CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, June 17, 2019
မေလးရွားမွာ အရက္အတုေၾကာင့္ေသဆုံးသူ အမ်ိဳးသား(၆)ဦးတြင္ ျမန္မာ(၃)ဦးပါဝင္ေန
မေလးရွားႏုိင္ငံ၊ ပန္နန္မွာ နာမည္ႀကီးတံဆိပ္ေတြကို အတုျပဳလုပ္ထားတဲ့ အရက္အတုေတြကို ေသာက္သုံးမိလုိ႔ အမ်ိဳးသား(၆)ဦး ေသဆုံးခဲ့ေၾကာင္း သက္ဆုိင္ရာ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဝင္ေငြအမ်ားႀကီးမတက္ႏုိင္တဲ့ ဆင္းရဲသားလုပ္သားျပည္သူေတြၾကားမွာ အရက္အတုက အလြန္ ဝင္ဆန္႔ေနပါတယ္။
အခုလည္း အရက္အတုကို ေသာက္သုံးခဲ့တဲ့ အမ်ိဳးသား(၆)ဦးမွာ သူတုိ႔ဝယ္ယူခဲ့တဲ့အရက္ေတြကုိ တကယ့္ အမွန္အကန္တံဆိပ္နဲ႔ ေရာင္းခ်ေနတာလုိ႔ အထင္ရွိခဲ့ပုံရပါတယ္။ မေလးရွားမွာ အရက္အတု ဖမ္းဆီးေရးစီမံခ်က္ေတြဟာ တျဖည္းျဖည္း အရွိန္ျမင့္ လုပ္ေဆာင္ေနေပမယ့္ မေပ်ာက္ကြယ္ေသးပါဘူး။
အခုေခတ္မွာ တုိးတက္လာတဲ့ နည္းပညာေတြအရ အတုအစစ္ဆုိတာ ခြဲျခားဖုိ႔ အေတာ္ေလးခက္ခဲေနၿပီး၊ အတုထုတ္လုပ္သူေတြကလည္း မိမိတုိ႔ကုန္ပစၥည္း ေရာင္းခ်ရေရးကိုသာ ဦးစားေပး လုပ္ေဆာင္ခဲ့တာျဖစ္သလုိ၊ အရက္ထဲမွာ အဆိပ္အေတာက္ပါဝင္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ျခင္း မရွိခဲ့ပါဘူး။
အခု ေသဆုံးသူ (၆)ဦးမွာ တစ္ဦးက အိႏၵိယႏုိင္ငံသား၊ ႏွစ္ဦးက မေလးရွားႏုိင္ငံသား၊ (၃)ဦးက ျမန္မာႏုိင္ငံသားေတြျဖစ္တယ္လုိ႔ ရဲတပ္ဖြဲ႕ရဲထုတ္ျပန္ခ်က္မွ သိရပါတယ္။ သူတုိ႔တစ္ေတြဟာ တံဆိပ္အတုကပ္ထားတဲ့ အရက္ေတြကို ေစ်းခ်ိဳခ်ိဳနဲ႔ ေသာက္သုံးခဲ့မိရာက အဆိပ္သင့္ ေသဆုံးခဲ့တာပါ။
အရက္အတုေၾကာင့္ အဆိပ္သင့္ေနတဲ့ ေနာက္ထပ္ ျမန္မာလူမ်ိဳး(၇)ဦးကေတာ့ Penang Hospital ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရတယ္လုိ႔ သိရပါတယ္။ သူတုိ႔ေသာက္တဲ့ အရက္တုေတြထဲမွာ ပါဝင္ေလ့ရွိတဲ့ ethanol ဓာတ္ေပါင္းအစား၊ methanol ေတြ ပါဝင္ေနတာကလည္း အေတာ္ေၾကာက္စရာ ေကာင္းတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ေရာင္းခ်ေနတဲ့ ဆုိင္ေတြကုိ စစ္ေဆးတာမ်ိဴးေတာ့ ရဲတပ္ဖြဲ႕က မျပဳလုပ္ေသးပါဘူး။
လင္းေဇာ္ကို (D Khit Media)
source : worldofbuzz.com
ယူနီကုဒ်ဖြင့် ဖတ်ရန်-
မလေးရှားနိုင်ငံ၊ ပန်နန်မှာ နာမည်ကြီးတံဆိပ်တွေကို အတုပြုလုပ်ထားတဲ့ အရက်အတုတွေကို သောက်သုံးမိလို့ အမျိုးသား(၆)ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဝင်ငွေအများကြီးမတက်နိုင်တဲ့ ဆင်းရဲသားလုပ်သားပြည်သူတွေကြားမှာ အရက်အတုက အလွန် ဝင်ဆန့်နေပါတယ်။
အခုလည်း အရက်အတုကို သောက်သုံးခဲ့တဲ့ အမျိုးသား(၆)ဦးမှာ သူတို့ဝယ်ယူခဲ့တဲ့အရက်တွေကို တကယ့် အမှန်အကန်တံဆိပ်နဲ့ ရောင်းချနေတာလို့ အထင်ရှိခဲ့ပုံရပါတယ်။ မလေးရှားမှာ အရက်အတု ဖမ်းဆီးရေးစီမံချက်တွေဟာ တဖြည်းဖြည်း အရှိန်မြင့် လုပ်ဆောင်နေပေမယ့် မပျောက်ကွယ်သေးပါဘူး။
အခုခေတ်မှာ တိုးတက်လာတဲ့ နည်းပညာတွေအရ အတုအစစ်ဆိုတာ ခွဲခြားဖို့ အတော်လေးခက်ခဲနေပြီး၊ အတုထုတ်လုပ်သူတွေကလည်း မိမိတို့ကုန်ပစ္စည်း ရောင်းချရရေးကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့တာဖြစ်သလို၊ အရက်ထဲမှာ အဆိပ်အတောက်ပါဝင်မှုတွေကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။
အခု သေဆုံးသူ (၆)ဦးမှာ တစ်ဦးက အိန္ဒိယနိုင်ငံသား၊ နှစ်ဦးက မလေးရှားနိုင်ငံသား၊ (၃)ဦးက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲထုတ်ပြန်ချက်မှ သိရပါတယ်။ သူတို့တစ်တွေဟာ တံဆိပ်အတုကပ်ထားတဲ့ အရက်တွေကို စျေးချိုချိုနဲ့ သောက်သုံးခဲ့မိရာက အဆိပ်သင့် သေဆုံးခဲ့တာပါ။
အရက်အတုကြောင့် အဆိပ်သင့်နေတဲ့ နောက်ထပ် မြန်မာလူမျိုး(၇)ဦးကတော့ Penang Hospital ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ သူတို့သောက်တဲ့ အရက်တုတွေထဲမှာ ပါဝင်လေ့ရှိတဲ့ ethanol ဓာတ်ပေါင်းအစား၊ methanol တွေ ပါဝင်နေတာကလည်း အတော်ကြောက်စရာ ကောင်းတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရောင်းချနေတဲ့ ဆိုင်တွေကို စစ်ဆေးတာမျိူးတော့ ရဲတပ်ဖွဲ့က မပြုလုပ်သေးပါဘူး။
လင်းဇော်ကို (D Khit Media)
source : worldofbuzz.com
မေလးရွားမွာ အရက္အတုေၾကာင့္ေသဆုံးသူ အမ်ိဳးသား(၆)ဦးတြင္ ျမန္မာ(၃)ဦးပါဝင္ေန
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 17, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 17, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment