Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 28, 2019

ငါးပါးသီလကို က်ဴးလြန္ျခင္း၏ အျပစ္မ်ား


အရာရာတိုင္းတြင္ ေကာင္းက်ဳိးႏွင့္ ဆိုးျပစ္ တို႔သည္ ရွိတတ္ၾကစၿမဲျဖစ္သည္။ ငါးပါးသီလကို ေစာင့္ထိန္းျခင္းအတြက္ ေကာင္းက်ဳိးမ်ားရွိသကဲ့သို႔ ငါးပါးသီလကိုက်ဴးလြန္ျခင္းအတြက္ ဆိုးျပစ္မ်ား လည္း ရွိေလသည္။

 ကြၽန္ေတာ္သည္ ငါးပါးသီလ ေစာင့္ထိန္းျခင္း၏ ေကာင္းက်ဳိးမ်ားကို မေနာမယ ဂ်ာနယ္တြင္ ေရးသားခဲ့ဖူးေလသည္။ စာဖတ္သူမ်ား က ငါးပါးသီလကို ေစာင့္ထိန္းရန္လြယ္ကူသကဲ့သို႔ ေဖ်ာက္ဖ်က္ရန္လည္း အလြန္လြယ္ကူေၾကာင္း။

ထို႔ ေၾကာင့္ ေဖ်ာက္ဖ်က္ခဲ့လွ်င္ က်ဴးလြန္ခဲ့လွ်င္ မည္ သည့္အျပစ္မ်ား ျဖစ္ႏိုင္သည္ကို ဆက္လက္၍ ေရး သားေပးပါရန္ တိုက္တြန္းလာၾကသည္။ ထို႔ေၾကာင့္ ငါးပါးသီလအား ေဖာက္ဖ်က္က်ဴးလြန္ျခင္း၏ အျပစ္ မ်ားကိုလည္း ဆက္လက္ ေရးသားတင္ျပအပ္ေပ သည္။

ငါးပါးသီလအား ေဖာက္ဖ်က္က်ဴးလြန္ျခင္း၏ အျပစ္မ်ားမွာ အက်ဥ္းအားျဖင့္ ေအာက္ပါအတိုင္း ျဖစ္ေလသည္။

၁။ မ်ားစြာေသာ ပစၥည္းဥစၥာတို႔မွ ဆံုး႐ႈံးပ်က္ စီးျခင္းခံရျခင္း။
၂။ မေကာင္းသတင္း ပ်ံ႕ႏွံ႔ေက်ာ္ေစာျခင္း။
၃။ ပရိသတ္အလယ္၌ ေၾကာက္ရြံ႕၍ မ်က္ႏွာ မလွျခင္း။
၄။ ေသေသာအခါ၌ ေတြေ၀ေငးေမာ၍ေသရ ျခင္း။
၅။ ေသသည္၏အျခားမဲ့၌ အပါယ္ငရဲသို႔ ေရာက္ရျခင္း။
ငါးပါးသီလ ေဖာက္ဖ်က္က်ဴးလြန္ျခင္း၏ အျပစ္မ်ားကို အက်ယ္အားျဖင့္လည္း သိရွိထားသင့္ ေပသည္။

၁။ ပါဏာတိပါတ
သူတစ္ပါး၏အသက္ကို သတ္ျဖတ္ျခင္းျဖစ္ ေလသည္။ သူတစ္ပါး၏ အသက္ကိုသတ္သူသည္ ေသၿပီးသည့္ေနာက္ ငရဲဘံု၊ ၿပိတၱာဘံု၊ တိရစၦာန္ဘံု၊ အသူရကာယ္ဘံုတို႔သို႔ က်ေရာက္တတ္ေပသည္။ လူ႕ ဘံုတြင္ျဖစ္လွ်င္လည္း အသက္တိုတတ္၍ ေမြးခါစ ၌ပင္ ေသတတ္ေပသည္။

