Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label ကျောင်းသားလှုပ်ရှားမှု. Show all posts
Showing posts with label ကျောင်းသားလှုပ်ရှားမှု. Show all posts
Friday, December 28, 2018
မန္တလေးတိုင်းမှာကျောင်းသားတွေမကြာခဏအသတ်ခံရလို့ ကျောင်းသားသမဂ္ဂကလုံခြုံရေးတောင်းဆို
မန္တလေးတိုင်းတွင် အသတ်ခံလိုက်ရသော တက္ကသိုလ်ကျာင်းသား ၃ ဦး / Photo-Ye Myo Swe(ABFSU)
မန္တလေးတိုင်းမှာ ၆ လအတွင်း တက္ကသိုလ်ကျောင်းသား ၃ ယောက်အသတ်ခံလိုက်ရတဲ့အတွက် ကျောင်းပရဝုဏ်တွေမှာ လုံခြုံရေးကောင်းအောင်စီစဉ်ပေးဖို့ ကျောင်းသားတွေတောင်းဆိုနေကြ ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ ကျောက်ဆည်တက္ကသိုလ်ကျောင်းသား ကိုထက်လင်းသန့် ဟာ တယ်လီဖုန်းအလုခံရပြီး ဓားထိုးအသတ်ခံလိုက်ရပါတယ်၊၊ သြဂုတ်လ ၂၉ ရက်နေ့မှာတော့  ဆိုက်ဘာစီးတီး တက္ကသိုလ်ကျောင်းသား ကိုနေမင်းထက်ဟာ မော်တော်ဆိုင်ကယ်အလုခံရပြီးအသတ်ခံရလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတော့ ရတနာပုံတက္ကသိုလ်က ကုန်ထုတ်ဓာတု နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်း အသတ်ခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်အတွက် ထပ်တူဝမ်းနည်း ကြေကွဲရတဲ့ အကြောင်းကြားစာကို ပညာရေးဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဦးဝင်းမော်ထွန်းက ဒီဇင်ဘာလ ၂၆ ရက်နေ့စွဲနဲ့ ကိုစိုးမိုးဟိန်းရဲ့မိဘတွေဆီပေးပို့ခဲ့ပါတယ်။
ကျောက်ဆည်ကျောင်းသားအသတ်ခံရမှုမှာတော့ တရားခံ ၃ ယောက်မှာ တယောက်ကိုထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ကျန်တဲ့ ၂ ယောက်ကို ထောင် ၁ဝ နှစ်စီချလိုက်တယ်လို့ ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့ချုပ်က ကိုရဲမျိုးဆွေကပြောပါတယ်။ ဆိုက်ဘာစီးတီး ကျောင်းသားအသတ်ခံရတဲ့အမှု မှာ တရားခံ ၅ ယောက်ပါပြီး၊ အဲဒီထဲက ၄ ယောက်ပဲမိထားပါတယ်၊ ၁ ယောက်လွတ်နေသေးတယ်လို့ ပြောပါတယ်။
အခုနောက်ဆုံးဖြစ်တဲ့ ကုန်ထုတ်ဓာတုနောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံရတဲ့အမှုမှာ ပတ်သက်တဲ့သူ ၄ ယောက်ရှိတယ်လို့ သူနဲ့အတန်းဖော်သူငယ်ချင်းတယောက်ကပြောပါတယ်။ ဒါပေမယ့် ခုချိန်ထိ တရားခံတယောက်မှမမိသေးဘူးလို့လဲ သမဂ္ဂခေါင်းဆောင် ကိုရဲမျိုးဆွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရဲစခန်းကိုဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ဒီလို ကျောင်းသားတွေမကြာခဏ အသက်အန္တရာယ်ကျနေတဲ့အတွက် မြို့စွန်မှာတည်ဆောက်ထားတဲ့ ကျောင်းတွေကို လုံခြုံရေးပိုယူပေးဖို့၊ ဒါမှမဟုတ် မြို့တွင်းကကျောင်းတွေနဲ့ပေါင်းပေးဖို့ ရတနာပုံ တက္ကသိုလ် ဗကသများအဖွဲ့ချုပ်က မကြာခဏဆန္ဒပြတောင်းဆိုနေပေမယ့် မန္တလေးတိုင်းအစိုးရက လျစ်လျူရှုထားတယ်လို့ ကိုရဲမျိုးဆွေကပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
ကျောင်းတွင်း လှုပ်ရှားမှု ပြုလုပ်မည့် ရတနာပုံ ဗကသ ကျောင်းသား (၃) ဦးအား ဖမ်းဆီးခေါ်ဆောင်
ဒီဇင်ဘာ ၂၈
မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်အတွင်း နှင့် တက္ကသိုလ်ပတ်ဝန်းကျင် လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ ကျောင်းတွင်း လှုပ်ရှားမှု ပြုလုပ်မည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကျောင်းသား (၃) ဦးအား ဒီဇင်ဘာ (၂၈) ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ကျောင်းတွင်း လှုပ်ရှားမှုပုံစံမှာ "မန္တလေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ကွယ်​လွန်​သူ (ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​) (လျှပ်​စစ်​နှင့်​လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦးဇာနည်​​အောင်​)နှင့်​ လုံခြုံ​ရေးနှင့်​နယ်​စပ်​​ရေးရာဝန်​ကြီး (ဗိုလ်​မှူးကြီး ဦး​ကျော်​​ကျော်​မင်း)၊ ပြည်​ထဲ​ရေးဝန်​ကြီး (ဒုတိယဗိုလ်​ချုပ်​ကြီးဦး​ကျော်​​ဆွေ) ရတနာပုံတက္ကသိုလ်​ ​ကျောင်းအုပ်​ချုပ်​​ရေးအဖွဲ့မှ ကွယ်​လွန်​သူ (ပါ​မောက္ခချုပ်​​​ဒေါက်​တာ​မောင်​​မောင်​နိုင်​)တို့အား နာရေးပို့ဆောင်ခြင်း" ဟူ၍ ဖြစ်သည်။
"နေ့ခင်းကြီးမှာ လှုပ်ရှားမှု လုပ်မလို့ရှိသေးတယ် ။ ကျောင်းတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကလူတွေ တားတား ဖမ်းဖမ်းနဲ့ ဖမ်းသွားတာ " ဟု ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီ မှ ကိုဖုန်းမြင့်ကျော် က ပြောသည်။
ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ တို့အား အမှတ် (၁၀) စခန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ရတနာပုံ ဗကသ အနေဖြင့် သန့်ရှင်းရေး နှင့် လုံခြုံရေး ဝန်ထမ်းများ တိုးမြှင့်ချထားရေးအတွက် အကြိမ်ကြိမ် တောင်းဆိုမှုများလုပ်ဆောင်နေသော်လည်း သက်ဆိုင်ရာ ဖြေရှင်းပေးခြင်းမရှိသေးကြောင်း သိရသည်။
နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
Sunday, January 28, 2018
ကျောင်းထုတ်ခံရတဲ့ကျောင်းသား ၃၆ယောက်နှင့် တက္ကသိုလ်ကောလိပ်အမည်များ
ရတနာပုံတက္ကသိုလ်မှ
ကျောင်းထုတ်​ ခံရတဲ့ ​ကျောင်းသား ၁၄​ယောက်​--------
