Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 26, 2019

ဗုဒ္ဓဘာသာရဲ့ တန်ဘိုးကို သိကြပြီလား





ဦးမြင့်ခိုင်

Unicode Version

ဓမ္မိလတံငါသည်ဟာ သေခါနီးမှာ အော်ဟစ်ရုန်းကန်နေခဲ့တယ်….
စူဠနာဂတိဿမထေရ်ဟာ ဆွမ်းခံကြွရင်းတွေ့တာနဲ့သရဏဂုံနဲ့ငါးပါးသီလကို န ုတ်ကနေ ချပေးပြီးလိုက်ဆိုခိုင်းခဲ့တယ် ဝေဒနာပြင်းထန်တဲ့အတွက်ပါးစပ်ကတောင်မဆိုနိ ုင်ပဲစိတ်ထဲကပဲ လိုက်ဆ်ုခဲ့တာသရဏဂုံပဲဆိုပြီးသေးတယ် ငါးပါးသီလတောင်မရောက်သေးဘူး အသက်ထွက်သွားတယ်…သရဏဂုံအကျိုးကြောင့် ငရဲကျမှာကနေစတုမဟာရာဇ်နတ်ဘုံမှာ နတ်သားဖြစ်သွားတယ်



တဗ္ဗဒါဋ္ဌိက ဆိုတဲ့လူသတ်ဗိုလ်ကြီးဟာ ၅၅ နှစ်လူသတ်ခဲ့ပေမဲ့ သေခါနီးမှာ တရားကိုအာရုံပြ ုနိ ုင်ခဲ့လို့သေတော့ သူလည်းနတ်ပြည်ရောက်သွားခဲ့တယ်…မဋ္ဌကုဏ္ဌလီသူတို့သားဟာ တသက်လုံးမိစ္ဆာဒိဋ္ဌိဖြစ်လာခဲ့ပြီးမှ သေခါနီးမှာ ဘုရားကိုကြည်ညိုတဲ့စိတ်ကလေးတခါပဲဖြစ်ခဲ့တယ် အဲဒီစိတ်ကြောင့်ပဲသူလည်း နတ်ပြည်ရောက်သွားတယ်

သူများအလှူ လုပ်လို့ သာဓုခေါ ်ယုံလေးနဲ့နတ်ပြည်ရောက်သွားသူတွေလည်း ပိဋကတ်သုံးပုံထဲမှာ အထင်အရှားရှိတယ်…တကယ်တော့ဗုဒ္ဓဘာသာတွေမှာ ဘုရားတရားနဲ့စပ်တဲ့ကုသိုလ် သေးသေးလေးလောက်ကပဲ နတ်ပြည်စတဲ့ ချမ်းသာကို ပေးစွမ်းနိ ုင်ပါတယ်
ဒါ့ကြောင့် မြတ်ဗုဒ္ဓကငါဘုရားရှင်ရဲ့တရားတော်ကို နည်းနည်းလေးသေးသေးလေးဆိုပြီး မလေးမစားမလုပ်ကြနဲ့လို့မိန့်ခဲ့ဖူးပါတယ်…ဗုဒ္ဓဘာသာဝင်များ ကိုယ့်ဘာသာရဲ့တန်ဘိုးကိုနားလည်နိ ုင်ကြပါစေ

ဦးမြင့်ခိုင်

No comments:

Post a Comment