Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 5, 2019

ဗုဒ္ဓ ဝံသ (ခေါ်) မဟာ ဗုဒ္ဓဝင်ကြီး


ဂေါတမမြတ်စွာဘုရားရှင် ၏ ဗုဒ္ဓဝင် အကျဉ်း
(အစ နှင့် အဆုံး)
☸ သာသနာ သက္ကရာဇ် = ၂၅၆၂ ☸
မြန်မာ သက္ကရာဇ် = ၁၃၈၀
ခရစ်သက္ကရာဇ် = ၂၀၁၈

ဝ။ ယခင် ကမ္ဘာ = သာရမဏ္ဍကမ္ဘာ ၊
၁။ မြို့ = အမရဝတီ မည်သော မြို့ ၊
၂။ သူဌေးသား အမည် = သုမေဓာ သူဌေးသူကြွယ် ပုဏ္ဏား ၊
၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့ ၊
၎။ ဗျာဒိတ်ခံယူသော ဘဝ = သုမေဓာရှင် ရသေ့ ဘဝ ၊
၅။ ဗျာဒိတ်ပေးသော ဘုရား = ဒီပင်္ကရာ မြတ်စွာဘုရား ၊
၆။ ပါရမီ ဖြည့်ဖက် = သုမိတ္တာ အမျိုးသမီး ၊
၇။ ပါရမီ ဖြည့်ကျင့်ရာ ကာလ = (၄)အသင်္ချေ နှင့် ကမ္ဘာ(၁)သိန်း ၊
၈။ ပါရမီများ = ပါရမီဆယ်ပါး ၊ အပြားသုံးဆယ် ၊ စွန့်ခြင်းကြီးငါးပါး ၊
၉။ ရည်ရွယ်ချက် = ဝေနေယျသတ္တဝါများ ကယ်တင်ရန် ၊
၁၀။ ယခု ကမ္ဘာ = ဘဒ္ဒကမ္ဘာ ၊
၁၁။ ပါရမီနောက်ဆုံး လူ့ဘဝ = ဝေဿန္တရာမင်းကြီး ဘဝ ၊
၁၂။ နောက်ဆုံး စံမြန်းခဲ့သောနတ်ပြည် = တုသိတာနတ်ပြည် ၊
၁၃။ နတ်သားနာမ = သန္တုသိတသေတကေတု မည်သောနတ်သား ၊
၁၄။ ဘုရားဖြစ်ရန်တောင်းပန်သူများ = နတ် ၊ ဗြဟ္မာများ ၊
၁၅။ ကြည့်ခြင်းကြီး ငါးပါး = ကာလ ၊ ဒီပ ၊ ဒေသ ၊ ကုသ ၊ မာတု ၊
၁၆။ ဘုရားဖြစ်ရန် ကာလ = လူတို့ အသက်တမ်း (၁၀၀) တမ်း ၊
၁၇။ ဘုရားဖြစ်ရန် ဒီပ = ဇမ္ဗူဒီပါတောင်ကျွန်း ၊
၁၈။ ဘုရားဖြစ်ရန် အရပ်ဒေသ = မဇ္ဈိမတိုက် ၊ (အိန္ဒိယနိုင်ငံ) ၊
၁၉။ ဘုရားဖြစ်ရန် ကုသ = ရှင်ဘုရင်မျိုး ၊ ပုဏ္ဏားမျိုး ၊
၂၀။ ဘုရားဖြစ်ရန် မာတုအာယုပရိစ္ဆေဒ = မယ်တော့် အသက် ၊
၂၁။ ပဋိသန္ဓေယူသော နှစ် = မဟာသက္ကရာဇ် (၆၇) ခုနှစ် ၊
၂၂။ ပဋိသန္ဓေယူသော လ = ဝါဆိုလပြည့် ၊
၂၃။ ပဋိသန္ဓေယူသော နေ့ = ကြာသပတေးနေ့ ၊
၂၄။ နေပြည်တော် = ကပိလဝတ်ပြည် (သက္ကတိုင်း) ၊
၂၅။ အမျိုးအနွယ် = သာကီဝင် မင်းမျိုး / မင်းနွယ် ၊
၂၆။ ခမည်းတော် ဖခင် = သုဒ္ဓေါဒန ရှင်ဘုရင်မင်းကြီး ၊
၂၇။ မယ်တော် မိခင် = မာယာမဟာဒေဝီ မိဖုရားကြီး ၊
၂၈။ ဘုရားလောင်း ဖွားမြင်ရာအရပ် = တောလမ်းခရီး ၊
၂၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ် (ကပိလဝတ် နှင့် ဒေဝဒဟကြား) ၊