၂။ အဒိႏၷာဒါန
သူတစ္ပါး၏ ပစၥည္းဥစၥာကို ခိုးယူျခင္းျဖစ္ သည္။ သူတစ္ပါး၏ ပစၥည္းဥစၥာကိုခိုးယူေသာ္ ေသၿပီးသည့္ေနာက္ ငရဲဘံု၊ တိရစၦာန္ဘံု၊ ၿပိတၱာဘံု အသူရကာယ္ဘံုသို႔ က်ေရာက္တတ္သည္။ လူ႕ဘံုမွာ ျဖစ္သည့္အခါ ဥစၥာပစၥည္း ဆံုး႐ႈံးပ်က္စီးျခင္းသို႔ ေရာက္တတ္သည္။ အနည္းငယ္မွ်ေသာ ပစၥည္းဥစၥာ မွ်လည္းမတည္တတ္၊ မရွိတတ္ျဖစ္တတ္သည္။

သူ တစ္ပါး၏ ဥစၥာကိုခိုးယူျခင္း၊ ဓားျပတိုက္ျခင္း၊ ညာ ျဖန္း လွည့္ပတ္ရယူျခင္း၊ အေရာင္းအ၀ယ္ျပဳရာ၌ တင္းေတာင္း ခ်ိန္ခြင္၊ အေလးစသည္ျဖင့္လည္း ေကာင္း ေရာင္းကုန္တိုးေအာင္ ေရထိုးျခင္း၊ ခဲသဲ ေရာျခင္း စသည္ျဖင့္လည္းေကာင္း မ႐ိုးမသားရယူ ျခင္းသည္ အဒိႏၷာဒါန ေျမာက္ေလသည္။

၃။ ကာေမသုမိစၦာစာရ
သူတစ္ပါး၏ မယားႏွင့္ မိဘေဆြမ်ဳိး အုပ္ ထိန္းျခင္းမကင္းေသာ သမီးပ်ဳိမ်ားကို ေမထုန္မႈ က်ဴးလြန္ျခင္း ျဖစ္ေလသည္။ မိန္းမျဖစ္လွ်င္ မိမိ၏ ကာမပိုင္ လင္ေယာက်္ားမွတစ္ပါး အျခားေသာ ေယာက်္ားမ်ားႏွင့္ ေမထုန္မႈ က်ဴးလြန္ျခင္းသည္ အျပစ္ျဖစ္ေလသည္။

ကာေမသုမိစၦာစာရကံကို က်ဴး လြန္သူသည္ ေသလြန္ၿပီးသည့္ေနာက္ ငရဲဘံု၊ တိ ရစၦာန္ဘံု၊ ၿပိတၱာဘံု၊ အသူရကာယ္ဘံုတို႔သို႔ ေရာက္ တတ္သည္။ လူ႕ဘံုမွာ လူျဖစ္သည့္အခါ ရန္သူေပါ မ်ားတတ္သည္။ ျမင္သမွ်သူ အေပါင္းကလည္း ရန္သူလို သေဘာထားေနတတ္သည္။

၄။ မုသာ၀ါဒ
မဟုတ္မမွန္ေသာ စကားကိုေျပာဆိုျခင္းသည္ အျပစ္ျဖစ္သည္။ မဟုတ္မမွန္ေသာ စကားကို ေျပာ ဆိုျခင္းသည္ ေသၿပီးေသာအခါတြင္ ငရဲဘံု၊ တိရစၦာန္ ဘံု၊ အပါယ္ဘံုတို႔သို႔ေရာက္ တတ္ေပသည္။ လူ႕ဘံု တြင္ လူျဖစ္သည့္အခါ၌လည္း မဟုတ္မတရား အစြပ္စြဲခံရတတ္သည္။ သူတစ္ပါးျပဳေသာ မတရား မႈမ်ား မိမိအေပၚသို႔က်ေရာက္တတ္သည္။

