Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 15, 2018

ဆီးခ်ိဳသမားမ်ားရဲ႕ လြဲမွားတတ္ေသာအရာမ်ားဆီးခ်ိဳသမားမ်ားရဲ႕ လြဲမွားတတ္ေသာအရာမ်ား"


ပါေမာကၡေဒါက္တာဦးကိုကို (ဆီးခ်ဳိႏွင့္ အေထြေထြေရာဂါအထူးကု)ႏွင့္ ေတြ႕ဆံုေဆြးေႏြးျခင္း
ေမး။ ။ ဆီးခ်ဳိသမားေတြမွာ အမ်ားဆံုး လြဲမွားတတ္တဲ့အရာေတြကို သိပါရေစ ဆရာ။

ဖ။ ။ အမ်ားဆံုး လြဲမွားတဲ့အခ်က္ေတြကေတာ့ ေဆးေတြကုိ ရပ္လုိက္တာတို႔၊ ေလွ်ာ့ေသာက္ၾကတာတို႔ေတြျဖစ္တာ မ်ားပါတယ္။ တစ္ခါတေလ အဂၤလိပ္ေဆးေတြ အကုန္ရပ္လိုက္ၿပီးေတာ့ ေဆးၿမီးတိုေတြ ေသာက္တာလည္းရွိပါတယ္။
တစ္ခါတေလ ပ်ားမီးစြဲရြက္ေတြေသာက္တယ္၊ သၾကားမကိုက္ရြက္ေတြ ေသာက္ေနတာလည္း ရွိပါတယ္။ ဒီပ်ားမီးစြဲရြက္ေတြ၊ သၾကားမကုိက္ရြက္ေတြ ေသာက္လုိ႔ရပါသလားလို႔ ေမးရင္ ဆရာတို႔ အေတြ႕အႀကံဳအရေတာ့ အဲဒီအရြက္ေတြေသာက္ရင္ ဆီးခ်ဳိက်ပါတယ္။ ဒါေပမဲ့ ဆရာတို႔က လူနာကုိ ေဆးကုသတဲ့အခါမွာ ဆီးခ်ဳိက်႐ံု တစ္ခုတည္းမကဘဲ အသက္ရွည္ေအာင္ပါ ေဆးေပးရပါတယ္။ အခု ဆရာတို႔တစ္ေတြ ေသာက္သံုးခုိင္းေနတဲ့ ႏုိင္ငံျခားေဆးေတြကေတာ့ အကုန္းစမ္းသပ္ၿပီးသားေတြပါ။ ႏိုင္ငံျခားေဆးေတြကို ေသာက္ရင္ ဆီးခ်ဳိလည္း က်တယ္၊ အသက္လည္းရွည္တယ္၊ ေသေသခ်ာခ်ာ စမ္းသပ္ထားတာျဖစ္တဲ့အတြက္ ေသခ်ာပါတယ္။ ဒီေဆးၿမီးတိုတစ္ခြက္ေသာက္လုိက္ရင္ ဆီးခ်ဳိက ဘယ္ေလာက္က်သြားလည္း မသိႏုိင္ပါဘူး။ သူတို႔ကုိ ေရရွည္စမ္းသပ္ထားတာလည္း မရွိပါဘူး။ ဆရာတို႔ကေတာ့ လူနာကုိ ကုိယ့္သေဘာပါလို႔ပဲ ေျပာပါတယ္။
ႏုိင္ငံျခားေဆးတစ္လံုးေသာက္လိုက္ရင္ ဆီးခ်ဳိဘယ္ေလာက္က်သြားမလဲဆိုတာ ဆရာတုိ႔ အၾကမ္းဖ်င္းသိပါတယ္။ ဒီအရြက္တစ္ရြက္ကုိ ေသာက္လုိက္ရင္ ဆီးခ်ဳိ ဘယ္ေလာက္က်သြားမလဲ မသိပါဘူး။ ဆီးခ်ဳိေတာ့ က်ပါတယ္၊ ဒါေပမဲ့ ဘယ္ေလာက္က်မယ္၊ ဘာေတြျဖစ္ႏုိင္လဲ ဆိုတာလည္း မသိ။ ကိုယ့္အယူအဆနဲ႔ ကုိယ္ေဆးၿမီးတိုေတြ၊ တ႐ုတ္ေဆးေတြ ေသာက္တာဟာဆီးခ်ဳိက်ခ်င္ က်မယ္၊ ဒါေပမဲ့ ကုိယ့္အသက္ကိုေတာ့အပ္ထားတာနဲ႔ အတူတူပါပဲ။ ဆီးခ်ဳိထိန္းခ်ဳပ္မႈ (Control) မေကာင္းရင္ ေနာက္ဆက္တြဲ ဆိုးက်ဳိးေတြျဖစ္တတ္ပါတယ္။ ေျခေထာက္ျဖတ္ရတာ၊ မ်က္စိမျမင္ရေတာ့တာေတြအထိ ျဖစ္တတ္ပါတယ္။
