Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 2, 2019
ဗုဒ္ဓကိုယ်တိုင် အကြိမ်ပေါင်း တစ်သောင်းကျော် ဟောခဲ့သည့် တရား
(သုတ္တနိပါတ်အဋ္ဌကထာ)
.(ဓမ္မလရိပ်)
မြတ်စွာဘုရားရှင်သည် နေ့စဉ်ဟောကြား သတိပေးမြဲဖြစ်သော တရားတစ်ပုဒ်ကို လေ့လာတွေ့ရှိရပါတယ်။
(၄၅)ဝါ နေ့စဉ် အကြိမ်ပေါင်း တစ်သောင်းကျော်ဟောခဲ့သော တရားတော်ဟု ဆိုရမှာဖြစ်ပါတယ်။
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ = ရဟန်းတို့ မမေ့လျော့ မပေါ့မဆသော သတိတရားဖြင့် ပြည့်စုံကြပါစေ။
(၁) ။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ = လောကမှာ ဘုရားပွင့်တော်မှုဖို့ ခဲယဉ်းတယ်။
(၂) ။ မနုဿတ္တဘာဝေါ ဒုလ္လဘာ = လူအဖြစ်ကို ရဖို့ခဲယဉ်းတယ်။
(၃) ။ ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ = ရတနာသုံးပါး ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်မှုနှင့် ပြည့်စုံဖို့ ခဲယဉ်းတယ်။
(၄) ။ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော = ရှင် ရဟန်းအဖြစ်ကို ရခဲတယ်။
(၅) ။ သဒ္ဓမ္မဿနံ အတိဒုလ္လဘံ = သူတော်ကောင်းတရားကို ကြားနာရဖို့ ခဲယဉ်းတယ်။
(သုတ္တနိပါတ်အဋ္ဌကထာ)
.(ဓမ္မလရိပ်)
No comments:
Post a Comment