၃ဝ။ မီးရှူးသန့်စင် ဖွားမြင်သော နှစ် = မဟာသက္ကရာဇ် (၆၈) ခုနှစ် ၊
၃၁။ မီးရှူးသန့်စင် ဖွားမြင်သော လ = ကဆုန်လပြည့် ၊
၃၂။ မီးရှူးသန့်စင် ဖွားမြင်သော နေ့ = သောကြာနေ့ ၊
၃၃။ မွေးစ,ခြေလှမ်း = မြောက်အရပ်သို့ (၇) လှမ်း ၊
၃၄။ ဖွားဖက်တော် = (၇) ဦး ၊
၃၅။ ပဌမမြောက် ဖွားဖက်တော် = ယသော်ဓရာ ၊
၃၆။ ဒုတိယမြောက် ဖွားဖက်တော် = အာနန္ဒာမင်းသား ၊
၃၇။ တတိယမြောက် ဖွားဖက်တော် = ဆန္နအမတ် ၊
၃၈။ စတုတ္ထမြောက် ဖွားဖက်တော် = ကာဋုဒါယီ အမတ် ၊
၃၉။ ပဉ္စမမြောက် ဖွားဖက်တော် = ကဏ္ဍကမြင်း ၊
၄၀။ ဆဋ္ဌမမြောက် ဖွားဖက်တော် = ဗောဓိညောင်ပင် ၊
၄၁။ သတ္တမမြောက် ဖွားဖက်တော် = ရွှေအိုးကြီး (၄) လုံး ၊
၄၂။ ပဌမ ရွှေအိုးကြီး = သင်္ခ မည်သော ရွှေအိုးကြီး ၊
၄၃။ ဒုတိယ ရွှေအိုးကြီး = ဧလ မည်သော ရွှေအိုးကြီး ၊
၄၄။ တတိယ ရွှေအိုးကြီး = ဥပ္ပလ မည်သော ရွှေအိုးကြီး ၊
၄၅။ စတုတ္ထ ရွှေအိုးကြီး = ပုဏ္ဍရိက မည်သော ရွှေအိုးကြီး ၊
၄၆။ ဖွားစ,စကား = သုံးခွန်း ၊
၄၇။ ပဌမ စကား = အဂ္ဂေါဟမသ္မိ လောကဿ ၊
၄၈။ ဒုတိယ စကား = ဇေဌောဟမသ္မိ လောကဿ ၊
၄၉။ တတိယ စကား = သေဌောဟမသ္မိ လောကဿ ၊
၅၀။ မိထွေးတော် = ဂေါတမီ ၊
၅၁။ မင်းသားငယ်ကိုမြင်၍ ငိုကြွေးသော ရသေ့ = ဒေဝီလရသေ့ ၊
၅၂။ ဘုရားဖြစ်မည်ဟု ဧကန်အတတ်ဟောသူ = ကောဏ္ဍညပုဏ္ဏား ၊
၅၃။ ဘုရားလောင်း၏ အမည် = အိမ်ရှေ့စံမင်းသား သိဒ္ဓတ္ထ ၊
၅၄။ ဘုရားလောင်း ပြသော အတတ်ပညာ = လေးအတတ်ပညာ ၊
၅၅။ ဘုရားလောင်း၏ လောကီဆရာ = (၅)ပါး ၊
၅၆။ ပဌမ ဆရာ = လက္ခဏာ ဖတ်သော ရာမ, ဓဇ, လက္ခဏ, မန္တီ,
ယည, သုယာမ, သုဘောဇ, သုဒတ္တ ဟူသော
ပုဏ္ဏားကြီး (၈)ဦး ၊
၅၇။ ဒုတိယ ဆရာ = ပဒကကျမ်း, ဗျာကရုဏ်းကျမ်း, ဆဠင်္ဂကျမ်း
အတတ်တို့ကို သင်ကြားပေးသော (သဗ္ဗမိတ္တ)
မည်သော ပုဏ္ဏား ၊
၅၈။ တတိယ ဆရာ = ဘုရားလောင်းအား သူအို, သူနာ, သူသေ,
ရဟန်းဟူသော နိမိတ်ကြီး လေးပါးကို ပြ၍
ထိတ်လန့်ကြောက်ရွံ့စေပြီး
တောထွက်စေသော နတ်သား ၊
၅၉။ စတုတ္ထ ဆရာ = အာကိဉ္စညာယတနဈာန်၏ ပရိကံကို
ပြောကြားပြသပေးသော ကာလာမ၏
သားဖြစ်သော အာဠာရ ရသေ့ ၊
၆၀။ ပဉ္စမ ဆရာ = နေဝသညာ နာသညာယတနဈာန်၏ ပရိကံကို
သင်ကြားပြသပေးသော ရာမ၏ သားဖြစ်သော
ဥဒကရသေ့။
၆၁။ ဘုရားလောင်း၏ လောကုတ္တရာဆရာ = မရှိ ၊
