Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 30, 2020

ရောဂါဆိုးဒုက္ခမပေးနိုင်အောင် မဟာသမယသုတ်ကိုပူဇော်ပါ


ရောဂါဆိုးဒုက္ခမပေးနိုင်အောင် မဟာသမယသုတ်ကိုပူဇော်ပါ
မဟာသမယသုတ်နှင့် ကပ်ရောဂါ ဘေးဆိုး

မဟာသမယသုတ် ကို ရွတ်ဖတ် ပူဇော် ပါက”ဒေဝတာနံံ = နတ်တို့သည် ၊ ပီယံ = ချစ်အပ်၏ ။မနာပံ = စိတ်ကိုပွားစေတတ် ၏(ဝါ)စိတ်ဖြင့်ရောက်အပ်၏။

ဤကဲ့ သို့ အဋ္ဌကထာဆရာ မိန့်ဆိုထား သောကြောင့် ကောင်းမြတ်သော မင်္ဂလာတရား များ ဖြစ်ပေါ်စေရန်”မဟာသမယသုတ်”ကို ရွတ်ဆို ရမည်။

နတ် တို့သည် =ချစ်အပ်သည်၏အဖြစ် ၊စိတ်ကိုပွားစေတတ်သည်၏အဖြစ်ကို ရစေနိုင်သော”မဟာသမယသုတ်တော်”ကိုရွတ်ဆို ပူဇော်ကြကုန်လော့

“မဟာသမယသုတ်တော်ကြီး ကို နာယူခွင့်ကြုံခဲ့ရတဲ့နတ်တွေ ဗြဟ္မာတွေက အဲ့ဒီတုံးက “ဘုရား ရဟန္တာတွေကို ရှိခိုးကြရတာကို ပြန်သတိရပြီး ဝမ်းမြောက်

ဝမ်းသာဖြစ်ကြလိမ့်မည် “သူတို့တွေ ဝမ်းမြောက် ဝမ်းသာဖြစ်ကြတာနဲ့အမျှ ဒီလိုကုသိုလ်တွေကိုပြန်လည်သတိရစေတဲ့ …

ဗုဒ္ဓဘုရားရှင်ရဲ့”မဟာသမယသုတ်”တော်ကြီးကို ရွတ်ဆိုပွားများကြတဲ့ ပုဂ္ဂိုလ်အားလုံးကိုလည်း ကျေးဇူးတတင်နဲ့ ကူညီကြမည်မှာ သေချာလှပါသည် ။

ဒီလိုမျိုး နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့ကကိုယ့်နီး ပတ်ဝန်းကျင်မှာ ဝန်းရံစောင့်ရှောက်ကြမယ်-ဆိုရင်၊ ဘေးဆိုး ၊ အန္တရာယ်ဆိုး ၊

ရောဂါဆိုးအပါဝင်မကောင်းတဲ့အရာ အားလုံး ကိုယ့်ကို ဒုက္ခပေးနိုင်တော့မှာ မဟုတ်ပေ ။

အခုလို ( ကိုဗစ် – ၁၉ ) ရောဂါဆန်းဆန်းပြားပြားတွေဒုက္ခပေးနေတဲ့အချိန်မှာ ” မဟာသမယသုတ်”တော်” ရတနသုတ်”တော်

“မေတ္တသုတ်”တော်တို့ကို ရွတ်ဆို ပွားများကာသစ္စာ , မေတ္တာတို့၏ တန်ခိုးတော် ၊ အစွမ်းသတ္တိတို့ကိုခံယူတော်မူကြကုန်လော့ ။

ကမ္ဘာမြေကြီးမြန်မြန်နေကောင်းစေရန်သစ္စာဓိဋ္ဌာန်ပြုကြပါရန် “ဓမ္မမိတ်ဆွေ”များကိုအလေးအနက် တိုက်တွန်းအပ်ပါတယ်။

(ကမ္ဘာမြေကြီးမြန်မြန်နေကောင်းပါစေ)

26.8.2020.ဗုဒ္ဓဟူးနေ့Thi Lar Nanda

Zawgyi

ေရာဂါဆိုးဒုကၡမေပးႏိုင္ေအာင္ မဟာသမယသုတ္ကိုပူေဇာ္ပါ
မဟာသမယသုုတ္ႏွင့္ ကပ္ေရာဂါ ေဘးဆုိး
မဟာသမယသုုတ္ ကုိ ရြတ္ဖတ္ ပူေဇာ္ ပါက”ေဒဝတာနံံ = နတ္တုိ႔သည္ ၊ ပီယံ = ခ်စ္အပ္၏ ။မနာပံ = စိတ္ကုိပြားေစတတ္ ၏(ဝါ)စိတ္ျဖင့္ေရာက္အပ္၏။

ဤကဲ့ သုိ႔ အ႒ကထာဆရာ မိန္႔ဆုိထား ေသာေၾကာင့္ ေကာင္းျမတ္ေသာ မဂၤလာတရား မ်ား ျဖစ္ေပၚေစရန္”မဟာသမယသုတ္”ကုိ ရြတ္ဆုိ ရမည္။

နတ္ တုိ႔သည္ =ခ်စ္အပ္သည္၏အျဖစ္ ၊စိတ္ကုိပြားေစတတ္သည္၏အျဖစ္ကုိ ရေစႏုိင္ေသာ”မဟာသမယသုတ္ေတာ္”ကုိရြတ္ဆုိ ပူေဇာ္ၾကကုန္ေလာ့

“မဟာသမယသုတ္ေတာ္ႀကီး ကုိ နာယူခြင့္ၾကံဳခဲ့ရတဲ့နတ္ေတြ ျဗဟၼာေတြက အဲ့ဒီတုံးက “ဘုရား ရဟႏၲာေတြကုိ ရွိခုိးၾကရတာကုိ ျပန္သတိရၿပီး ဝမ္းေျမာက္

ဝမ္းသာျဖစ္ၾကလိိမ့္မည္ “သူတုိ႔ေတြ ဝမ္းေျမာက္ ဝမ္းသာျဖစ္ၾကတာနဲ႔အမွ် ဒီလုိကုသုိလ္ေတြကုိျပန္လည္သတိရေစတဲ့ …

ဗုုဒၶဘုရားရွင္ရဲ႕”မဟာသမယသုတ္”ေတာ္ႀကီးကုိ ရြတ္ဆုိပြားမ်ားၾကတဲ့ ပုဂၢဳိလ္အားလုံးကုိလည္း ေက်းဇူးတတင္နဲ႔ ကူညီၾကမည္မွာ ေသခ်ာလွပါသည္ ။

ဒီလုိိမ်ိဳး နတ္ျမတ္ နတ္ေကာင္း နတ္အေပါင္းတုိိ႔ကကုိယ့္နီး ပတ္ဝန္းက်င္မွာ ဝန္းရံေစာင့္ေရွာက္ၾကမယ္-ဆုိရင္၊ ေဘးဆုိး ၊ အႏၲရာယ္ဆုိး ၊

ေရာဂါဆုိးအပါဝင္မေကာင္းတဲ့အရာ အားလုံး ကုိယ့္ကုိ ဒုကၡေပးႏုိင္ေတာ့မွာ မဟုတ္ေပ ။

အခုလုိ ( ကုိိဗစ္ – ၁၉ ) ေရာဂါဆန္းဆန္းျပားျပားေတြဒုကၡေပးေနတဲ့အခ်ိန္မွာ ” မဟာသမယသုတ္”ေတာ္” ရတနသုတ္”ေတာ္

“ေမတၱသုတ္”ေတာ္တုိ႔ကုိ ရြြတ္ဆုိ ပြားမ်ားကာသစၥာ , ေမတၱာတုိ႔၏ တန္ခိုးေတာ္ ၊ အစြမ္းသတၱိတုိ႔ကုိခံယူေတာ္မူၾကကုန္ေလာ့ ။

ကမ႓ာေျမႀကီးျမန္ျမန္ေနေကာင္းေစရန္သစၥာဓိိ႒ာန္ျပဳၾကပါရန္ “ဓမၼမိတ္ေဆြ”မ်ားကုိအေလးအနက္ တုိက္တြန္းအပ္ပါတယ္။

(ကမ႓ာေျမႀကီးျမန္ျမန္ေနေကာင္းပါေစ)

26.8.2020.ဗုဒၶဟူးေန႔Thi Lar Nanda

No comments:

Post a Comment