Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

အရက္ေသာက္တာ အျပစ္ရွိသလား ငရဲက်နိုင္သလား(ဆရာၾကီးေရႊဥေဒါင္းႏွင့္ ဦးပဥၨင္းတစ္ပါး ေျပာဆို ေဆြးေႏြးခ်က္မ်ား)


ေရးသားသူ – ဆရာႀကီး ေ႐ႊဥေဒါင္း
ဆရာၾကီးေရႊဥေဒါင္းႏွင့္ ဦးပဥၨင္းတစ္ပါး ေျပာဆို ေဆြးေႏြးခ်က္မ်ား

ဇင္း ။ ။ တကာၾကီးက အရက္ေသာက္တာ အျပစ္မရွိဘူးလို႔ ေရးဖူးတယ္ဆို ၊ တကာၾကီးကိုယ္တိုင္ေကာ အရက္ေသာက္သလား ။
ေရႊ ။ ။ စာအုပ္ထဲမွာ ေတြ႕ပါသလားဘုရား ။

ဇင္း ။ ။ စာအုပ္ထဲမွာေတာ့ မေတြ႕ပါဘူး ၊ တစ္ေနရာမွာ ေရးဖူးတယ္လို႔ ေျပာၾကတယ္ ။
ေရႊ ။ ။ တင္ပါ ၊ တပည့္ေတာ္ရဲ႕ ” ေျဖာင့္ခ်က္ ” ဆိုတဲ့ ေဆာင္းပါးထဲမွာ ေရးဖူးပါတယ္ဘုရား ။

ဇင္း ။ ။ ဘာေၾကာင့္ ေရးတာလည္း တကာၾကီး ။
ေရႊ ။ ။ ေျဖာင့္ခ်က္ဆိုေတာ့ တပည့္ေတာ္ရဲ႕ အယူအဆ နဲ႕ အျပဳအမူေတြကို ဟုတ္မွန္အတိုင္း ေဖာ္ထုတ္ျပီး ေရးရမည့္ တာ၀န္ရွိလို႔ပါ ဘုရား ။

ဇင္း ။ ။ ဘယ္သူက ေရးခိုင္းလို႔ ေရးရတာလည္း တကာၾကီး ။စိတ္မရွိပါနဲ႔ေနာ္ ၊ ဦးပဥၨင္းက တကာၾကီး ဘက္သားပါ ။
ေရႊ ။ ။ ဘယ္လို ဘက္သားပါလဲ ဘုရား ။ ဒီၿပႆနာေလးရွင္းေပးပါအံုး……………..

ဇင္း ။ ။ လူေတြက မဟုတ္တရုတ္ စြပ္စြဲၾကေလသလားလို႔ ကိုယ္တိုင္ ၀င္ျပီး ေမးၾကည့္တာပဲ ။
ေရႊ ။ ။ ေက်းဇူးတင္ပါတယ္ ဘုရား ။ တပည့္ေတာ္ ေျဖပါေတာ့မယ္ ။ ဦးပဥၨင္း ရဲ႕ ေမးခြန္းေတြက တစ္ထိုင္တည္းမွာ သံုးခုရွိသြားပါျပီ ။ (၁) ေျဖာင့္ခ်က္ေတြကို ဘယ္သူေရးခိုင္းတာလဲ ။ (၂) အရက္ေသာက္တာ အျပစ္ မရွိဘူးလို႔ ေရးသလား ။ (၃) တကာၾကီးကိုယ္တိုင္ အရက္ေသာက္သလား ။ ဟုတ္ရဲ႕လား ဘုရား ။

ဇင္း ။ ။ အရက္ေသာက္ေသးသလားလို႔ ဆိုလိုပါတယ္ ။
ေရႊ ။ ။ မွန္လွပါဘုရား ၊ ဘယ္သူက ေရးခိုင္းသလဲ ဆိုတဲ့ ေမးခြန္းကို ေျဖရလွ်င္ ဘယ္သူကမွေတာ့ အေရးမခိုင္းပါဘူး ။ သို႔ေသာ္တပည့္ေတာ္က ေလာကုတၱရာ ေရးရာအတြက္ အားထုတ္ေနသူ ျဖစ္တဲ့အျပင္ ကိုယ္သိသမွ် ျမင္သမွ်ေလးကို သူတစ္ပါးအား တင္ျပေနသူျဖစ္ေလေတာ့ ကိုယ့္အေပၚမွာ သံသယ ကင္းရွင္းသြားေစလိုသည္ တစ္ေၾကာင္း ၊ တပည့္ေတာ္ ရဲ႕ ၀ါသနာတစ္ခုက ဘယ္သူေတြလက္ခံျခင္း ၊ လက္မခံျခင္းကို အပထား ၊ ကိုယ္တိုင္ စိတ္ခ်လက္ခ် ယံုၾကည္ထားတဲ့ အျခင္းအရာတစ္ခုကို တင္ျပရမွ ေက်နပ္တတ္တာက တစ္ေၾကာင္း ျဖစ္ပါတယ္ ဘုရား ။

ဇင္း ။ ။ ေျဖာင့္ခ်က္ ေရးရျခင္း အေၾကာင္းကေတာ့ ဟုတ္ပါျပီ ၊ အရက္ေသာက္တာ အျပစ္မရွိဘူးလို႔ ေရးတာက ဘယ္လိုလည္းတကာၾကီး ။
ေရႊ ။ ။ ဦးပဥၨင္း က တပည့္ေတာ္ရဲ႕ ေဆာင္းပါးကို ကိုယ္တိုင္ ဖတ္ဖူးဟန္ မတူပါဘူး ။

ဇင္း ။ ။ ဒိေ႒ ဒိ႒မတၱံ စာအုပ္ကိုသာ ဖတ္ဖူးတယ္ ၊ ေျဖာင့္ခ်က္ကို မဖတ္ဖူးပါဘူး ၊ လူေျပာသူေျပာပါပဲ ။
ေရႊ ။ ။ စာကို ေသေသခ်ာခ်ာ မဖတ္ဘဲနဲ႕ ေျပာၾကတာပါဘုရား ။ အျပစ္မရွိဘူးလို႔ မေရးဖူးပါဘူး ။ ငရဲမၾကီးဘူးလို႔သာ ေရးပါတယ္ဘုရား ။

ဇင္း ။ ။ ဘာေၾကာင့္ ငရဲမၾကီးရသလဲ ၊ သုရာေမရယသိကၡာပုဒ္ပဲ ။
ေရႊ ။ ။ ငရဲၾကီးတယ္ (သို႔) အပါယ္က်တယ္ဆိုတာ ဒုစရိုက္ ၁၀ပါး က်ဴးလြန္မွ မဟုတ္လားဘုရား ၊ သုရာေမရယ ဟာက သီလနယ္ထဲက မဟုတ္ပါလားဘုရား ။ ဒုစရိုက္မႈ နဲ႔ သီလက တစ္ျခားစီပါဘုရား ။ ဒုစရိုက္မႈ ဆိုတာက က်ဴးလြန္လွ်င္ အပါယ္က်တယ္ ။ သီလ ဆိုတာက ေကာင္းေသာ အေလ့အက်င့္ ျဖစ္ပါတယ္ ။ အရက္ေသာက္ျခင္းဟာ ေကာင္းေသာအေလ့ေတာ့ မဟုတ္ဘူးေပါ့ ဘုရား ။ နစၥ ၊ဂီတ ၊ ၀ါဒိတ ဆိုတာမ်ဳိးေတြလိုေပါ့ ။ ေရွာင္လွ်င္ေကာင္းတယ္ (သို႔) ငရဲေတာ့ မၾကီးပါဘူးဘုရား ။

ဇင္း ။ ။ သို႔ေသာ္ သုရာေမရယကို ကာေမသုမိစၧာစာရကံထဲမွာ ထည့္သြင္းရမယ္လို႔ အ႒ကထာ ဆရာက ဆိုတယ္ တကာၾကီး ။
ေရႊ ။ ။ ဒါက သူ႕အယူအဆကိုးဘုရား ။ သူတစ္ပါး မယားကို ျပစ္မွားတာနဲ႔ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ ၀ယ္ေသာက္တာ နဲ႔ ဘာမ်ားသက္ဆိုင္လို႔လဲဘုရား ။

ဇင္း ။ ။ ကာမဂုဏ္ ခံစားတဲ့ သဘာ၀ခ်င္းတူတယ္ တကာၾကီး ။
ေရႊ ။ ။ ကာမဂုဏ္ခံစားရံုနဲ႔ ငရဲၾကီးတယ္လို႔ ဗုဒၶက ေဟာေတာ္မမူခဲ့ပါဘူးဘုရား ။ တစ္ခ်ဳိ႕က ဘယ္လိုေတာင္ ေရးၾကသလဲဆိုေတာ့ အရက္ေသာက္တဲ့လူဟာ ရသာရံုခံစားျခင္းပဲတဲ့ ။ ကိုယ္တိုင္ ဘာမွ မသိဘဲနဲ႔ ရမ္းျပီး ေရးခ်င္တဲ့ လူေတြေၾကာင့္ ခက္တာပဲ ။ အရက္ေသာက္တယ္ဆိုတာ ရသာရံုခံစားျခင္း မဟုတ္တဲ့အျပင္ အစ ပထမ မွာ ရႈံ႕ရံႈ႕မဲ့မဲ့ နဲ႔ မ်ဳိခ်ရတဲ့ အရည္ပါ ဘုရား ။ ေနာက္ေတာ့မွဇိမ္တစ္မ်ဳိးရွိတယ္ဆိုျပီး ၾကိဳက္တတ္လာျခင္း ျဖစ္ပါတယ္ ။ ” ဇိမ္ ” ကို ၾကိဳက္ျခင္းပါ ။ အရသာကို ၾကိဳက္ျခင္း မဟုတ္ပါဘူးဘုရား ။

ဇင္း ။ ။ ေနာက္ေတာ့ အရသာကိုပါ ၾကိဳက္လာတယ္ဆို ။
ေရႊ ။ ။ ဒါကေတာ့ တမာရြက္ျပဳတ္စားတဲ့ လူလိုေပါ့ဘုရား ။ ပထမေတာ့ ခါးတယ္ ။ ေနာက္ေတာ့မွ ၾကိဳက္တာပါ ။ အရက္မွာေတာ့ဇိမ္က အဓိက ပါဘုရား ။ ကိုယ္တိုင္ ျမည္းမစမ္းဘဲနဲ႔ သူတစ္ပါး ပါးစပ္ထဲက အရသာကို မွန္းဆျပီး ဆရာလုပ္ခ်င္တဲ့ လူေတြေတာ့တပည့္ေတာ္ က တယ္မတည့္ဘူး ။ သုရာေမရယဟာ ငရဲၾကီးတယ္ဆိုရင္ ဗုဒၶက ဒုစရိုက္ ၁၁ ပါးလို႔ ေဟာခဲ့မွာေပါ့ဘုရား ။ ၁၁ ပါးေဟာလွ်င္လည္း ဂဏန္းအေနနဲ႔ အရုပ္မဆိုးပါဘူး ။ မီး ၁၁ ပါး တို႔ ဘာတို႔ ရွိသားပဲ ။ ဗုဒၶက ၁၀ ပါးလို႔ ေဟာေတာ္မူခဲ့တဲ့ အထဲမွာ သီလထဲကတစ္ခုယူျပီး ကာေမသု ထဲ အတင္းသြင္း လို႔ တပည့္ေတာ္ေတာ့ လက္မခံဘူး ။ သူ႔သေဘာ သက္သက္ပဲ ။ ဘုရားေဟာ မဟုတ္ဘူး ။

ဇင္း ။ ။ လူေတြ လိမၼာ လာေအာင္ဆိုတဲ့ သေဘာနဲ႔ သြင္းထည့္တာ ထင္ပါရဲ႕ တကာၾကီး ။ အရက္ေသာက္ျခင္းဟာ မေကာင္းတာေတာ့ ၀န္ခံတယ္ မဟုတ္လား ။
ေရႊ ။ ။ အတိုင္းအရွည္နဲ႔ ၀န္ခံပါတယ္ ။ သို႔ေသာ္ လိမၼာေအာင္ဆိုျပီး အပိုေျခာက္လွန္႔ေပးလွ်င္ေတာ့ အမွန္ (သစၥာ)တရား ပ်က္တယ္လို႔ တပည့္ေတာ္ နားလည္ပါတယ္ဘုရား ။ ဥပမာ – စေလာင္းဖံုး ၂ ခ်ပ္ကိုတီးလွ်င္ က်ားကိုက္တတ္တယ္လို႔ ေရွးကလူၾကီးေတြကကေလးေတြကို ေျခာက္ခဲ့တယ္ ။ အမွန္ကေတာ့ (ေျမ)စေလာင္းဖံုး ၂ ခ်ပ္ကိုတီးလွ်င္ ကြဲမွာစိုးလို႔ပါပဲ ။ ကေလးေတြအဖို႔ ဟုတ္ခ်င္ဟုတ္မယ္ ။ သို႔ေသာ္ လူတိုင္းဟာ ကေလး မဟုတ္ဘူးဘုရား ။ ဘာပဲေျပာေျပာ တပည့္ေတာ္အေနနဲ႔ကေတာ့ ဗုဒၶကမွန္တဲ့အတိုင္း ေဟာထားပါလ်က္နဲ႔ တစ္ခ်ဳိ႕က ဥာဏ္ကြန္႔ျပီး အေျခာက္ေတြ ၊ အေျမွာက္ေတြနဲ႔ ျဖည့္စြက္တာကို တပည့္ေတာ္ မလိုလားဘူးဘုရား ။ မွန္တာကို ေဖာ္ထုတ္ခ်င္တာပဲ ။

ဇင္း ။ ။ တကာၾကီး က အရက္ေသာက္တာဟာ အျပစ္မရွိဘူးတဲ့လား ။
ေရႊ ။ ။ ဒီလို မလုပ္ပါနဲ႔ ဦးပဥၨင္း ။ တပည့္ေတာ္ ဥပမာေဆာင္ခဲ့ျပီးေကာဘုရား ။ စေလာင္းဖံုး ၂ ခ်ပ္ကိုတီးလွ်င္ က်ားကိုက္တတ္တယ္ ဆိုတာ မဟုတ္ေပမဲ့ ကြဲတတ္တယ္ဆိုတာ မွန္သလိုပဲ အရက္ေသာက္ျခင္းေၾကာင့္ ငရဲၾကီးတယ္ဆိုတာ မမွန္ေပမဲ့ စေလာင္းဖံုးကြဲတာလိုပဲ အျပစ္ေတာ့ရွိတတ္တာေပါ့ဘုရား ။

ဇင္း ။ ။ ရွိတတ္တယ္ဆိုေတာ့ ဧကန္စကား မဟုတ္ဘူး ။ အေနကန္စကားေပါ့ တကာၾကီး ။
ေရႊ ။ ။ အတိုင္းနဲ႔အထြာနဲ႔ စည္းနဲ႔ ကမ္းနဲ႔ ဆိုလွ်င္ေတာ့ လူေတြထင္ၾကသလို ဧရာမအျပစ္ၾကီး မဟုတ္နိုင္ပါဘူးဘုရား ။ တပည့္ေတာ္က ဒီအေၾကာင္းေတြကို စျပီး ေရးကတည္းက ရည္ရြယ္ခ်က္တစ္ခု ရွိပါေသးတယ္ ။ အရက္ေသာက္တဲ့လူေတြကို အရက္မေသာက္ေအာင္ တပည့္ေတာ္ မတတ္နိုင္ဘူး ။ ဘယ္သူမွလည္း တတ္နိုင္မွာ မဟုတ္ဘူး ။ သို႔ေသာ္ ေသာက္ၾကလို႔ရွိလွ်င္ စည္းနဲ႔ကမ္းနဲ႔ အတိုင္းနဲ႔ အထြာနဲ႔ အခ်ိန္နာရီ နဲ႔ ေသာက္ၾကဖို႔ သတိေပးခ်င္ လို႔ပါပဲ ။