၆၂။ ဘုရားလောင်း၏ ဇနီး = ယသော်ဓရာ (ဘဒ္ဒကဉ္ဓနာ) ၊
၆၃။ ဘုရားလောင်း၏ သားတော် = ရာဟုလာ ၊
၆၄။ ဘုရားလောင်း၏ ယောက်ဖတော် = ဒေဝဒတ် (ဒေဝဒတ္တ) ၊
၆၅။ ဘုရားလောင်း၏ ဦးရီးတော် = သုပ္ပဗုဒ္ဓမင်း ၊
၆၆။ စံမြန်းသော နန်းပြာသာဒ် (၃) ဆောင် = ရမ္မ ၊ သုရမ္မ ၊ သုဘ ၊
၆၇။ ရမ္မ = နွေရာသီစံ ဘုံ(၅)ဆင့်ရှိ ပြာသာဒ်ဆောင် ၊
၆၈။ သုရမ္မ = ဆောင်းရာသီစံ ဘုံ(၇)ဆင့်ရှိ ပြာသာဒ်ဆောင် ၊
၆၉။ သုဘ = မိုးရာသီစံ ဘုံ(၉)ဆင့်ရှိ ပြာသာဒ်ဆောင် ၊
၇၀။ အလုပ်အကျွေး မောင်းမ = လေးသောင်း ၊
၇၁။ ထီးနန်းစိုးစံမြန်းသော နှစ် = ၁၃နှစ် ၊ (၁၆ နှစ်မှ ၂၉ နှစ်ထိ) ၊
၇၂။ ဥယျာဉ်၌ မြင်သော နိမိတ် = သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း ၊
၇၃။ တောထွက်တော်မူသော သက်တော် = (၂၉) နှစ် ၊
၇၄။ တောထွက်တော်မူသော ခုနှစ် = မဟာသက္ကရာဇ် (၉၇) ခုနှစ် ၊
၇၅။ တောထွက်တော်မူသော လ = ဝါဆိုလပြည့် ၊
၇၆။ တောထွက်တော်မူသော နေ့ = တနင်္လာနေ့ ၊
၇၇။ စီးတော်ယာဉ် = ကဏ္ဍကမြင်း ၊ မြင်းယာဉ် ၊
၇၈။ တောထွက်ရာ ပါသူ = ကဏ္ဍကမြင်း နှင့် မြင်းမြီးဆွဲ မောင်ဆန် ၊
၇၉။ တောထွက်ရာ လမ်းခရီး၌ ပိတ်ပင်တားဆီးသူ = မာရ်နတ် ၊
၈၀။ ဖြတ်ကူးသောမြစ် = အနော်မာမြစ် ၊
၈၁။ ပယ်သောအရာ = ဆံတော် နှင့် အဝတ် ၊
၈၂။ ဆံတော်တည်ရာ ဌာန = တာဝတိံသာ နတ်ပြည် ၊
၈၃။ ဆံတော်ကို ဌာပနာတည်ရာ စေတီ = ဆူဠမဏိစေတီ ၊
၈၄။ အဝတ်တော်တည်ရာ ဌာန = ဗြဟ္မာ့ပြည် ၊
၈၅။ အဝတ်တော် ဌာပနာတည်ရာ စေတီ = ဗြဟ္မာပြည် ဒုဿစေတီ ၊
၈၆။ သင်္ကန်းပရိက္ခရာလှူသူ= ဃဋိကာရဗြဟ္မာ ၊
၈၇။ တောထွက်ပြီးစ , ဦးစွာဆရာ = အာဋာယရသေ့ ၊ ဥဒကရသေ့ ၊
၈၈။ တရားကျင့်သည့် နေရာ = ဥရုဝေဠတော ၊
၈၉။ ဘုရားဖြစ်ရန် ကျင့်သော ကျင့်စဉ်တရား = ဒုက္ကရစရိယ ၊
၉၀။ ဒုက္ကရစရိယ ကျင့်စဉ် ကြာမြင့်ချိန် = (၆) နှစ် ၊
၉၁။ ဒုက္ကရစရိယ ကျင့်ချိန်၌အလုပ်အကျွေး ပြုသူ = ပဉ္စဝဂ္ဂီ (၅) ဦး ၊
၉၂။ အရှင် ကောဏ္ဍည မထေရ် ၊
၉၃။ အရှင် ဝပ္ပ မထေရ် ၊
၉၄။ အရှင် ဘဒ္ဒိယ မထေရ် ၊
၉၅။ အရှင် မဟာနာမ် မထေရ် ၊
၉၆။ အရှင် အဿဇိ မထေရ် ၊
၉၇။ အလယ်အလတ် လမ်းစဉ် = မဇ္ဈိမပဋိပဒါ ကျင့်စဉ်လမ်း ၊
၉၈။ ဘုရားလောင်း၏ အိပ်မက်ကြီး = (၅) ပါး ၊