စကားပီ ပီသသ မေျပာတတ္ျခင္း၊ သြားမ်ားမညီမညြတ္ရွိျခင္း၊ ခံတြင္းပါးစပ္ပုပ္ညီႇျခင္း၊ ကိုယ္အေရအသား ပူရွိန္ ေျခာက္ကပ္ စိုစိုဖပ္ဖပ္ မရွိျခင္း၊ မ်က္စိ၊ နားစေသာ ဣေျႏၵမ်ား ေနာက္က်ဴက်ဴရွိျခင္း ပံုဟန္မလွဘဲ ဆိုးခါး ခ်ဳိ႕ယြင္းေဖာက္ျပန္ျခင္း၊ သူတစ္ပါးအေပၚ၌ ၾသဇာ အာဏာမထည္ျခင္း အေျပာအဆိုႏႈတ္လွ်ာမ်ား ေထာ္ ေလာ္ၾကမ္းတမ္းျခင္း၊ စိတ္မတည္ဘဲ လွ်ပ္ေပၚေလာ္ လီတတ္ျခင္းတို႔ ျဖစ္တတ္သည္။

၅။ သုရာေမရယ
ေသရည္ေသရက္ေသာက္ျခင္းသည္ အျပစ္ ျဖစ္သည္။ ေသရည္ေသရက္ေသာက္သူသည္ ေသ ၿပီးသည့္ေနာက္ ငရဲဘံု၊ တိရစၦာန္ဘံု၊ ၿပိတၱာဘံု၊ အသူရကာယ္ဘံုတို႔သို႔ေရာက္တတ္သည္။ လူ႕ဘံုမွာ စိတ္ကေယာင္ေခ်ာက္ခ်ား ျဖစ္ေနတတ္သည္။

အ လည္းအ၊ နားလည္းပင္းေသာ လူမ်ဳိးျဖစ္တတ္ သည္။ အေရးအခြင့္သင့္၊ မသင့္ကိုမသိတတ္ျခင္း၊ ပ်င္းရိတတ္ျခင္း၊ ေမ့ေလ်ာ့မူး႐ူးတတ္ျခင္း၊ သူမ်ားက ျပဳဖူးေသာ ေက်းဇူးကို ေမ့ေလ်ာ့တတ္ျခင္း၊ ဟိရီ၊ ၾသတၱပၸဟူေသာ အရွက္အေၾကာက္တို႔မွ ကင္းျခင္းတို႔ ျဖစ္တတ္သည္။

 ေသရည္ေသရက္ကို ေသာက္မိ လွ်င္ မည္သည့္အကုသုိလ္မွမေရွာင္ၾကဥ္ဘဲ အလံုးစံု ေသာ မေကာင္းမႈကို အလြယ္တကူျပဳမိတတ္သည္။ထို႔ေၾကာင့္ ဗုဒၶဘာသာ၀င္တို႔အေနျဖင့္ ငါး ပါးသီလကို က်င့္သံုးေဆာက္တည္သင့္ၾကေပသည္။

ငါးပါးသီလကိုမွ် မေဆာက္တည္ႏိုင္လွ်င္ ေသလြန္ သည့္အခါ၌ အပါယ္ေလးဘံုသို႔ က်ေရာက္တတ္႐ံုမွ် မက ေနာက္ဆက္တြဲဆိုးက်ဳိးမ်ားကိုလည္း ခံစားရ ဖြယ္ရွိေၾကာင္း ငါးပါးသီလကိုခါး၀တ္ပုဆိုးကဲ့သို႔ ၿမဲ ၿမံသင့္ၾကေၾကာင္းေရးသားတင္ျပအပ္ေပသည္။
 ေမာင္ဥာဏ္စိန္
# Unicode Version # ျဖင့္ ဖတ္ပါ #

အရာရာတိုင်းတွင် ကောင်းကျိုးနှင့် ဆိုးပြစ် တို့သည် ရှိတတ်ကြစမြဲဖြစ်သည်။ ငါးပါးသီလကို စောင့်ထိန်းခြင်းအတွက် ကောင်းကျိုးများရှိသကဲ့သို့ ငါးပါးသီလကိုကျူးလွန်ခြင်းအတွက် ဆိုးပြစ်များ လည်း ရှိလေသည်။

 ကျွန်တော်သည် ငါးပါးသီလ စောင့်ထိန်းခြင်း၏ ကောင်းကျိုးများကို မနောမယ ဂျာနယ်တွင် ရေးသားခဲ့ဖူးလေသည်။ စာဖတ်သူများ က ငါးပါးသီလကို စောင့်ထိန်းရန်လွယ်ကူသကဲ့သို့ ဖျောက်ဖျက်ရန်လည်း အလွန်လွယ်ကူကြောင်း။