ေမး။ ။ ဆီးခ်ဳိသမားေတြ စားေသာက္ရာမွာ သတိျပဳသင့္တဲ့ အခ်က္ေတြရွိရင္လည္း သိပါရေစ ဆရာ။
ေျဖ။ ။ ဆီးခ်ဳိသမားေတြအတြက္ အေရးႀကီးတဲ့ အခ်က္တစ္ခုကေတာ့ အစားအေသာက္ပါပဲ။
အၾကမ္းဖ်င္းအားျဖင့္ ဆီးခ်ဳိသမားေတြမွာ ႀကိဳက္သေလာက္စားလို႔ရတဲ့ အစားအစာဆိုရင္ ဟင္းသီးဟင္းရြက္ေတြရယ္၊ အသားေတြ၊ ငါးေတြရယ္ကုိ ႀကိဳက္သေလာက္စားလို႔ရပါတယ္။ ဆီျပန္ဟင္းစားလို႔ ရပါတယ္။ ဆန္၊ ဂ်ံဳ၊ ေခါက္ဆြဲကုိ အသင့္အတင့္စားလုိ႔ရပါတယ္။ဘယ္လိုဆန္ကုိပဲစားပါလုိ႔ေတာ့မေျပာပါဘူး။ ဒါေပမဲ့လံုးတီးဆန္က အေကာင္းဆံုးျဖစ္ပါတယ္။ ဘက္စမာတီဆိုတဲ့ ဆန္ကုိလည္း ဆီးခ်ဳိမတက္ဘူးဆိုၿပီးစားေနက်ဆိုေပမယ့္ သူလည္းတက္ပါတယ္။ ဆန္အမ်ဳိးအစားနဲ႔စာရင္ ဆန္ပမာဏနဲ႔ ပုိဆိုင္မယ္လုိ႔ ေျပာလို႔ရပါတယ္။ အေနာက္တစ္ခုက ေရခန္းခ်က္တာနဲ႔ ေရငဲွ႔ခ်က္တာ ဘယ္လိုခ်က္ရမလဲဆိုရင္ ဆရာတုိ႔ကေတာ့ မလိုဘူးလို႔ပဲ ေျဖပါတယ္။ နည္းနည္းေလးေတာ့ ကြဲျပားမႈရွိေပမယ့္ မထူးျခားပါဘူး။ ဆန္ပမာဏအေပၚပဲ မူတည္ပါတယ္။ ဆီးခ်ဳိတက္ရင္ ထမင္းေလွ်ာ့စားပါ။ဆီးခ်ဳိတက္လုိ႔ ခ်ာပါတီနဲ႔ ေျပာင္းစားမယ္ဆိုလည္းမထူးပါဘူး။အသီးေတြစားမယ္ဆိုလည္း အရမ္းခ်ဳိတဲ့အသီးနဲ႔ အရမ္းမခ်ဳိတဲ့ အသီးမွာ အရမ္းမခ်ဳိတဲ့ အသီးေတြကုိ စားလို႔ရပါတယ္။ အရမ္းမခ်ဳိတဲ့ သစ္ေတာ္သီးတို႔၊ပန္းသီးတို႔စားလုိ႔ရပါတယ္။ အရမ္းခ်ဳိတဲ့ အသီးေတြျဖစ္တဲ့ သရက္သီးတို႔၊ ဒူးရင္းသီးတို႔ စားမယ့္အခ်ိန္မွာေတာ့ ဆီးခ်ဳိတက္ေနရင္ မစားပါနဲ႔၊ ဆီးခ်ဳိမတက္ရင္ေတာ့ စားလို႔ရပါတယ္။ တစ္သက္လံုး မစားရဘူးဆိုတဲ့ အစာ ဘာမွမရွိပါဘူး။

ေမး။ ။ဆီးခ်ဳိသမားေတြကအတြက္ သီးသန္႔ စားရမယ့္ အစားအေသာက္ေတြ ရွိပါသလား ဆရာ။