ဇင္း ။ ။ ဘယ္လို ေသာက္ပုံေသာက္နည္းလဲ တကာၾကီး ရဲ႕ ။
ေရႊ ။ ။ တပည့္ေတာ္တို႔ တိုင္းျပည္ကို ဟိုတုန္းက အုပ္ခ်ဴပ္သြားတဲ့ အဂၤလိပ္လူမ်ဳိးေတြကို တပည့္ေတာ္တို႔ ျမန္မာေတြက မိစၧာဒိ႒ိေတြ ၊ ေမ်ာက္ကဆင္းသက္တဲ့ အရိုင္းအစိုင္းေတြ ၊ ဘာေတြညာေတြ နဲ႔ ေခၚခ်င္တတ္တယ္ မဟုတ္ဘူးလား ။ သူတို႔အရာရွိေတြဟာ လူတိုင္းလိုလိုပဲ အရက္ေသာက္တတ္တယ္ ။ သို႔ေပမဲ့ ဂ်င္မခါနာကလပ္မွာ မူးျပီး ရန္ျဖစ္ၾကတယ္လို႔ ဘယ္ႏွစ္ခါမ်ား ၾကားရဖူးသလဲ ။ မူးလဲေနတယ္လို႔ေကာ ၾကားရသလား ။ အလုပ္ခြင္ကို အရက္မူးျပီး လာတယ္လို႔ရွိပါသလား ။ ရွိတဲ့ပိုက္ဆံ အကုန္ေသာက္ပစ္တယ္လို႔
ေကာ ၾကားရပါသလား ။ လူၾကားထဲမွာ ေျပာမွားဆိုမွားျဖစ္ေအာင္ မူးတယ္လို႔ေတာင္ ၾကားရပါသလား ။ ေတြ႔ရပါသလားဘုရား ။

ဇင္း ။ ။ ဒါကေတာ့ သူတို႔က အထက္တန္း လူစားေတြကိုး တကာၾကီး ။
ေရႊ ။ ။ တပည့္ေတာ္ကလည္း ဇိမ္ခံခ်င္လို႔ ေသာက္လွ်င္ အထက္တန္းလူမ်ားေသာက္နည္း ၊ ဂုဏ္သေရရွိတဲ့လူမ်ား(Gentlemen )ေသာက္နည္းေသာက္တတ္ေအာင္ သတိေပးခ်င္တဲ့ ရည္ရြယ္ခ်က္ပါဘုရား ။ တပည့္ေတာ္ ရဲ႕ အယူအဆ က လူေတြကို ငါးပါးသီလ နဲ႔ငရဲ နဲ႔ ဘာနဲ႔ ေျခာက္နည္းမ်ဳိးထက္ ေသာက္ခ်င္းေသာက္လွ်င္ သိကၡာရွိရွိနဲ႔ ေသာက္တတ္ဖို႔ သတိေပးျခင္းက လိုက္နာၾကဖို႔ နီးစပ္လိမ့္မယ္လို႔ ထင္ျမင္ပါတယ္ဘုရား ။

ဇင္း ။ ။ ေသာက္တတ္ျပီး လူမ်ားအဖို႔ေတာ့ ဟုတ္တာေပါ့ တကာၾကီး ။
ေရႊ ။ ။ ေသာက္တတ္ျပီး လူမ်ားအဖို႔ တပည့္ေတာ္ ရည္ရြယ္တာပဲ ။ မေသာက္တတ္တဲ့ လူအဖို႔ေတာ့ ပိုက္ဆံကုန္မွာ တစ္ခုတည္းနဲ႔ပဲ ေတာ္ေတာ္လံုေလာက္ေနပါျပီ ။ ေသာက္တတ္တဲ့လူကို မဟုတ္တရုတ္ ေျခာက္လွန္႔ျပီး အျဖတ္ခိုင္းျခင္းထက္ မွန္လည္းမွန္တယ္ ၊ သဘာ၀လည္းက်တယ္ ၊ နားေထာင္ခ်င္စဖြယ္လည္း ရွိတယ္ဆိုတဲ့နည္းနဲ႔ သတိေပးျခင္းက ပိုျပီး ေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ထိုက္တယ္ မဟုတ္လားဘုရား ။

ဇင္း ။ ။ ေျခာက္လွန္႔ေပးလို႔ ျပတ္တဲ့လူမ်ားေကာ မရွိေပဘူးလား တကာၾကီးရယ္ ။
ေရႊ ။ ။ ငရဲၾကီးတယ္ဆိုလို႔ မေသာက္ဘဲ ေနခ်င္ေနမယ္ ၊ ေသာက္တတ္ျပီးမွေတာ့ ငရဲေၾကာက္လို႔ ျဖတ္တဲ့လူ နည္းပါလိမ့္မယ္ ။နာမည္ေကာင္းယူခ်င္လို႔ေသာ္လည္းေကာင္း ၊ အေသာက္လြန္ျပီး ေသမွာေၾကာက္လို႔ေသာ္လည္းေကာင္း ၊ ပိုက္ဆံမတတ္နိုင္လို႔ေသာ္ လည္းေကာင္း ျဖတ္ၾကတဲ့လူက မ်ားပါလိမ့္မယ္ ။

ဇင္း ။ ။ ဒါျဖင့္ အျပစ္ရွိပံုက ဘယ္လိုရွိတာလဲ တကာၾကီး ။
ေရႊ ။ ။ (၁) အခ်ိန္မေရြးေသာက္လွ်င္ ယစ္ထုပ္ျဖစ္ျပီး ေနာင္ဘ၀မွာ ရူးတတ္တယ္ဆိုတာ တပည့္ေတာ္ ယံုၾကည္တယ္ဘုရား ။
(၂) ပိုက္ဆံကုန္တယ္ဘုရား ။
(၃) လြန္လြန္က်ဴးက်ဴးဆိုလွ်င္ က်န္းမာေရးကို ထိခိုက္တယ္ဘုရား ။ ဒါကေတာ့ လြန္လြန္က်ဴးက်ဴး သမားမ်ားမွပါဘုရား ။လြန္လြန္က်ဴးက်ဴးဆိုတာမ်ဳိးကေတာ့ ဘယ္ေနရာမွ မေကာင္းဘူးဘုရား ။ အျဗဟၼစရိယာ အလုပ္ဟာ ငရဲေတာ့မၾကီးဘူး ။ ဒါေပမဲ့
လြန္လြန္က်ဴးက်ဴးဆိုလွ်င္ ဒုကၡေရာက္တတ္တာပါပဲဘုရား ။ ကာမဂုဏ္ခံစားမႈ ဟူသမွ်ဟာ ဒီအတိုင္းခ်ည္းပါပဲဘုရား ။ အျပစ္က ခံစားမႈေၾကာင့္ မဟုတ္ ။ လြန္က်ဴးမႈေၾကာင့္ပါ ဘုရား ။

ဇင္း ။ ။ ကာမဂုဏ္ခံစားျခင္းဟာ အျပစ္ မဟုတ္ဘူးလား တကာၾကီး ။
ေရႊ ။ ။ တပည့္ေတာ္က ငရဲမၾကီးတတ္ျခင္းကို ဆိုလိုပါတယ္ ။ လူ႔ေဘာင္မွာ ေနရတယ္ဆိုတာ ၀မ္းစာအတြက္ အလုပ္လုပ္ရ ၊ဟိုဟာေၾကာင့္ၾက ၊ ဒီဟာေၾကာင့္ၾက ၊ ေသာကဗ်ာပါဒေတြ မ်ားေလေတာ့ အားလပ္တဲ့အခ်ိန္ကေလးမွာ ဟိုတယ္တက္သူတက္ ၊ဘိလိယက္ထိုးသူထိုး ၊ တင္းနစ္ရိုက္သူရိုက္ ၊ ရုပ္ရွင္ ၾကည့္သူၾကည့္ ကိုယ့္နည္းနဲ႔ ကိုယ္ ေဖ်ာ္ေျဖမႈရွာၾကရတာပဲ ဦးပဥၨင္း ။

ဇင္း ။ ။ ဒါေတြ မပါဘဲ မျဖစ္နိုင္ဘူးလား တကာၾကီး ။
ေရႊ ။ ။ ဒါေတြ မရွိလွ်င္ ေျခာက္ကပ္ကပ္ လူတစ္ေယာက္ ျဖစ္သြားနိုင္တယ္ ။ ဦးပဥၨင္းမ်ားေတာ့ ေနနိုင္တယ္ ၊ ေနလည္းေနထိုက္တယ္ ၊ မေနၾကတာကေတာ့ ဦးပဥၨင္းတို႔ အျပစ္ပဲ ။

ဇင္း ။ ။ ဦးပဥၨင္းမ်ားဆီ လွည့္လာျပီကိုး တကာၾကီးရဲ႕ ၊ ဗုဒၶကေတာ့ ကာမဂုဏ္ကို အျပစ္လို႔ဆိုပါလား တကာၾကီး ။
ေရႊ ။ ။ ဒါက အဓိပၸာယ္တစ္မ်ဳိးပါဘုရား ။ သံသရာ၀ဋ္မွ ကၽြတ္လြတ္ခ်င္တဲ့ လူမ်ားအတြက္ ေဟာျခင္း ျဖစ္ပါတယ္ ။ ကၽြတ္လြတ္ခ်င္တဲ့သူ ဘယ္ႏွစ္ေယာက္ ရွိလို႔လဲ ။ ဦးပဥၨင္းေရာ ” သံသရာ၀ဋ္ဒုကၡေတာ ” ဆိုျပီးေတာ့ တစ္ကယ္ ကၽြတ္လြတ္ခ်င္တဲ့စိတ္ ရွိရဲ႕လား ။

ဇင္း ။ ။ က်ဳပ္တို႔ဆီ လွည့္လွည့္လာေတာ့တာကိုး တကာၾကီးက ။
ေရႊ ။ ။ လွည့္ရတာက တစ္ျခားေၾကာင့္ မဟုတ္ပါဘူး ဘုရား ။ ဦးပဥၨင္းဟာက ငရဲၾကီးမၾကီးအေၾကာင္း ေဆြးေႏြးရာကေနျပီးလြတ္ေျမာက္ေရးတရား အေၾကာင္း ထည့္ထည့္ေျပာတာကိုးဘုရား ။ ဒီႏွစ္ခုဟာ တစ္ကန္႔စီထားမွ ျဖစ္ပါလိမ့္မယ္ဘုရား ။ လူသာမန္ေတြအေၾကာင္းေျပာလွ်င္ အပါယ္ငရဲက လြတ္ဖို႔ေလာက္ဆိုလွ်င္ ေတာ္ပါျပီ ။ ၀ဋ္မွ လြတ္ေျမာက္ေရး နဲ႔ ပတ္သက္တဲ့ အက်င့္ကေတာ့ တစ္က႑ထားသင့္ပါတယ္ဘုရား ။ အမွန္မွာေတာ့ လူမ်ားအဖို႔မွာ (အမ်ားအားျဖင့္) သံသရာမွာ ေကာင္းေကာင္းလည္ဖို႔ ၊ ရဟန္းမ်ား အဖို႔ေတာ့ သံသရာ၀ဋ္မွ ကၽြတ္လြတ္ဖို႔ ၊ အဲဒီလို အက်င့္တစ္မ်ဳိးစီ ၊ တစ္ကန္႔စီထားလိုက္ပါတယ္ဘုရား ။

ဇင္း ။ ။ ေသ အရက္ဟာက ( ပမာဒတရား ) ေမ့ေလ်ာ့ျခင္းကို ျဖစ္ေစတတ္တယ္တဲ့ ။ေမ့ေလ်ာ့တာေကာ အျပစ္မဟုတ္ဘူးလား တကာၾကီး ။
ေရႊ ။ ။ လာျပန္ပါျပီ ။ ေမ့ေလ်ာ့ျခင္းေၾကာင့္ မဂ္ဖိုလ္နဲ႔ ေ၀းတာေတာ့ မွန္တယ္ ။ သို႔ေသာ္ ေမ့ေလ်ာ့ရံုသက္သက္ေၾကာင့္ေတာ့ ငရဲၾကီးေသးတာ မဟုတ္ဘူး ဦးပဥၨင္း ။ ဒါထက္ ပမာဒတရားဆိုတာ ဘာကိုေမ့ေလ်ာ့ျခင္းလို႔ ဆိုလိုတယ္ ထင္သလဲဘုရား ။

ဇင္း ။ ။ ကုသိုလ္ေကာင္းမႈျပဳဖို႔ ေမ့ေလ်ာ့ျခင္းေပါ့ တကာၾကီး ။
ေရႊ ။ ။ ဒါန ၊ သီလတို႔ ၊ ဥပုသ္ေစာင့္တာတို႔ ဘာတို႔လားဘုရား ။

ဇင္း ။ ။ ဟုတ္တာေပါ့ တကာၾကီး ။
ေရႊ ။ ။ ဗုဒၶ ပရိနိဗၺာန္ျပဳခါနီးမွာ ” ဟႏၵဒါနိ ဘိကၡေ၀ ” ဆိုတဲ့ ေနာက္ဆံုးသတိေပးခ်က္ တစ္ခု မိန္႔ေတာ္မူခဲ့တယ္ ၊ ရုပ္နာမ္တရားတို႔သည္ ပ်က္တတ္ေသာ သေဘာရွိတယ္တဲ့ ။ အဲဒါကို မေမ့ၾကနဲ႔တဲ့ ။ ဒါန ၊ သီလတို႔အတြက္ ဗုဒၶပြင့္ေတာ္မူျခင္း မဟုတ္ ။ ဒါေတြကေတာ့ ဗုဒၶေတြ မပြင့္လွ်င္လည္း အျပည္ျပည္မွာ ျပဳလုပ္တဲ့ လူမ်ား ျပဳလုပ္ၾကစျမဲပါဘုရား ။ ေနာက္ဆံုး သတိေပးခ်က္အေနနဲ႔ အေမာခံျပီး မိန္႔ေတာ္မူမည္ မဟုတ္ပါဘုရား ။ ပ်က္တတ္ေသာသေဘာရွိတယ္ ဆိုတာကိုေတာ့ သတၱ၀ါေတြက ေမ့တတ္လြန္းလို႔ ဗုဒၶက အေမာခံျပီး ေနာက္ဆံုး သတိေပးေတာ္မူခဲ့ျခင္း ျဖစ္ပါတယ္ဘုရား ။