၁။ကို​​ကျော်သီ​ဟရဲေ​ကျာ်
၂။ကိုရဲမျိုး​ဆွေ
၃။ကိုမျိုးသူရ
၎။ကိုဘုန်းမြင့်​​ကျော်
၅။ကိုနိုင်​လင်း​အောင်
၆။ကို​အောင်​ပြည့်​ဖြိုး
၇။ကိုရဲရင့်​​အောင်
၈။ကိုမင်းခန့်​စိုး
၉။ကိုမင်းသူဟိန်း
၁၀။မအင်​ကြင်းကိုကို
၁၁။မ​အေးမြငြိမ်း
၁၂။မမြတ်​ဆုဆု​အောင်
၁၃။မအိ​​ရွှေစင်
၁၄။မမြင့်​မြင့်​​မော်
ရမည်းသင်းနည်းပညာတက္ကသိုလ်မှ ကျောင်းထုတ်ခံရသောကျောင်းသား၁၁ယောက်------
၁။ ရာဇာထွန်း
၂။ သီဟဇော်
၃။ အောင်မြတ်သူ
၎။ အောင်သူဝင်း
၅။ တေဇာဟိန်း
၆။ သျှားမြတ်အောင်
၇။ ကျော်သူအောင်
၈။ ကျော်သက်ဖြိုး
၉။ ရဲမာန်ဦး
၁၀။ ဇွဲသွန်အောင်
၁၁။ ဝင်းမိုးကျော်
မိတ္ထီလာနည်းပညာတက္ကသိုလ်​ ၁ယောက်
---------
၁။ ကိုပြည့်​စုံ
မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဗကသကျောင်းသား ၆ယောက်
----------
၁။ကို​အောင်​​ကျော်​ဟိန်း
၂။ကိုဇင်​မင်းသန့်
၃။ကိုဇင်​မင်းထွန်း
၎။ကိုတိုက်​​ထွေး
၅။မစုလှိုင်​ဝင်း
၆။မခင်​ရတနာ
မိုးညှင်းဒီဂရီ​ကောလိပ်​က ​ကျောင်းသား​ ၄ယောက်
၁။မမြတ်​နိုး
၂။မစုလှိုင်​၀င်း
၃။ကို​နေမင်းခ
၎။မသွန်းမှုံခ
#copy
Friday, August 4, 2017
ဒဂုံတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု
အခုဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ လတ်တလောလှုပ်ရှားမှုတွေကိုတွေ့တော့ ၉၆ဒဂုံတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဒကသ)ဖွဲ့စည်းရာမှာထဲထဲဝင်ဝင်ပါဝင်ခဲ့သူအနေနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာဒဂုံတက္ကသိုလ်ကျောင်းသားတွေတထောင့်တနေရာကပါဝင်ခဲ့တဲ့သမိုင်းကိုပြန်အမှတ်ရမိတယ်။ ဗ မူ ၅ချက်အပေါ်မှာရပ်ခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး၊ဒီမိုကရေစီရေး၊ ကျောင်းသားထုညီညွတ်ရေးလမ်းကြောင်းအတိုင်းလျှောက်ခဲ့ကြတဲ့သမိုင်းပါ။ မူမဲ့သမိုင်းဟုတ်ပါဘူး။ဒီသမိုင်းနဲ့ပတ်သက်လို့ ထောင်ကိုးရာကိုးဆယ့်ခြောက် သို့မဟုတ် ပျောက်ဆုံးနေသောသက္ကရာဇ် စာအုပ်၊အိုးဝေမဂ္ဂဇင်း၊ ၉၆ လှုပ်ရှားမှု နှစ် ၂၀မဂ္ဂဇင်းတွေမှာဖော်ပြခဲ့တဲ့ ကျနော့်ရဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုဆောင်းပါးကို ပြန်တင်လိုက်ပါတယ်။ မဖတ်ဖူးသေးတဲ့သူတွေ၊စိတ်ဝင်စားတဲ့သူတွေအတွက်ပါ။
ဘုန်း သက် ပိုင်
https://www.facebook.com/phonethetpaing.817/posts/1480339185379947
Thursday, July 27, 2017
ကျွန်တော်တို့ တကယ်နိုင်ရဲ့လား
ကျွန်တော်တို့ တကယ်နိုင်ရဲ့လား
ဒီမေးခွန်းကို ၂၀၁၅ မတ်လကအဖြိုခွင်းခံလိုက်ရတဲ့ ပညာရေးပြုပြင် ပြောင်းလဲရေးသပိတ်အပြီးမှာ ခဏခဏပိုမေးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သပိတ်ကို ဦးဆောင်တဲ့ကျောင်းသားခေါင်းဆောင်တွေ နဲ့အတူ ၀န်းရံသူတွေပါအဖမ်းခံရသည့်တိုင် ကျောင်းသားတွေနိုင်တယ်လို့ ခွပ်ဒေါင်းအလံနဲ့ဖိုတိုရှော့စာလုံးတွေရေးခဲ့ကြတယ်။ ကျောင်းသားတွေနိုင်တယ်ပေါ့။ တကယ်နိုင်ရဲ့လား မညှာတမ်း ကျွန်တော်မေးဖြစ်တယ်။ ဘယ်ဟာနိုင်တာလဲ ဘာအကျိုးအမြတ်နိုင်တာလဲ မေးတော့ အကုန်လုံးနီးပါးပြန် ဖြေကြတာက အစိုးရမျက်နှာဖုံးကို ခွာချပြနိုင်တယ်လို့ပြန်ဖြေကြတယ်။ အမှန်တော့ အဲ့ဒီအဖြေက လုံလောက်တဲ့အဖြေမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ ဒီမျက်နှာဖုံးက ခွာချပြစရာမလိုအောင် လူတိုင်းသိ ပြီးသား အယောင်ဆောင်မျက်နှာပါပဲ။ ကျွန်တော့်အမြင်အရ ငါတို့ရှူံးတယ်လို့ ရဲရဲမပြောရဲကြတာပါပဲ။ အရှူံး ကိုလက်မခံရဲတာပါပဲ။
ကျွန်တော်တို့ ရှင်သန်ခဲ့ရတဲ့ဝန်းကျင်က အရှူံးကိုဘယ်တော့မှ လက်မခံချင်တဲ့ဝန်းကျင် ရှူံးရင် ၀ိုင်းဝန်းနှိမ်ကြတဲ့ ၀န်းကျင်နဲ့ ကြီးပြင်းလာကြတော့ ရှူံးခဲ့ရင်တောင် မရှူံးပါဘူးဆိုတာကို ဆင်ခြေအမျိုးမျိုးနဲ့ ငြင်ဆန်တဲ့အလေ့အကျင်ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အရှူံးဟာ သင်ယူစရာသင်ခန်းစာထက် ရှက်စရာသင် ခန်းစာဖြစ်သွားခဲ့တယ်။ အဲ့ဒီဆင်ခြေက နေရာအမျိုးမျိုးမှာ နေ့စဉ်အသုံးပြုလာတယ်။ ပိုဆိုးတာက နိုင်ငံရေး မှာပါ အဲ့ဒီလိုသုံးလာကြတယ်။ ရှူံးရင် ဘာကြောင့်ရှုံးလဲဆိုတာကို ပြန်ဆင်ခြင်ရမယ့်အစား တစ်ခြားနည်း လမ်းတွေနဲ့ ဆင်ခြေပြန်ပေးကြတယ်။ လူထုကလည်း စစ်အာရှင်ကိုမုန်းလွန်းအားကြီးတော့ ဘာပြောပြော အလွယ်တကူနဲ့သာ ဟုတ်တယ်လို့ထောက်ခံလိုက်ကြတယ်။
ဘာကြောင့်အရှူံးလို့ပြောရသလဲ? ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ခဲ့သမျှပွဲတိုင်းမှာ နိုင်ငံရေးအရလှုပ်ရှားသူ ကျောင်းသား ပြည်သူ ရဟန်းတွေ အဖြိုခွဲခံရပြီး အဆက်ဆက်ထောင်ချခံရတယ်။ တော်တော်များများ မိသားစုလိုက် ဘ၀ပျက် သွားကြတယ်။ တစ်ချို့ကျဆုံးသွားကြတယ်။ မျိုးဆက်လိုက် ဒုက္ခရောက်ကြတယ်။ မိသားစုချင်းတောင် အဆက်အသွယ်မလုပ်ရဲလောက်အောင်အထိ ဖြစ်ခဲ့ကြတယ်။
