးချင်း ဘယ်နှယောက်ရှိလဲ။ အဲဒီအထဲက ဒီအမွေကို ရယူချင်တာ ဘယ်သူရှိလဲ။
DSSK ။ ။ အန်တီ့အမျိုးသားမှာ မွေးချင်း ခုနစ်ယောက်ရှိတယ်။ အနှောင့်အယှက်ပေးနေတာတော့ တစ်ယောက်တည်းပါ။
Speaker ။ ။ သူတို့တွေက ဘယ်မှာနေတာလဲ။
DSSK ။ ။ အရင်တုန်းက ဒီအထဲမှာနေတယ်။ အခုတော့ ပြောင်းသွားပြီ။
Speaker ။ ။ သမီးတွေက အန်တီလိုမိခင် စကားထက် အဒေါ်ရဲ့ စကားကို နားဝင်တယ်ဆိုတာ ဘယ်လိုကြောင့်ဖြစ်မယ်ထင်လဲ။
DSSK ။ ။ အဲဒါတော့ အန်တီလည်း စဉ်းစားလို့မတတ်ဘူး။ အန်တီက မွေးကတည်းက အတူတူနေပြီး တာဝန်ကျေတဲ့ အမေဆိုတော့ အန်တီ့ ဘက်က လိပ်ပြာသန့်ပါတယ်။ တရားရုံးမှာထွက်တာတွေက အန်တီ့ သမီးတွေရဲ့ ဆန္ဒမဟုတ်ဘူး။
Speaker ။ ။ ဘယ်လိုကြောင့် အခုသမီးတွေနဲ့ ဖြစ်ရတာလဲ။
DSSK ။ ။ ရှင်းရှင်းပြောရရင် အန်တီက လောဘရှိလို့ မဟုတ်ဘူး။ အန်တီက သမီး တွေကို ဆုံးမရတယ်။ သူတို့အဖေက ဂျပန်မှာ (၁၉) နှစ်နေတာလေ လူမှုရေးကိစ္စနဲ့ ပတ်သက်လာရင် သူတို့အဒေါ်က မြှောက် မြှောက်ပေးတယ်။ အန်တီ့သမီး သုံးယောက်လုံး အိမ်ထောင်ပြုသွားပါပြီ။ သုံးယောက်လုံး အိမ်ထောင်ပြုခြင်းမှာ အန်တီ့ရဲ့ ခွင့်ပြုချက် မပါဘူး။ အသိပေးတာလောက်ပဲ ရှိတယ်။ အန်တီ့သမီးအကြီးဆိုရင် (၄၅)နှစ်ရှိပြီ။ ရေနံ ကုမ္ပဏီမှာလုပ်တယ်။ အလတ်က (၃၇) နှစ် စင်ကာပူမှာ။ အငယ်မလေးက (၂၉) နှစ် ဆရာဝန်မလေးပါ။
Speaker ။ ။ ရွာသာကြီးကို ပို့တာက ဘယ်သမီးလဲ။
DSSK ။ ။ သမီးသုံးယောက်လုံး ပို့တာပါ။ ရဲက သုံးယောက်လုံး စွဲခိုင်းတယ်။ မိသားစု ရှေ့နေရှိတယ်။ အစ်မကြီးသမီးတွေ တရားရုံး ရောက်ရင် ငြိမ်သွားမှာပေါ့ဆိုပြီး စွဲတာ။ ဘေးပယောဂ ပါတာရယ်။ သူတို့ရဲ့ ဘာသာ ရေးအသိ မရှိတာလည်း ပါတာပေါ့။ အန်တီက ပြောတယ်။ အမေ့မှာ ဘာမှမရှိဘူး။ အန်တီ့မှာ အကြွေးတွေ ရှိတယ်။ သားသမီး သုံးယောက်ကို ပညာသင်ခဲ့ရတာ။ အကြွေးတွေရှိတဲ့အခါကျတော့ အမေ့အကြွေးတွေကို ဆပ်မယ်။ အဖေရှိတုန်းက ဒီက ရတဲ့ အိမ်လခကို အဖေကယူတယ်။ အဖေမရှိတော့ ဒီက အိမ်လခကို အမေယူမယ်။ သမီးတို့လည်း အမေ့ကို မထောက်ပံ့နဲ့။ အများဆုံးထောက်ပံ့တာက