ဇင္း ။ ။ ဒါကေတာ့ လက္မခံလို႔ မျဖစ္ဘူး ။ လက္ခံရေပမွာေပါ့ ။ ဒါထက္ သုရာေမရယ ဟာ ငရဲမၾကီးဘူးဆိုတာကို တကာၾကီးဘယ္လိုေၾကာင့္ သေဘာေပါက္သြားတာလဲ ။ ဒုစရိုက္ ၁၀ ပါး ထဲမွာ မပါလို႔ စဥ္းစားမိတာပဲလား ။
ေရႊ ။ ။ အမွန္ကေတာ့ စိတ္သဘာ၀အေၾကာင္းကို တပည့္ေတာ္တရားအားထုတ္ရင္း ေလ့လာရာမွာ အျပဳအမူတစ္ခုဟာ ဘာေၾကာင့္ ကုသိုလ္ျဖစ္တယ္ ။ ဘာေၾကာင့္ အကုသိုလ္ ျဖစ္တယ္ဆိုတာကို ေရွးဦးစြာ သေဘာေပါက္လာပါတယ္ဘုရား ။ သူတစ္ပါးကို ထိခိုက္နစ္နာေစလိုတဲ့ ေစတနာနဲ႔ျပဳလုပ္ျခင္း ၊ ေျပာဆိုျခင္းဟာ အကုသိုလ္ ျဖစ္တယ္ ၊ သူတစ္ပါးကို ေကာင္းေစလိုတဲ့ ေစတနာနဲ႔ ျပဳလုပ္ျခင္း ၊ ေျပာဆိုျခင္းဟာ ကာမာ၀စရ ကုသိုလ္ ျဖစ္တယ္ ။ ကုသိုလ္မႈ ၊ အကုသိုလ္မႈမွာ ေစတနာဟာ အေၾကာင္းရင္း ျဖစ္တယ္လို႔ တပည့္ေတာ္ သေဘာက်လာပါတယ္ ။ ဗုဒၶကလည္း ေစတနာကို ကံ ဟူ၍ ေကာက္ယူရမယ္လို႔ ေဟာေတာ္မူတယ္ ။ ဒီေတာ့မွ ဒုစရိုက္၁၀ ပါးထဲမွာ ရွာၾကည့္လိုက္ေတာ့ သုရာေမရယ မပါျခင္းကို ေတြ႔ရလို႔ တပည့္ေတာ္ အျမင္နဲ႔ ကိုက္ေနတာပဲဘုရား ။

ဇင္း ။ ။ ေနပါဦး တကာၾကီး ၊ အရက္ေသာက္တဲ့လူဟာ မူယစ္ခ်င္တဲ့ ေစတနာ မရွိဘူးလား ။
ေရႊ ။ ။ ဦးပဥၨင္းက ေစတနာနဲ႔ ရည္ရြယ္ခ်က္ကို ေရာေထြးေနတာကိုးဘုရား ။ မူးယစ္ခ်င္တဲ့ ရည္ရြယ္ခ်က္ေတာ့ ရွိမယ္ ။ ရည္ရြယ္ခ်က္ဟာ ေစတနာ မဟုတ္ဘူးဘုရား ။

ဇင္း ။ ။ ရွင္းပါဦး တကာၾကီး ။
ေရႊ ။ ။ ေစတနာဆိုတာမ်ဳိးဟာ သူတစ္ပါးအေပၚမွာ ထားရွိျခင္းကို ဆိုလိုပါတယ္ ။ မိမိကိုယ္အေပၚမွာ ထားရွိျခင္းကို မဆိုလိုပါ

ဘူးဘုရား ။ သူတစ္ပါးအေပၚမွာ ေစတနာေကာင္းထားလွ်င္ ကုသိုလ္ျဖစ္တယ္ ။ ေစတနာဆိုးထားလွ်င္ အကုသိုလ္ ျဖစ္ပါတယ္ ။ ကိုယ့္ကိုကိုယ္ ၾကီးပြားေစခ်င္တာေတာ့ လူတိုင္းမွာ ရွိတတ္ပါတယ္ ။ သို႕ေသာ္ ဒါကို ကုသိုလ္စိတ္လို႔ မေခၚနိုင္ပါဘူးဘုရား ။ ေလာဘစိတ္သာ ျဖစ္ပါတယ္ ။ အရက္ေသာက္ျခင္းအားျဖင့္ သူတစ္ပါးနဲ႔ ပတ္သက္တဲ့ ေစတနာဆိုးေသာ္လည္းေကာင္း ၊ ေစတနာေကာင္းေသာ္လည္းေကာင္း မပါရွိသည့္အတြက္ေၾကာင့္ ကုသိုလ္ ၊ အကုသိုလ္ မေကာက္ထိုက္ပါဘုရား ။

ဇင္း ။ ။ မူးျပီး ရမ္းတဲ့လူေကာ တကာၾကီး ။
ေရႊ ။ ။ ဒါက တစ္ျခားပါဘုရား ။ရမ္းတဲ့အျပစ္ ေရာက္တာပါပဲ ။

ဇင္း ။ ။ သုရာေမရယ သက္သက္နဲ႔ေတာ့ အကုသိုလ္ မျဖစ္ဘူးေပါ့ တကာၾကီး ။
ေရႊ ။ ။ စိတ္သဘာ၀ကို တပည့္ေတာ္ကိုယ္တိုင္ ေလ့လာလို႔ ေတြ႔ရွိထားတဲ့အတိုင္းမွာေတာ့ ေလာကမွာအကုသိုလ္ျဖစ္တဲ့ အရည္လည္း မရွိပါဘူး ။ ကုသိုလ္ျဖစ္တဲ့ အရည္လည္း မရွိပါဘူးဘုရား။ ေစတနာသာလွ်င္ ကုသိုလ္ ၊ အကုသိုလ္ ျဖစ္ေစပါတယ္ ။

ဇင္း ။ ။ သဘာ၀ေတာ့ က်တတပဲ တကာၾကီး ။ က်ဴပ္ေတာင္ လက္ခံခ်င္လာျပီ ။ သို႔ေသာ္ မိရိုးဖလာ သမားေတြကေတာ့ ၾကိဳက္ၾကရမွာ မဟုတ္ေပဘူး ။
ေရႊ ။ ။ အထူးသျဖင့္ အသက္ကိုအေသခံမယ္ ၊ ေသအရက္ကို လွ်ာေပၚမတင္ဖူးပါဘူး ညာဘူး နဲ႔ ၾကြားေနတဲ့ လူေတြက သာျပီးသေဘာမက် မွာေပါ့ဘုရား ။ သူတို႔အသားယူစရာ အလံုးကေလးတစ္ခု လက္လြတ္သြားမွာကိုဘုရား ။ သို႔ေသာ္ တပည့္ေတာ္ စာေရးတဲ့အခါမွာ မိရိုးဖလာသမားေတြအတြက္ မေရးပါဘူးဘုရား ။ ကာလာမသုတ္မွာ ေဟာေတာ္မူခဲ့တဲ့အတိုင္း သဘာ၀က်မက်ကို ကိုယ္

ပိုင္ဥာဏ္နဲ႔ ဆင္ျခင္သံုးသပ္ရဲတဲ့ ပုဂၢိဳလ္မ်ားအတြက္ ေရးပါတယ္ဘုရား ။

ဇင္း ။ ။ ဒီလိုဆို တကာၾကီးရဲ႕စာကို လူမ်ားစုက လက္ခံဖို႔ ခဲယဥ္းလိမ့္မယ္ေပါ့ ။
ေရႊ ။ ။ တပည့္ေတာ္ဟာ လူျပိန္းမ်ားပါ နားလည္ေအာင္ေတာ့ ရွင္းျပတတ္တယ္လို႔ ကိုယ့္ဟာကို ထင္မိပါတယ္ ၊ သို႔ေသာ္ နားလည္ေပမဲ့ မၾကိဳက္နိုင္တာက ရွိေသးတာကိုးဘုရား ။ နားေတာ့လည္ေစမယ္ ၊ သို႔ေသာ္ လက္ခံဖို႔ဆိုတာကေတာ့ ဥာဏ္အႏုအရင့္က ရွိေသးတာကိုးဘုရား ။ အခ်ဳိ႕လူမ်ားကေတာ့ သူတို႔ၾကားဖူးထားတဲ့ အယူနဲ႔ မတူလွ်င္ ခါးခါးသီးသီး ဖယ္ပစ္ခ်တတ္ ၾကပါတယ္ ။ သူတို႔အတြက္ တပည့္ေတာ္ မေရးဖူးပါဘူးဘုရား ။

ဇင္း ။ ။ (၁) နဲ႔ (၂) ကေတာ့ ေျပလည္ပါျပီ ။ နံပါတ္(၃) က်န္ေသးတယ္ တကာၾကီးရဲ႕ ၊ တကာၾကီးဟာ အခု အရက္ေသာက္ပါေသးသလား ။
ေရႊ ။ ။ လူပုဂၢိဴလ္ခ်င္းဆိုလွ်င္ေတာ့ ေမး၀ံ့တဲ့ ေမးခြန္း မဟုတ္ဘူးေပါ့ ။ သို႔ေသာ္ ရဟန္းဆိုေတာ့ ေမးနိုင္ပါတယ္ ။

ဇင္း ။ ။ ဒီလိုေၾကာင့္ပါ တကာၾကီး ။ တရားအားထုတ္ေနတယ္ဆိုတဲ့အျပင္ က်မ္းျပဳဆရာတစ္ေယာက္ဆိုလို႔ ေမးရျခင္း ျဖစ္ပါတယ္ တကာၾကီးရယ္ ။ မေျဖခ်င္လည္းေနေပါ့ ။
ေရႊ ။ ။ တပည့္ေတာ္ကေတာ့ ေမးသူရွိလွ်င္ ေျဖဖို႔ အသင့္ပါပဲ ဘုရား ။ ဟန္ေဆာင္တတ္တဲ့ လူတစ္ေယာက္ မဟုတ္ပါဘူးဘုရား ။

ဇင္း ။ ။ ရတနာ့သုတ္ထဲကလိုလား ။
ေရႊ ။ ။ ဒါကေတာ့ ဦးပဥၨင္း ထင္ခ်င္သလိုထင္ေပါ့ဘုရား ။ တပည့္ေတာ္ ေလွ်ာက္ထားတာကို ယံုပါေနာ္ ။ ဒါမ်ဳိးမွာ တပည့္ေတာ္မလိမ္ပါဘူး ။

ဇင္း ။ ။ ဘယ္လိုဟာမ်ဳိးမွာမွ မလိမ္ဘူး ဟုတ္လား ။
ေရႊ ။ ။ ဒီေလာက္လည္း မဟုတ္ေသးဘူးဘုရား ။ တပည့္ေတာ္ အသက္ေသရမည့္ ကိစၥမ်ဳိးဆိုလွ်င္ ေသရမွာကို ေၾကာက္ျပီးလိမ္မိမလား မေျပာတတ္ပါဘုရား ။

ဇင္း ။ ။ တကာၾကီးက ေသရမွာ ေၾကာက္တုန္းလား ။
ေရႊ ။ ။ ဘယ့္ႏွယ္ဘုရား ၊ ေလာကဓံေအာင္ျပီလို႔ ၀န္မခံနိုင္ေသးလွ်င္ အာဇာနည္မ်ားမွတစ္ပါး ေသရမွာကို ေၾကာက္တဲ့လူခ်ည္းေပါ့ဘုရား ။

ဇင္း ။ ။ ကိုင္း တကာၾကီးနဲ႔ အရက္အေၾကာင္းကို ေျဖပါေတာ့ေလ ။
ေရႊ ။ ။ ငယ္စဥ္တုန္းကေတာ့ ေသာက္ခဲ့တယ္ေပါ့ဘုရား ။ ဒါေပမဲ့ တပည့္ေတာ္တို႔ လူသိုက္က စည္းနဲ႔ ကမ္းနဲ႔ အိုင္စီအက္ေသာက္ေသာက္တဲ့ လူေတြပါ ။

ဇင္း ။ ။ တကာၾကီးက အိုင္စီအက္ေတာ့ တယ္အထင္ၾကီးသကိုး ။
ေရႊ ။ ။ ဒီ႔ျပင္ေနရာမွာ ဒီေလာက္ မဟုတ္ဘူး ။ ေသာက္တဲ့ေနရာမွာေတာ့ သူတို႔လူစုကို ေကာင္းေကာင္း အတုခိုးတယ္ ဘုရား ။ မင္းၾကီးရဲ႕ေတာလိုက္ စာေရးလုပ္ခဲ့ဖူးေတာ့ ဂ်င္မခါနာကလပ္တို႔ ၊ ပဲခူးကလပ္တို႔မွာ သူတို႔ေသာက္ပံုေတြကို ျမင္ရဖူးသကိုးဘုရား ။တပည့္ေတာ္ သေရက်မိတယ္ ။

ဇင္း ။ ။ အတိုင္းအတာရွိတယ္ ၊ မလြန္ေစရဘူး ဆိုပါေတာ့ ။
ေရႊ ။ ။ ဒါတြင္မကဘူး ၊ နံနက္ခင္းမွာ ဘယ္ေတာ့မွ မေသာက္ဘူး ။

ဇင္း ။ ။ ဘာေၾကာင့္တဲ့လဲ ။
ေရႊ ။ ။ နံနက္ခင္း ေသာက္တဲ့လူဟာ တစ္ေန႔လံုးေသာက္ျဖစ္ျပီး ယစ္ထုပ္ျဖစ္သြားတတ္လို႔ပဲဘုရား ။ သူတို႔က ေသာက္ၾကေပမဲ့ မေသာက္ရလွ်င္ မေနနိုင္ဆိုတဲ့ ယစ္ထုပ္ျဖစ္မခံဘူး ဘုရား ၊ အဲဒါကို တပည့္ေတာ္က သိပ္သေဘာက်တယ္ ။ တပည့္ေတာ္ ယံုၾကည္ခ်က္ကလည္း ယစ္ထုပ္ျဖစ္သြားလွ်င္ ေနာင္ဘ၀ မွာ အရူး ျဖစ္တတ္တယ္ ။ ရူးသြပ္တယ္ဆိုလွ်င္ မဂ္ဖိုလ္အတြက္ တစ္ဘ၀ဆံုးေတာ့တာပဲဘုရား ။

ဇင္း ။ ။ မဂ္ဖိုလ္အတြက္ေတာ့ ေတာ္ေတာ္ေၾကာင့္ၾကစိုက္သကိုး တကာၾကီး ။
ေရႊ ။ ။ တပည့္ေတာ္က ဆင္းရဲမွာကို မေၾကာက္လွဘူး ။ ဘ၀ဆံုးရံႈးသြားမွာကို အေၾကာက္ဆံုးပဲ ၊ ဒါကိုေတာ့ ေတာ္ေတာ္ ငယ္ငယ္ကတည္းက အထူးသတိထားပါတယ္ ။

ဇင္း ။ ။ ေတာ္ေတာ္ၾကီးလာေတာ့ ဘယ္လိုျဖစ္လာသလဲ ။
ေရႊ ။ ။ ဒင္နာပါတီမ်ဳိးျဖစ္ေစ ၊ ကြဲကြာေနတဲ့ ငယ္သူငယ္ခ်င္းေသာက္ေဖာ္ ေသာက္ဖက္မ်ားနဲ႔ ေတြ႔ဆံုၾကတဲ့ အခါမ်ဳိးေလာက္ျဖစ္ေစ ေသာက္ပါေတာ့တယ္ ။

ဇင္း ။ ။ အခုတိုင္ ဒီလိုပဲလား ။
ေရႊ ။ ။ အခုတိုင္ေတာ့ မဟုတ္ပါဘူးဘုရား ။ တစ္ျဖည္းျဖည္း ေျပာင္းလဲလာပံုကို အဆင့္ဆင့္ ေလၽွ်ာက္ထားျခင္းေပါ့ ။

ဇင္း ။ ။ ေနာက္ေတာ့ေကာ တကာၾကီး ။
ေရႊ ။ ။ တရားေတြ ဘာေတြ အားထုတ္ ၊ ရဟန္းျပဳျပီးလို႔ လူထြက္ရတဲ့ေနာက္ေတာင္ ။