အရှူံးဟာ သင်ခန်းစာလို့ဆိုပေမယ့် မကြာခဏရှူံးလာရင် စိတ်ခွန်အားကျလာတယ်။ အထူးသဖြင့် ယုံကြည် မှုလျော့တာ၊ ပိုပြီးဆိုးတာက ကိုယ့်ကိုထောက်ခံနေတဲ့ လူထုက ယုံကြည့်မှုနည်းပြီးထောက်ခံအားကျလာ တာပါပဲ။ မတ်လ ကျောင်းသားဖြိုခွင်းမှုကိုကြည့်ရင် တော်တော်လေးသတိထားမိကြမှာပါ။ ဘယ်တုန်းကမှ မရခဲ့တဲ့ အချိန်လချီဆန္ဒပြပွဲကို တစ်ပြည်လုံးက ကျောင်းသားမိဘတွေဘယ်လောက်များထောက်ခံခဲ့ကြလို့ လဲ။ ကိုယ့်နိုင်ငံရေးလုပ်ဖော်ကိုဖက်တွေကတောင် မ၀ိုင်းဝန်းကျတဲ့အထိဖြစ်သွားရတယ်။ အကျိုးဆက်က တော့ လုပ်လည်းဘာမှမထူးပါဘူးကွာ ဆိုတဲ့အမြင်က လူတော်တော်များများမှာ ဖြစ်လာကြတာ မြင်နေရ ပါတယ်။ ကျောင်းသားတွေကြားမှာလဲ လူပေါ်လူဇော်လုပ်လွန်းတယ် နေရာတကာပါတယ်ဆိုတဲ့အမြင်မျိုး အထိကိုဖြစ်သွားတယ်။ အရင်တုန်းက ကျောင်းသားဆိုတာ ထိရင်အကုန်နီးပါးလိုက်နာတတ်တဲ့အမျိုးကနေ သူတို့ကိုထိတာ ငါတို့နဲ့မဆိုင်ဘူးအထိဖြစ်သွားရတယ်။
နှစ်တွေကြာလာတဲ့ တော်လှန်ရေးဟာ ကိုယ့်လူအချင်းချင်းကိုလည်း ကွဲထွက်သွားစေတယ်ဆိုတာ ကိုယ့်လူ တွေကောင်းကောင်းသိကြပါတယ်။ ပိုပြီးဆိုးတာက အရင်က တစ်စုတစည်းတည်းဖြစ်ခဲ့တဲ့ ပြည်သူတွေပါ ကွဲကုန်ကြတယ်။ အကျိုးဆက်ကတော့ ယုံကြည်မှုနည်းလာပြီး သံသယစဖြစ်လာတာပါပဲ။ အတိုက်အခံတွေ ကို အင်းတိုက်အားတိုက်ထောက်ခံတာဟာ အပြောင်းအလဲလုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ထောက်ခံနေ ရာကနေ စစ်အစိုးရကို မုန်းလွန်းလို့ နာကျည်းလွန်းလို့ ထောက်ခံတဲ့အခြေအနေအထိဖြစ်သွားတာဟာ ဒီမို ကရေစီအင်အားစုအတွက် ရေရှည်မှာ ကောင်းတဲ့လက္ခဏာမဟုတ်ပါ။
NLD အစိုးရဖြစ်လာတာ (အာဏာရလာတာမဟုတ်)တစ်နှစ်ကျော်ပါပြီ။ သိသာထင်သာတဲ့ ပြောင်လဲမှုမျိုးမြင်ချင်တဲ့ ပြည်သူတွေအနေနဲ့ ဘာကိုမှ မယ်မယ်ရရမမြင်ရသေးပါဘူး.. အာဏာကို တစ်စိတ်တစ်ပိုင်းပဲရထားတာ လုပ်ပိုင်ခွင့်ပြည့်ပြည့်ဝဝမရသေးတာကြောင့် လုပ်ခွင့်ဘောင်ကျဉ်းလွန်းတာကို နားလည်ပေမယ့် ပြေလျော့ကျသွားတဲ့ စည်းလုံးမှုတွေကိုတော့ ပြန်လည်စုစည်းဖို့ အချိန်တန်ပြီထင်ပါတယ်။ ဒီမိုကရေစီလိုလားသူ အင်အားစုတွေဟာ အနိုင်ပြည့်ပြည့်ဝဝရထားတာမဟုတ်ပဲ စစ်တပ်အသိုင်းအဝိုင်းနဲ့ယှဉ်လိုက်ရင် နိုင်ငံရေး စီးပွားရေး ပညာရေး စသဖြင့် အစစအရာရာ ရှုံးနိမ့်နေတုနိးပဲဆိုတာ သဘောပေါက်ရင် အချင်းချင်း အာဃာဒတွေလျော့ပြီး ပြန်လည်စုစည်းကျပါဗျာလို့ မောင်ကြီးလက်တို့ ပါရစေ။
မောင်ကြီးအောက်ဆီဂျင်
Monday, April 17, 2017
ကျောင်းသားသမဂ္ဂများနှင့် အင်စကျူရှင်နယ်လိုက်ဇေးရှင်း(ခေါင်းဆောင်မှုနှင့် ကိုယ်စားပြု မှု)
ကျောင်းသားသမဂ္ဂများနှင့် အင်စကျူရှင်နယ်လိုက်ဇေးရှင်း(ခေါင်းဆောင်မှုနှင့် ကိုယ်စားပြု မှု)
မနှစ်က ဒီနေ့မှာရေးထားတာလေးပါ
၁။ Situitional Leadership သဘောကို နဲနဲ ပြောကြည့်ပါမယ်။ စကားကြီးကြီးပြောရရင် သမိုင်းအရ လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်မှုမျိုးပါ။ ဦဆောင်နိုင်စွမ်းရှိမယ် ပြောတတ်ဆိုတတ်စည်းရုံးတတ်မယ် အဆက်အသွယ်ကျယ်ပြန်မယ် ဆိုရင် လုပ်ဖေါ်ကိုင်ဖက်များက သူကိုခေါ်င်းဆောင်နေရာပေးတတ်ကြပါတယ်။ (တခါတလေ မိသားစုအစဉ်အလာကြောင့်လည်း နေရာပေးခံရတတ်ပါတယ်)
ဒီသဘောက Legally ကိုယ်စားပြုရွေးချယ်ခံရမှုထက် Morally အသိမှတ်ပြုမူသဘောများပါတယ်။ ကျွန်တော်တို့ ကျောင်းသားခေါင်းဆောင်များရဲ့ဖြစ်တည်မှုဟာဒီသဘောအတိုင်းပါ။
၂။ ကျောင်းသားသမဂ္ဂ တွေ ပြန်လည်ဖွဲ့ စည်းတော့ မယ်ဆိုရင် ကိုယ်စားပြု ခေါင်းဆောင်မှုဓလေ့ ကို မြင့်တင်ရပါတော့ မယ်။ အဲ့ ဒီအခါလက်ရှိကျောင်းသားခေါင်းဆောင်တွေအနေနက် Leadership transfer ဘယ်လို့ လုပ်မလဲဆိုတာကို စဉ်းစားထားရပါမယ်။ မိမိကိုယ်တိုင် ကျောင်းသားဖြစ်ဆဲ သမဂ္ဂမှာလည်းဆက်လုပ်ချင်သေးရင်လည်း မိမိကိုယ် မိမိပြန်လည်နေရာချဖို့ လိုပါမယ်။ ဒီနေရာမှာ့ ခေါင်းဆောင်မှုကို နဲနဲ ပြောပါမယ်။
၃။ Leadership ဆိုတာ ခေါင်းဆောင်တယောက်ရဲ့ ရာထူး အာဏာ လုပ်ပိုင်ခွင့်ကို ဆိုလိုချင်တာမဟုတ်ပါဘူး။
ကိုယ်စားပြုခြင်း စုပေါင်းဆုံးဖြတ်ချက်များကို တာဝန်ခံခြင်း အဖွဲ ရဲ့ မူ လမ်းစဉ်များကို အကောင်ထည်ဖေါ်နိုင်စွမ်းရှိခြင်း
အလုပ်တာဝန်ခွဲဝေလုဆောင်စေခြင်း စတဲ့ အင်စတီကျူးရှင်း ဖန်းရှင်းနင်းဖြစ်အောင်(တွံတေးတွေစင်ပီး ရေပြွှတ်တွေဖျစ်ကုန်ပီ) ဦးဆောင်ပေးရတဲ့
အရာပါ။ ဆိုလိုချင်တာက ကျောင်းသားသမဂ္ဂများမှာ ခေါင်းဆောင်တစ်ဦးချင်းတည်ဆောက်မှုထက်ခေါင်းဆောင်မှုပျိုးထောင်မှုလိုအပ်လာမှာပါ။
၎။ အ.က.သ ဥပမာလေးပေးချင်လို့ပါ။ ၈၈ အဏာသိမ်းပီးတော့  အခြား နောင်တော် ဗ.က.သ။ ရ.က.သ ။ များနည်းတူ အခြေခံပညာကျောင်းသားများ သမဂ္ဂများ လည်း ဒီမိုကရေစီရေးအတွက် ဆက်လက်လှုပ်ရှားမှုတွေရှိခဲ့ ပါတယ်။ လှုပ်ရှားရင်း တွေဆုံညီနိုင်းရင်းနဲ့ ရန်ကုန်ဘက်ခြမ်းမှာ ကိုမင်းဇင် တို့  ရန်ကုန်ခရိုင်နဲ့  ကိုသီဟ တို့ ဦးဆောင်တဲ ရန်ကုန်တိုင်း အ.က.သ ဆိုပီး အဓိက အဖွဲ့ နှစ်ဖွဲ့ စုစုစည်းသည်းနဲ့ ပေါ်ထွက်လာပါတယ်။ ဟံသာဝတီခရိုင်ဘက်မှာ ကိုရန်အောင်စိုးနဲ့ ကိုကျော်ဇေယျ (နောက် YIT) တို့ ဦးဆောင်ပါတယ်။ ပထမမှာ အ.က.သ ကို မင်းဇင် အ.က.သ သီဟ အ.က.သ ဆိုပီးကျောင်းသားထုကြားထဲ သတ်မှတ်ခေါ်ဆိုမှုတွေရှိခဲ့ ပါတယ်။ ကျွန်တော်တို့ ညိနိုင်းတိုင်ပင်ဆွေးနွေးရင် ၁၉၈၉ နှစ်လယ်ပိုင်းလောက်မှာ ရန်ကုန်တိုင်းညီလာခံလုပ်ပါတယ်။ မြိုနယ်နှစ်ဆယ် ခြောက်မြို့ နယ်က ကိုယ်စားလှယ်တွေတက်ပါတယ်။ တိမ်းရှောင် ကျောင်းသားခေါင်းဆောင်းတွေလည်းပြန်လည်ပါဝင်လာပါတယ်။ ဖွဲ့ စည်းပုံကို Collective leadership ပုံစံနဲ့  ဗဟိုဦးဆောင်အဖွဲ့ အတွင်းရေးမူးအဖွဲ့ နဲ့  ဆပ်ကော်မတီတွေကို ဒီမိုကရေစီနည်းကျဖွဲ့ စည်းဆောင်ရွက်နိုင်ခဲ့ ပါတယ်။ (ကိုသီဟ မင်းဇင် ရဲတေဇ နေလင်း ဇေယျာဝင်း ကိုကိုလတ် သက်ဝင်းအောင် ဇေယျာကြီး ကိုမြင့် ခင်ချိုမြင့် ရန်အောင်စိုး သိန်းထွန်းကျော် ကိုညီလှိုင် ရဲမော်ထူး ရဲကျော်စွာ တို့ ဟာ အကသ မှာ ထင်ရှားတဲ့  ခေါင်းဆောင်များဖြစ်ပါတယ်။ အားလုံးရဲ့ အဲဗရိတ်အသက်ဟာ ၁၄-၁၆ ကြားဖြစ်ပါတယ်။ နာမည်ကျန်ခဲ့ လည်းခွင်လွတ်။ မှားရင်လည်းပြင်လိုက်။ သမိုင်းရေးတာမဟုတ်။ )