သမီးအကြီးဆုံးကပဲ ထောက်ပံ့တယ်။ ဒီဟာရောင်းရရင် လေးပုံပုံမယ်။ သမီးတို့လည်း လေးပုံတစ်ပုံ။ အမေ လေးပုံတစ်ပုံ ယူမယ်။ အမေ့ လေးပုံတစ်ပုံလည်း သမီးတို့ကို အမေက ပေးမယ်။ ဆက်ခံခွင့်ထားခဲ့ မယ်ပေါ့။ ဒါပေမဲ့ အန်တီ့ရဲ့သမီးက ဘာပြောလည်းဆိုတော့ သမီးနာမည် က လင်းတင့်ကြည်။ လင်းတင့်ကြည်က ဥပဒေမှာတဲ့ လင်သေရင် မယားမရဘူး။ အဖေသေရင် သမီးရမယ်။ စာချုပ်စာတမ်းဥပဒေမှာ မရွှေ့ပြောင်းနိုင်တဲ့အိမ်ကြီး အန်တီ့ရဲ့ယောက္ခမကြီး တွေကတောင် ပေးခဲ့ပြီးသား။ နင်တို့ လက်ခံလို့ရတယ်ဆို ငါလိုက်ပို့ပေးမယ်။ သွားပို့တော့ ဟိုက မရဘူး။ နောက်ပြီးတော့ ကမ္ဘောဇဘဏ်မှာ သူတို့အဖေ စာအုပ်ကျန်ခဲ့တယ်။ အဲဒီ စာအုပ်ကို သူတို့ယူထားတယ်။ သူတို့က သွားထုတ်တယ် မရဘူး။ အန်တီ့ကို ရွာသာကြီးပို့ ထားတဲ့အချိန်မှာ သူတို့က သွားထုတ်တာ။ ဒါပေမဲ့ ဘဏ်ကပြောတာ လိုက်ကြည့်မယ်။ ဒေါ်စုစုကြည် တကယ်ရူးတယ်ဆိုရင် ထုတ်ပေးမယ်ဆိုတော့ ရှင်းရှင်းပြောရင် ဒါတွေ အားလုံး အန်တီရဲ့ သမီးတွေဟာ အဲဒီလောက် မကောက်ကျစ်ဘူး။ အန်တီမွေးခဲ့တာ အန်တီ သိတာပေါ့။ ဒါပေမဲ့ ကလေးတွေရဲ့ ကံတရား၊ အန်တီ့ရဲ့ အတိတ်ဝဋ်ကြွေး၊ သူတို့အဒေါ် အဓိက နောက်ကကြိုးကိုင်တဲ့သူကို ဖော်ချင်လို့ အန်တီ ဒါကို လုပ်တာပဲ။
Speaker ။ ။ ရွာသာကြီးကိုပို့တဲ့ အခြေ အနေက ဘယ်လိုကနေ ဘယ်လိုဖြစ်သွားလဲ။
DSSK ။ ။ ရွာသာကြီးကိုပို့တဲ့ အခြေအနေက ဖြစ်တဲ့နေ့က အန်တီက သူငယ်ချင်းတွေအိမ် သွားနေတာ။ အန်တီရဲ့ အမျိုးသား ဆုံးတဲ့နေ့ ကတည်းကစပြီး သူတို့က ထွက်လိုက် ဝင်လိုက်ပဲ အငြိမ်ကိုမနေဘူး။ အကြီးနှစ် ယောက်စလုံးကပေါ့။ အငယ်လေးကတော့ သွားလိုက် လာလိုက် ပေါ့။ မသဂြုႋဟ်ခင်လည်း သူတို့က အန်တီ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး။ သဂြုႋဟ်တဲ့နေ့မှာလည်း ကောင်းကောင်းမွန်မွန် မဆက်ဆံ ဘူး။ ရက်လည်တော့လည်း အဲဒီလိုပဲ သူစိမ်းလိုပဲ ဆက်ဆံတယ်။ မိထွေး လိုပေါ့။ ဒါပေမဲ့ ရက်လည်ပြီး နှစ်ရက်အကြာမှာ အန်တီက အိမ်မှာ တစ်ယောက်တည်း နေရတယ်ဆိုတော့ အဖော် ကောင်မလေးကလည်း အိမ်ပြန်ချင်တော့ သူငယ်ချင်းအိမ်မှာ သွားနေတော့ သူတို့က ၁ဝ နာရီခွဲ လာခေါ်တော့ အန်တီက ပြန်လာတယ်။ အိမ်ကိုပြန်ရောက်တော့ ည ၁၁ နာရီ ၂ဝ၁၅ ဇန်နဝါရီ ၃ဝ ရက် သောကြာနေ့ ည ၁၁ နာရီမှာပေါ့။ အန်တီ က အဲဒီမှာ ထိုင်နေတာ ကော်ဖီသောက်နေရင်းပေါ့။ အဲဒီအချိန်မှာ လူငါး ယောက်ဝင်လာတယ်။ သန်မာ ထွားကြိုင်းတဲ့ အမျိုးသားတွေပေ့ါ။ အဲဒီမှာ အန်တီက ဘာလာလုပ်တာလဲ။ အလတ်မက တံခါးဖွင့်ပြီး အမေ့ကို မြို့နယ်မှူးက တွေ့ချင်လို့တဲ့ဆိုတော့ ဘာလုပ်ဖို့ တွေ့ချင်လည်း မနက်ဖြန်မှတွေ့လေ ညဉ့်နက်နေပြီလို့ ပြောတာပေါ့။ အဲဒီမှာပဲထိုင်နေတာ။ အဲဒီအချိန်မှာ အန်တီက နည်းနည်းပိန်နေတာပေါ့။ စိတ်လည်း ညစ်နေတာ ကိုး။ အဲဒီအချိန် အန်တီကို ပွေ့လိုက်တယ်။ ပွေ့ပြီး ပါးစပ်ပိတ်လိုက်တာ အန်တီကလည်း ရုန်းတာပေါ့။ အိမ်ရှေ့မှာ တက္ကစီ ရောက်နေတယ်။ ဒရိုင်ဘာဘေးမှာ တစ်ယောက်ထိုင်တယ်။ ဘေးမှာ အန်တီ့သမီး အလတ် ထိုင်တယ်။ အန်တီက အလယ်မှာ ဘေးမှာ နှစ်ယောက်၊ နောက်မှာ နှစ်ယောက်နဲ့ပေါ့။ အန်တီ့ကို တဖြည်းဖြည်းနဲ့ ခေါ်ခေါ် သွားလိုက်တာ ဒီနား ညာဘက်ကိုကွေ့မယ်ဆို မြို့နယ်ကောင်စီ မကွေ့ဘူး။ ဘယ်ကို ကွေ့တယ်။ နင်တို့ ဘယ်ကွေ့တယ်ဆိုတော့ SSC တဲ့။ SSC ကျရင်လည်း ဘယ်ကွေ့ရမှာလေ။ အဲဒါလည်း မကွေ့ဘူး။ တည့်တည့် ကြီးသွားတော့ အန်တီက ဒီကနေ ရွာသာကြီးကို တွက်ကြည့် ၄၅ မိနစ် လောက် မောင်းရတယ်။ ညဘက်ကြီး လမ်းကလည်း ခင်းနေတာ။ ဟိုကျတော့ စိတ်ကျန်းမာရေးဆေးရုံကြီး ရွာသာကြီး အန်တီ့သမီးကို အန်တီက ငယ်ငယ်လို့ ခေါ်တာကိုး။ ငယ်ငယ် နင်ငါ့ကို လုပ်ချလိုက်ပြီ ပြောလိုက်တယ်။ ဟိုကျတော့ အန်တီက ကားပေါ်ကမဆင်းဘူး။ မဆင်းရင် အတင်းခေါ်မယ်တဲ့ ခေါ်ရင် အော်မှာပဲလို့။ အဲဒီမှာ ဆရာဝန်မလေးက အန်တီခဏလေး ဆင်းလိုက်ပါဆိုတော့ ဆင်းလိုက်တာပေါ့။ ဆင်းတော့စစ်တာပေါ့။ ဆင်းလည်းဆင်းရော အန်တီ့ကို ချုပ်တာပေါ့။ အန်တီက ရုန်းတာ အတင်းကိုရုန်းတာ။ အဲဒီအချိန် နာရီကြည့်လိုက်တော့ ည ၁ နာရီ။ သူတို့က လက်ကို ဆေးတစ်လုံး ထိုးလိုက်တယ်။ အဲဒီမှာ မေ့ သွားတယ်။ နောက်တစ်နေ့မနက်မှာ အန်တီ့ကို