ေျဖ။ ။ ဆီးခ်ဳိသမားေတြ သီးသန္႔စားရမယ္ဆိုတဲ့ အစားအေသာက္လည္းမရွိပါဘူး။ ခ်ဳိတဲ့အရည္ေတြ၊ အစားအေသာက္ေတြ မွန္သမွ်ကိုလည္း ဆီးခ်ဳိမတက္ရင္ စားေသာက္လုိ႔ရပါတယ္။ ဆီးခ်ဳိတက္ေနရင္ေတာ့ မစားေသာက္ပါနဲ႔။ တခ်ဳိ႕အစားအေသာက္ေတြမွာ ဆီးခ်ဳိသၾကား ထည့္ေသာက္ရင္ ပုိေကာင္းပါတယ္။ေနာက္ျပႆနာတစ္ခုက ေကာ္ဖီမစ္ပါ။ ဆီးခ်ဳိသမားေတြ ေသာက္တဲ့ေကာ္ဖီမစ္၊ ေကြကာအုတ္ဆို ၿပီး ေရာင္းေနတာေတြ ရွိပါတယ္။ ဒါေတြကုိေလ့လာတဲ့အခါမွာ အဲဒါေတြကလည္း ဆီးခ်ဳိတက္တာကိုေလ့လာစမ္းသပ္မႈအရ ေတြ႕ပါတယ္။ အဲဒီေကာ္ဖီေတြ ေသာက္မယ့္အစား ေကာ္ဖီကုိအက်ရည္ေဖ်ာ္ၿပီး ႏြားႏို႔၊ ႏို႔စိမ္းနဲ႔ ဃသ္္နန ၾေအနနဲ႔ ဆီးခ်ဳိသၾကားနဲ႔ တြဲေသာက္ရပါတယ္။ ဆုိင္ကေန ေသာက္ခ်င္ရင္ ႏုိ႔စိမ္းတီးေသာက္ပါ။ ႏို႔ဆီ မထည့္ရဘူး၊ သၾကားမထည့္ရပါဘူး။ တစ္ေန႔ သံုးခြက္ေလာက္ ေသာက္လို႔ ရပါတယ္။ဆရာက ဖရဲသီး ၅၀ ဂရမ္ရယ္၊ လိေမၼာ္သီး ၅၀ ဂရမ္ရယ္ကုိ လူတစ္ေယာက္တည္းကုိပဲ ေကြၽးပါတယ္။ ေကြၽးၿပီးရင္ ႏွစ္နာရီၾကာမွာ ျပန္တုိင္းမယ္၊ အဲဒီမွာ ေသြးတြင္းသၾကားဓာတ္ကုိ ျပန္တုိင္းပါမယ္။ အဲဒီမွာ ဘယ္အသီးစားရင္ ဆီးခ်ဳိ ဘယ္ေလာက္တက္သြားလဲ ဆိုတာကုိေလ့လာၿပီး ဆီးခ်ဳိတက္ႏႈန္းမ်ားတဲ့ အသီးေတြနဲ႔ နည္းတဲ့အသီးေတြဆိုၿပီးေတာ့ ခြဲျခားထားပါတယ္။ ဒီလိုခြဲျခားထားေပမယ့္လည္းလူနာကခ်ဳိတဲ့ အသီးေတြကုိ စားခ်င္ေနတယ္၊ ဆီးခ်ဳိတိုင္းၾကည့္လို႔ တက္မေနရင္စားခိုင္းတယ္။ စစ္ၾကည့္လို႔ ဆီးခ်ဳိေကာင္းရင္ ခြင့္ျပဳပါတယ္။ ေရခဲမုန္႔လည္းေကြၽးပါတယ္။ ဆီးခ်ဳိသမားေတြကုိ မွာခ်င္တာကေတာ့ မစားရတဲ့ အစာဆိုတာ မရွိပါဘူး။ ဒါေပမဲ့ကုိယ့္ဂဏန္းေတြကုိကုိယ္သိပါ။ ခ်ဳိတဲ့အရာ မွန္သမွ်ကုိ ဆီးခ်ဳိတက္ေနရင္ မစားပါနဲ႔။ မတက္ရင္ စားပါ။

ေမး။ ။ ဆီးခ်ဳိသမားေတြဖ်ားတဲ့အခါ အစားအေသာက္နဲ႔ ပတ္သက္ၿပီး ဘယ္လို သတိထားသင့္ပါသလဲဆရာ။
ေျဖ။ ။ ဆီးခ်ဳိသမားေတြမွာ လြဲမွားတတ္တာ ေနာက္တစ္ခုက ဆီးခ်ဳိသမားေတြ ဖ်ားတဲ့အခါမွာ ဘာမွမစားေတာ့ဘူး။ ဘာမွမစားေတာ့တဲ့အတြက္ ဆီးခ်ဳိေဆး ေတြကို ရပ္ပစ္လိုက္ပါတယ္။ အဲဒါ မွားပါတယ္။ ဘာလို႔မွားလဲဆိုရင္ အဖ်ားရွိတဲ့အတြက္ ဆီးခ်ဳိသမားမွာစိတ္ဖိစီးမႈ၀င္သြားပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ ေသြးတြင္း သၾကားဓာတ္က ပုိတက္လာပါတယ္။ အဲဒီအခ်ိန္မွာ ဆီးခ်ဳိေဆးကုိ ရပ္လုိက္တဲ့အတြက္ေၾကာင့္ေသြးတြင္း သၾကားဓာတ္ေတြ မထိန္းႏိုင္ေတာ့ဘဲဒုကၡ ေရာက္ႏုိင္ပါတယ္။

ေမး။ ။ ဆီးခ်ဳိသမားတစ္ေယာက္ ဆရာတို႔ဆီေရာက္လာတဲ့အခါ ဘယ္လို အခ်က္ေတြကို အဓိက စစ္ေဆးေပးေလ့ရွိပါသလဲ ဆရာ။
ေျဖ။ ။ ဆီးခ်ဳိသမားတစ္ေယာက္က ဆရာတို႔ဆီ ေရာက္လာၿပီဆိုတာနဲ႔ အခ်က္ေတြ စဥ္းစားရပါတယ္။ နံပါတ္တစ္အေနနဲ႔ သူေဆးမွန္မွန္ ေသာက္ရဲ႕လားလို႔စစ္ရပါတယ္။
နံပါတ္ ၂ က သူေဆးေတြကုိ ေလွ်ာ့ေသာက္ေနသလားလို႔လည္း စစ္ပါတယ္။ လူနာေတြမွာဆီးခ်ဳိ အရမ္းက်သြားမွာစိုးတဲ့ စိတ္ကလည္း ရွိေနတာကိုေတြ႕ရတဲ့အတြက္ ေဆးကုိ ေလွ်ာ့ေသာက္ေနတာေတြလည္း ရွိပါတယ္၊
နံပါတ္ ၃ ကေတာ့ အစားအေသာက္ကုိ စစ္ရပါတယ္။ ဆီးခ်ဳိတက္ရင္ ၁၀၀ မွာ ၇၀ ရာခိုင္ႏႈန္းကအစားအေသာက္ေၾကာင့္ ျဖစ္ၾကတာပါ။
နံပါတ္ ၄ က ဆီးခ်ဳိတက္ေစတဲ့ေဆးေတြေသာက္ေနတာ၊ ထိုးေနတာရွိလားလို႔ စစ္ရပါတယ္။ အမ်ားဆံုးေသာက္ေန၊ ထိုးေနတဲ့ ေဆးေတြကေတာ့ စပ္ေဆးေတြပါပဲ။ လူေတြက အဆစ္အမ်က္ကုိက္လို႔ စပ္ေဆးေတြ ေသာက္ပါတယ္၊ အဲဒီေဆးေတြထဲမွာ စတီး႐ြိဳက္ေတြပါတယ္။ ရင္ေတြက်ပ္လုိ႔ေသာက္တယ္၊ ျမန္မာေဆးတခ်ဳိ႕ကို အကုိက္အခဲေပ်ာက္ေဆးေတြအေနနဲ႔ ေသာက္တယ္။ အဲဒီအထဲမွာ စတီး႐ြိဳက္ေတြပါတယ္။ အဲဒါေတြ ပါတဲ့အတြက္ မ်က္ႏွာကလည္း အမ္းလာၿပီး ဆီးခ်ဳိေတြ တက္လာတာကို ေတြ႕ရပါတယ္။ေနာက္ၿပီး စိတ္ဖိစီးမႈေတြမ်ားရင္လည္း ဆီးခ်ဳိေတြ တက္တယ္။ ဥပမာဆို ဆီးခ်ဳိသမား ေလျဖတ္တာမ်ဳိး၊ ဆီးခ်ဳိသမား ဖ်ားတာမ်ဳိးဆိုရင္ ဆီးခ်ဳိကအရမ္း တက္သြားပါတယ္။ ဆီးခ်ဳိသမားတစ္ေယာက္
ဆီးခ်ဳိကို ေကာင္းေကာင္း Control မရရင္ အဲဒီအခ်က္ေတြ အကုန္လံုးစစ္ရပါတယ္။ အဲဒီအခ်က္ေတြကို အကုန္လိုက္နာလို႔မွ Control မရရင္ေတာ့ သူကေရာဂါသက္တမ္းၾကာလာလို႔ ခႏၶာကုိယ္ထဲက အင္ဆူလင္ထုတ္တဲ့ ဆဲလ္ေတြအရမ္းနည္းလာလုိ႔လည္းျဖစ္ႏိုင္ပါတယ္။
Healthy Life

Unicode
ဆီးချိုသမားများရဲ့ လွဲမှားတတ်သောအရာများ
ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း
မေး။ ။ ဆီးချိုသမားတွေမှာ အများဆုံး လွဲမှားတတ်တဲ့အရာတွေကို သိပါရစေ ဆရာ။
ဖြေ။ ။ အများဆုံး လွဲမှားတဲ့အချက်တွေကတော့ ဆေးတွေကို ရပ်လိုက်တာတို့၊ လျှော့သောက်ကြတာတို့တွေဖြစ်တာ များပါတယ်။ တစ်ခါတလေ အင်္ဂလိပ်ဆေးတွေ အကုန်ရပ်လိုက်ပြီးတော့ ဆေးမြီးတိုတွေ သောက်တာလည်းရှိပါတယ်။တစ်ခါတလေ ပျားမီးစွဲရွက်တွေသောက်တယ်၊ သကြားမကိုက်ရွက်တွေ သောက်နေတာလည်း ရှိပါတယ်။ ဒီပျားမီးစွဲရွက်တွေ၊ သကြားမကိုက်ရွက်တွေ သောက်လို့ရပါသလားလို့ မေးရင် ဆရာတို့ အတွေ့အကြုံအရတော့ အဲဒီအရွက်တွေသောက်ရင် ဆီးချိုကျပါတယ်။ ဒါပေမဲ့ ဆရာတို့က လူနာကို ဆေးကုသတဲ့အခါမှာ ဆီးချိုကျရုံ တစ်ခုတည်းမကဘဲ အသက်ရှည်အောင်ပါ ဆေးပေးရပါတယ်။ အခု ဆရာတို့တစ်တွေ သောက်သုံးခိုင်းနေတဲ့ နိုင်ငံခြားဆေးတွေကတော့ အကုန်းစမ်းသပ်ပြီးသားတွေပါ။ နိုင်ငံခြားဆေးတွေကို သောက်ရင် ဆီးချိုလည်း ကျတယ်၊ အသက်လည်းရှည်တယ်၊ သေသေချာချာ စမ်းသပ်ထားတာဖြစ်တဲ့အတွက် သေချာပါတယ်။ ဒီဆေးမြီးတိုတစ်ခွက်သောက်လိုက်ရင် ဆီးချိုက ဘယ်လောက်ကျသွားလည်း မသိနိုင်ပါဘူး။ သူတို့ကို ရေရှည်စမ်းသပ်ထားတာလည်း မရှိပါဘူး။ ဆရာတို့ကတော့ လူနာကို ကိုယ့်သဘောပါလို့ပဲ ပြောပါတယ်။
နိုင်ငံခြားဆေးတစ်လုံးသောက်လိုက်ရင် ဆီးချိုဘယ်လောက်ကျသွားမလဲဆိုတာ ဆရာတို့ အကြမ်းဖျင်းသိပါတယ်။ ဒီအရွက်တစ်ရွက်ကို သောက်လိုက်ရင် ဆီးချို ဘယ်လောက်ကျသွားမလဲ မသိပါဘူး။ ဆီးချိုတော့ ကျပါတယ်၊ ဒါပေမဲ့ ဘယ်လောက်ကျမယ်၊ ဘာတွေဖြစ်နိုင်လဲ ဆိုတာလည်း မသိ။ ကိုယ့်အယူအဆနဲ့ ကိုယ်ဆေးမြီးတိုတွေ၊ တရုတ်ဆေးတွေ သောက်တာဟာဆီးချိုကျချင် ကျမယ်၊ ဒါပေမဲ့ ကိုယ့်အသက်ကိုတော့အပ်ထားတာနဲ့ အတူတူပါပဲ။ ဆီးချိုထိန်းချုပ်မှု (Control) မကောင်းရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။ ခြေထောက်ဖြတ်ရတာ၊ မျက်စိမမြင်ရတော့တာတွေအထိ ဖြစ်တတ်ပါတယ်။