၉၉။ မြေကြီးကို (အိပ်ယာ)လုပ် ၊ ဟိမဝန္တာကို (ခေါင်းဦး)ပြု ၊
ရှေ့နောက် သမုဒ္ဒရာကို (လက်နှစ်ဖက်တင်) ၊
တောင်သမုဒ္ဒ၇ာမှာ ခြေတောက် နှစ်ဖက်ကို ထားသည်
ဟု မြင်မက်ခြင်း ၊
၁၀၀။ တိဏ မြက်သည် ဘုရားလောင်း၏ ချက်တော်မှ
ထိုးထွက်၍ ကောင်းကင် ဘဝဂ်တိုင်အောင် ပျံတက်သည်
ဟု မြက်မက်ခြင်း ၊
၁၀၁။ အမည်းရောင်ရှိသော ပိုးကောင်လေးများ ဘုရားလောင်း၏
ပုဆစ် ဒူးဝန်းတခုလုံးကို ဖုံးလွှမ်းပြီး တက်သည်
ဟု မြင်မက်ခြင်း ၊
၁၀၂။ အရပ်လေးမျက်နှာမှ အရောင်သွေးစုံလင်သော ငှက်များသည်
ဘုရားလောင်း၏ ခြေတော်ရင်း၌ တကိုယ်လုံး အဖြူရောင်
ဖြစ်သွားကြသည် ဟု မြင်မက်ခြင်း ၊
၁၀၃။ မစင်ပုံကြီးအပေါ်တွင် မစင်တွေမလူးဘဲ
လမ်းလျှောက်နေသည် ဟု မြင်မက်ခြင်း ၊
၁၀၄။ ရွှေခွက် မျှောသောမြစ် = နေရဉ္စရာမြစ် ၊
၁၀၅။ ရွှေခွက်သိမ်းသူ = ကာလနဂါး ၊
၁၀၆။ ဗောဓိပင်အသွား မြက်လှူသူ = သောတ္ထိယ မြက်ရိတ်သမား ၊
၁၀၇။ ကျဲဖြန့်စဉ် မြက်မှဖြစ်သောအရာ = အပရာဇိတရွှေပလ္လင် ၊
၁၀၈။ အမှီ ပင် = ညောင်ဗုဒ္ဓဟေ ပင်ရင်း (ခေါ်) ဗောဓိညောင်ပင် ၊
၁၀၉။ ဗောဓိညောင်ပင် နှင့် ရွှေပလ္လင် လာလုယူသူ = မာရ်နတ် ၊
၁၁၀။ ဘုရားဖြစ်အံ့ဆဲဆဲ ၊ ဘုရားမဖြစ်ရန် ဖျက်ဆီးသူ = မာရ်နတ် ၊
၁၁၁။ မာရ်နတ်မင်းကို ခုခံသည့် အရာ = ပါရမီ ကုသိုလ်တော်များ ၊
၁၁၂။ ဘုရားလောင်း သက်သေ = ဝသုနြေ္ဒ (မဟာပထဝီမြေကြီး) ၊
၁၁၃။ မာရ်နတ်ကြီး ရှုံးသောအရာ = ဗောဓိညောင်ပင် နှင့် ရွှေပလ္လင် ၊
၁၁၄။ ကောင်းချီး ထောပနာပြုကြသူ = နတ် ၊ သိကြား ၊ ဗြဟ္မာများ ၊
၁၁၅။ ဘုရားလောင်း ရသော ဥာဏ်တော် = ဗောဓိဥာဏ် ၊
၁၁၆။ ဗောဓိဥာဏ်တော် = ဘုရားဥာဏ်တော် ၊
၁၁၇။ ညဥ့်ဦးယံ (ခေါ်) ပထမယာမ်၌ = ပုဗ္ဗေနိဝါသနုဿတိဥာဏ် ၊
၁၁၈။ သန်းခေါင်ယံ (ခေါ်) ဒုတိယာမ်၌ = ဒိဗ္ဗစက္ခုအဘိဥာဏ် ၊
၁၁၉။ မိုးသောက်ယံ (ခေါ်) ပစ္ဆိမယာမ်၌ = အာသဝက္ခယဥာဏ် ၊
၁၂၀။ အလုံးစုံ ခပ်သိမ်းသောဥာဏ် = သဗ္ဗညုတရွှေဥာဏ်တော်ကြီး ၊
၁၂၁။ ဘုရားဖြစ်သော နှစ် = မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ် ၊
၁၂၂။ ဘုရားဖြစ်သော လ = ကဆုန်လပြည့် ၊
၁၂၃။ ဘုရားဖြစ်သော နေ့ = ဗုဒ္ဓဟူးနေ့ ၊
၁၂၄။ ဘုရားဖြစ်သော အချိန် = နံနက် မိုးသောက်ယံ ၊
၁၂၅။ ဘုရားရှင်၏ပထမ ဗုဒ္ဓဝစန = အနေကဇာတိသံသာရ...