လူဘောင်သစ်နောက်ဆုံးဥက္ကဌ ဗူးသီး (ကိုမြင်ဇော်) တောမခိုခင်မှာ နိုင်လုံးဆိုင်ရာ အ.က.သ ဖြစ်ဖို့ အထိကျိုးပန်းခဲ့ ပါတယ်။
ဒီနေရာမှာပြောချင်တာက Figure Head လို့ ခေါ်တဲ့ နာမည်ရှိတဲ့ သူ ဦးဆောင် အခြေအနေကနေ အင်စတီကျူးရှင်းနဲ့ ဆိုင်တဲ့  Leadership ပုံစံကိုရွှေ့ ဖို့ပါ။ ဒီပုံစံက ခေါ်င်းဆောင်မရှိလည်း အဖွဲ့ အစည်းက သူ့ ရည်ရွယ်ချက်အတိုင်း ဆက်လက်ဖေါ်ဆောင်နိုင်မှာပါ။
၅။ သမဂ္ဂများမှာ ခေါင်းဆောင်မှုပျိုးထောင်ရေးကို စနစ်တကျ ဆောင်ရွက်ရဦးမှာပါ။
Respect U All
Brang Yae Htut
Friday, December 2, 2016
အနှစ်နှစ်ဆယ်
အဲဒီနေ့ မနက် ရှစ်နာရီလောက် ကျွန်တော် ကျောင်းကိုရောက်တော့ သောကြာနေ့မို့ ခါတိုင်းနေ့တွေ ထက်ကို ပိုပြီး ကျောင်းမှာ လူရှင်းနေတယ်။
ရောက်ရောက်ချင်း ကျောင်းပေါ် မတက်သေးဘဲ ကင်တင်းဘက်ကို ဆင်းခဲ့တယ်။
ပြီးတော့ ကင်တင်းဘယ်ဘက် ဆင်းဆင်းချင်းက Mini Hi မှာ ကျွန်တော် တစ်ယောက်တည်း ခဏထိုင်ပြီး လက်ဖက်ရည် သောက်တယ်။
ပြီးတော့ ကျွန်တော် ကျောင်းပေါ် ပြန်တက်လာပြီး ဒီနေ့ ဒုတိယနှစ် B ခန်းက ကျွန်တော်ပါတဲ့ အုပ်စု Workshop ပရက်တီကယ် လုပ်ရမှာမို့ ကျောင်းပေါ် မတက်တော့ဘဲ ဟိုးကျောင်းနောက်က workshop ခန်း ဘက် ထွက်လာခဲ့တယ်။
workshop ခန်းကို ရောက်တော့ ကျွန်တော် နဲ့ တစ်အုပ်စုတည်း ဖြစ်တဲ့ မြဒီပါထွန်း ကြိုရောက်နေတာ တွေ့တယ်။
ကျွန်တော် မြဒီပါထွန်း နဲ့ ခဏ စကားပြောပြီး လူစုံလာတာနဲ့ ဒီနေ့ ကျွန်တော်တို့ လုပ်ဖို့ အလှည့်ကျတဲ့ 'ပန်းပဲ' လုပ်ဖို့ workshop ခန်းထဲ ဝင်ခဲ့တယ်။
ဆယ့်တစ်နာရီ ထိုးခါနီးလောက်ကျမှ ကျွန်တော်တို့ လုပ်စရာရှိတာ အားလုံး အပြီးသတ်ပြီး workshop လုပ်နေတာကို ကြီးကြပ်တဲ့ ဆရာ့ကို နှုတ်ဆက်ပြီး ပြန်ထွက်လာကြတယ်။
ပြီးတော့ ကျွန်တော် ကျောင်းပေါ် ပြန်တက်လာခဲ့တယ်။
နေ့လယ်ရောက်တော့ ကင်တင်း ပြန်ဆင်းသွားပြီး အတန်းပြီးလို့ ဆင်းလာတဲ့ ကျွန်တော်တို့ ဒုတိယနှစ် အခြားအတန်းက သူငယ်ချင်း တွေနဲ့ အတူတူ ထမင်းစားတယ်။
နေ့လယ် နှစ်နာရီ လောက်ကျတော့ ဒီနေ့အဖို့ ကျွန်တော့်အတွက် တက်ဖို့ အတန်း မရှိတော့တာမို့ ကျွန်တော် အိမ်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်တော် မသိတာ တစ်ခုပဲ ရှိတယ်...
အဲဒီနေ့ဟာ ကျွန်တော့်အတွက် ရန်ကုန် စက်မှုတက္ကသိုလ် မှာ ကျောင်းသားတစ်ယောက် အဖြစ် နောက်ဆုံး တက်ရတဲ့ နေ့ ဖြစ်ခဲ့တယ်။
သိကြတဲ့အတိုင်း နောက်အပတ် တနင်္လာနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျွန်တော်တို့ ကျောင်းက စတင်ပြီး နောင်မှာ '၉၆ ကျောင်းသား အရေးတော်ပုံ' လို့ အမည်တွင်မယ့် ကျောင်းသား အရေးအခင်း ဖြစ်ခဲ့တယ်။
ဒီဇင်ဘာလ ၂ ရက်နေ့ ကနေ ဒီဇင်ဘာလ ၆ရက်နေ့ သောကြာနေ့ အထိ တစ်ပတ်လုံးလုံး အရေးအခင်း ဖြစ်ပြီး ဒီဇင်ဘာလ ၇ ရက်နေ့ ညသန်းခေါင်ကျော် နှစ်နာရီ နဲ့ သုံးနာရီ ကြားလောက်မှာ လှည်းတန်းလမ်းဆုံ မှာ မီးသတ်ကားတွေ လုံထိန်းတွေနဲ့ ဖြိုခွဲခံရပြီး အရေးတော်ပုံ နိဂုံးချုပ်သွားခဲ့တယ်။
ပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ကစပြီး မြန်မာနိုင်ငံ တဝှမ်းလုံးက တက္ကသိုလ် အားလုံး ကို ရက်အကန့်အသတ် မရှိ ပိတ်လိုက်တယ်။
၁၉၉၇ နှစ်လယ်လောက် ရောက်တော့ ၉၆ ဒီဇင်ဘာ အရေးတော်ပုံ မှာ ပါဝင်ခဲ့တဲ့ ကိုစိုးထွန်း အပါအဝင် ခေါင်းဆောင်ပိုင်း နဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားတွေ အဖမ်းခံရတယ်။
ပြီးတော့ အခြေအနေတွေ ပြန်ငြိမ်သက်သွားတယ်။
ပြီးတော့ ၁၉၉၈ မေလ လောက်ကနေ စက်တင်ဘာလ အထိ ကျွန်တော်တို့ ကျောင်းက အတန်းတွေကို သုံးသုတ်ခွဲပြီး စာမေးပွဲ စစ်တယ်။
ပထမအသုတ် အနေနဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေကို ဆယ်ရက် စာသင်ပြီး အတန်းတင်စာမေးပွဲ စစ်တယ်။
ဒုတိယအသုတ် အနေနဲ့ စတုတ္ထနှစ် နဲ့ ပဉ္စမနှစ် ကျောင်းသား တွေကို အထက်ကလိုပဲ စာမေးပွဲစစ်တယ်။
နောက်ဆုံး တတိယအသုတ် အနေနဲ့ ပထမနှစ်၊ ဒုတိယနှစ် နဲ့ တတိယနှစ် ကျောင်းသားတွေကို ဆယ်ရက်စာသင်ပြီး စာမေးပွဲ စစ်တယ်။
အဲဒီမှာပဲ စာမေးပွဲ စစ်ပြီးတာနဲ့ နောင်မှာ ကျောင်းပြန်ဖွင့်ရင် ကျောင်းတွေကို မြို့ပြင် ရွှေ့တော့မယ် ဆိုတာ သိနေတဲ့ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ 'ခုနစ်ရက် ပညာရေး' ကို ကန့်ကွက်တဲ့ ကျောင်းသားလှုပ်ရှားမှု ထပ်မံပေါ်ပေါက်တယ်။
ဒီတစ်ခါ လှုပ်ရှားမှု မှာတော့ အတန်းကြီးက အစ်ကိုကြီး တွေ မပါဝင်နိုင်တော့ဘဲ အတန်းငယ်တွေ ချည်း သက်သက် လှုပ်ရှားခဲ့ရတယ်။
၁၉၉၈ စက်တင်ဘာလ နှစ်ရက်နေ့ မနက် ကိုးနာရီ မှာ ကျွန်တော်တို့ရဲ့ သပိတ်တိုက်ပွဲ စတယ်....