ထို့ ကြောင့် ဖျောက်ဖျက်ခဲ့လျှင် ကျူးလွန်ခဲ့လျှင် မည် သည့်အပြစ်များ ဖြစ်နိုင်သည်ကို ဆက်လက်၍ ရေး သားပေးပါရန် တိုက်တွန်းလာကြသည်။ ထို့ကြောင့် ငါးပါးသီလအား ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ် များကိုလည်း ဆက်လက် ရေးသားတင်ပြအပ်ပေ သည်။

ငါးပါးသီလအား ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ်များမှာ အကျဉ်းအားဖြင့် အောက်ပါအတိုင်း ဖြစ်လေသည်။

၁။ များစွာသော ပစ္စည်းဥစ္စာတို့မှ ဆုံးရှုံးပျက် စီးခြင်းခံရခြင်း။
၂။ မကောင်းသတင်း ပျံ့နှံ့ကျော်စောခြင်း။
၃။ ပရိသတ်အလယ်၌ ကြောက်ရွံ့၍ မျက်နှာ မလှခြင်း။
၄။ သေသောအခါ၌ တွေဝေငေးမော၍သေရ ခြင်း။
၅။ သေသည်၏အခြားမဲ့၌ အပါယ်ငရဲသို့ ရောက်ရခြင်း။
ငါးပါးသီလ ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ်များကို အကျယ်အားဖြင့်လည်း သိရှိထားသင့် ပေသည်။

၁။ ပါဏာတိပါတ
သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းဖြစ် လေသည်။ သူတစ်ပါး၏ အသက်ကိုသတ်သူသည် သေပြီးသည့်နောက် ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံ၊ အသူရကာယ်ဘုံတို့သို့ ကျရောက်တတ်ပေသည်။ လူ့ ဘုံတွင်ဖြစ်လျှင်လည်း အသက်တိုတတ်၍ မွေးခါစ ၌ပင် သေတတ်ပေသည်။

၂။ အဒိန္နာဒါန
သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းဖြစ် သည်။ သူတစ်ပါး၏ ပစ္စည်းဥစ္စာကိုခိုးယူသော် သေပြီးသည့်နောက် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ အသူရကာယ်ဘုံသို့ ကျရောက်တတ်သည်။ လူ့ဘုံမှာ ဖြစ်သည့်အခါ ဥစ္စာပစ္စည်း ဆုံးရှုံးပျက်စီးခြင်းသို့ ရောက်တတ်သည်။ အနည်းငယ်မျှသော ပစ္စည်းဥစ္စာ မျှလည်းမတည်တတ်၊ မရှိတတ်ဖြစ်တတ်သည်။

သူ တစ်ပါး၏ ဥစ္စာကိုခိုးယူခြင်း၊ ဓားပြတိုက်ခြင်း၊ ညာ ဖြန်း လှည့်ပတ်ရယူခြင်း၊ အရောင်းအဝယ်ပြုရာ၌ တင်းတောင်း ချိန်ခွင်၊ အလေးစသည်ဖြင့်လည်း ကောင်း ရောင်းကုန်တိုးအောင် ရေထိုးခြင်း၊ ခဲသဲ ရောခြင်း စသည်ဖြင့်လည်းကောင်း မရိုးမသားရယူ ခြင်းသည် အဒိန္နာဒါန မြောက်လေသည်။

၃။ ကာမေသုမိစ္ဆာစာရ
သူတစ်ပါး၏ မယားနှင့် မိဘဆွေမျိုး အုပ် ထိန်းခြင်းမကင်းသော သမီးပျိုများကို မေထုန်မှု ကျူးလွန်ခြင်း ဖြစ်လေသည်။ မိန်းမဖြစ်လျှင် မိမိ၏ ကာမပိုင် လင်ယောကျ်ားမှတစ်ပါး အခြားသော ယောကျ်ားများနှင့် မေထုန်မှု ကျူးလွန်ခြင်းသည် အပြစ်ဖြစ်လေသည်။