မေး။ ။ ဆီးချိုသမားတွေ စားသောက်ရာမှာ သတိပြုသင့်တဲ့ အချက်တွေရှိရင်လည်း သိပါရစေ ဆရာ။ဖြေ။ ။ ဆီးချိုသမားတွေအတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ အစားအသောက်ပါပဲ။
အကြမ်းဖျင်းအားဖြင့် ဆီးချိုသမားတွေမှာ ကြိုက်သလောက်စားလို့ရတဲ့ အစားအစာဆိုရင် ဟင်းသီးဟင်းရွက်တွေရယ်၊ အသားတွေ၊ ငါးတွေရယ်ကို ကြိုက်သလောက်စားလို့ရပါတယ်။ ဆီပြန်ဟင်းစားလို့ ရပါတယ်။ ဆန်၊ ဂျံု၊ ခေါက်ဆွဲကို အသင့်အတင့်စားလို့ရပါတယ်။
ဘယ်လိုဆန်ကိုပဲစားပါလို့တော့မပြောပါဘူး။ ဒါပေမဲ့လုံးတီးဆန်က အကောင်းဆုံးဖြစ်ပါတယ်။ ဘက်စမာတီဆိုတဲ့ ဆန်ကိုလည်း ဆီးချိုမတက်ဘူးဆိုပြီးစားနေကျဆိုပေမယ့် သူလည်းတက်ပါတယ်။ ဆန်အမျိုးအစားနဲ့စာရင် ဆန်ပမာဏနဲ့ ပိုဆိုင်မယ်လို့ ပြောလို့ရပါတယ်။ အနောက်တစ်ခုက ရေခန်းချက်တာနဲ့ ရေငှဲ့ချက်တာ ဘယ်လိုချက်ရမလဲဆိုရင် ဆရာတို့ကတော့ မလိုဘူးလို့ပဲ ဖြေပါတယ်။ နည်းနည်းလေးတော့ ကွဲပြားမှုရှိပေမယ့် မထူးခြားပါဘူး။ ဆန်ပမာဏအပေါ်ပဲ မူတည်ပါတယ်။ ဆီးချိုတက်ရင် ထမင်းလျှော့စားပါ။ဆီးချိုတက်လို့ ချာပါတီနဲ့ ပြောင်းစားမယ်ဆိုလည်းမထူးပါဘူး။အသီးတွေစားမယ်ဆိုလည်း အရမ်းချိုတဲ့အသီးနဲ့ အရမ်းမချိုတဲ့ အသီးမှာ အရမ်းမချိုတဲ့ အသီးတွေကို စားလို့ရပါတယ်။ အရမ်းမချိုတဲ့ သစ်တော်သီးတို့၊ပန်းသီးတို့စားလို့ရပါတယ်။ အရမ်းချိုတဲ့ အသီးတွေဖြစ်တဲ့ သရက်သီးတို့၊ ဒူးရင်းသီးတို့ စားမယ့်အချိန်မှာတော့ ဆီးချိုတက်နေရင် မစားပါနဲ့၊ ဆီးချိုမတက်ရင်တော့ စားလို့ရပါတယ်။ တစ်သက်လုံး မစားရဘူးဆိုတဲ့ အစာ ဘာမှမရှိပါဘူး။

မေး။ ။ဆီးချိုသမားတွေကအတွက် သီးသန့် စားရမယ့် အစားအသောက်တွေ ရှိပါသလား ဆရာ။
ဖြေ။ ။ ဆီးချိုသမားတွေ သီးသန့်စားရမယ်ဆိုတဲ့ အစားအသောက်လည်းမရှိပါဘူး။ ချိုတဲ့အရည်တွေ၊ အစားအသောက်တွေ မှန်သမျှကိုလည်း ဆီးချိုမတက်ရင် စားသောက်လို့ရပါတယ်။ ဆီးချိုတက်နေရင်တော့ မစားသောက်ပါနဲ့။ တချို့အစားအသောက်တွေမှာ ဆီးချိုသကြား ထည့်သောက်ရင် ပိုကောင်းပါတယ်။