ည ရှစ်နာရီခွဲ လောက်မှာ တိုင်ကြီး ၁၈တိုင်ရဲ့ အောက်မှာပဲ ကျွန်တော်တို့ရဲ့ သပိတ်တိုက်ပွဲ အဆုံးသတ်သွားတယ်။
စက်တင်ဘာလ ထဲမှာပဲ ကျွန်တော်တို့ စာမေးပွဲ ဖြေရပြီး ကျောင်းတွေ ပြန်ပိတ်သွားတယ်။
အောက်တိုဘာလ ထဲရောက်တော့ ပြီးခဲ့တဲ့ လ သပိတ်တိုက်ပွဲ မှာ ပါဝင်ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်း တွေ အပါအဝင် ကျောင်းက ပထမနှစ် ဒုတိယနှစ် နဲ့ တတိယနှစ် ကျောင်းသား ၂၁ယောက် အဖမ်းခံရတယ်။
တစ်လလောက်ကြာတော့ ကျောင်းသား ရှစ်ယောက် ကို ထောင်ဒဏ်ချမှတ်ပြီး ကျန်တဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးလိုက်တယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားစာရင်း ကတော့ အောက်ပါအတိုင်း ဖြစ်တယ်။
အောင်ကျော်ဖြိုး (ခ) ကြက်ဖကြီး (တတိယနှစ်၊မြို့ပြ)
ဇော်ကြီး (ပုပ္ပားဆောင်) ဖားအံ (တတိယနှစ်)
တင်အောင်မြင့် (အာခီ) (ဒုတိယနှစ်)
ရဲသူအောင် (ခ) ကလေးအဖေ (ဒုတိယနှစ်)
စိုင်းကျော်ညွန့် (ခ) ကလင်တန် (ဒုတိယနှစ်)
အောင်မြတ်သူ (ခ) အော်ကြီး (ဘီးလင်း) (ဒုတိယနှစ်)
လှိုင်မြတ် (ပထမနှစ်)
ကြည်သာထွန်း (ပထမနှစ်)
အဲဒီထဲက ကြည်သာထွန်း က အများဆုံး အနေနဲ့ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံရပြီး ၂၀၁၂ ခုနှစ်ကျမှ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လွတ်တယ်။
၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ကျတော့ ကျွန်တော်တို့ ရန်ကုန် စက်မှုတက္ကသိုလ် ကို ရန်ကုန် မှာ နေတဲ့ ကျောင်းသားတွေအတွက် ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ် အနေနဲ့ လှိုင်သာယာ မှာ ပြန်ဖွင့်တယ်။
နယ်မှာနေတဲ့ ကျောင်းသားအားလုံး ကိုတော့ ပြည် နည်းပညာတက္ကသိုလ် ဆိုပြီး ပြည်နားက လွင်တီးခေါင် တစ်နေရာကို ပို့လိုက်တယ်။
အဲဒီမှာပဲ ၂၀၀၀ ပြည့်နှစ် မတ်လ ၁၃ရက်နေ့ ဖုန်းမော်နေ့ မှာ ပြည်နည်းပညာ တက္ကသိုလ် မှာ ဆန္ဒပြပွဲ ဖြစ်ပွားတယ်။
အဲဒီ တစ်ရက်ကလေး နာရီပိုင်းလောက် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲ အတွက် ကျောင်းသား ၁၂ယောက် အဖမ်းခံရပြီး ထောင်ဒဏ် ချမှတ်ခံရတယ်။
အဲဒီကျောင်းသား တွေကို '၂၀၀၀ ဖုန်းမော် နိုင်ကျဉ်း' တွေလို့ ခေါ်တယ်။
အဲဒီ ကျောင်းသား အမည်စာရင်း ကတော့ အောက်ပါအတိုင်း ဖြစ်တယ်။
၂၀၀၀ ဘုန်းမော်နိုင်ကျဉ်းဟောင်းများ
၁။ စိုးမင်းနိုင် (ခ) ရခီး (3rd year, metal) (အင်းစိန်ထောင်)
၂။ အောင်ကျော်ဟိန်း (3rd year, EP) (သရက်ထောင်) ၃။ ဇော်မင်းထိုက်ကျော် (3rd year, metal) (အင်းစိန်ထောင်)
၎။ မြတ်သူ (4th year,civil) (အင်းစိန်ထောင်)
၅။ နေဇာဖြိုး (4th year, mechanical) (မော်လမြိုင်ထောင်)
၆။ ဥာဏ်လင်းမင်း (3rd year, aero) (သရက်ထောင်)
၇။ ဇော်မျိုးထွန်း (4th year, EC) (သရက်ထောင်)
၈။ မျိုးမင်းသန့် ခေါ် အော်ဂင်းနစ် (4th year, aero) (အင်းစိန်ထောင်)
၉။ ဇေယျာစိုး (ခ) ဘောကြီး (4th year, EP) (သရက်ထောင်)
၁၀။ ဖြိုးဝေ (4th year, EP) (သရက်ထောင်)
၁၁။ ညီညီမျိုး (4th year, mechanical) (အင်းစိန်ထောင်)
၁၂။ ထင်လင်းအောင် (တတိယနှစ်)
ဒီနေ့ဆိုရင် အနှစ်နှစ်ဆယ် ပြည့်ခဲ့ပါပြီ။
ဒုတိယကမ္ဘာစစ် လို အချိန်ကာလ ဖက်ဆစ်ဂျပန် တွေရဲ့ လက်အောက်မှာတောင် မပိတ်ခဲ့တဲ့ တက္ကသိုလ်ကြီး တွေကို သုံးနှစ်တိတိ ပိတ်ပစ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှူးပြုတဲ့ စစ်အာဏာရှင် တွေကို ဘယ်လို အမည်တပ်ပြီး ဘယ်လိုခေါင်းစဉ်အောက် ထည့်သွင်းရမယ် ဆိုတာ ကျွန်တော် ယနေ့အထိ စဉ်းစားမရပါ။
တက္ကသိုလ်ကျောင်း တွေကို မြို့ပြင်က လွင်တီးခေါင် ဖုန်းဆိုးမြေ တွေဆီ ရွှေ့ပစ်ခဲ့တဲ့ မြန်မာ စစ်အာဏာရှင် တွေရဲ့ လုပ်ရပ်မျိုး ကမ္ဘာ့ သမိုင်းစာမျက်နှာ မှာ တစ်နေရာမှာမှ မရှိပါ။
ဒီလို အင်မတန် ရက်စက်တဲ့ လုပ်ရပ်ကြီး အတွက် မြန်မာနိုင်ငံ ပညာရေး အသိုက်အမြုံကြီး တစ်ခုလုံး စတေးခဲ့ရတယ်....
ရဲဘော်တွေရဲ့ ဘဝတွေ စတေးခဲ့ရတယ်....
ဒီနေ့မှာ အနှစ်နှစ်ဆယ် ပြည့်ပါတယ်....
ဒါ့ကြောင့် ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ၁၉၉၆ ခုနှစ် ကနေ ၂၀၀၂ ခုနှစ် အထိ ကျောင်းသားဘဝ အတွေ့အကြုံ တွေကို စာရှုသူတွေ ဖတ်ဖို့ အရင်က မဇ္ဈိမ အင်တာနက် စာမျက်နှာမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေနဲ့ အခြား ကိုယ်တွေ့ကြုံရသူ တစ်ဦး ရေးခဲ့တဲ့ ဆောင်းပါး ကို စုစည်းပြီး ကျွန်တော် ပြန်လည် တင်ပြလိုက်ပါတယ်....
တင်အောင်မြင့် ရေ ... ပစိဖိတ် မှာ နွေ ပေါက်ပါပြီ... ပစိဖိတ် မှာ နွေ ရောက်ပါပြီ ... ပစိဖိတ် မှာ ပန်းတွေ ပွင့်ပါပြီ ... ပစိဖိတ် မှာ ပန်းတွေ ဝေနေပါပြီ...
ဘဝ မှာတော့ ပန်းတွေ မပွင့်ပါ ။ ။
ညိုထက်ညို
Saturday, April 9, 2016
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးရဲ့အမှုတွေ ရုတ်သိမ်းပေး
RFA Burmese
.............................................
သာယာဝတီ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဗကသကျောင်းသားတချို့ကို ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
မြန်မာနိုင်ငံမှာ သောကြာနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးရဲ့ အမှုတွေကို ပယ်ဖျက်ရုတ်သိမ်းပေး လိုက်တယ်လို့ အမည်မဖော်လို့တဲ့ ရဲအရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက် ပေါ်ထွက်လာပြီး တစ်ရက်အကြာ၊ သောကြာနေ့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၉၉ ဦးရဲ့အမှုတွေကို ရုတ်သိမ်းပေးလိုက်တာလို့ အမည်မဖော်လိုတဲ့ ရဲအရာရှိကြီးတစ်ဦးရဲ့ ပြောကြားချက်ကို AFP သတင်းတစ်ရပ်မှာ ဖော်ပြထားတာပါ။
နောက်ထပ်အမှုအများအပြားကို သင်္ကြန်တွင်းမှာ ပြန်လှန်သုံးသပ်ပြီးနောက် သင်္ကြန်ပိတ်ရက်အပြီး တရားရုံးတွေ ပြန်ဖွင့်တဲ့အခါ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာလိမ့်မယ်လို့လည်း အဲဒီရဲအရာရှိကြီးက ပြောဆိုပါတယ်။
RFA Burmese
http://www.rfa.org/burmese
Friday, April 8, 2016
မဖြိုးဖြိုးအောင် နဲ့ ဆက်သွယ် မေးမြန်း
..............................................