၁၂၆။ ဃနာနို့ဆွမ်း ကပ်သူ = သုဇာတာအမျိုးသမီး (သေနနိဂုံးရွာ) ၊
၁၂၇။ ဘုန်းပေးတော်မူပုံ = မလျော့မတင်း (၄၉) လုပ် ၊
၁၂၈။ သတ္တာဟများ = (၇ရက်×၇လီ = ၄၉ရက်) ၊
၁၂၉။ ပဌမ သတ္တာဟ = ပလင်္က သတ္တာဟ၌ (၇)ရက် ၊
၁၃၀။ ဒုတိယ သတ္တာဟ = အနိမိသ သတ္တာဟ၌ (၇)ရက် ၊
၁၃၁။ တတိယ သတ္တာဟ = ရတနစင်္ကမ သတ္တာဟ၌ (၇)ရက် ၊
၁၃၂။ စတုတ္ထ သတ္တာဟ = အဇပါလ သတ္တာဟ၌ (၇)ရက် ၊
၁၃၃။ ပဉ္စမ သတ္တာဟ = မုစိန္ဒ သတ္တာဟ၌ (၇)ရက် ၊
၁၃၄။ ဆဋ္ဌမ သတ္တာဟ = လင်းလွန်းပင် သတ္တာဟ၌ (၇)ရက် ၊
၁၃၅။ သတ္တမ သတ္တာဟ = ရတန ဃရ သတ္တာဟ၌ (၇)ရက် ၊
၁၃၆။ ပလင်္က သတ္တာဟ၌ = ပဋိစ္စသမုပ္ပါဒ် ကို ဆင်ခြင်ခြင်း ၊
၁၃၇။ အနိမိသ သတ္တာဟ၌ = မမှိတ်သော မျက်လုံးဖြင့် ကြည့်ခြင်း ၊
၁၃၈။ ရတနစင်္ကမ သတ္တာဟ၌ = ရေမီးအစုံ ပြာဋိဟာ တန်ခိုးပြခြင်း ၊
၁၃၉။ အဇပါလ သတ္တာဟ၌ = မာရ်နတ်သမီးများ ဖြားယောင်းခြင်း ၊
၁၄၀။ မုစိန္ဒ သတ္တာဟ၌ = မုစလိန္ဒနဂါးမင်းအခွေ၌ သီတင်းသုံးခြင်း ၊
၁၄၁။ လင်းလွန်းပင် သတ္တာဟ၌ = ညီနောင်၂ပါးအား ဆံတော်ပေး ၊
၁၄၂။ ရတနဃရ သတ္တာဟ၌ = ပိဋကတ် သုံးပုံကို ဆင်ခြင်ခြင်း ၊
၁၄၃။ ရောင်ခြည်တော် = တစ်လံမျှ ၊
၁၄၄။ ရောင်ခြည်တော် = (၆)သွယ် ၊
၁၄၅။ နီလ = အညို + အပြာ = ရောင်ခြည်တော် ၊
၁၄၆။ ပီတ = အဝါရောင် ရောင်ခြည်တော် ၊
၁၄၇။ လောပိာတ = အနီရောင် ရောင်ခြည်တော် ၊
၁၄၈။ သြဒါသ = အဖြူရောင် ရောင်ခြည်တော် ၊
၁၄၉။ မဉ္စိဌ = မောင်းသော ရောင်ခြည်တော် ၊
၁၅၀။ ပဘဿရ= ပြိုးပြိုးပြက် တစ်လက်လက် ရောင်ခြည်တော် ၊
၁၅၁။ ဥာဏ်တော် အမြင့် = တစ်ဆယ့်ခြောက်တောင် ၊
၁၅၂။ တရားဟောရန် တောင်းပန်သူ = သဟမ္ပတိ မဟာဗြဟ္မာကြီး ၊
၁၅၃။ တရားဟောရန်ကြွစဉ် လမ်း၌ တွေ့သူ = ဥပက တက္ကတွန်း ၊
၁၅၄။ ဟောတော်မူသော နေရာ = မိဂဒါဝုန် (သမင်တော) ၊
၁၅၅။ ဟောသည့် တရားဦး၏ အမည် = ဓမ္မစကြာ တရားတော် ၊
၁၅၆။ ဟောတော်မူသော ခုနှစ် = မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ် ၊
၁၅၇။ ဟောတော်မူသော လ = ဝါဆိုလပြည့် ၊
၁၅၈။ ဟောတော်မူသော နေ့ = စနေနေ့ ၊
၁၅၉။ ဓမ္မစကြာတရား နာယူသူ = ပဉ္စဝဂီငါးဦး နှင့် နတ် ၊ ဗြဟ္မာများ ၊
၁၆၀။ ပဉ္စဝဂီငါးဦး = ငါးပါးသော ရဟန်းအစု ၊
၁၆၁။ အရှင်ကောဏ္ဍည မထေရ် ၊
၁၆၂။ အရှင် ဝပ္ပ မထေရ် ၊
၁၆၃။ အရှင် ဘဒ္ဒိယ မထေရ် ၊
၁၆၄။ အရှင် မဟာနာမ် မထေရ် ၊
၁၆၅။ အရှင် အဿဇိ မထေရ် ၊
၁၆၆။ ပထမဦးဆုံး ရဟန္တာဖြစ်သူ = အရှင် ကောဏ္ဍည မထေရ်မြတ် ၊
၁၆၇။ တရားအဆုံး၌ သစ္စာသိသူ = နတ် ဗြဟ္မာ ပေါင်း (၁၈) ကုဋေ ၊