နောက်ပြဿနာတစ်ခုက ကော်ဖီမစ်ပါ။ ဆီးချိုသမားတွေ သောက်တဲ့ကော်ဖီမစ်၊ ကွေကာအုတ်ဆို ပြီး ရောင်းနေတာတွေ ရှိပါတယ်။ ဒါတွေကိုလေ့လာတဲ့အခါမှာ အဲဒါတွေကလည်း ဆီးချိုတက်တာကိုလေ့လာစမ်းသပ်မှုအရ တွေ့ပါတယ်။ အဲဒီကော်ဖီတွေ သောက်မယ့်အစား ကော်ဖီကိုအကျရည်ဖျော်ပြီး နွားနို့၊ နို့စိမ်းနဲ့ ဃသ််နန ြအေနနဲ့ ဆီးချိုသကြားနဲ့ တွဲသောက်ရပါတယ်။ ဆိုင်ကနေ သောက်ချင်ရင် နို့စိမ်းတီးသောက်ပါ။ နို့ဆီ မထည့်ရဘူး၊ သကြားမထည့်ရပါဘူး။ တစ်နေ့ သုံးခွက်လောက် သောက်လို့ ရပါတယ်။
ဆရာက ဖရဲသီး ၅၀ ဂရမ်ရယ်၊ လိမ္မော်သီး ၅၀ ဂရမ်ရယ်ကို လူတစ်ယောက်တည်းကိုပဲ ကျွေးပါတယ်။ ကျွေးပြီးရင် နှစ်နာရီကြာမှာ ပြန်တိုင်းမယ်၊ အဲဒီမှာ သွေးတွင်းသကြားဓာတ်ကို ပြန်တိုင်းပါမယ်။ အဲဒီမှာ ဘယ်အသီးစားရင် ဆီးချို ဘယ်လောက်တက်သွားလဲ ဆိုတာကိုလေ့လာပြီး ဆီးချိုတက်နှုန်းများတဲ့ အသီးတွေနဲ့ နည်းတဲ့အသီးတွေဆိုပြီးတော့ ခွဲခြားထားပါတယ်။ ဒီလိုခွဲခြားထားပေမယ့်လည်းလူနာကချိုတဲ့ အသီးတွေကို စားချင်နေတယ်၊ ဆီးချိုတိုင်းကြည့်လို့ တက်မနေရင်စားခိုင်းတယ်။ စစ်ကြည့်လို့ ဆီးချိုကောင်းရင် ခွင့်ပြုပါတယ်။ ရေခဲမုန့်လည်းကျွေးပါတယ်။ ဆီးချိုသမားတွေကို မှာချင်တာကတော့ မစားရတဲ့ အစာဆိုတာ မရှိပါဘူး။ ဒါပေမဲ့ကိုယ့်ဂဏန်းတွေကိုကိုယ်သိပါ။ ချိုတဲ့အရာ မှန်သမျှကို ဆီးချိုတက်နေရင် မစားပါနဲ့။ မတက်ရင် စားပါ။

မေး။ ။ ဆီးချိုသမားတွေဖျားတဲ့အခါ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လို သတိထားသင့်ပါသလဲဆရာ။
ဖြေ။ ။ ဆီးချိုသမားတွေမှာ လွဲမှားတတ်တာ နောက်တစ်ခုက ဆီးချိုသမားတွေ ဖျားတဲ့အခါမှာ ဘာမှမစားတော့ဘူး။ ဘာမှမစားတော့တဲ့အတွက် ဆီးချိုဆေး တွေကို ရပ်ပစ်လိုက်ပါတယ်။ အဲဒါ မှားပါတယ်။ ဘာလို့မှားလဲဆိုရင် အဖျားရှိတဲ့အတွက် ဆီးချိုသမားမှာစိတ်ဖိစီးမှုဝင်သွားပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတွင်း သကြားဓာတ်က ပိုတက်လာပါတယ်။ အဲဒီအချိန်မှာ ဆီးချိုဆေးကို ရပ်လိုက်တဲ့အတွက်ကြောင့်သွေးတွင်း သကြားဓာတ်တွေ မထိန်းနိုင်တော့ဘဲဒုက္ခ ရောက်နိုင်ပါတယ်။