ဇင္း ။ ။ ဒုလႅဘရဟန္းလား တကာၾကီး ၊ ဘယ္ေလာက္၀တ္ခဲ့သလဲ ။
ေရႊ ။ ။ ဒုလႅဘရဟန္း မဟုတ္ပါဘူး ။ ကိုယ့္ဟာကို ထင္ခဲ့မိတယ္ ၊ ငါေတာ့ ဒီတစ္သက္မွာ အရက္ေတာ့ ေသာက္ခ်င္ေတာ့မွာမဟုတ္ဘူးလို႔ ။ သို႔ေသာ္ တစ္ႏွစ္ေက်ာ္ေလာက္ၾကာေတာ့ ငယ္ေပါင္းၾကီးေဖာ္မ်ားႏွင့္ ဆံုစည္းရာမွာ ေသာက္ခ်င္တဲ့စိတ္ ျဖစ္လာျပန္တယ္ ။ တပည့္ေတာ္ ေမွ်ာ္လင့္တာက ေသာက္ခ်င္တဲ့စိတ္ ကုန္ျပီထင္တာ ၊ အခုေတာ့ ရွိေနျပန္တယ္ ။ အနာဂါမ္ပုဂၢိဳလ္မ်ားဟာကာမရာဂ ( လိင္ကိစၥ ) ကို ပယ္တယ္ဆိုတာ ေအာင့္ထားျခင္း မျဖစ္ရဘူး ။ စိတ္ကုန္ခန္းသြားျခင္း ျဖစ္ရမယ္လို႔ တပည့္ေတာ္ တြက္တယ္ ။ ကိုယ့္ကို ကိုယ္အနာဂါမ္ ျဖစ္တယ္ထင္လို႔ ေအာင့္ထားရံုနဲ႔လည္း အနာဂါမ္ ျဖစ္တာ မဟုတ္နိုင္ဘူး ။ ကိုင္း ဒီေတာ့ ေသာက္ခ်င္တဲ့စိတ္ ရွိေသးတဲ့အတူတူ ေသာက္ေပဦးေတာ့ ။ သို႔ေသာ္ ေသာက္ခ်င္စိတ္ ေပ်ာက္ေအာင္ အားထုတ္ယူမယ္လို႔ ျပ႒ာန္းလိုက္တယ္ ။



ဇင္း ။ ။ ဒီေတာ့ ေရွးေရွးကအတိုင္း ေသာက္ျပန္ေရာ့လား ။
ေရႊ ။ ။ ငယ္စဥ္တုန္းက အတိုင္းေတာ့ မဟုတ္ပါဘူး ။ ဒင္နာပါတီတို႔ ဘာတို႔ေလာက္ပါပဲ ။

ဇင္း ။ ။ ေနာက္တစ္ထစ္က ဘယ္လိုလဲ ။
ေရႊ ။ ။ တပည့္ေတာ္က ကိုယ့္စိတ္ကို စစ္ေဆးတဲ့အလုပ္ လုပ္လာခဲ့တာက ေတာ္ေတာ္ၾကာပါျပီ ။

ဇင္း ။ ။ ဘယ္လို စစ္ေဆးသလဲ တကာၾကီး ။
ေရႊ ။ ။ ေသာက္ခ်င္တဲ့စိတ္ ျဖစ္ေပၚလာျခင္းဟာ တပည့္ေတာ္အဖို႔မွာေတာ့ အစားေကာင္းေကာင္းနဲ႔ တြဲတြဲျပီး ျဖစ္တတ္တယ္ ။

ဒီလိုပါဘုရား ၊ တပည့္ေတာ္က အစားေကာင္းၾကိဳက္တတ္တဲ့ လူတစ္ေယာက္ ျဖစ္ပါတယ္ ။ လူတိုင္းၾကိဳက္တယ္ဆိုေပမဲ့ တပည့္ေတာ္က ကဲလြန္းပါတယ္ ။ ၾကိဳက္ဟင္း မပါလွ်င္ မ်ဳိလို႔ မက်သေလာက္ပါပဲ ။ ျပီးေတာ့ အေသာက္ရဲ႕ သတၱိဟာက ေကာင္းတဲ့ အစာတစ္ခုကိုပိုျပီးေကာင္းေအာင္ လုပ္ေပးနိုင္ပါတယ္ ။ ဒီေတာ့ကာ တပည့္ေတာ္မွာ ဘယ္လို ျဖစ္ေနသလဲဆိုေတာ့ ငယ္စဥ္တုန္းကဆိုလွ်င္ အိမ္မွာအထူးတလည္ ေကာင္းေကာင္းခ်က္ထားတဲ့ ဟင္းမ်ဳိးနဲ႔ေတြ႕လွ်င္ ထမင္း မစားေသးပဲ တစ္ခြက္ေျပးျပီး ေသာက္လိုက္ရပါေသးတယ္ ။
ရည္ရြယ္ခ်က္ကေတာ့ ေကာင္းေနတဲ့ဟင္းကို ပိုျပီး အရသာ ေပၚလာေအာင္ေပါ့ဘုရား ။ ေနာက္ပိုင္းက်ေတာ့ အိမ္ကဟင္းေၾကာင့္ေတာ့ မျဖစ္ေတာ့ပါဘူး ။ သို႔ေပမဲ့ အင္မတန္ၾကိဳက္တတ္တဲ့ တရုတ္စားပြဲၾကီးမ်ဳိးက်ေတာ့ အစားေကာင္းတာနဲ႔ပဲ ေရွ႕မွာေထာင္ထားတဲ့ပုလင္းဆီကို လက္က ေရာက္ေရာက္သြားခ်င္တယ္ ။ ဒီအထဲမွာ အနားကလူက ငွဲ႔ေပးျပန္ေတာ့ ေသာက္လိုက္မိတာေပါ့ဘုရား ။

တရုတ္ျပည္သြားတုန္းက ငါေသာက္လို႔ ေတာ္မထင္ပါဘူးလို႔ ေအာက္ေမ့သြားေပမဲ့ အစားေကာင္းေသြးေဆာင္မႈေၾကာင့္ ေသာက္ခဲ့မိတာက မ်ားတယ္ဘုရား ။

ဇင္း ။ ။ ဒီလိုဆို တကာၾကီးဟာက ျဖတ္ဖို႔ခက္ေနျပီေကာ ။
ေရႊ ။ ။ ေနပါဦး ဦးပဥၨင္း ၊ တပည့္ေတာ္ ေလွ်ာက္ခဲ့တဲ့အတိုင္း အစားေကာင္း ေသြးေဆာင္မႈေၾကာင့္ ေသာက္ျဖစ္တယ္ဆိုလွ်င္ အစားေကာင္း စားခ်င္တတ္တဲ့ အာသာဆႏၵကို ျဖတ္ပစ္လိုက္နိုင္လွ်င္ေတာ့ အေသာက္ပါ ပါသြားမွာပဲလို႔ အၾကံ ျဖစ္ေပၚလာတယ္ ။

ဇင္း ။ ။ ဘယ္လို လုပ္သလဲ ။
ေရႊ ။ ။ တပည့္ေတာ္ဟာ က်န္းမာေရးလိုက္စားေလ့ရွိေလေတာ့ အိႏၵိယျပည္ ေဆးက်မ္းတစ္ခုမွာ ဖတ္ရဖူးတယ္ ။ လူတိုင္းဟာကိုယ့္၀မ္းဗိုက္ ( အစာအိမ္ ) ကို အလုပ္ေပးလြန္းအားၾကီးတယ္တဲ့ ၊ တစ္ႏွစ္မွာ ရက္သတၱတစ္ပတ္ေလာက္ လံုး၀ အစာေရွာင္သည္ျဖစ္ေစ ၊ သို႔တည္းမဟုတ္ ထမင္းဟင္း မပါဘဲ ဟင္းရြက္ျပဳတ္ေလာက္ခ်ည္း စားေနသည္ ျဖစ္ေစ ၀မ္းဗိုက္ အနားရလို႔ ပိုျပိး က်န္းမာနိုင္တယ္တဲ့ ၊ ဒီနည္းကို ႏွစ္စဥ္ ၀မ္းဗိုက္ရွင္းနည္း ( Annual Cleaning ) လို႔ေခၚတယ္ ။ ဒါကို တပည့္ေတာ္ သေဘာက်လို႔ တစ္ပတ္ေလာက္ လုပ္စမ္းၾကည့္ရာမွာ က်န္းမာေရး အတြက္ သာမက အစားေကာင္းခင္မင္တတ္တဲ့ အက်င့္ဆိုးဟာလည္း ေလ်ာ့ဆင္းသြားတာကို ေတြ႔ရတယ္ ။ ဟင္းသီးဟင္းရြက္ျပဳတ္ခ်ည္း တစ္ပတ္ေလာက္ စားေနနိုင္တယ္ ဆိုကတည္းက ဟင္းမေကာင္းတာေလာက္ေတာ့သည္းခံနိုင္သြားေတာ့တာပါပဲဘုရား ။ ဟင္းမေကာင္းျခင္းကို သည္းခံနိုင္လွ်င္ ဟင္းေကာင္း ခင္မင္တတ္ျခင္းဟာလည္း ေလ်ာ႔ဆင္းရေတာ့တာပဲဘုရား ။ အဲဒီလိုခ်ည္း တစ္လမွာ တစ္ပတ္ေလာက္ ႏွစ္လမွာ တစ္ပတ္ေလာက္ လုပ္သြားတဲ့အခါမွာ ကိုယ္ကာယဟာ ပိုျပီးေပါ့ပါး ဖ်တ္လတ္လာရံု မက အစားေကာင္း ( ရသာရံု ) ႏွင့္ ပတ္သက္လို႔ အာသာငမ္းငမ္း ရွိတတ္တဲ့ ၀ါသနာဟာလည္း ေပ်ာက္လုမတတ္ ျဖစ္သြားပါတယ္ဘုရား ။

ဇင္း ။ ။ လုမတတ္ဆိုေတာ့ လံုးလံုးၾကီးေပ်ာက္တာ မဟုတ္ဘူးေပါ့ ။
ေရႊ ။ ။ သူတစ္ပါး နည္းတူေတာ့ ရွိေသးတာေပါ့ဘုရား ။ တပည့္ေတာ္က ရသာရံုဘက္မွာ လူအမ်ားထက္ ကဲလြန္ေနေတာ့အစြန္းကေလး တိပစ္လိုက္သလိုေပါ့ ဘုရား ။

ဇင္း ။ ။ အစားေကာင္းေကာင္းစားဖို႔ ငမ္းငမ္းတက္ မျဖစ္ေတာ့ကာ ေသာက္ခ်င္တဲ့ တမ္းတမႈပါ ျပဳတ္သြားေလေရာလား ။
ေရႊ ။ ။ တပည့္ေတာ္ အဖို႔မွာေတာ့ ျပဳတ္သေလာက္ပါပဲဘုရား ။

ဇင္း ။ ။ တကာၾကီးရဲ႕ ျဖတ္နည္းကလည္း မွတ္သားေလာက္ပါတယ္ ။ ေနပါဦး ၊ တကာၾကီးဟာ အိုင္စီအက္မ်ားလို စည္းနဲ႔ ကမ္းနဲ႔ ေသာက္တတ္တယ္ဆိုျပီး ေနာက္ဆံုးမွာ ဘာျဖစ္လို႔ ဒီလို လုပ္ေနရေသးသလဲ ။
ေရႊ ။ ။ အေၾကာင္းေတြက ေတာ္ေတာ္မ်ားပါတယ္ဘုရား ။ ပထမအေၾကာင္းက တပည့္ေတာ္ဟာ ခပ္ရြယ္ရြယ္တုန္းကေတာ့သူတစ္ပါးကို မထိခိုက္လွ်င္ ဘယ္သူကဘာထင္ထင္ လုပ္ခ်င္တဲ့ ၀ါသနာရွိေသာ္လည္း အဘိုးၾကီးပိုင္းေရာက္လာေတာ့ ထပ္ျပီး စဥ္းစားလာတယ္ဘုရား ။ ကိုယ္က တရားသမားလည္းဆိုေသး ဒင္နာပါတီေလး ဘာေလးမွာ တစ္ခြက္တစ္ေလ ေသာက္လိုက္မိတယ္ဆိုလွ်င္ လူကို အထင္ေသးတာထက္ တရားကို အထင္ေသးသြားမွာ စိုးတဲ့အတြက္ ဒုကၡခံျပီး ဟင္းရြက္ျပဳတ္နဲ႔ ျဖတ္ရတာပါဘုရား ။

ဇင္း ။ ။ သာဓုပါဗ်ာ ၊ ဒီ့ျပင္ေကာဗ် ၊ ဒီဟာက ဇိမ္တစ္မ်ဳိးရွိတယ္ဆို ။
ေရႊ ။ ။ ငယ္စဥ္တုန္းကေတာ့ အဲဒီဇိမ္ကိုလည္း ၾကိဳက္ခဲ့ဖူးပါတယ္ ။ တရားအားထုတ္ျပီးတဲ့ေနာက္ေတာ့ အလိုရွိတဲ့အခါမွာအဲဒီ ဇိမ္ထက္ ၾကည္လင္ သန္႔ရွင္း အျပစ္ကင္းတဲ့ ဇိမ္မ်ဳိးကို ခံစားနိုင္ေလေတာ့ သူ႔ ဇိမ္ အတြက္ မမက္ေမာေတာ့ပါဘူးဘုရား ။

ဇင္း ။ ။ ဒါျဖစ့္လည္းဗ်ာ အဲဒီ ဇိမ္ နဲ႔ပဲ ျဖတ္ပါေတာ့လား ၊ အစားဆင္းရဲခံျပီး ဟင္းရြက္ျပဳတ္ လုပ္ေနရေသးသလား ။
ေရႊ ။ ။ ဒီ ဇိမ္ နဲ႔ခ်ည္း ၂၄ နာရီေနလို႔ မရဘူးေပါ့ဘုရား ။ စားတဲ့အခ်ိန္မွာ မ်က္မ်က္ေကာင္းေကာင္း စားခ်င္တဲ့ ေလာဘကရွိေသးတာကိုး ဘုရား ။

ဇင္း ။ ။ အေၾကာင္းအမ်ဳိးမ်ုိဳးလို႔ ေျပာပါတယ္ ။ ဒီ့ျပင္ အေၾကာင္း မ်ားေကာ တကာၾကီး ။
ေရႊ ။ ။ ဒုတိယအေၾကာင္းတစ္ခုကေတာ့ တရားအားထုတ္တဲ့အခါမွာ အေႏွာင့္အယွက္ နည္းနည္း ေတြ႔ရလို႔ပါဘုရား ။

ဇင္း ။ ။ သိပ္မမူးဘဲ စားေကာင္းရံုေလာက္ဆိုလွ်င္ ကိစၥမရွိဘူးဟုတ္လား ။
ေရႊ ။ ။ တရားအားထုတ္ဖို႔ အလုပ္မရွိတဲ့ လူမ်ားအဖို႔မွာေတာ့ မွန္ပါတယ္ ။ တရားအားထုတ္ေနတဲ့ လူမ်ားအဖို႔မွာေတာ့နည္းနည္းေလာက္ ေသာက္မိလွ်င္ပဲ စိတ္ထဲမွာသိပ္ျပီး မသန္႔ရွင္းဘူးဘုရား ။ ၾကည္လင္မႈလည္း နည္းနည္းေလ်ာ့တယ္ ။ တပည့္ေတာ္က အေတြးနဲ႔ ေျပာျခင္း မဟုတ္ပါဘူး ။ ကိုယ္ေတြ႔ပါဘုရား ။ သတိနည္းနည္း လြတ္တတ္ပါတယ္ ။