၁၆၈။ ဒွေဝါစိက သရဏဂုံ တည်သူ = တပုဿ နှင့် ဘလိက ၊
၁၆၉။ တေဝါစိက သရဏဂုံ တည်သူ = ယသ သတို့သားမိသားစု ၊
၁၇၀။ ဘွဲ့နာမတော် အမည်ရင်း = ဗုဒ္ဓ ၊ ဇိန ၊ တထာဂတ ၊
၁၇၂။ အမျိုးအစား = သမ္မာသဗ္ဗုဒ္ဓ မြတ်စွာဘုရား ၊
၁၇၃။ ဓိက အမျိုးအစား = ပညာဓိက မြတ်စွာဘုရား ၊
၁၇၄။ အနွယ် အမျိုး = ဂေါတမ အနွယ် ၊ ဂေါတမ မြတ်စွာဘုရား ၊
၁၇၅။ ဤဘဒ္ဒ ကပ်ကမ္ဘာ၌ ပွင့်ရာ အဆူမြောက် = လေးဆူမြောက် ၊
၁၇၆။ လက်ယာ အရံ = အရှင်သာရိပုတြာ မထေရ်မြတ် ၊
၁၇၇။ လက်ဝဲ အရံ = အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ် ၊
၁၇၈။ အလုပ်အကျွေး ရဟန်း = အရှင်အာနန္ဒာ ၊
၁၇၉။ အခါခပ်သိမ်း အခြံအရံ = ရဟန်းသံဃာမထေရ်မြတ်အပေါင်း ၊
၁၈၀။ အစဉ်တိုင်းသော တရားစကား = ဒါန၊ သီလ၊ သစ္စာလေးပါး ၊
၁၈၁။ ဒါန နှင့် စပ်သော တရားစကား ၊
၁၈၂။ သီလ နှင့် စပ်သော တရားစကား ၊
၁၈၃။ နတ်ပြည် နှင့် စပ်သော တရားစကား ၊
၁၈၄။ ကာမဂုဏ်တို့၏ အပြစ် ၊
၁၈၅။ ကာမဂုဏ်တို့၏ ယုတ်ညံ့ခြင်း ၊
၁၈၆။ ကာမဂုဏ်တို့၏ ညစ်ညူးခြင်း ၊
၁၈၇။ ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း ၊
၁၈၈။ ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း အကျိုး ၊
၁၈၉။ ထိုထိုဤဤ မှ အဆင့်ဆင့်တတ်၍ ၊
၁၉၀။ နောက်ဆုံး၌ (ဒုက္ခ သစ္စာ) တရား ၊
၁၉၁။ (သမုဒယ သစ္စာ) တရား ၊
၁၉၂။ (နိရောဓ သစ္စာ) တရား ၊
၁၉၃။ (မဂ္ဂ သစ္စာ) တရားအထိ အဆင့်ဆင့်(တတ်၍)² ဟောသည် ၊
၁၉၄။ အဆူဆူသော ဘုရားတို့ တရားစကား = သြဝါဒပါတိမောက် ၊
၁၉၅။ အဆူဆူသော ဘုရားတို့စကား = သြဝါဒ ပါတိမောက် ၊
၁၉၆။ မကောင်းမှု့ မှန်သမျှ = ရှောင် ၊
၁၉၇။ ကောင်းမှု့ မှန်သမျှ = ဆောင် ၊
၁၉၈။ စိတ်ကို = ဖြူစင်စွာ ထား ။
၁၉၉။ သရဏဂုံ = သုံးပါး ၊
၂၀၀။ ရတနာ = သုံးပါး ၊
၂၀၁။ ရတနာ သုံးပါး = ဘုရား ၊ တရား ၊ သံဃာ (ဗုဒ္ဓ ၊ ဓမ္မ ၊ သံဃ) ၊
၂၀၂။ တာဝတိံသာ၌ ဟောသည့်တရား = အဘိဓမ္မာတရား ၊
၂၀၃။ ကြာမြင့်ချိန် = ဝါတွင်း ကာလ (၃)လ ပတ်လုံး ၊
၂၀၄။ သာသနာ (အဆုံးအမ) = ပိဋကတ် သုံးပုံ ၊
၂၀၅။ ပိဋကတ် သုံးပုံ = ပရိယတ္တိ ၊ ပဋိပတ္တိ ၊ ပဋိဝေဓ ၊
၂၀၆။ ပရိယတ္တိ သာသနာ = စာသင် ၊ စာချ ၊ စာကျက် ၊ ကျက်မှတ် ၊
၂၀၇။ ပဋိပတ္တိ သာသနာ = ကျင့်ကြံခြင်း ၊
၂၀၈။ ပဋိဝေဓ သာသနာ = ထိုးထွင်း ၊ သိမြင်ခြင်း ၊
၂၀၉။ ကျင့်စဉ် သိက္ခာ = သီလ ၊ သမာဓိ ၊ ပညာ ၊
၂၁၀။ ချမှတ်သောလမ်းစဉ် = မဂ္ဂင်(၈)ပါး ၊ မဇ္ဈိမပဋိပဒါ ၊
၂၁၁။ တရားဟောခဲ့သော နှစ် = (၄၅) နှစ် ၊