နန္ဒစစ်အောင်၊ ဖြိုးဖြိုးအောင် ၊ မင်းသွေးသစ် သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်။
ပညာရေးဆိုင်ရာ စနစ် ပြုပြင်ပြောင်းလဲရေးတွေ အတွက် ပြန်လည် လွတ်မြောက် လာကြတဲ့ ကျောင်းသားတွေ အနေနဲ့ ဆက်ပြီး ဆောင်ရွက်သွားကြမှာဖြစ်ပြီး၊ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး အတွက် ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်သွားမယ် လို့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ဗွီအိုအေကို ပြောပါတယ်။ မဖြိုးဖြိုးအောင်ဟာ ဗွီအိုအေရဲ့ ညပိုင်း အသံလွှင့်နေချိန် အထိ သာယာဝတီထောင်ရှေ့မှာ လွှတ်မိန့်ကို စောင့်နေရဆဲပါ။ အခုဆိုရင်တော့ မဖြိုးဖြိုးအောင်၊ မင်းသွေးသစ်နဲ့ နန္ဒစစ်အောင်စတဲ့ ကျောင်းသားခေါင်းဆောင်တွေ သာယာဝတီအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်သွားပြီဖြစ်ပါတယ်။
သူတို့ မလွတ်ခင် အချိန်ပိုင်းမှာ မဖြိုးဖြိုးအောင်ကို ရန်နိုင်က ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။
မဖြိုးဖြိုးအောင်။ ။ "မြို့နယ်တွေကနေပြီးတော့ ဥပမာ ကျမဆိုလို့ရှိရင် ကျမကို တရားစွဲထားတာ (၁၀) မြို့နယ် (၁၀) ရုံး ရှိပါတယ်။ အဲဒီ (၁၀) မြို့နယ် (၁၀) ရုံးကနေပြီးတော့ အခုဆိုရင် သာယာဝတီ တရားရုံးကနေပြီးတော့ လွှတ် ဝရမ်းပေးလိုက်တယ်။ ဒါပေမယ့် ရန်ကုန်က (၉) ရုံးရဲ့ လွှတ်ဝရမ်းကိုစောင့်ရတာ။ အဲ့လိုအနေအထားမျိုးပါ။ (၉) ရုံး စုံအောင် စောင့်နေရတယ်ပေါ့။ ကိုနန္ဒစစ်အောင်ဆိုလည်း သူ့ရဲ့ တရားစွဲဆိုခံထားရတဲ့ ရုံးတွေရဲ့ ဝရမ်းကို စောင့်ရတယ်။ ကိုမင်းသွေးသစ်ဆိုလည်း အလားတူပါပဲ။ တရားစွဲဆိုထားတဲ့ ရုံးတွေရဲ့ ဝရမ်းကို စောင့်ရတယ်ပေါ့။ အဲ့တာကြောင့် လွှတ်ဝရမ်းတွေကို စောင့်နေဆဲပါပဲ။ နောက်တခုက ကျမတို့ သိထားသလောက်ကတော့ ဒီထောင်ကို လာပို့တာ မဟုတ်ပဲနဲ့ အင်းစိန်ထောင်ကို ပဲ လွှတ်ဝရမ်းတွေ အားလုံး အကုန်လုံးပို့ပြီးတော့ အင်းစိန်ထောင်က ထောင်အချင်းချင်း လှမ်းပြီးတော့ Fax နဲ့ပေါ့နော် လှမ်းပို့တဲ့ပုံစံမျိုး လုပ်မှာပေါ့။ အခုလောလောဆယ်တော့ မဝင်သေးဘူးလို့ ကြားပါတယ်ရှင့်။"
ကိုရန်နိုင်။ ။ ဒီနေ့တော့ အမိန့်ရလာမယ်လို့ မျှော်လင့်ရတာပေါ့။
မဖြိုးဖြိုးအောင်။ ။ ဟုတ်ကဲ့။ အခုအချိန်အထိကတော့ စောင့်နေဆဲ ကာလဖြစ်နေတာပေါ့။ ဒီနေ့ထဲမှာပဲ အမိန့်ရလာဖို့ မျှော်လင့်ကြတာပေါ့။
ကိုရန်နိုင်။ ။ မဖြိုးဖြိုးအောင်တို့ လွတ်သွားပြီဆိုရင် ဘာတွေ ဆက်လုပ်သွားဖို့ စဉ်းစားထားပါသလဲ။
မဖြိုးဖြိုးအောင်။ ။ ကျမတို့ ဗကသများ အဖွဲ့ချုပ်ကတော့ မူလ လုပ်ငန်းစဉ်တွေ ရှိတယ်။ ဗကသရဲ့ မူ ငါးချက်ဖြစ်တဲ့ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ မူငါးချက် အပေါ်မှာ အခြေခံတဲ့ ကျမတို့ရဲ့ လုပ်ငန်းစဉ်တွေက ဆက်ပြီးတော့ သွားမှာပါ။ အဲ့ဒီ့အထဲမှာမှ အရေးကြီးတဲ့ ကျမတို့သပိတ်လည်း ဆက်ပြီးရှိနေသေးတဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် ကျမတို့ လှုပ်ရှားမှုတွေကလည်း ရှိနေဦးမှာပဲ။
နောက်ဆုံးတချက်ကတော့ ကျမတို့ ကျောင်းသားထု ညီလာခံမှာ အရင်တနှစ်က ကျမတို့ ကျောင်းသားထု ညီလာခံကို ၂၀၁၅ မတ်လ မှာ နောက်ဆုံးထားပြီး မကျင်းပနိုင်ခဲ့ဘူး။ ကျမတို့ အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ ကျမတို့ သပိတ်မှောက်ခဲ့တယ်။ သပိတ်မှောက်လို့ အကျဉ်းထောင်ထဲရောက်ခဲ့တော့ ကျမတို့ ညီလာခံက မဖြစ်လာခဲ့ဘူးပေါ့နော်။ အဲ့တော့ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပြန်လည်ရွေးချယ်မယ့် ကာလဖြစ်ပါလိမ့်မယ်။
ကိုရန်နိုင်။ ။ မဖြိုးဖြိုးအောင်တို့က အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ အခုလို တောင်းဆိုဆန္ဒပြခဲ့လို့ ဖမ်းဆီး ခံခဲ့ရတယ်။ အခုပြန်လွတ်မြောက်လာတဲ့ အချိန်မှာလည်း ဆက်ပြီးတော့ လုပ်သွားမယ် ဆိုတော့ အခု အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ NNER နဲ့ NLD နဲ့လည်း ပညာရေးဥပဒေပြင်ဆင်ဖို့ ကိစ္စမှာ နည်းနည်းလေး ထိပ်တိုက်တွေ့ခဲ့တဲ့ အနေအထားလေး ရှိတော့ အခု မဖြိုးဖြိုးအောင်တို့ အခုဆက်လုပ်သွားမယ့် ဥစ္စာကရော ဘယ်လိုအနေအထားမျိုး ရှိနိုင်မလဲ။
မဖြိုးဖြိုးအောင်။ ။ ကျမတို့ကတော့ အရင်ဦးသိန်းစိန်အစိုးရ လက်ထက်တုန်း ကတောင် ဆွေးနွေးပွဲတွေ တောက်လျောက်တက်တယ်။ ဆွေးနွေးတယ်။ ညှိနှိုင်းတယ် တောက်လျောက် လုပ်ခဲ့ပါတယ်။ ကျမတို့ရဲ့ ဆန္ဒတွေ ကျမတို့ရဲ့ ဆွေးနွေးချက်တွေကို လုံးဝ လျစ်လျူရှု့ ထားတဲ့အခါကျတော့ ကျမတို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပုံစံကို ရွေးပြီးတော့ ကျမတို့ ဆန္ဒပြပွဲတွေ ဖော်ဆောင်ခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျမတို့ကတော့ ညှိနှိုင်းဆောင်ရွက်ဖို့ နည်းလမ်းကတော့ အမြဲတမ်း သုံးပါတယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့ ရ၅% သော လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းတဲ့ နေရာမှာလည်း ကျမတို့အနေနဲ့ ပိုပြီးတော့ ဒီမိုကရေစီ ပုံစံမျိုး ကျအောင် ညှိနှိုင်းဆွေးနွေးမှု နည်းလမ်းကို ကျမတို့ကတော့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကစပြီး ကျမတို့က သွားမှာဖြစ်ပါတယ်။
ကိုရန်နိုင်။ ။ အစိုးရပြောင်းသွားပြီဆိုတော့ မဖြိုးဖြိုးအောင်တို့ရဲ့ တောင်းဆိုချက်တွေ လိုလားချက်တွေ ပြည့်ဝ လာလိမ့်မယ်လို့ မျှော်လင့်ထားလား။ ဘယ်လောက် အထိ မျှော်လင့်ထားလဲ။
မဖြိုးဖြိုးအောင်။ ။ ကျမတို့ လက်ရှိပေါ့နော်။ အစိုးရသစ်ကတော့ ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် စပြီးတော့ လုပ်ဆောင်နေတာ တချို့ကို တွေ့နေရတယ်။ လက်ရှိအစိုးရကလည်း ကျမတို့နဲ့ ယုံကြည်မှုရှိတယ်။ ကျမတို့နဲ့ သိပ်ပြီးတော့ မကွဲပြားလှဘူးလို့ ကျမတို့တွေးတယ်။ တချို့ အခြေခံ အချက်အလက်တွေမှာတော့ ကျမတို့ သွားချင်တဲ့ ပုံစံတွေ ကွာဟချက်တော့ ရှိကောင်းရှိနိုင်တယ်။ ဒါကိုလည်း ကျမတို့ ညှိနှိုင်းဆွေးနွေးမယ် ဆိုလို့ရှိရင် ပြေလည်နိုင်လိမ့်မယ်လို့ ကျမတို့ကတော့ မျှော်လင့်ထားပါတယ်ရှင့်။ တကယ်သာ ပညာရှင်တွေ တိုင်ပင်ညှိနှိုင်းကြမယ်။ ကျမတို့ကလည်း ကျမတို့ဖြစ်ချင်တဲ့ ဆန္ဒလေးတွေနဲ့ ဝိုင်းဝန်းဆွေးနွေးကြမယ် ဆိုလို့ရှိရင်တော့ အောင်မြင့်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။
ဖြိုးဖြိုးအောင် မင်းသွေးသစ်နဲ့ ကျောင်းသားခေါင်းဆောင်တွေ အကုန်လုံး မလွတ်ခင် အချိန်ပိုင်းမှာ မဖြိုးဖြိုးအောင်ကို ရန်နိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ အခုဆိုရင်တော့ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသားခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်သွားပြီဖြစ်ပါတယ်။
ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Tuesday, April 5, 2016
သမ္မတ လုပ်ပိုင်ခွင့်နဲ့ ကျောင်းသားတွေ လွှတ်ဖို့ တောင်းဆို
သာယာဝတီ အကျဉ်းထောင်မှာ အထိန်းသိမ်းခံ ထား ရတဲ့ ကျောင်းသားခေါင်းဆောင်တွေ သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူတွေ ဒီနေ့ဧပြီလ ၅ရက်နေ့ အင်္ဂါနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ဧပြီလ ၈ရက်နေ့ ရုံးချိန်းပြန်ချိန်းထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် သမ္မတသစ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံနဲ့ညှိနှိုင်းပြီး အဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေကို သမ္မတသစ်ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ လွတ်အောင် လုပ်ပေးစေလိုပါတယ်လို့လည်း ဒီမိုကရေစီပညာရေးသပိတ် ကျောင်းသားအထောက်အကူပြုကော်မတီက ဦးဇော်ရမ်းကလည်း ပြောပါတယ်။
...................................