ဇင္း ။ ။ သိပ္မူးမွ သတိလစ္တာ မဟုတ္လား ။
ေရႊ ။ ။ အဲဒီ သတိမ်ဳိးကို မဆိုလိုပါဘုရား ၊ နာမ္ရုပ္ကို ရႈဆင္ျခင္တဲ့ သမၼာသတိ လို႔ ဆိုလိုပါတယ္ ။

ဇင္း ။ ။ ဟုတ္ျပီ ၊ ပမာဒတရားကို ဆိုလိုတာေပါ့ ။ ဒါေၾကာင့္ ျမတ္စြာဘုရားက ေဟာခဲ့တာကိုးဗ် ။ သုရာေမရယ မဇၨပမာဒ႒ာနာတဲ့ ဗ်ေနာ္ ။
ေရႊ ။ ။ ေစာေစာကတည္းက တပည့္ေတာ္က ဒါကို ေလွ်ာက္လိုျခင္းပါဘုရား ။ ေမ့ေလ်ာ့ရံု သက္သက္ နဲ႔ေတာ့ အကုသိုလ္မဟုတ္ဘူး ။ သို႔ေသာ္ တရားအားထုတ္ေရးအတြက္ေတာ့ အေႏွာင့္အယွက္ ျဖစ္ပါတယ္ ။

ဇင္း ။ ။ ၾကိဳက္ပါ့ဗ်ာ ၊ ဦးပဥၨင္းတို႔ကေတာ့ ဒီလို ၀န္ခံလွ်င္ သေဘာက်တာပါပဲ ။
ေရႊ ။ ။ တကာၾကီး ေရႊဥေဒါင္းက အရက္ေသာက္တာ အျပစ္မရွိဘူးလို႔ ေရးတယ္ဆိုတဲ့ လူမ်ားကို ရွင္းျပလိုက္ပါဘုရား ။စေလာင္းဖံုး ၂ ခ်ပ္ကို တီးလွ်င္ ကြဲတတ္တာမွန္တယ္ ၊ က်ားကိုက္တတ္တယ္ဆိုတာေတာ့ မမွန္ဘူးလို႔ ဆိုလိုျခင္းပါ ။ ဒီအေၾကာင္းေတြကို တပည့္ေတာ္ ေျဖာင့္ခ်က္ထဲမွာ ေရးျပရျခင္း အေၾကာင္းတစ္ခုကေတာ့ မေသာက္တတ္တဲ့ လူေတြကို ေသာက္ခ်င္ေအာင္ မဟုတ္ ၊

အရက္ကေလးတစ္ခု ေရွာင္ျပီး ကိုယ္ခ်င္းစာတရား မကပ္ဘဲ လုပ္ခ်င္ရာေတြလုပ္တဲ့ လူမ်ားက အသားယူေနၾကတာေတြကို ရံြ႕တြံတြံရွိလို႔ မွန္တဲ့အတိုင္း တင္ျပျခင္းပါဘုရား ။

ဇင္း ။ ။ ေက်နပ္ပါျပီ တကာၾကီး ၊ လိပ္ပတ္လည္သြားပါျပီ ။
ေရႊဥေဒါင္း ၏ လူျဖစ္ရက်ဳိးနပ္ပါေစ ႏွင့္ အေတြးအျမင္ ေဆာင္းပါးမ်ား မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။
...........................................................
Unicode Version

အရက်သောက်တာ အပြစ်ရှိသလား ငရဲကျနိုင်သလား

ရေးသားသူ – ဆရာကြီး ရွှေဥဒေါင်း

ဆရာကြီးရွှေဥဒေါင်းနှင့် ဦးပဉ္ဇင်းတစ်ပါး ပြောဆို ဆွေးနွေးချက်များ

ဇင်း ။ ။ တကာကြီးက အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးဖူးတယ်ဆို ၊ တကာကြီးကိုယ်တိုင်ကော အရက်သောက်သလား ။

ရွှေ ။ ။ စာအုပ်ထဲမှာ တွေ့ပါသလားဘုရား ။

ဇင်း ။ ။ စာအုပ်ထဲမှာတော့ မတွေ့ပါဘူး ၊ တစ်နေရာမှာ ရေးဖူးတယ်လို့ ပြောကြတယ် ။

ရွှေ ။ ။ တင်ပါ ၊ တပည့်တော်ရဲ့ ” ဖြောင့်ချက် ” ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဖူးပါတယ်ဘုရား ။

ဇင်း ။ ။ ဘာကြောင့် ရေးတာလည်း တကာကြီး ။

ရွှေ ။ ။ ဖြောင့်ချက်ဆိုတော့ တပည့်တော်ရဲ့ အယူအဆ နဲ့ အပြုအမူတွေကို ဟုတ်မှန်အတိုင်း ဖော်ထုတ်ပြီး ရေးရမည့် တာဝန်ရှိလို့ပါ ဘုရား ။

ဇင်း ။ ။ ဘယ်သူက ရေးခိုင်းလို့ ရေးရတာလည်း တကာကြီး ။စိတ်မရှိပါနဲ့နော် ၊ ဦးပဉ္ဇင်းက တကာကြီး ဘက်သားပါ ။

ရွှေ ။ ။ ဘယ်လို ဘက်သားပါလဲ ဘုရား ။ ဒီပြဿနာလေးရှင်းပေးပါအုံး……………..

ဇင်း ။ ။ လူတွေက မဟုတ်တရုတ် စွပ်စွဲကြလေသလားလို့ ကိုယ်တိုင် ဝင်ပြီး မေးကြည့်တာပဲ ။

ရွှေ ။ ။ ကျေးဇူးတင်ပါတယ် ဘုရား ။ တပည့်တော် ဖြေပါတော့မယ် ။ ဦးပဉ္ဇင်း ရဲ့ မေးခွန်းတွေက တစ်ထိုင်တည်းမှာ သုံးခုရှိသွားပါပြီ ။ (၁) ဖြောင့်ချက်တွေကို ဘယ်သူရေးခိုင်းတာလဲ ။ (၂) အရက်သောက်တာ အပြစ် မရှိဘူးလို့ ရေးသလား ။ (၃) တကာကြီးကိုယ်တိုင် အရက်သောက်သလား ။ ဟုတ်ရဲ့လား ဘုရား ။

ဇင်း ။ ။ အရက်သောက်သေးသလားလို့ ဆိုလိုပါတယ် ။

ရွှေ ။ ။ မှန်လှပါဘုရား ၊ ဘယ်သူက ရေးခိုင်းသလဲ ဆိုတဲ့ မေးခွန်းကို ဖြေရလျှင် ဘယ်သူကမှတော့ အရေးမခိုင်းပါဘူး ။ သို့သော်တပည့်တော်က လောကုတ္တရာ ရေးရာအတွက် အားထုတ်နေသူ ဖြစ်တဲ့အပြင် ကိုယ်သိသမျှ မြင်သမျှလေးကို သူတစ်ပါးအား တင်ပြနေသူဖြစ်လေတော့ ကိုယ့်အပေါ်မှာ သံသယ ကင်းရှင်းသွားစေလိုသည် တစ်ကြောင်း ၊ တပည့်တော် ရဲ့ ဝါသနာတစ်ခုက ဘယ်သူတွေလက်ခံခြင်း ၊ လက်မခံခြင်းကို အပထား ၊ ကိုယ်တိုင် စိတ်ချလက်ချ ယုံကြည်ထားတဲ့ အခြင်းအရာတစ်ခုကို တင်ပြရမှ ကျေနပ်တတ်တာက တစ်ကြောင်း ဖြစ်ပါတယ် ဘုရား ။

ဇင်း ။ ။ ဖြောင့်ချက် ရေးရခြင်း အကြောင်းကတော့ ဟုတ်ပါပြီ ၊ အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးတာက ဘယ်လိုလည်းတကာကြီး ။

ရွှေ ။ ။ ဦးပဉ္ဇင်း က တပည့်တော်ရဲ့ ဆောင်းပါးကို ကိုယ်တိုင် ဖတ်ဖူးဟန် မတူပါဘူး ။

ဇင်း ။ ။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ စာအုပ်ကိုသာ ဖတ်ဖူးတယ် ၊ ဖြောင့်ချက်ကို မဖတ်ဖူးပါဘူး ၊ လူပြောသူပြောပါပဲ ။

ရွှေ ။ ။ စာကို သေသေချာချာ မဖတ်ဘဲနဲ့ ပြောကြတာပါဘုရား ။ အပြစ်မရှိဘူးလို့ မရေးဖူးပါဘူး ။ ငရဲမကြီးဘူးလို့သာ ရေးပါတယ်ဘုရား ။

ဇင်း ။ ။ ဘာကြောင့် ငရဲမကြီးရသလဲ ၊ သုရာမေရယသိက္ခာပုဒ်ပဲ ။

ရွှေ ။ ။ ငရဲကြီးတယ် (သို့) အပါယ်ကျတယ်ဆိုတာ ဒုစရိုက် ၁၀ပါး ကျူးလွန်မှ မဟုတ်လားဘုရား ၊ သုရာမေရယ ဟာက သီလနယ်ထဲက မဟုတ်ပါလားဘုရား ။ ဒုစရိုက်မှု နဲ့ သီလက တစ်ခြားစီပါဘုရား ။ ဒုစရိုက်မှု ဆိုတာက ကျူးလွန်လျှင် အပါယ်ကျတယ် ။ သီလ ဆိုတာက ကောင်းသော အလေ့အကျင့် ဖြစ်ပါတယ် ။ အရက်သောက်ခြင်းဟာ ကောင်းသောအလေ့တော့ မဟုတ်ဘူးပေါ့ ဘုရား ။ နစ္စ ၊ဂီတ ၊ ဝါဒိတ ဆိုတာမျိုးတွေလိုပေါ့ ။ ရှောင်လျှင်ကောင်းတယ် (သို့) ငရဲတော့ မကြီးပါဘူးဘုရား ။

ဇင်း ။ ။ သို့သော် သုရာမေရယကို ကာမေသုမိစ္ဆာစာရကံထဲမှာ ထည့်သွင်းရမယ်လို့ အဋ္ဌကထာ ဆရာက ဆိုတယ် တကာကြီး ။

ရွှေ ။ ။ ဒါက သူ့အယူအဆကိုးဘုရား ။ သူတစ်ပါး မယားကို ပြစ်မှားတာနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက်တာ နဲ့ ဘာများသက်ဆိုင်လို့လဲဘုရား ။

ဇင်း ။ ။ ကာမဂုဏ် ခံစားတဲ့ သဘာဝချင်းတူတယ် တကာကြီး ။

ရွှေ ။ ။ ကာမဂုဏ်ခံစားရုံနဲ့ ငရဲကြီးတယ်လို့ ဗုဒ္ဓက ဟောတော်မမူခဲ့ပါဘူးဘုရား ။ တစ်ချို့က ဘယ်လိုတောင် ရေးကြသလဲဆိုတော့ အရက်သောက်တဲ့လူဟာ ရသာရုံခံစားခြင်းပဲတဲ့ ။ ကိုယ်တိုင် ဘာမှ မသိဘဲနဲ့ ရမ်းပြီး ရေးချင်တဲ့ လူတွေကြောင့် ခက်တာပဲ ။ အရက်သောက်တယ်ဆိုတာ ရသာရုံခံစားခြင်း မဟုတ်တဲ့အပြင် အစ ပထမ မှာ ရှုံ့ရှုံ့မဲ့မဲ့ နဲ့ မျိုချရတဲ့ အရည်ပါ ဘုရား ။ နောက်တော့မှဇိမ်တစ်မျိုးရှိတယ်ဆိုပြီး ကြိုက်တတ်လာခြင်း ဖြစ်ပါတယ် ။ ” ဇိမ် ” ကို ကြိုက်ခြင်းပါ ။ အရသာကို ကြိုက်ခြင်း မဟုတ်ပါဘူးဘုရား ။

ဇင်း ။ ။ နောက်တော့ အရသာကိုပါ ကြိုက်လာတယ်ဆို ။

ရွှေ ။ ။ ဒါကတော့ တမာရွက်ပြုတ်စားတဲ့ လူလိုပေါ့ဘုရား ။ ပထမတော့ ခါးတယ် ။ နောက်တော့မှ ကြိုက်တာပါ ။ အရက်မှာတော့ဇိမ်က အဓိက ပါဘုရား ။ ကိုယ်တိုင် မြည်းမစမ်းဘဲနဲ့ သူတစ်ပါး ပါးစပ်ထဲက အရသာကို မှန်းဆပြီး ဆရာလုပ်ချင်တဲ့ လူတွေတော့တပည့်တော် က တယ်မတည့်ဘူး ။ သုရာမေရယဟာ ငရဲကြီးတယ်ဆိုရင် ဗုဒ္ဓက ဒုစရိုက် ၁၁ ပါးလို့ ဟောခဲ့မှာပေါ့ဘုရား ။ ၁၁ ပါးဟောလျှင်လည်း ဂဏန်းအနေနဲ့ အရုပ်မဆိုးပါဘူး ။ မီး ၁၁ ပါး တို့ ဘာတို့ ရှိသားပဲ ။ ဗုဒ္ဓက ၁၀ ပါးလို့ ဟောတော်မူခဲ့တဲ့ အထဲမှာ သီလထဲကတစ်ခုယူပြီး ကာမေသု ထဲ အတင်းသွင်း လို့ တပည့်တော်တော့ လက်မခံဘူး ။ သူ့သဘော သက်သက်ပဲ ။ ဘုရားဟော မဟုတ်ဘူး ။

ဇင်း ။ ။ လူတွေ လိမ္မာ လာအောင်ဆိုတဲ့ သဘောနဲ့ သွင်းထည့်တာ ထင်ပါရဲ့ တကာကြီး ။ အရက်သောက်ခြင်းဟာ မကောင်းတာတော့ ဝန်ခံတယ် မဟုတ်လား ။

ရွှေ ။ ။ အတိုင်းအရှည်နဲ့ ဝန်ခံပါတယ် ။ သို့သော် လိမ္မာအောင်ဆိုပြီး အပိုခြောက်လှန့်ပေးလျှင်တော့ အမှန် (သစ္စာ)တရား ပျက်တယ်လို့ တပည့်တော် နားလည်ပါတယ်ဘုရား ။ ဥပမာ – စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကျားကိုက်တတ်တယ်လို့ ရှေးကလူကြီးတွေကကလေးတွေကို ခြောက်ခဲ့တယ် ။ အမှန်ကတော့ (မြေ)စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကွဲမှာစိုးလို့ပါပဲ ။ ကလေးတွေအဖို့ ဟုတ်ချင်ဟုတ်မယ် ။ သို့သော် လူတိုင်းဟာ ကလေး မဟုတ်ဘူးဘုရား ။ ဘာပဲပြောပြော တပည့်တော်အနေနဲ့ကတော့ ဗုဒ္ဓကမှန်တဲ့အတိုင်း ဟောထားပါလျက်နဲ့ တစ်ချို့က ဉာဏ်ကွန့်ပြီး အခြောက်တွေ ၊ အမြှောက်တွေနဲ့ ဖြည့်စွက်တာကို တပည့်တော် မလိုလားဘူးဘုရား ။ မှန်တာကို ဖော်ထုတ်ချင်တာပဲ ။