၂၁၂။ ဆိုခဲ့သော ဝါ = (၄၅) ဝါ ၊
၂၁၃။ ဟောခဲ့သော တရားပေါင်း = ဓမ္မက္ခန္ဓာပေါင်း (၈၄ဝဝဝ) ၊
၂၁၄။ နောက်ဆုံး ဆွမ်းလှူသူ = စုန္ဒ ၊
၂၁၅။ နောက်ဆုံး ကျွတ်တမ်းဝင်သူ = သုဘဒ္ဒ ပရဗိုဇ် ၊
၂၁၆။ နောက်ဆုံးစကား = မမေ့ ၊ မလျော့ ၊ မပေါ့ဆသော ၊ သတိ ၊
၂၁၇။ ပရိနိဗ္ဗာန်ပြုသော သက်တော် = သက်တော် (၈ဝ) ၊
၂၁၈။ ပရိနိဗ္ဗာန် စံဝင်သော ခုနှစ် = မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ၊
၂၁၉။ ပရိနိဗ္ဗာန် စံဝင်သော လ = ကဆုန်လပြည့် ၊
၂၂၀။ ပရိနိဗ္ဗာန် စံဝင်သော နေ့ = အင်္ဂါနေ့ ၊
၂၂၁။ ပရိနိဗ္ဗာန်ပြုသောအရပ် = မလ္ဃာတိုင်း ၊ မလ္ဃာမင်းဥယျာဉ် ၊
၂၂၂။ ပရိနိဗ္ဗာန်စံဝင်ရာ မြို့ = ကုသိနာရုံမြို့ ၊
၂၂၃။ တေဇော လောင်သော ခုနှစ် = မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ၊
၂၂၄။ တေဇော လောင်သော လ = ကဆုန်လဆုတ် ၊
၂၂၅။ တေဇော လောင်သော နေ့ရက် = (၁၂) ရက် ၊ တနင်္ဂနွေနေ့ ၊
၂၂၆။ ဓာတ်တော်ဝေသူ = ရှင်ဘုရင်တို့ဆရာ ဒေါနပါမေက္ခပုဏ္ဏား ၊
၂၂၇။ အသမ္ဘိန္န ဓာတ်တော် = (ကွဲပျက်ခြင်း မရှိသော ဓာတ်တော်) ၊
၂၂၈။ သမ္ဘိန္န ဓာတ်တော် = (ကွဲပျက်သော ဓာတ်တော်) ၊
၂၂၉။ ကွဲပျက်ခြင်း မရှိသော ဓာတ်တော် = (၇)ဆူ ရှိ ၊
၂၃၀။ ကွဲပျက်သော ဓာတ်တော် = ကြွင်းသော ဓာတ်တော်များ ၊
၂၃၁။ ဓာတ်တော် (၇)ဆူ = သင်းကျစ် ၊ စွယ်တော် ၊ ညှပ်ရိုးတော် ၊
၂၃၂။ သင်းကျစ်တော် = (၁)ဆူ ၊
၂၃၃။ စွယ်တော် = (၄)ဆူ ၊
၂၃၄။ ညှပ်ရိုးတော် = (၂)ဆူ ၊
၂၃၅။ အကြီးဆုံး ဓာတ်တော်များ = ပဲနောက်စေ့မျှ ရှိ ၊
၂၃၆။ အလတ်စား ဓာတ်တော်များ = ဆန်ကျိုးစေ့မျှ ရှိ ၊
၂၃၇။ အငယ်ဆုံး ဓာတ်တော်များ = မုန်ညင်းစေ့မျှ ရှိ ၊
၂၃၈။ အကြီးဆုံး ဓာတ်တော်တို့၏ အရောင် = ရွှေ အဆင်း ၊
၂၃၉။ အလတ်စား ဓာတ်တော်တို့၏ အရောင် = ပုလဲ အဆင်း ၊
၂၄၀။ အငယ်ဆုံး ဓာတ်တော် အရောင် = မြတ်လေးပန်းငုံ အဆင်း ၊
၂၄၁။ အငယ်ဆုံး ဓာတ်တော် အရောင် = (ချရားစေ့) အဆင်း ၊
၂၄၂။ အကြီးဆုံး ဓာတ်တော်တို့၏ ပမာဏ = ငါးပြည် ၊
၂၄၃။ အလတ်စား ဓာတ်တော်တို့၏ ပမာဏ = ငါးပြည် ၊
၂၄၄။ အငယ်ဆုံး ဓာတ်တော်တို့၏ ပမာဏ = ခြောက်ပြည် ၊
၂၄၅။ ဓာတ်တော်များအားလုံး ပမာဏ = တစ်ဆယ့်ခြောက်ပြည် ၊
၂၄၆။ တာဝတိံသာ၌ = (လက်ယာ အထက်) စွယ်တော် တစ်ဆူ ၊
၂၄၇။ နဂါးပြည်၌ = (လက်ယာ အောက်) စွယ်တော် တစ်ဆူ ၊
၂၄၈။ ဂန္ဓာရတိုင်း၌ = (လက်ဝဲ အထက်) စွယ်တော် တစ်ဆူ ၊
၂၄၉။ ကာလိင်္ဂမင်းနိုင်ငံ၌ = (လက်ဝဲ အောက်) စွယ်တော် တစ်ဆူ ၊