မေး။ ။ ဆီးချိုသမားတစ်ယောက် ဆရာတို့ဆီရောက်လာတဲ့အခါ ဘယ်လို အချက်တွေကို အဓိက စစ်ဆေးပေးလေ့ရှိပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုသမားတစ်ယောက်က ဆရာတို့ဆီ ရောက်လာပြီဆိုတာနဲ့ အချက်တွေ စဉ်းစားရပါတယ်။နံပါတ်တစ်အနေနဲ့ သူဆေးမှန်မှန် သောက်ရဲ့လားလို့စစ်ရပါတယ်။
နံပါတ် ၂ က သူဆေးတွေကို လျှော့သောက်နေသလားလို့လည်း စစ်ပါတယ်။ လူနာတွေမှာဆီးချို အရမ်းကျသွားမှာစိုးတဲ့ စိတ်ကလည်း ရှိနေတာကိုတွေ့ရတဲ့အတွက် ဆေးကို လျှော့သောက်နေတာတွေလည်း ရှိပါတယ်၊
နံပါတ် ၃ ကတော့ အစားအသောက်ကို စစ်ရပါတယ်။ ဆီးချိုတက်ရင် ၁၀၀ မှာ ရ၀ ရာခိုင်နှုန်းကအစားအသောက်ကြောင့် ဖြစ်ကြတာပါ။
နံပါတ် ၄ က ဆီးချိုတက်စေတဲ့ဆေးတွေသောက်နေတာ၊ ထိုးနေတာရှိလားလို့ စစ်ရပါတယ်။ အများဆုံးသောက်နေ၊ ထိုးနေတဲ့ ဆေးတွေကတော့ စပ်ဆေးတွေပါပဲ။ လူတွေက အဆစ်အမျက်ကိုက်လို့ စပ်ဆေးတွေ သောက်ပါတယ်၊ အဲဒီဆေးတွေထဲမှာ စတီးရွိုက်တွေပါတယ်။ ရင်တွေကျပ်လို့သောက်တယ်၊ မြန်မာဆေးတချို့ကို အကိုက်အခဲပျောက်ဆေးတွေအနေနဲ့ သောက်တယ်။ အဲဒီအထဲမှာ စတီးရွိုက်တွေပါတယ်။ အဲဒါတွေ ပါတဲ့အတွက် မျက်နှာကလည်း အမ်းလာပြီး ဆီးချိုတွေ တက်လာတာကို တွေ့ရပါတယ်။နောက်ပြီး စိတ်ဖိစီးမှုတွေများရင်လည်း ဆီးချိုတွေ တက်တယ်။ ဥပမာဆို ဆီးချိုသမား လေဖြတ်တာမျိုး၊ ဆီးချိုသမား ဖျားတာမျိုးဆိုရင် ဆီးချိုကအရမ်း တက်သွားပါတယ်။ ဆီးချိုသမားတစ်ယောက်
ဆီးချိုကို ကောင်းကောင်း Control မရရင် အဲဒီအချက်တွေ အကုန်လုံးစစ်ရပါတယ်။ အဲဒီအချက်တွေကို အကုန်လိုက်နာလို့မှ Control မရရင်တော့ သူကရောဂါသက်တမ်းကြာလာလို့ ခန္ဓာကိုယ်ထဲက အင်ဆူလင်ထုတ်တဲ့ ဆဲလ်တွေအရမ်းနည်းလာလို့လည်းဖြစ်နိုင်ပါတယ်။

No comments:

Post a Comment