ဇင်း ။ ။ တကာကြီး က အရက်သောက်တာဟာ အပြစ်မရှိဘူးတဲ့လား ။

ရွှေ ။ ။ ဒီလို မလုပ်ပါနဲ့ ဦးပဉ္ဇင်း ။ တပည့်တော် ဥပမာဆောင်ခဲ့ပြီးကောဘုရား ။ စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကျားကိုက်တတ်တယ် ဆိုတာ မဟုတ်ပေမဲ့ ကွဲတတ်တယ်ဆိုတာ မှန်သလိုပဲ အရက်သောက်ခြင်းကြောင့် ငရဲကြီးတယ်ဆိုတာ မမှန်ပေမဲ့ စလောင်းဖုံးကွဲတာလိုပဲ အပြစ်တော့ရှိတတ်တာပေါ့ဘုရား ။

ဇင်း ။ ။ ရှိတတ်တယ်ဆိုတော့ ဧကန်စကား မဟုတ်ဘူး ။ အနေကန်စကားပေါ့ တကာကြီး ။

ရွှေ ။ ။ အတိုင်းနဲ့အထွာနဲ့ စည်းနဲ့ ကမ်းနဲ့ ဆိုလျှင်တော့ လူတွေထင်ကြသလို ဧရာမအပြစ်ကြီး မဟုတ်နိုင်ပါဘူးဘုရား ။ တပည့်တော်က ဒီအကြောင်းတွေကို စပြီး ရေးကတည်းက ရည်ရွယ်ချက်တစ်ခု ရှိပါသေးတယ် ။ အရက်သောက်တဲ့လူတွေကို အရက်မသောက်အောင် တပည့်တော် မတတ်နိုင်ဘူး ။ ဘယ်သူမှလည်း တတ်နိုင်မှာ မဟုတ်ဘူး ။ သို့သော် သောက်ကြလို့ရှိလျှင် စည်းနဲ့ကမ်းနဲ့ အတိုင်းနဲ့ အထွာနဲ့ အချိန်နာရီ နဲ့ သောက်ကြဖို့ သတိပေးချင် လို့ပါပဲ ။

ဇင်း ။ ။ ဘယ်လို သောက်ပုံသောက်နည်းလဲ တကာကြီး ရဲ့ ။

ရွှေ ။ ။ တပည့်တော်တို့ တိုင်းပြည်ကို ဟိုတုန်းက အုပ်ချူပ်သွားတဲ့ အင်္ဂလိပ်လူမျိုးတွေကို တပည့်တော်တို့ မြန်မာတွေက မိစ္ဆာဒိဋ္ဌိတွေ ၊ မျောက်ကဆင်းသက်တဲ့ အရိုင်းအစိုင်းတွေ ၊ ဘာတွေညာတွေ နဲ့ ခေါ်ချင်တတ်တယ် မဟုတ်ဘူးလား ။ သူတို့အရာရှိတွေဟာ လူတိုင်းလိုလိုပဲ အရက်သောက်တတ်တယ် ။ သို့ပေမဲ့ ဂျင်မခါနာကလပ်မှာ မူးပြီး ရန်ဖြစ်ကြတယ်လို့ ဘယ်နှစ်ခါများ ကြားရဖူးသလဲ ။ မူးလဲနေတယ်လို့ကော ကြားရသလား ။ အလုပ်ခွင်ကို အရက်မူးပြီး လာတယ်လို့ရှိပါသလား ။ ရှိတဲ့ပိုက်ဆံ အကုန်သောက်ပစ်တယ်လို့
ကော ကြားရပါသလား ။ လူကြားထဲမှာ ပြောမှားဆိုမှားဖြစ်အောင် မူးတယ်လို့တောင် ကြားရပါသလား ။ တွေ့ရပါသလားဘုရား ။

ဇင်း ။ ။ ဒါကတော့ သူတို့က အထက်တန်း လူစားတွေကိုး တကာကြီး ။

ရွှေ ။ ။ တပည့်တော်ကလည်း ဇိမ်ခံချင်လို့ သောက်လျှင် အထက်တန်းလူများသောက်နည်း ၊ ဂုဏ်သရေရှိတဲ့လူများ(Gentlemen )သောက်နည်းသောက်တတ်အောင် သတိပေးချင်တဲ့ ရည်ရွယ်ချက်ပါဘုရား ။ တပည့်တော် ရဲ့ အယူအဆ က လူတွေကို ငါးပါးသီလ နဲ့ငရဲ နဲ့ ဘာနဲ့ ခြောက်နည်းမျိုးထက် သောက်ချင်းသောက်လျှင် သိက္ခာရှိရှိနဲ့ သောက်တတ်ဖို့ သတိပေးခြင်းက လိုက်နာကြဖို့ နီးစပ်လိမ့်မယ်လို့ ထင်မြင်ပါတယ်ဘုရား ။

ဇင်း ။ ။ သောက်တတ်ပြီး လူများအဖို့တော့ ဟုတ်တာပေါ့ တကာကြီး ။

ရွှေ ။ ။ သောက်တတ်ပြီး လူများအဖို့ တပည့်တော် ရည်ရွယ်တာပဲ ။ မသောက်တတ်တဲ့ လူအဖို့တော့ ပိုက်ဆံကုန်မှာ တစ်ခုတည်းနဲ့ပဲ တော်တော်လုံလောက်နေပါပြီ ။ သောက်တတ်တဲ့လူကို မဟုတ်တရုတ် ခြောက်လှန့်ပြီး အဖြတ်ခိုင်းခြင်းထက် မှန်လည်းမှန်တယ် ၊ သဘာဝလည်းကျတယ် ၊ နားထောင်ချင်စဖွယ်လည်း ရှိတယ်ဆိုတဲ့နည်းနဲ့ သတိပေးခြင်းက ပိုပြီး အောင်မြင်ဖို့ မျှော်လင့်ထိုက်တယ် မဟုတ်လားဘုရား ။

ဇင်း ။ ။ ခြောက်လှန့်ပေးလို့ ပြတ်တဲ့လူများကော မရှိပေဘူးလား တကာကြီးရယ် ။

ရွှေ ။ ။ ငရဲကြီးတယ်ဆိုလို့ မသောက်ဘဲ နေချင်နေမယ် ၊ သောက်တတ်ပြီးမှတော့ ငရဲကြောက်လို့ ဖြတ်တဲ့လူ နည်းပါလိမ့်မယ် ။နာမည်ကောင်းယူချင်လို့သော်လည်းကောင်း ၊ အသောက်လွန်ပြီး သေမှာကြောက်လို့သော်လည်းကောင်း ၊ ပိုက်ဆံမတတ်နိုင်လို့သော် လည်းကောင်း ဖြတ်ကြတဲ့လူက များပါလိမ့်မယ် ။

ဇင်း ။ ။ ဒါဖြင့် အပြစ်ရှိပုံက ဘယ်လိုရှိတာလဲ တကာကြီး ။

ရွှေ ။ ။ (၁) အချိန်မရွေးသောက်လျှင် ယစ်ထုပ်ဖြစ်ပြီး နောင်ဘဝမှာ ရူးတတ်တယ်ဆိုတာ တပည့်တော် ယုံကြည်တယ်ဘုရား ။

(၂) ပိုက်ဆံကုန်တယ်ဘုရား ။

(၃) လွန်လွန်ကျူးကျူးဆိုလျှင် ကျန်းမာရေးကို ထိခိုက်တယ်ဘုရား ။ ဒါကတော့ လွန်လွန်ကျူးကျူး သမားများမှပါဘုရား ။လွန်လွန်ကျူးကျူးဆိုတာမျိုးကတော့ ဘယ်နေရာမှ မကောင်းဘူးဘုရား ။ အဗြဟ္မစရိယာ အလုပ်ဟာ ငရဲတော့မကြီးဘူး ။ ဒါပေမဲ့
လွန်လွန်ကျူးကျူးဆိုလျှင် ဒုက္ခရောက်တတ်တာပါပဲဘုရား ။ ကာမဂုဏ်ခံစားမှု ဟူသမျှဟာ ဒီအတိုင်းချည်းပါပဲဘုရား ။ အပြစ်က ခံစားမှုကြောင့် မဟုတ် ။ လွန်ကျူးမှုကြောင့်ပါ ဘုရား ။

ဇင်း ။ ။ ကာမဂုဏ်ခံစားခြင်းဟာ အပြစ် မဟုတ်ဘူးလား တကာကြီး ။

ရွှေ ။ ။ တပည့်တော်က ငရဲမကြီးတတ်ခြင်းကို ဆိုလိုပါတယ် ။ လူ့ဘောင်မှာ နေရတယ်ဆိုတာ ဝမ်းစာအတွက် အလုပ်လုပ်ရ ၊ဟိုဟာကြောင့်ကြ ၊ ဒီဟာကြောင့်ကြ ၊ သောကဗျာပါဒတွေ များလေတော့ အားလပ်တဲ့အချိန်ကလေးမှာ ဟိုတယ်တက်သူတက် ၊ဘိလိယက်ထိုးသူထိုး ၊ တင်းနစ်ရိုက်သူရိုက် ၊ ရုပ်ရှင် ကြည့်သူကြည့် ကိုယ့်နည်းနဲ့ ကိုယ် ဖျော်ဖြေမှုရှာကြရတာပဲ ဦးပဉ္ဇင်း ။

ဇင်း ။ ။ ဒါတွေ မပါဘဲ မဖြစ်နိုင်ဘူးလား တကာကြီး ။

ရွှေ ။ ။ ဒါတွေ မရှိလျှင် ခြောက်ကပ်ကပ် လူတစ်ယောက် ဖြစ်သွားနိုင်တယ် ။ ဦးပဉ္ဇင်းများတော့ နေနိုင်တယ် ၊ နေလည်းနေထိုက်တယ် ၊ မနေကြတာကတော့ ဦးပဉ္ဇင်းတို့ အပြစ်ပဲ ။

ဇင်း ။ ။ ဦးပဉ္ဇင်းများဆီ လှည့်လာပြီကိုး တကာကြီးရဲ့ ၊ ဗုဒ္ဓကတော့ ကာမဂုဏ်ကို အပြစ်လို့ဆိုပါလား တကာကြီး ။

ရွှေ ။ ။ ဒါက အဓိပ္ပာယ်တစ်မျိုးပါဘုရား ။ သံသရာဝဋ်မှ ကျွတ်လွတ်ချင်တဲ့ လူများအတွက် ဟောခြင်း ဖြစ်ပါတယ် ။ ကျွတ်လွတ်ချင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ ။ ဦးပဉ္ဇင်းရော ” သံသရာဝဋ်ဒုက္ခတော ” ဆိုပြီးတော့ တစ်ကယ် ကျွတ်လွတ်ချင်တဲ့စိတ် ရှိရဲ့လား ။

ဇင်း ။ ။ ကျုပ်တို့ဆီ လှည့်လှည့်လာတော့တာကိုး တကာကြီးက ။

ရွှေ ။ ။ လှည့်ရတာက တစ်ခြားကြောင့် မဟုတ်ပါဘူး ဘုရား ။ ဦးပဉ္ဇင်းဟာက ငရဲကြီးမကြီးအကြောင်း ဆွေးနွေးရာကနေပြီးလွတ်မြောက်ရေးတရား အကြောင်း ထည့်ထည့်ပြောတာကိုးဘုရား ။ ဒီနှစ်ခုဟာ တစ်ကန့်စီထားမှ ဖြစ်ပါလိမ့်မယ်ဘုရား ။ လူသာမန်တွေအကြောင်းပြောလျှင် အပါယ်ငရဲက လွတ်ဖို့လောက်ဆိုလျှင် တော်ပါပြီ ။ ဝဋ်မှ လွတ်မြောက်ရေး နဲ့ ပတ်သက်တဲ့ အကျင့်ကတော့ တစ်ကဏ္ဍထားသင့်ပါတယ်ဘုရား ။ အမှန်မှာတော့ လူများအဖို့မှာ (အများအားဖြင့်) သံသရာမှာ ကောင်းကောင်းလည်ဖို့ ၊ ရဟန်းများ အဖို့တော့ သံသရာဝဋ်မှ ကျွတ်လွတ်ဖို့ ၊ အဲဒီလို အကျင့်တစ်မျိုးစီ ၊ တစ်ကန့်စီထားလိုက်ပါတယ်ဘုရား ။

ဇင်း ။ ။ သေ အရက်ဟာက ( ပမာဒတရား ) မေ့လျော့ခြင်းကို ဖြစ်စေတတ်တယ်တဲ့ ။မေ့လျော့တာကော အပြစ်မဟုတ်ဘူးလား တကာကြီး ။

ရွှေ ။ ။ လာပြန်ပါပြီ ။ မေ့လျော့ခြင်းကြောင့် မဂ်ဖိုလ်နဲ့ ဝေးတာတော့ မှန်တယ် ။ သို့သော် မေ့လျော့ရုံသက်သက်ကြောင့်တော့ ငရဲကြီးသေးတာ မဟုတ်ဘူး ဦးပဉ္ဇင်း ။ ဒါထက် ပမာဒတရားဆိုတာ ဘာကိုမေ့လျော့ခြင်းလို့ ဆိုလိုတယ် ထင်သလဲဘုရား ။

ဇင်း ။ ။ ကုသိုလ်ကောင်းမှုပြုဖို့ မေ့လျော့ခြင်းပေါ့ တကာကြီး ။

ရွှေ ။ ။ ဒါန ၊ သီလတို့ ၊ ဥပုသ်စောင့်တာတို့ ဘာတို့လားဘုရား ။

ဇင်း ။ ။ ဟုတ်တာပေါ့ တကာကြီး ။

ရွှေ ။ ။ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုခါနီးမှာ ” ဟန္ဒဒါနိ ဘိက္ခေ၀ ” ဆိုတဲ့ နောက်ဆုံးသတိပေးချက် တစ်ခု မိန့်တော်မူခဲ့တယ် ၊ ရုပ်နာမ်တရားတို့သည် ပျက်တတ်သော သဘောရှိတယ်တဲ့ ။ အဲဒါကို မမေ့ကြနဲ့တဲ့ ။ ဒါန ၊ သီလတို့အတွက် ဗုဒ္ဓပွင့်တော်မူခြင်း မဟုတ် ။ ဒါတွေကတော့ ဗုဒ္ဓတွေ မပွင့်လျှင်လည်း အပြည်ပြည်မှာ ပြုလုပ်တဲ့ လူများ ပြုလုပ်ကြစမြဲပါဘုရား ။ နောက်ဆုံး သတိပေးချက်အနေနဲ့ အမောခံပြီး မိန့်တော်မူမည် မဟုတ်ပါဘုရား ။ ပျက်တတ်သောသဘောရှိတယ် ဆိုတာကိုတော့ သတ္တဝါတွေက မေ့တတ်လွန်းလို့ ဗုဒ္ဓက အမောခံပြီး နောက်ဆုံး သတိပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်ဘုရား ။

ဇင်း ။ ။ ဒါကတော့ လက်မခံလို့ မဖြစ်ဘူး ။ လက်ခံရပေမှာပေါ့ ။ ဒါထက် သုရာမေရယ ဟာ ငရဲမကြီးဘူးဆိုတာကို တကာကြီးဘယ်လိုကြောင့် သဘောပေါက်သွားတာလဲ ။ ဒုစရိုက် ၁၀ ပါး ထဲမှာ မပါလို့ စဉ်းစားမိတာပဲလား ။