ကာမေသုမိစ္ဆာစာရကံကို ကျူး လွန်သူသည် သေလွန်ပြီးသည့်နောက် ငရဲဘုံ၊ တိ ရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံတို့သို့ ရောက် တတ်သည်။ လူ့ဘုံမှာ လူဖြစ်သည့်အခါ ရန်သူပေါ များတတ်သည်။ မြင်သမျှသူ အပေါင်းကလည်း ရန်သူလို သဘောထားနေတတ်သည်။

၄။ မုသာဝါဒ
မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းသည် အပြစ်ဖြစ်သည်။ မဟုတ်မမှန်သော စကားကို ပြော ဆိုခြင်းသည် သေပြီးသောအခါတွင် ငရဲဘုံ၊ တိရစ္ဆာန် ဘုံ၊ အပါယ်ဘုံတို့သို့ရောက် တတ်ပေသည်။ လူ့ဘုံ တွင် လူဖြစ်သည့်အခါ၌လည်း မဟုတ်မတရား အစွပ်စွဲခံရတတ်သည်။ သူတစ်ပါးပြုသော မတရား မှုများ မိမိအပေါ်သို့ကျရောက်တတ်သည်။

စကားပီ ပီသသ မပြောတတ်ခြင်း၊ သွားများမညီမညွတ်ရှိခြင်း၊ ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊ ကိုယ်အရေအသား ပူရှိန် ခြောက်ကပ် စိုစိုဖပ်ဖပ် မရှိခြင်း၊ မျက်စိ၊ နားစသော ဣန္ဒြေများ နောက်ကျူကျူရှိခြင်း ပုံဟန်မလှဘဲ ဆိုးခါး ချို့ယွင်းဖောက်ပြန်ခြင်း၊ သူတစ်ပါးအပေါ်၌ သြဇာ အာဏာမထည်ခြင်း အပြောအဆိုနှုတ်လျှာများ ထော် လော်ကြမ်းတမ်းခြင်း၊ စိတ်မတည်ဘဲ လျှပ်ပေါ်လော် လီတတ်ခြင်းတို့ ဖြစ်တတ်သည်။

၅။ သုရာမေရယ
သေရည်သေရက်သောက်ခြင်းသည် အပြစ် ဖြစ်သည်။ သေရည်သေရက်သောက်သူသည် သေ ပြီးသည့်နောက် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံတို့သို့ရောက်တတ်သည်။ လူ့ဘုံမှာ စိတ်ကယောင်ချောက်ချား ဖြစ်နေတတ်သည်။

အ လည်းအ၊ နားလည်းပင်းသော လူမျိုးဖြစ်တတ် သည်။ အရေးအခွင့်သင့်၊ မသင့်ကိုမသိတတ်ခြင်း၊ ပျင်းရိတတ်ခြင်း၊ မေ့လျော့မူးရူးတတ်ခြင်း၊ သူများက ပြုဖူးသော ကျေးဇူးကို မေ့လျော့တတ်ခြင်း၊ ဟိရီ၊ သြတ္တပ္ပဟူသော အရှက်အကြောက်တို့မှ ကင်းခြင်းတို့ ဖြစ်တတ်သည်။

 သေရည်သေရက်ကို သောက်မိ လျှင် မည်သည့်အကုသိုလ်မှမရှောင်ကြဉ်ဘဲ အလုံးစုံ သော မကောင်းမှုကို အလွယ်တကူပြုမိတတ်သည်။ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ငါး ပါးသီလကို ကျင့်သုံးဆောက်တည်သင့်ကြပေသည်။

ငါးပါးသီလကိုမျှ မဆောက်တည်နိုင်လျှင် သေလွန် သည့်အခါ၌ အပါယ်လေးဘုံသို့ ကျရောက်တတ်ရုံမျှ မက နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ခံစားရ ဖွယ်ရှိကြောင်း ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲ မြံသင့်ကြကြောင်းရေးသားတင်ပြအပ်ပေသည်။
 မောင်ဉာဏ်စိန်

No comments:

Post a Comment