၂၅၀။ မြတ်စွာဘုရား ၏ သွားတော် [ ၄၀ ] = စကြဝဠာ အဆင့်ဆင့် ၊
၂၅၁။ မြတ်စွာဘုရား ၏ ဆံတော် = စကြဝဠာ အဆင့်ဆင့် ၊
၂၅၂။ မြတ်စွာဘုရား ၏ မွေးညင်းတော် = စကြဝဠာ အဆင့်ဆင့် ၊
၂၅၃။ မြတ်စွာဘုရား ၏ သင်းကျစ်တော် = သီဟိုဠ် ကျွန်း ၊
၂၅၄။ မြတ်စွာဘုရား ၏ လက်ယာ ညှပ်ရိုးတော် = သီဟိုဠ် ကျွန်း ၊
၂၅၅။ မြတ်စွာဘုရား ၏ လက်ဝဲ ညှပ်ရိုးတော် = ဗြဟ္မာ့ပြည် ၊
၂၅၆။ မြတ်စွာဘုရား ၏ ကျောက်သပိတ်တော် = [ ဝဇိရာပြည် ] ၊
၂၅၇။ မြတ်စွာဘုရား ၏ တောင်ဝှေးတော် = [ ဝဇိရာပြည် ] ၊
၂၅၈။ မြတ်စွာဘုရား ၏ ခါးဝတ်သင်္ကန်း = [ ဝဇိရာပြည် ] ၊
၂၅၉။ မြတ်စွာဘုရား ၏ ကြွင်းသော သင်္ကန်းတော် = [ ဝဇိရာပြည် ] ၊
၂၆၀။ မြတ်စွာဘုရား ၏ ရေစစ် (ဓမကရိုဏ်) = [ ပါဋလိပုတ်ပြည် ] ၊
၂၆၁။ မြတ်စွာဘုရား ၏ ခါးပန်းကြိုးတော် = [ ပါဋလိပုတ်ပြည် ] ၊
၂၆၂။ မြတ်စွာဘုရား ၏ ရေသနုပ်တော် = [ စမ္ပာပြည် ] ၊
၂၆၃။ မြတ်စွာဘုရား ၏ ခါးဝတ်သင်းပိုင်တော် = [ ကုလဃရမြို့ ] ၊
၂၆၄။ မြတ်စွာဘုရား ၏ အိပ်ရာခင်းတော် = [ ကပိလဝတ်ပြည် ] ၊
၂၆၅။ မြတ်စွာဘုရား ၏ ဥဏ္ဏလုံ (မွေးရှင်တော်) = [ ကောသလ ] ၊
၂၆၆။ မြတ်စွာဘုရား ၏ ခါးဝတ်လဲတော်ပုဆိုး = [ ဗြဟ္မာ့ပြည် ] ၊
၂၆၇။ မြတ်စွာဘုရား ၏ ဦးရစ် (ဗောင်းတော်) = [ တာဝတိံသာ ] ၊
၂၆၈။ မြတ်စွာဘုရား ၏ နိသီဒိုင်အခင်း = [ အဝန္တိတိုင်းတို့၌ ] ၊
၂၆၉။ မြတ်စွာဘုရား ၏ အိပ်ရာလွှမ်း = [ ဒေဝရဋ္ဌနိုင်ငံ ] ၊
၂၇၀။ မြတ်စွာဘုရား ၏ မီးပွတ်ခုံ = [ မိထိလာမြို့ ] ၊
၂၇၁။ မြတ်စွာဘုရား ၏ ရေစစ်တော် = [ ဝိဒေဟတိုင်း နိုင်ငံ ] ၊
၂၇၂။ မြတ်စွာဘုရား ၏ ပဲခွပ်တော် = [ ဣန္ဒပတ္ထမြို့ ] ၊
၂၇၃။ မြတ်စွာဘုရား ၏ အပ်ကျည်တော် = [ ဣန္ဒပတ္ထမြို့ ] ၊
၂၇၄။ မြတ်စွာဘုရား ၏ ကြွင်းသောပရိက္ခရာ = [ အပရန္တဇနပုဒ်၌ ] ၊
၂၇၅။ ရည်ရွယ်ချက် = ဝေနေယျသတ္တဝါတို့အတွက် အစဉ်သနား ၊
၂၇၆။ ရည်ရွယ်ချက် = စောင့်ရှောက်တော်မူလိုခြင်း ၊
၂၇၇။ ကျွတ်တမ်းဝင်ခြင်း = ဂဏန်း သင်္ချာအားဖြင့် မရေမတွက်နိုင် ၊
၂၇၈။ စံဝင်ရာ ပန်းတိုင် = အမြိုက် သန္တိသုခဓာတ်ကြီး နိဗ္ဗာန် ။

နှစ်ဆယ့်ငါးခုမြောက် ဂေါတမ ဗုဒ္ဓဝင် ပြီး၏ ။ - - - - - - -

📚 ကျမ်းညွှန်းအကိုးအကား 📚 ပိဋကတ် သုံးပုံ 📚
[ သုတ္တန်ပိဋကတ် ၊ ခုဒ္ဒကနိကာယ် (မြန်မာပြန်) ]
{ ဗုဒ္ဓဝံသပါဠိတော် မြန်မာပြန် }
{ ခုဒ္ဒကနိကာယ် ဗုဒ္ဓဝံသပါဠိတော် မြန်မာပြန် }
( ၂၇ - ဂေါတမ ဗုဒ္ဓဝင် ၊ ၁ - ၂၄။ )
 ဓမ္မသုတ

No comments:

Post a Comment