နှစ်ယောက်ခန်းမှာ တစ်ယောက်တည်းထားတယ်။ အန်တီက နာရီကြည့်လိုက်တော့ ၅ နာရီ ငါဘယ်ရောက်နေလဲလိုဆိုတော့ တစ်ဖက်ခန်း လူနာစောင့် ကောင်မလေးက အန်တီ ရွာသာကြီး ရောက်နေတာဆိုတော့ အန်တီသိပြီလို့ ပြောလိုက်တယ်။ အဲဒီကစပြီး ရှစ်ရက်မြောက်နေ့မှာ အန်တီကတော့ အရူး တွေကြားထဲမှာ နေရတာပေါ့။ အန်တီရောက် တဲ့ အချိန်တုန်းက တစ်နေ့လုံး အရူးတွေကို လွှတ်ထားတယ်။ အခုနောက်ပိုင်းတော့ မသိဘူး။ အန်တီက မနက်ဆို ဆရာဝန်အခန်းထဲမှာ နေတယ်။ အရူးဆေးရုံဆိုတော့ အရူးလိုပဲပေါ့။ ရှစ်ရက်မြောက်မှာ လူနာစောင့်တစ်ယောက်ဆီမှာ ဖုန်းပါတယ်။ သူ့ဖုန်းနဲ့ အန်တီ့ ညီမကို ဖုန်းဆက်တယ်။ နောက် အန်တီ့ရဲ့ အစ်မ ထောင်ဆရာဝန် လုပ်ခဲ့ဖူးသူလေ။ သူတို့ဖုန်းနှစ်လုံးပဲ အလွတ်ရတာလေ။ ဆက်တော့ နှစ်ယောက်လုံး ဖုန်းမကိုင်ဘူး။ နောက်ပိုင်းမှာ အန်တီ့ညီမက ဖုန်းကိုင်တယ်။ အန်တီ့ရဲ့ အိမ်နာမည်က မစီလေ။ အဲဒီမှာ မစီ ဘယ်ရောက်နေတာလဲ။ ငါရွာသာကြီးမှာ။ အဲထင်သားပဲတဲ့။ ဒီမှာတော့ အမှုဖွင့်ထားတယ်ဆိုတော့ ငါ့ကို လာခေါ်လှည့်ဆိုတော့ ည ၇ နာရီရှိနေပြီ။ နောက်နေ့က စနေနေ့။ အဲဒီရက်မှာ ဘာပြောလဲဆိုတော့ နပ်စ်မလေး ကပေါ့ အန်တီ ရွှေမြယာဆရာတော်က ထမင်းလာကျွေးမယ်ဆိုတော့ အန်တီက စိတ် ရောဂါဝေဒနာရှင်မှ မဟုတ်တာ။ အထဲမှာနေတာပေါ့။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး အန်တီ့ အမျိုးတွေရော၊ အန်တီတူတွေရော အကုန်လုံး လာကြတယ်။ အဲဒီမှာ ရန်ဖြစ်ကြတယ်။ နောက်ဆုံး တနင်္လာနေ့ကြရင် ဆရာဝန်ကြီးနဲ့ ဘုတ်ထိုင်ပြီးတော့ ပြန်လွှတ်ပေးပါ့မယ် ဆိုပြီးတော့ တနင်္လာနေ့မှာ ဘုတ်ထိုင်တော့ ဒေါက်တာဝင်းအောင်မြင့် စိတ်ကျန်းမာရေး ဆရာဝန်ကြီး။ သူက ကျွန်တော် ဝင်းအောင်မြင့် လို့ပြောတယ်။ အဲဒီမှာ အန်တီက ဆရာနဲ့ ကျွန်မတွေ့တာ ဒါ first time ပဲနော် ဆိုတော့၊ သူက ဟုတ်ပါတယ်ဆိုတော့ အန်တီ့ကို အရင် စစ်တယ်။ အန်တီ့အမျိုးတွေကို စစ်တယ်။ နောက် အန်တီ့သမီးတွေ စစ်တယ်။ ဆရာကြီး က ကျွန်တော် လူမှုရေးအရ မှားပြီးတော့ ခေါ်လိုက်မိတာပါ။ အန်တီက အိမ်ပြန်လို့ရ ပြီလားဆိုတော့ ရပြီတဲ့။ အဲဒီမှာ ကျွန်မကို ဘယ်လို DC ပေးမှာလဲဆိုတော့ ကျွန်မကို အရူးလက်မှတ်ပေးမှာလားဆိုတော့ မဟုတ် ပါဘူး အန်တီတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ မပေးပါဘူးဆိုတော့ သမီးကြီးက အိမ်ပြန်ခေါ်လို့မရဘူးတဲ့ အိမ်မှာ ဘယ်သူမှ မရှိဘူးတဲ့ ဆရာဝန်ကြီးက အငယ်ဆရာဝန်မ ကို နင့်အမေနဲ့ ပြန်နေရမယ်ဆိုတော့ အငယ် မလေးက အမေ့ကြောက်လို့ အစ်မနဲ့သွားနေ တာ ၁၁ ရက်မြောက်နေ့မှာ အစ်မကြီးက လာခေါ်တယ်။ သုဝဏ္ဏ ရွှေအင်ကြင်းအိမ်ရာမှာ ရက် ၄ဝ နေခဲ့ရတယ်။ ဘာလို့လဲဆို တော့ ဒီအိမ်မှာ သော့က သုံးချောင်းရှိတာကိုး။ အန်တီ့ကို တစ်စုံပဲပေးပြီး သူတို့ကနှစ်စုံ ယူထားတာ။ အဲဒီတော့ အန်တီက သော့တွေ အကုန်လုံး လဲပစ်တယ်။ သူတို့နဲ့ ပြဿနာဖြစ်တာက ၂ဝ၁၅ ဇန်နဝါရီ ၂၁ ရက်က ဖြစ်တာ တရားရုံးမှာပေါ့။ ဒါပေမဲ့ အန်တီက ရဲမှာ အမှုဖွင့်တော့ ရဲက အမေနဲ့ သမီးဆိုတော့ ရှောင်နေဆိုပြီး အန်တီက ရှောင်နေတယ်။ အိမ်ကကောင်မလေးကို လာလာဆွယ်တယ်။ အဲဒီတော့ အန်တီက ကောင်မလေးကို ခေါ်သွားတယ်။ သူတို့မှာ သော့ရှိတော့ အန်တီ က အထဲကနေ သော့ခတ်ထားတယ်။ အဲဒီမှာ ဒီဝင်ပေါက်က မဟုတ်ဘဲ ဘုရားခန်းနားက ဆွဲတံခါးလေး တစ်ခုရှိတယ်။ အဲဒီသော့က အန်တီ့ဆီမှာပဲ ရှိတယ်။ အဲဒီမှာ ကောင်မလေးနဲ့ အပြင်ထွက်မယ်ဆို ကောင်မလေးကို အ ရင်ထွက်ပြီးမှ အန်တီက သော့ပိတ်။ အဲဒီဆွဲ တံခါးကနေထွက်ပြီး ပြန်ပိတ်တာပေါ့။ အဲဒီလို လုပ်တာကို အန်တီရဲ့ ယောက်မကနေပြီး နှစ်ရက်မြောက်နေ့မှာ အပေါ်ထပ်ကနေပြီး ကြည့်နေတာ။ ဘယ်ကဝင်တယ် ဆိုတာကို တွေ့သွားတယ်။ သုံးရက်မြောက်နေ့မှာ အန်တီ့သမီးအလတ်နဲ့ ယောင်းမရဲ့အမျိုးသား အဲဒီသော့ကို ဖျက်နေတာ။ ရဲကို ဖုန်းဆက်ရတာပေါ့။ အဲဒီမှာ အမှုဖွင့်တယ်။ သုံးရက်အထိ မလာတော့ တရားရုံးကို အန်တီဦးတိုက်လျှောက်တာ ၂ဝ၁၆ ဇန်နဝါရီ ၂၈ ရက်ကနေ အမှုရင်ဆိုင်နေတာ အခုထိပဲ။ နောက် သူတို့က ပြည်ထဲရေးကို တိုင်တာ ရှိသေးတယ်။ ပြည်ထဲရေးကနေ ရန်ကုန်တိုင်းရဲကို ချတယ်။ အဲဒီကနေ အနောက်ပိုင်းခရိုင် ရဲမှူးပြီးတော့ ဗဟန်းရဲမှူး ဦးခင်မောင်ကြီး သူ့ကို ချပေးတော့ အန်တီကိုစစ်တယ်။ အစစ်ခံပြီးပြီ ရဲက သူတို့ကို တောင်းပန် ခိုင်းတယ်။ သူတို့မတောင်းပန်ဘူး။ အန်တီက အမှုဖြစ်တာ နှစ်နှစ်ခွဲ ယောကျ်ား သေတာ သုံးနှစ်ဆိုတော့ အန်တီ့ အနေနဲ့ လုပ်သင့်ပြီလို့ ထင်လို့ ဒီလို မီဒီယာ ကို ပြောတာဖြစ်တယ်။ အဲဒီလို လုပ်တာဟာ လည်း ဒီတိုက်မှာ အမျိုးတွေပဲရှိတာ။ သူတို့က တော့မပါဘူး ဒါပေမဲ့ အခုချိန်မှာ အဓိကပါဝင်တာက သြစတေးလျားမှာ ၁၉၈၉ မှာ ထွက်သွားတဲ့ ယောင်းမအငယ် မြှောက်လို့ သူက အန်တီကို အတိုက်အခံလုပ်တယ်။ ဒါကြောင့်မို့ အန်တီက လုပ်လိုက်တာ ဒါပဲ။ အန်တီက အမှန်တရားကို ဖော်ထုတ်တာပါ။ တကယ်လုပ်တဲ့သူကို ခံစေချင်တာ ဥပဒေ အရပဲလေ မီဒီယာကို ဘာဖြစ်လို့ ပြောရလဲ ဆို နိုင်ငံတော်ကသိအောင် ခေတ်တွေလည်း ပြောင်းပါပြီ။
Speaker ။ ။ အန်တီရဲ့အမျိုးသား ကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်ကျန်ခဲ့လဲ။
DSSK ။ ။ ဒီခြံကြီးရောင်းလို့ရရင် အချိုး ကျရမယ်။ ဘယ်လောက်တန်တယ်ဆိုတာတော့ မသိဘူး။ အန်တီ့ယောကျ်ားရှိတုန်းက လည်း ပေးရင်ယူတယ်၊ ကျွေးရင်စားတယ်။ ဒါပေမဲ့ အန်တီ့ကို အဓိက ထောက်ပံ့ပေးခဲ့တာက အမျိုးသားက မြန်မာပြည်မှာတုန်းက တက္ကစီမောင်းတယ်၊ ရှာကျွေးပါတယ်။ ဂျပန် ထွက်သွားတယ်။ အဲဒီမှာ (၁၉) နှစ်ဆိုလည်း သူက ပျော်သလိုနေတာပေါ့။ ဒါပေမဲ့ အန်တီ့ အပေါ်မှာ အရမ်းကောင်းတာက ယောက္ခထီး နဲ့ ယောက္ခမပဲ။ ဟိုဘက်ခန်းမှာ နေတယ်။ ဒါပေမဲ့ ဆုံးသွားကြပြီ။ သူတို့ကလည်း သား မရှိတော့ ဒီအိမ်ကြီးကို အမွေဆက်ခံခွင့်ပေး ခဲ့ပါတယ်။ စာချုပ်စာတမ်းနဲ့ တရားဝင်လုပ် ပေးခဲ့ပါတယ်။ အဲဒါနဲ့တင် တရားဝင်ပါတယ်။ ဥပဒေအရ အကျုံးဝင်စေချင်လို့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ အန်တီက ဦးတိုက်လျှောက် ပြီးပါပြီ။ အန်တီက အခု ပင်စင်နှစ်သောင်း ရှစ်ထောင် ရပါတယ်။ ဒီအိမ်ရှေ့က ငှားထားတာ အန်တီရပါတယ်။ သုံးနှစ်ရှိပြီပေါ့။ ဒါပေမဲ့လည်း အန်တီမှာ အကြွေးတွေ သိန်းနှစ်ရာ့ငါးဆယ် ဆပ်ခဲ့ရပါတယ်။ အန်တီ မရှက်ပါဘူး။ အကြွေးကတော့ကျေပြီ။ အတိုးတွေကတော့ ပေးရဦးမှာပေါ့။ ပေးရမယ့်သူက အန်တီရဲ့အမျိုးသားတူလေးကို ပေးရမှာ ကြွေးပူတော့ မဟုတ်ဘူး။ ဒီအိမ်ကြီး ရောင်းရရင်တော့ ပေးမယ်လို့ပြောထားတယ်။ ကြွေးအေးပေါ့။ အန်တီသည် အခုချိန်မှာ နေစရာ အိမ်ရှိတယ်။ အန်တီက သမီးတွေကို ဆယ်တန်းအောင်ရင် ကားမောင်းသင်ပေးတယ်။ ကိုယ်တိုင်ကားမောင်းပြီး ကျောင်းတက်ခိုင်းတယ်။ သမီးကြီးက ဝိဇ္ဇာသိပ္ပံ၊ အလတ်က ECO ၊ အငယ်က ဆေး(၂)။ ဒါပေမဲ့ အန်တီက ဟိုဘက်လမ်းမှာ အမွေရသေးတယ်။ အငယ်မလေး ကျောင်းတက်တုန်းက သိန်းနှစ် ရာနဲ့ ပြိုင်ကားလေးဝယ်ပေးသေးတယ်။ သမီးလေး အိမ်ထောင်ကျပြီး အန်တီနဲ့ ပြဿနာ ဖြစ်တော့ ရောင်းလိုက်တော့ သိန်းငါးဆယ်ပဲ ရပါတယ်။ သားတို့အမြင် ဆိုရင်တော့ အန်တီ့ဘဝက အေးချမ်းတယ်လို့ ထင်မှာပါ။ ဒီအိမ်ရောင်းရရင်ရမှာ ဒါပေမဲ့လည်း အမွေဆိုတာ ထိုက်မှ စားရတာပါ။ တကယ့်အစစ် အမှန် အန်တီလိုချင်တာက ဘယ်သူပဲဖြစ် ဖြစ် ဝင်မပါနဲ့။ မိသားစုပြေလည်အောင် လုပ်ချင်လုပ်။ အခုဖြစ်နေတာက ယောင်းမပေါ့။ အန်တီနဲ့ဆိုတော့ သူစိမ်းလေ။ သမီးတွေနဲ့ကျတော့ သူတို့အဒေါ် ဖြစ်တာပေါ့။ ဒါတွေက မလုပ်သင့်ဘူးလေ။ သူလည်း အိမ်ထောင်နဲ့ အမေတစ်ယောက်အနေနဲ့ စဉ်းစားကြည့်လေ။ ကိုယ်ချစ်တဲ့ သမီးတွေနဲ့ ခွဲနေရတာ ဘယ်လို ခံစားရတယ်ဆိုတာ သားတို့စဉ်းစားကြည့်ပါ။ (ငိုပြီးတော့ပြောသည်) ကိုယ်ချစ်တဲ့ သမီးတွေလေ။ အန်တီ အရမ်းစိတ်ထိခိုက်ခံစားရ ပါတယ်။ အန်တီ အများကြီး စဉ်းစားပါတယ်။ အန်တီမှာ တိုင်ပင်ရမယ့်သူဆိုတာ မရှိပါဘူး။ အန်တီအစ်မတွေကလည်း သူတို့ကို စိတ်နာ တယ်။
Speaker ။ ။ ဒီလိုလုပ်ရတဲ့ အကြောင်းက နောက်ကွယ်က ဘယ်လိုတွေ ရှိလို့ထင်လဲ။
DSSK ။ ။ အန်တီ့အမြင်က မိသားစုမှာ ဖွင့်မပြောသာတဲ့ အကြောင်းတွေရှိမယ်။ ရှိလည်း ရှိပါတယ်။ ဒါပေမဲ့ အန်တီသည် သေ သွားတဲ့သူတွေကို မထိခိုက်စေချင်ပါဘူး။ အဓိက တကယ်တော့ ရှင်းရှင်းလေးပြောရရင် အများထင်သလို အမွေလိုချင်လို့ မဟုတ်ဘူး။ သမီးတွေက အမွေလိုချင်လို့ မဟုတ်ဘူး။ သွေးထိုးပေးသူက အမွေမပေးချင်လို့။ ဒါကြောင့်မို့ မိသားစုပြိုကွဲအောင် လုပ်လိုက်တာပဲ။ ဒါပေမဲ့ အန်တီနဲ့ သမီးတွေကြားမှာလည်း လူမှုရေးကိစ္စတော့ ရှိတာပေါ့။ ဒါတွေ ဟာ ဖွင့်မပြောသာဘူး။ အမေဆိုတာ သူများပြောမှ ကြားရတာလေ သားသမီးယုံ စုံလုံး ကန်းလေ။ ကျွန်ယုံရင် တစ်ဖက်ပဲ ကန်းတာ။ ဖွင့်မပြောသာတဲ့ အကြောင်းတွေရှိတဲ့အတွက် ဘာမှမပြောချင်ဘူး။ အန်တီနားမလည်တာ က အန်တီသမီးတွေက တစ်ဖက်ကသွေးထိုး တာကိုဘာ့ကြောင့် သူတို့ဘဝကို အပျက်ခံ ပြီး။ လုပ်သလဲဆိုတာကိုတော့ အန်တီ အဲဒီ အဖြေကို လိုချင်လို့ အန်တီ ဒါလုပ်တာပါ။ နောက်က လက်မဲလေ အခုဟာက သမီးတွေနဲ့ ဖိုက်နေရတာလေ။ အန်တီသမီးတွေထဲမှာ အကြီးဆုံးလေးက လိမ္မာတယ။် သူက ရှာ ကျွေးခဲ့တယ်။ အန်တီ့ကို ရှာကျွေးလို့ ကျေးဇူး တင်ရမယ်ဆိုရင် သမီးအကြီးပဲရှိတယ်။ အလတ်နဲ့ အငယ်က အန်တီ့အပေါ်မှာ ကျေးဇူး တစ်စက်လေးမှ မရှိခဲ့ဘူး။ ကလေးတစ်ယောက်ကို ကျောင်းထားရတယ်ဆိုတာ မိဘတိုင်း သိပါတယ်။ အန်တီပြောချင်တာက မြန်မာ ပြည်မှာရှိတဲ့ မိခင်တွေအားလုံး ကိုယ်စားပြုတယ်။ သားသမီးတွေ အားလုံးကို ကိုယ်စားပြုတယ်။ မိခင်ဆိုတာ ဘယ်တော့မှ သားသမီး အကျိုးယုတ်အောင် မလုပ်ဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်။ နောက်တစ်ချက် သားသမီးတိုင်းသည် မိခင်ကျေးဇူးကို မဆပ်ချင် နေ ကျေးဇူးမကန်းသင့်ဘူးဆိုတာ ကျန်တဲ့ သားသမီးတိုင်း သိစေချင်လို့ ဒီပြသနာကို ဖော်ရတာပါ။
Speaker ။ ။ ဒီရက်ပိုင်း လူမှုကွန်ရက်မှာလည်း ပြန့်သွားတော့ သားသမီးတွေက ပြန်ပြီး ဆက်သွယ်တာ ရှိလား။
DSSK ။ ။ ဧပြီသုံးရက်က ဗဟန်း ဒုမြို့နယ်မှူးက ခေါ်ပေးတယ်။ သူတို့ဆီမှာ အန်တီတို့က အစစ်ခံခဲ့ရတာကိုး။ အငယ်မလေးက မမကို ပြောပေးပါဆိုတော့ မလာပါဘူး။ သုံးရက်ထိ စောင့်သေးတယ်။ ဒုမြို့နယ်မှူးက အန်တီ ကြိုက်သလိုလုပ်ပါလို့ ပြောတယ်။ မဆက်သွယ်ပါဘူး။ အလတ်ကတော့ စင်ကာပူ မှာ နေတယ်ဆိုတော့ တရားရုံးက ကင်းလွတ်ခွင့်ပေးထားတယ်။
Spaker ။ ။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတာ Speaker က ကျေးဇူးတင်ပါတယ် အန်တီ။
 Lwinpyin

No comments:

Post a Comment