ရွှေ ။ ။ အမှန်ကတော့ စိတ်သဘာဝအကြောင်းကို တပည့်တော်တရားအားထုတ်ရင်း လေ့လာရာမှာ အပြုအမူတစ်ခုဟာ ဘာကြောင့် ကုသိုလ်ဖြစ်တယ် ။ ဘာကြောင့် အကုသိုလ် ဖြစ်တယ်ဆိုတာကို ရှေးဦးစွာ သဘောပေါက်လာပါတယ်ဘုရား ။ သူတစ်ပါးကို ထိခိုက်နစ်နာစေလိုတဲ့ စေတနာနဲ့ပြုလုပ်ခြင်း ၊ ပြောဆိုခြင်းဟာ အကုသိုလ် ဖြစ်တယ် ၊ သူတစ်ပါးကို ကောင်းစေလိုတဲ့ စေတနာနဲ့ ပြုလုပ်ခြင်း ၊ ပြောဆိုခြင်းဟာ ကာမာဝစရ ကုသိုလ် ဖြစ်တယ် ။ ကုသိုလ်မှု ၊ အကုသိုလ်မှုမှာ စေတနာဟာ အကြောင်းရင်း ဖြစ်တယ်လို့ တပည့်တော် သဘောကျလာပါတယ် ။ ဗုဒ္ဓကလည်း စေတနာကို ကံ ဟူ၍ ကောက်ယူရမယ်လို့ ဟောတော်မူတယ် ။ ဒီတော့မှ ဒုစရိုက်၁၀ ပါးထဲမှာ ရှာကြည့်လိုက်တော့ သုရာမေရယ မပါခြင်းကို တွေ့ရလို့ တပည့်တော် အမြင်နဲ့ ကိုက်နေတာပဲဘုရား ။

ဇင်း ။ ။ နေပါဦး တကာကြီး ၊ အရက်သောက်တဲ့လူဟာ မူယစ်ချင်တဲ့ စေတနာ မရှိဘူးလား ။

ရွှေ ။ ။ ဦးပဉ္ဇင်းက စေတနာနဲ့ ရည်ရွယ်ချက်ကို ရောထွေးနေတာကိုးဘုရား ။ မူးယစ်ချင်တဲ့ ရည်ရွယ်ချက်တော့ ရှိမယ် ။ ရည်ရွယ်ချက်ဟာ စေတနာ မဟုတ်ဘူးဘုရား ။

ဇင်း ။ ။ ရှင်းပါဦး တကာကြီး ။

ရွှေ ။ ။ စေတနာဆိုတာမျိုးဟာ သူတစ်ပါးအပေါ်မှာ ထားရှိခြင်းကို ဆိုလိုပါတယ် ။ မိမိကိုယ်အပေါ်မှာ ထားရှိခြင်းကို မဆိုလိုပါ

ဘူးဘုရား ။ သူတစ်ပါးအပေါ်မှာ စေတနာကောင်းထားလျှင် ကုသိုလ်ဖြစ်တယ် ။ စေတနာဆိုးထားလျှင် အကုသိုလ် ဖြစ်ပါတယ် ။ ကိုယ့်ကိုကိုယ် ကြီးပွားစေချင်တာတော့ လူတိုင်းမှာ ရှိတတ်ပါတယ် ။ သို့သော် ဒါကို ကုသိုလ်စိတ်လို့ မခေါ်နိုင်ပါဘူးဘုရား ။ လောဘစိတ်သာ ဖြစ်ပါတယ် ။ အရက်သောက်ခြင်းအားဖြင့် သူတစ်ပါးနဲ့ ပတ်သက်တဲ့ စေတနာဆိုးသော်လည်းကောင်း ၊ စေတနာကောင်းသော်လည်းကောင်း မပါရှိသည့်အတွက်ကြောင့် ကုသိုလ် ၊ အကုသိုလ် မကောက်ထိုက်ပါဘုရား ။

ဇင်း ။ ။ မူးပြီး ရမ်းတဲ့လူကော တကာကြီး ။

ရွှေ ။ ။ ဒါက တစ်ခြားပါဘုရား ။ရမ်းတဲ့အပြစ် ရောက်တာပါပဲ ။

ဇင်း ။ ။ သုရာမေရယ သက်သက်နဲ့တော့ အကုသိုလ် မဖြစ်ဘူးပေါ့ တကာကြီး ။

ရွှေ ။ ။ စိတ်သဘာဝကို တပည့်တော်ကိုယ်တိုင် လေ့လာလို့ တွေ့ရှိထားတဲ့အတိုင်းမှာတော့ လောကမှာအကုသိုလ်ဖြစ်တဲ့ အရည်လည်း မရှိပါဘူး ။ ကုသိုလ်ဖြစ်တဲ့ အရည်လည်း မရှိပါဘူးဘုရား။ စေတနာသာလျှင် ကုသိုလ် ၊ အကုသိုလ် ဖြစ်စေပါတယ် ။

ဇင်း ။ ။ သဘာဝတော့ ကျတတပဲ တကာကြီး ။ ကျူပ်တောင် လက်ခံချင်လာပြီ ။ သို့သော် မိရိုးဖလာ သမားတွေကတော့ ကြိုက်ကြရမှာ မဟုတ်ပေဘူး ။

ရွှေ ။ ။ အထူးသဖြင့် အသက်ကိုအသေခံမယ် ၊ သေအရက်ကို လျှာပေါ်မတင်ဖူးပါဘူး ညာဘူး နဲ့ ကြွားနေတဲ့ လူတွေက သာပြီးသဘောမကျ မှာပေါ့ဘုရား ။ သူတို့အသားယူစရာ အလုံးကလေးတစ်ခု လက်လွတ်သွားမှာကိုဘုရား ။ သို့သော် တပည့်တော် စာရေးတဲ့အခါမှာ မိရိုးဖလာသမားတွေအတွက် မရေးပါဘူးဘုရား ။ ကာလာမသုတ်မှာ ဟောတော်မူခဲ့တဲ့အတိုင်း သဘာဝကျမကျကို ကိုယ်

ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ရဲတဲ့ ပုဂ္ဂိုလ်များအတွက် ရေးပါတယ်ဘုရား ။

ဇင်း ။ ။ ဒီလိုဆို တကာကြီးရဲ့စာကို လူများစုက လက်ခံဖို့ ခဲယဉ်းလိမ့်မယ်ပေါ့ ။

ရွှေ ။ ။ တပည့်တော်ဟာ လူပြိန်းများပါ နားလည်အောင်တော့ ရှင်းပြတတ်တယ်လို့ ကိုယ့်ဟာကို ထင်မိပါတယ် ၊ သို့သော် နားလည်ပေမဲ့ မကြိုက်နိုင်တာက ရှိသေးတာကိုးဘုရား ။ နားတော့လည်စေမယ် ၊ သို့သော် လက်ခံဖို့ဆိုတာကတော့ ဉာဏ်အနုအရင့်က ရှိသေးတာကိုးဘုရား ။ အချို့လူများကတော့ သူတို့ကြားဖူးထားတဲ့ အယူနဲ့ မတူလျှင် ခါးခါးသီးသီး ဖယ်ပစ်ချတတ် ကြပါတယ် ။ သူတို့အတွက် တပည့်တော် မရေးဖူးပါဘူးဘုရား ။

ဇင်း ။ ။ (၁) နဲ့ (၂) ကတော့ ပြေလည်ပါပြီ ။ နံပါတ်(၃) ကျန်သေးတယ် တကာကြီးရဲ့ ၊ တကာကြီးဟာ အခု အရက်သောက်ပါသေးသလား ။

ရွှေ ။ ။ လူပုဂ္ဂိူလ်ချင်းဆိုလျှင်တော့ မေးဝံ့တဲ့ မေးခွန်း မဟုတ်ဘူးပေါ့ ။ သို့သော် ရဟန်းဆိုတော့ မေးနိုင်ပါတယ် ။

ဇင်း ။ ။ ဒီလိုကြောင့်ပါ တကာကြီး ။ တရားအားထုတ်နေတယ်ဆိုတဲ့အပြင် ကျမ်းပြုဆရာတစ်ယောက်ဆိုလို့ မေးရခြင်း ဖြစ်ပါတယ် တကာကြီးရယ် ။ မဖြေချင်လည်းနေပေါ့ ။

ရွှေ ။ ။ တပည့်တော်ကတော့ မေးသူရှိလျှင် ဖြေဖို့ အသင့်ပါပဲ ဘုရား ။ ဟန်ဆောင်တတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူးဘုရား ။

ဇင်း ။ ။ ရတနာ့သုတ်ထဲကလိုလား ။

ရွှေ ။ ။ ဒါကတော့ ဦးပဉ္ဇင်း ထင်ချင်သလိုထင်ပေါ့ဘုရား ။ တပည့်တော် လျှောက်ထားတာကို ယုံပါနော် ။ ဒါမျိုးမှာ တပည့်တော်မလိမ်ပါဘူး ။

ဇင်း ။ ။ ဘယ်လိုဟာမျိုးမှာမှ မလိမ်ဘူး ဟုတ်လား ။

ရွှေ ။ ။ ဒီလောက်လည်း မဟုတ်သေးဘူးဘုရား ။ တပည့်တော် အသက်သေရမည့် ကိစ္စမျိုးဆိုလျှင် သေရမှာကို ကြောက်ပြီးလိမ်မိမလား မပြောတတ်ပါဘုရား ။

ဇင်း ။ ။ တကာကြီးက သေရမှာ ကြောက်တုန်းလား ။

ရွှေ ။ ။ ဘယ့်နှယ်ဘုရား ၊ လောကဓံအောင်ပြီလို့ ဝန်မခံနိုင်သေးလျှင် အာဇာနည်များမှတစ်ပါး သေရမှာကို ကြောက်တဲ့လူချည်းပေါ့ဘုရား ။

ဇင်း ။ ။ ကိုင်း တကာကြီးနဲ့ အရက်အကြောင်းကို ဖြေပါတော့လေ ။

ရွှေ ။ ။ ငယ်စဉ်တုန်းကတော့ သောက်ခဲ့တယ်ပေါ့ဘုရား ။ ဒါပေမဲ့ တပည့်တော်တို့ လူသိုက်က စည်းနဲ့ ကမ်းနဲ့ အိုင်စီအက်သောက်သောက်တဲ့ လူတွေပါ ။

ဇင်း ။ ။ တကာကြီးက အိုင်စီအက်တော့ တယ်အထင်ကြီးသကိုး ။

ရွှေ ။ ။ ဒီ့ပြင်နေရာမှာ ဒီလောက် မဟုတ်ဘူး ။ သောက်တဲ့နေရာမှာတော့ သူတို့လူစုကို ကောင်းကောင်း အတုခိုးတယ် ဘုရား ။

မင်းကြီးရဲ့တောလိုက် စာရေးလုပ်ခဲ့ဖူးတော့ ဂျင်မခါနာကလပ်တို့ ၊ ပဲခူးကလပ်တို့မှာ သူတို့သောက်ပုံတွေကို မြင်ရဖူးသကိုးဘုရား ။တပည့်တော် သရေကျမိတယ် ။

ဇင်း ။ ။ အတိုင်းအတာရှိတယ် ၊ မလွန်စေရဘူး ဆိုပါတော့ ။

ရွှေ ။ ။ ဒါတွင်မကဘူး ၊ နံနက်ခင်းမှာ ဘယ်တော့မှ မသောက်ဘူး ။

ဇင်း ။ ။ ဘာကြောင့်တဲ့လဲ ။

ရွှေ ။ ။ နံနက်ခင်း သောက်တဲ့လူဟာ တစ်နေ့လုံးသောက်ဖြစ်ပြီး ယစ်ထုပ်ဖြစ်သွားတတ်လို့ပဲဘုရား ။ သူတို့က သောက်ကြပေမဲ့ မသောက်ရလျှင် မနေနိုင်ဆိုတဲ့ ယစ်ထုပ်ဖြစ်မခံဘူး ဘုရား ၊ အဲဒါကို တပည့်တော်က သိပ်သဘောကျတယ် ။ တပည့်တော် ယုံကြည်ချက်ကလည်း ယစ်ထုပ်ဖြစ်သွားလျှင် နောင်ဘ၀ မှာ အရူး ဖြစ်တတ်တယ် ။ ရူးသွပ်တယ်ဆိုလျှင် မဂ်ဖိုလ်အတွက် တစ်ဘဝဆုံးတော့တာပဲဘုရား ။

ဇင်း ။ ။ မဂ်ဖိုလ်အတွက်တော့ တော်တော်ကြောင့်ကြစိုက်သကိုး တကာကြီး ။

ရွှေ ။ ။ တပည့်တော်က ဆင်းရဲမှာကို မကြောက်လှဘူး ။ ဘဝဆုံးရှုံးသွားမှာကို အကြောက်ဆုံးပဲ ၊ ဒါကိုတော့ တော်တော် ငယ်ငယ်ကတည်းက အထူးသတိထားပါတယ် ။

ဇင်း ။ ။ တော်တော်ကြီးလာတော့ ဘယ်လိုဖြစ်လာသလဲ ။

ရွှေ ။ ။ ဒင်နာပါတီမျိုးဖြစ်စေ ၊ ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းသောက်ဖော် သောက်ဖက်များနဲ့ တွေ့ဆုံကြတဲ့ အခါမျိုးလောက်ဖြစ်စေ သောက်ပါတော့တယ် ။

ဇင်း ။ ။ အခုတိုင် ဒီလိုပဲလား ။

ရွှေ ။ ။ အခုတိုင်တော့ မဟုတ်ပါဘူးဘုရား ။ တစ်ဖြည်းဖြည်း ပြောင်းလဲလာပုံကို အဆင့်ဆင့် လျျှောက်ထားခြင်းပေါ့ ။

ဇင်း ။ ။ နောက်တော့ကော တကာကြီး ။

ရွှေ ။ ။ တရားတွေ ဘာတွေ အားထုတ် ၊ ရဟန်းပြုပြီးလို့ လူထွက်ရတဲ့နောက်တောင် ။

ဇင်း ။ ။ ဒုလ္လဘရဟန်းလား တကာကြီး ၊ ဘယ်လောက်ဝတ်ခဲ့သလဲ ။

ရွှေ ။ ။ ဒုလ္လဘရဟန်း မဟုတ်ပါဘူး ။ ကိုယ့်ဟာကို ထင်ခဲ့မိတယ် ၊ ငါတော့ ဒီတစ်သက်မှာ အရက်တော့ သောက်ချင်တော့မှာမဟုတ်ဘူးလို့ ။ သို့သော် တစ်နှစ်ကျော်လောက်ကြာတော့ ငယ်ပေါင်းကြီးဖော်များနှင့် ဆုံစည်းရာမှာ သောက်ချင်တဲ့စိတ် ဖြစ်လာပြန်တယ် ။ တပည့်တော် မျှော်လင့်တာက သောက်ချင်တဲ့စိတ် ကုန်ပြီထင်တာ ၊ အခုတော့ ရှိနေပြန်တယ် ။ အနာဂါမ်ပုဂ္ဂိုလ်များဟာကာမရာဂ ( လိင်ကိစ္စ ) ကို ပယ်တယ်ဆိုတာ အောင့်ထားခြင်း မဖြစ်ရဘူး ။ စိတ်ကုန်ခန်းသွားခြင်း ဖြစ်ရမယ်လို့ တပည့်တော် တွက်တယ် ။ ကိုယ့်ကို ကိုယ်အနာဂါမ် ဖြစ်တယ်ထင်လို့ အောင့်ထားရုံနဲ့လည်း အနာဂါမ် ဖြစ်တာ မဟုတ်နိုင်ဘူး ။ ကိုင်း ဒီတော့ သောက်ချင်တဲ့စိတ် ရှိသေးတဲ့အတူတူ သောက်ပေဦးတော့ ။ သို့သော် သောက်ချင်စိတ် ပျောက်အောင် အားထုတ်ယူမယ်လို့ ပြဋ္ဌာန်းလိုက်တယ် ။

ဇင်း ။ ။ ဒီတော့ ရှေးရှေးကအတိုင်း သောက်ပြန်ရော့လား ။

ရွှေ ။ ။ ငယ်စဉ်တုန်းက အတိုင်းတော့ မဟုတ်ပါဘူး ။ ဒင်နာပါတီတို့ ဘာတို့လောက်ပါပဲ ။

ဇင်း ။ ။ နောက်တစ်ထစ်က ဘယ်လိုလဲ ။

ရွှေ ။ ။ တပည့်တော်က ကိုယ့်စိတ်ကို စစ်ဆေးတဲ့အလုပ် လုပ်လာခဲ့တာက တော်တော်ကြာပါပြီ ။

ဇင်း ။ ။ ဘယ်လို စစ်ဆေးသလဲ တကာကြီး ။

ရွှေ ။ ။ သောက်ချင်တဲ့စိတ် ဖြစ်ပေါ်လာခြင်းဟာ တပည့်တော်အဖို့မှာတော့ အစားကောင်းကောင်းနဲ့ တွဲတွဲပြီး ဖြစ်တတ်တယ် ။

ဒီလိုပါဘုရား ၊ တပည့်တော်က အစားကောင်းကြိုက်တတ်တဲ့ လူတစ်ယောက် ဖြစ်ပါတယ် ။ လူတိုင်းကြိုက်တယ်ဆိုပေမဲ့ တပည့်တော်က ကဲလွန်းပါတယ် ။ ကြိုက်ဟင်း မပါလျှင် မျိုလို့ မကျသလောက်ပါပဲ ။ ပြီးတော့ အသောက်ရဲ့ သတ္တိဟာက ကောင်းတဲ့ အစာတစ်ခုကိုပိုပြီးကောင်းအောင် လုပ်ပေးနိုင်ပါတယ် ။ ဒီတော့ကာ တပည့်တော်မှာ ဘယ်လို ဖြစ်နေသလဲဆိုတော့ ငယ်စဉ်တုန်းကဆိုလျှင် အိမ်မှာအထူးတလည် ကောင်းကောင်းချက်ထားတဲ့ ဟင်းမျိုးနဲ့တွေ့လျှင် ထမင်း မစားသေးပဲ တစ်ခွက်ပြေးပြီး သောက်လိုက်ရပါသေးတယ် ။

ရည်ရွယ်ချက်ကတော့ ကောင်းနေတဲ့ဟင်းကို ပိုပြီး အရသာ ပေါ်လာအောင်ပေါ့ဘုရား ။ နောက်ပိုင်းကျတော့ အိမ်ကဟင်းကြောင့်တော့ မဖြစ်တော့ပါဘူး ။ သို့ပေမဲ့ အင်မတန်ကြိုက်တတ်တဲ့ တရုတ်စားပွဲကြီးမျိုးကျတော့ အစားကောင်းတာနဲ့ပဲ ရှေ့မှာထောင်ထားတဲ့ပုလင်းဆီကို လက်က ရောက်ရောက်သွားချင်တယ် ။ ဒီအထဲမှာ အနားကလူက ငှဲ့ပေးပြန်တော့ သောက်လိုက်မိတာပေါ့ဘုရား ။

တရုတ်ပြည်သွားတုန်းက ငါသောက်လို့ တော်မထင်ပါဘူးလို့ အောက်မေ့သွားပေမဲ့ အစားကောင်းသွေးဆောင်မှုကြောင့် သောက်ခဲ့မိတာက များတယ်ဘုရား ။

ဇင်း ။ ။ ဒီလိုဆို တကာကြီးဟာက ဖြတ်ဖို့ခက်နေပြီကော ။

ရွှေ ။ ။ နေပါဦး ဦးပဉ္ဇင်း ၊ တပည့်တော် လျှောက်ခဲ့တဲ့အတိုင်း အစားကောင်း သွေးဆောင်မှုကြောင့် သောက်ဖြစ်တယ်ဆိုလျှင် အစားကောင်း စားချင်တတ်တဲ့ အာသာဆန္ဒကို ဖြတ်ပစ်လိုက်နိုင်လျှင်တော့ အသောက်ပါ ပါသွားမှာပဲလို့ အကြံ ဖြစ်ပေါ်လာတယ် ။

ဇင်း ။ ။ ဘယ်လို လုပ်သလဲ ။

ရွှေ ။ ။ တပည့်တော်ဟာ ကျန်းမာရေးလိုက်စားလေ့ရှိလေတော့ အိန္ဒိယပြည် ဆေးကျမ်းတစ်ခုမှာ ဖတ်ရဖူးတယ် ။ လူတိုင်းဟာကိုယ့်ဝမ်းဗိုက် ( အစာအိမ် ) ကို အလုပ်ပေးလွန်းအားကြီးတယ်တဲ့ ၊ တစ်နှစ်မှာ ရက်သတ္တတစ်ပတ်လောက် လုံး၀ အစာရှောင်သည်ဖြစ်စေ ၊ သို့တည်းမဟုတ် ထမင်းဟင်း မပါဘဲ ဟင်းရွက်ပြုတ်လောက်ချည်း စားနေသည် ဖြစ်စေ ဝမ်းဗိုက် အနားရလို့ ပိုပြိး ကျန်းမာနိုင်တယ်တဲ့ ၊ ဒီနည်းကို နှစ်စဉ် ဝမ်းဗိုက်ရှင်းနည်း ( Annual Cleaning ) လို့ခေါ်တယ် ။ ဒါကို တပည့်တော် သဘောကျလို့ တစ်ပတ်လောက် လုပ်စမ်းကြည့်ရာမှာ ကျန်းမာရေး အတွက် သာမက အစားကောင်းခင်မင်တတ်တဲ့ အကျင့်ဆိုးဟာလည်း လျော့ဆင်းသွားတာကို တွေ့ရတယ် ။ ဟင်းသီးဟင်းရွက်ပြုတ်ချည်း တစ်ပတ်လောက် စားနေနိုင်တယ် ဆိုကတည်းက ဟင်းမကောင်းတာလောက်တော့သည်းခံနိုင်သွားတော့တာပါပဲဘုရား ။ ဟင်းမကောင်းခြင်းကို သည်းခံနိုင်လျှင် ဟင်းကောင်း ခင်မင်တတ်ခြင်းဟာလည်း လျော့ဆင်းရတော့တာပဲဘုရား ။ အဲဒီလိုချည်း တစ်လမှာ တစ်ပတ်လောက် နှစ်လမှာ တစ်ပတ်လောက် လုပ်သွားတဲ့အခါမှာ ကိုယ်ကာယဟာ ပိုပြီးပေါ့ပါး ဖျတ်လတ်လာရုံ မက အစားကောင်း ( ရသာရုံ ) နှင့် ပတ်သက်လို့ အာသာငမ်းငမ်း ရှိတတ်တဲ့ ဝါသနာဟာလည်း ပျောက်လုမတတ် ဖြစ်သွားပါတယ်ဘုရား ။

ဇင်း ။ ။ လုမတတ်ဆိုတော့ လုံးလုံးကြီးပျောက်တာ မဟုတ်ဘူးပေါ့ ။

ရွှေ ။ ။ သူတစ်ပါး နည်းတူတော့ ရှိသေးတာပေါ့ဘုရား ။ တပည့်တော်က ရသာရုံဘက်မှာ လူအများထက် ကဲလွန်နေတော့အစွန်းကလေး တိပစ်လိုက်သလိုပေါ့ ဘုရား ။

ဇင်း ။ ။ အစားကောင်းကောင်းစားဖို့ ငမ်းငမ်းတက် မဖြစ်တော့ကာ သောက်ချင်တဲ့ တမ်းတမှုပါ ပြုတ်သွားလေရောလား ။

ရွှေ ။ ။ တပည့်တော် အဖို့မှာတော့ ပြုတ်သလောက်ပါပဲဘုရား ။

ဇင်း ။ ။ တကာကြီးရဲ့ ဖြတ်နည်းကလည်း မှတ်သားလောက်ပါတယ် ။ နေပါဦး ၊ တကာကြီးဟာ အိုင်စီအက်များလို စည်းနဲ့ ကမ်းနဲ့ သောက်တတ်တယ်ဆိုပြီး နောက်ဆုံးမှာ ဘာဖြစ်လို့ ဒီလို လုပ်နေရသေးသလဲ ။

ရွှေ ။ ။ အကြောင်းတွေက တော်တော်များပါတယ်ဘုရား ။ ပထမအကြောင်းက တပည့်တော်ဟာ ခပ်ရွယ်ရွယ်တုန်းကတော့သူတစ်ပါးကို မထိခိုက်လျှင် ဘယ်သူကဘာထင်ထင် လုပ်ချင်တဲ့ ဝါသနာရှိသော်လည်း အဘိုးကြီးပိုင်းရောက်လာတော့ ထပ်ပြီး စဉ်းစားလာတယ်ဘုရား ။ ကိုယ်က တရားသမားလည်းဆိုသေး ဒင်နာပါတီလေး ဘာလေးမှာ တစ်ခွက်တစ်လေ သောက်လိုက်မိတယ်ဆိုလျှင် လူကို အထင်သေးတာထက် တရားကို အထင်သေးသွားမှာ စိုးတဲ့အတွက် ဒုက္ခခံပြီး ဟင်းရွက်ပြုတ်နဲ့ ဖြတ်ရတာပါဘုရား ။

ဇင်း ။ ။ သာဓုပါဗျာ ၊ ဒီ့ပြင်ကောဗျ ၊ ဒီဟာက ဇိမ်တစ်မျိုးရှိတယ်ဆို ။

ရွှေ ။ ။ ငယ်စဉ်တုန်းကတော့ အဲဒီဇိမ်ကိုလည်း ကြိုက်ခဲ့ဖူးပါတယ် ။ တရားအားထုတ်ပြီးတဲ့နောက်တော့ အလိုရှိတဲ့အခါမှာအဲဒီ ဇိမ်ထက် ကြည်လင် သန့်ရှင်း အပြစ်ကင်းတဲ့ ဇိမ်မျိုးကို ခံစားနိုင်လေတော့ သူ့ ဇိမ် အတွက် မမက်မောတော့ပါဘူးဘုရား ။

ဇင်း ။ ။ ဒါဖြစ့်လည်းဗျာ အဲဒီ ဇိမ် နဲ့ပဲ ဖြတ်ပါတော့လား ၊ အစားဆင်းရဲခံပြီး ဟင်းရွက်ပြုတ် လုပ်နေရသေးသလား ။

ရွှေ ။ ။ ဒီ ဇိမ် နဲ့ချည်း ၂၄ နာရီနေလို့ မရဘူးပေါ့ဘုရား ။ စားတဲ့အချိန်မှာ မျက်မျက်ကောင်းကောင်း စားချင်တဲ့ လောဘကရှိသေးတာကိုး ဘုရား ။

ဇင်း ။ ။ အကြောင်းအမျိုးမျိုးလို့ ပြောပါတယ် ။ ဒီ့ပြင် အကြောင်း များကော တကာကြီး ။

ရွှေ ။ ။ ဒုတိယအကြောင်းတစ်ခုကတော့ တရားအားထုတ်တဲ့အခါမှာ အနှောင့်အယှက် နည်းနည်း တွေ့ရလို့ပါဘုရား ။

ဇင်း ။ ။ သိပ်မမူးဘဲ စားကောင်းရုံလောက်ဆိုလျှင် ကိစ္စမရှိဘူးဟုတ်လား ။

ရွှေ ။ ။ တရားအားထုတ်ဖို့ အလုပ်မရှိတဲ့ လူများအဖို့မှာတော့ မှန်ပါတယ် ။ တရားအားထုတ်နေတဲ့ လူများအဖို့မှာတော့နည်းနည်းလောက် သောက်မိလျှင်ပဲ စိတ်ထဲမှာသိပ်ပြီး မသန့်ရှင်းဘူးဘုရား ။ ကြည်လင်မှုလည်း နည်းနည်းလျော့တယ် ။ တပည့်တော်က အတွေးနဲ့ ပြောခြင်း မဟုတ်ပါဘူး ။ ကိုယ်တွေ့ပါဘုရား ။ သတိနည်းနည်း လွတ်တတ်ပါတယ် ။

ဇင်း ။ ။ သိပ်မူးမှ သတိလစ်တာ မဟုတ်လား ။

ရွှေ ။ ။ အဲဒီ သတိမျိုးကို မဆိုလိုပါဘုရား ၊ နာမ်ရုပ်ကို ရှုဆင်ခြင်တဲ့ သမ္မာသတိ လို့ ဆိုလိုပါတယ် ။

ဇင်း ။ ။ ဟုတ်ပြီ ၊ ပမာဒတရားကို ဆိုလိုတာပေါ့ ။ ဒါကြောင့် မြတ်စွာဘုရားက ဟောခဲ့တာကိုးဗျ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာတဲ့ ဗျနော် ။

ရွှေ ။ ။ စောစောကတည်းက တပည့်တော်က ဒါကို လျှောက်လိုခြင်းပါဘုရား ။ မေ့လျော့ရုံ သက်သက် နဲ့တော့ အကုသိုလ်မဟုတ်ဘူး ။ သို့သော် တရားအားထုတ်ရေးအတွက်တော့ အနှောင့်အယှက် ဖြစ်ပါတယ် ။

ဇင်း ။ ။ ကြိုက်ပါ့ဗျာ ၊ ဦးပဉ္ဇင်းတို့ကတော့ ဒီလို ဝန်ခံလျှင် သဘောကျတာပါပဲ ။

ရွှေ ။ ။ တကာကြီး ရွှေဥဒေါင်းက အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးတယ်ဆိုတဲ့ လူများကို ရှင်းပြလိုက်ပါဘုရား ။စလောင်းဖုံး ၂ ချပ်ကို တီးလျှင် ကွဲတတ်တာမှန်တယ် ၊ ကျားကိုက်တတ်တယ်ဆိုတာတော့ မမှန်ဘူးလို့ ဆိုလိုခြင်းပါ ။ ဒီအကြောင်းတွေကို တပည့်တော် ဖြောင့်ချက်ထဲမှာ ရေးပြရခြင်း အကြောင်းတစ်ခုကတော့ မသောက်တတ်တဲ့ လူတွေကို သောက်ချင်အောင် မဟုတ် ၊

အရက်ကလေးတစ်ခု ရှောင်ပြီး ကိုယ်ချင်းစာတရား မကပ်ဘဲ လုပ်ချင်ရာတွေလုပ်တဲ့ လူများက အသားယူနေကြတာတွေကို ရွံ့တွံတွံရှိလို့ မှန်တဲ့အတိုင်း တင်ပြခြင်းပါဘုရား ။

ဇင်း ။ ။ ကျေနပ်ပါပြီ တကာကြီး ၊ လိပ်ပတ်လည်သွားပါပြီ ။

ရွှေဥဒေါင်း ၏ လူဖြစ်ရကျိုးနပ်ပါစေ နှင့် အတွေးအမြင် ဆောင်းပါးများ မှ ကောက်နှုတ်ဖော်ပြပါသည်။