ပင်မကျောင်းသားသပိတ် အကြမ်းဖက်နှိမ်နင်းခံရစဉ် (မတ်လ ၁၀ ရက် ၂၀၁၅)
အစိုးရသစ် လက်ထက် သမ္မတသစ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံနဲ့ညှိနှိုင်းပြီး အဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေကို သမ္မတသစ်ရဲ့ လုပ်ပိုင်ခွင့်အာဏာ နဲ့ အမြန်ဆုံး လွှတ်ပေးစေလိုပါတယ် လို့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ထောင်သွင်း အကျဉ်းချခံထားရတာ တစ်နှစ်ကျော်သွားပြီဖြစ်လို့ အမြန်ဆုံးလွှတ်ပေးဖို့ အစိုးရသစ်ကို အခုလို တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ အပြည့်အစုံ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။
သာယာဝတီ အကျဉ်းထောင်မှာ အထိန်းသိမ်းခံ ထား ရတဲ့ ကျောင်းသားခေါင်းဆောင်တွေ သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူတွေ ဒီနေ့ဧပြီလ ၅ရက်နေ့ အင်္ဂါနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ဧပြီလ ၈ရက်နေ့ ရုံးချိန်းပြန်ချိ်န်းထားပါတယ်။
ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ပေါ်လာရေး မန္တလေးကနေ ရန်ကုန်အထိ သပိတ်မှောက် ခရီးရှည် ချီတက်လမ်းလျှောက်ဆန္ဒပြရင်း လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွင်းခံရလို့ ပြီးခဲ့တဲ့နှစ် မတ်လ ၁၀ရက်နေ့ကစလို့ ဖမ်းဆီးထားပြီး သာယာဝတီတရားရုံးအပြင် ရန်ကုန်မြို့က တရားရုံးတွေမှာ တရားရင်ဆိုင်လာခဲ့ရတာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။
အစိုးရဟောင်းအာဏာမလွှဲခင် ကျောင်းသားတွေကို လွှတ်ပေးခဲ့ဖို့ တောင်းဆိုခဲ့သလို အာဏာလွှဲပြောင်းပြီးနောက်ပိုင်း အခုအစိုးရသစ် လက်ထက်မှာလည်း အဖမ်းဆီးခံ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျောင်းသားမိဘတွေကတော့ မျှော်လင့်နေကြတာပါ။
ချက်ခြင်းပြန်လွှတ်ပေးမယ်လို့ ယုံကြည်မှု မရှိပေမဲ့ အစိုးရသစ်လက်ထက်မှာတော့ တရားဥပဒေနဲ့အညီ သမာသမတ် ကျကျ ဆုံးဖြတ်ပြီး လွှတ်ပေးလိုက်မယ်လို့ ထင်ကြောင်း ကျောင်းသားသပိတ်ဦးဆောင်သူ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ရဲ့မိခင် ဒေါ်ခင်ယုကပြောပါတယ်။
“မိဘတွေအနေနဲ့ကတော့ နှစ်သစ်ကူး မတိုင်ခင် လွှတ်လိမ့်မယ်လို့တော့ အားလုံးက မျှော်လင့်တာပေါ့နော်။ တမင်သက်သက်လေ သက်သက် ယုတ်မာပြီးတော့ လေးပွင့်ဆိုင် ကတိတွေလည်း သူတို့ချိုးဖျက်တယ်။ ကျောင်းသားတွေက အေးအေးဆေးဆေးအဖမ်းခံပါ့မယ်လို့ ပြောထားတာကိုလည်းပဲ မတရားရိုက်နှက် ဖမ်းဆီးပြီးတော့ သားဆိုလို့ရှိရင်လည်း သေပြီ လို့တောင် သတင်းထွက်တာလေ ကံကောင်းလို့ အသက်မသေပဲနဲ့ အခုအချိန်မှာဆို သူတို့ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ အတွင်းကြေ ဒဏ်ရာတွေရပြီး အတွင်းကြေဒဏ်ရာတွေရှိတယ်။ ရောဂါတွေက သူတို့မှာ ရှိနေကြတယ်လေ။ တစ်နှစ်လည်း ကျော်လာပြီ။ မိဘတွေမှာလည်း တော်တော်လေးကို ခံစားရတာပေါ့နော်။
အန်တီတို့မိဘတွေအနေနဲ့ကတော့ မျှော်လင့်ချက်တွေကတော့ ထားပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ထားသလိုဖြစ်မလာလို့ရှိရင် ပိုပြီးတော့ ခံစားရမှာမို့လို့ အန်တီအနေနဲ့ကတော့ ယုံကြည်ချက် မျှော်လင့်ချက်တွေ တအားတော့ မထားဘူးပေါ့။ ဒါပေမဲ့ ဖြစ်စေချင်တာပေါ့။ ဒီမိုကရေစီအစိုးရ သမာသမတ် မျှတတဲ့ သမ္မတတွေ အစိုးရတွေ တက်နေပြီ။ နိုင်ငံ့ခေါင်းဆောင်တွေ တက်နေပြီဆိုတော့ အန်တီတို့အနေနဲ့ကတော့ ပထမအစိုးရထက် ပိုပြီးတော့ အားကိုးတယ်။ အားထားတယ်ပေါ့နော်။”
အထိန်းသိမ်းခံ ဗကသ ကျောင်းသားခေါင်းဆောင် မဟန်နီဦးရဲ့ ဖခင် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်းဖြစ်တဲ့ ဦးထွန်းဦးကတော့ အစိုးရသစ်ရဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအပေါ် နားလည်ပေမဲ့လို့ ကျောင်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဆောင်ရွက်ပေးစေလိုပါတယ်လို့ အခုလိုပြောပါတယ်။
“အစိုးရသစ်ကတော့ဗျာ နှစ်ငါးဆယ်လုံးလုံး အုပ်စိုးခဲ့တဲ့ စစ်အစိုးရ အုပ်ချုပ်မှုအောက်က လွတ်မြောက်စပဲရှိသေးတယ်လေ။ ပြည်သူအစိုးရ အနေနဲ့ အခုမှ စကာစ ဆိုတာတောင်မှ မွေးကာစ ကလေးလေးလို့တောင် ပြောလို့မရသေးတဲ့ အခြေအနေမျိုးမှာရှိတော့ သူ့ကို ကျနော်တို့ အများကြီးပြုစုပြီးတော့ အရွယ်ရောက်အောင် လုပ်ရဦးမယ့် သဘောမှာ ရှိပါတယ်။ တချို့ကိစ္စလေးတွေက အားနည်းချက် ရှိကောင်းရှိနိုင်တယ်လေ။ အဲ့ဒီ့အတွက်တော့ ကျနော်တို့က နားလည်မှု ပေးရမှာပေါ့ဗျာ။
ဒါပေမဲ့ ပြည်သူလူထု အစိုးရတရပ်ဖြစ်လာပြီးတော့ ပထမဆုံး လုပ်သင့်တာကတော့ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ အလွန်အရေးကြီး ပါတယ်။ ကျောင်းသားတွေကို ဦးစားပေး ပထမဦးဆုံး ဆောင်ရွက်ပေးနိုင်ခြင်းကာသာလျှင် ကောင်းမွန်တဲ့ မြန်မာပြည်ရဲ့ သမိုင်းကို စမယ်လို့ ကောင်းမွန်တဲ့ အစိုးရတရပ်ကို ပိုပြီး အားပြုနိုင်မယ်လို့ ကျနော်ကတော့ ထင်ပါတယ်ခင်ဗျာ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် သမ္မတသစ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြံုရေးကောင်စီ ကာလုံနဲ့ညှိနှိုင်းပြီး အဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေကို သမ္မတသစ်ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ လွတ်အောင် လုပ်ပေးစေလိုပါတယ်လို့လည်း ဒီမိုကရေစီပညာရေးသပိတ် ကျောင်းသားအထောက်အကူပြုကော်မတီက ဦးဇော်ရမ်းကလည်း ပြောပါတယ်။
“ကျနော်တို့ ဆန္ဒအရတော့ ချက်ခြင်း လွှတ်ပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မတွေအရလည်း သမ္မတ က လွှတ်ခွင့်ရှိတယ်ပေါ့။ နောက်တခုက ကာလုံပေါ့။ ကာလုံနဲ့ တိုင်ပင်ပြီးလည်း လွှတ်လို့ရတယ်ပေါ့။ အဲ့တာက လွှတ်လို့ရတဲ့ အခင်းအကျင်း တခုပေါ့၊ နောက်တခုက မြန်မာနိုင်ငံရဲ့ အထွေထွေနိမ့်ကျနေတဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲဖို့ တောင်းတဲ့ ကျောင်းသားတွေကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ ဒီအချိန်မှာ ထိန်းသိမ်းထားတာ၊ ဖမ်းထားခြင်းအားဖြင့် ကျနော်တို့ ဘယ်လိုမှ အကျိုးမရှိပါဘူး။ ဒီကျောင်းသားတွေကို တစ်မိနစ် ဖမ်းထားတာကို တစ်မိနစ် တိုင်းပြည်အတွက် အကျိုး မရှိပါဘူး။ လွှတ်စေချင်ပါတယ်ခင်ဗျာ။”
သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်တွေ၊ အစိုးရနဲ့ လွှတ်တော်၊ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ ၊ NNER တာဝန်ရှိသူတွေ သဘောတူထားတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်တွေ အစိုးရသစ်လက်ထက် ဆက်အကောင်အထည်ဖော်နိုင်ရေး အပါအဝင် ကျောင်းသားတွေရဲ့ တောင်းဆိုချက်(၁၁) ချက်တွေ ရရှိရေးကိုလည်း ကျောင်းသားတွေက ဆက်လက်ကိုင်စွဲထားကြဆဲဖြစ်ပါတယ်။
ဒီကနေ့လွှတ်တော်မှာ ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာမျိုးသိမ်းကြီးကို အတည်ပြုခန့်အပ်လိုက်တဲ့အပေါ် ပေညာရေးလောကသားတွေအကြားမှာရော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ခဲ့ကြတဲ့ ကျောင်းသားတွေ အကြားမှာပါ မေးခွန်းထုတ်ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ သူဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အမျိုသားပညာရေး ဥပဒေပေါ်ပေါက်ရေးနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ဦးဆောင်ခဲ့သူဖြစ်တာတာမို့၊ ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာ ကျောင်းသားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့သူတဦးဖြစ်ပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Friday, April 1, 2016
ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲဖို့ အစိုးရသစ်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်
ကိုနန္ဒာစစ်အောင်
မဖြိုးဖြိုးအောင်
ကိုကျော်ကိုကို
မော်လေး
The Mirror Daily
................................................................
ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုဖြင့် ဧပြီ ၁ ရက်က ပန်းဘဲတန်းတရားရုံးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်နှင့် ကိုကျော်ကိုကိုတို့ကို ရုံးထုတ်ခဲ့သည်။ ထို ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ကိုနန္ဒာစစ်အောင်
အစိုးရသစ်က ပြည်သူရဲ့အပြောင်းအလဲ မျှော်လင့်ချက်ကိုဦးဆောင်ပြီး ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံထူထောင်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံလုပ်တာ ကောင်းပါတယ်။ နိုင်ငံတကာအတွေ့အကြုံလည်းရှိ၊ ကောင်းမွန်ရင့်ကျက်တဲ့ ကိုယ်ရည်ကိုယ်သွေး လည်းရှိ၊ နိုင်ငံရဲ့ဒီမိုကရေစီရေး မျှော်လင့်ချက် ခေါင်းဆောင်လည်းဖြစ်တော့ သမ္မတအနေနဲ့ နိုင်ငံတော်အတွက်အကျိုးရှိတဲ့တာဝန်ယူမှုပါ။ အသက်အရွယ်နဲ့ တာဝန်ယူထားတဲ့အလုပ် တွေအတွက်တော့ စိတ်ပူပါတယ်။
လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဆက်လက်အကောင်အထည်ဖော်ပေးရေး ကျောင်းသားထု တောင်းဆိုမှုကို လက်ခံလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် ကျောင်းသားထုရဲ့ ကျောင်းသားသမဂ္ဂအိပ်မက်နဲ့ ဒီမိုကရေစီ ပညာရေးမျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်ဖို့၊ ကျောင်းသားသမဂ္ဂတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်လိမ့်မယ်ထင်ပါတယ်။ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုဟာ အခြေခံကျပြီး ရေရှည်ဖွံ့ဖြိုးရေးဦးတည်ကြောင်း နားလည်နိုင်တဲ့သူပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၉၈၈ ကတည်းက ကျောင်းသား သမဂ္ဂတွေနဲ့တွဲပြီး တစ်ဆက်တစ်စပ်တည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့သူလည်းဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းရဲ့ သမီးလည်းဖြစ်တော့ ကျောင်းသားသမဂ္ဂရဲ့ ကျောင်းသားထုသမိုင်းအမွေကို နားလည် နိုင်သူလည်းဖြစ်တယ်။
အကျပ်အတည်းကတော့ ရှိပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံရဲ့ ခွင့်ပြုမှု လိုအပ်တာကိုး။ အဲဒီတော့ စစ်ဘက်က သဘောထားတင်းမာရင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ အခြားဘယ်လိုနည်းသုံးပြီး လွတ်နိုင်မလဲဆိုတာ အစိုးရသစ်က လုပ်နည်းလုပ်ဟန် ရှာရလိမ့်မယ်ထင်ပါတယ်။
မဖြိုးဖြိုးအောင်
ကျွန်မတို့တောင်းဆိုတဲ့ အချက်တွေကတော့ ပညာရေးလွတ်လပ်ခွင့်ကို အခြေခံပြီးတော့ ဒီမိုကရေစီပညာရေးကို တောင်းဆိုထားတာပါ။ တိုင်းပြည်တစ်ခုမှာ ဒီမိုကရေစီကို တကယ်သွားတော့မယ်ဆိုရင် ဒီတိုင်းပြည််ထဲမှာ ဒီမိုကရေစီပညာရေးစနစ်ကို အခြေခံတဲ့ ပညာရေးမျိုးဖြစ်မှသာလျှင် တကယ်ကို ဒီမိုကရေစီခိုင်မာတဲ့ တိုင်းပြည််မျိုးအဖြစ် ရေရှည်သွားနိုင်မှာပါ။ ပညာရေးကို ရင်းနှီး မြှုပ််နှံနိုင်မှသာလျှင် တိုင်းပြည်ကအခြေခိုင်နိုင်မယ်လို့ ကျွန်မတို့ကမြင်ပါတယ်။ ကျွန်မတို့ ပညာရေးနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ လုပ်ခါစအချိန်က ဗ.က.သ ဗဟိုကော်မတီဝင် တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေ၊ အင်တာဗျူးတွေကို မြန်မာဘာသာပြန်ပြီးတော့ အခွေလုပ် ထားတာလေးရှိပါတယ်။ အဲ့ဒီတုန်းက သူ့ရဲ့ ပညာရေးအပေါ်မှာထားတဲ့ သဘောထားတွေ၊ မူဝါဒတွေကိုလည်း ကျွန်မတို့ အကြမ်းဖျင်းတွေ့ရပါတယ်။ ဒီမှာပညာရေးက တိုင်းပြည်အတွက် တကယ်အရေးကြီးတယ် ဆိုတာကို သူကိုယ်တိုင် ယုံကြည်ထားတယ် ဆိုတာကိုလည်း တွေ့ရပါတယ်။ အခုက အစိုးရသစ်မှာလည်း အရေးကြီးတဲ့ ပညာရေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝန်ကြီးနေရာကို ယူထားပြီး ကိုင်တွယ်ထားတာ ကို တွေ့ရတယ်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ ပညာရေးမူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ ကြီးကြီးမားမား ကွာဟချက်မရှိလောက်ဘူးလို့ယူဆပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ မတူတာတွေတော့ ရှိကောင်းရှိမှာပါ။ ဥပမာ အားဖြင့်ဆိုရင် ပညာရေးနဲ့ပတ်သက်ပြီး ဗဟို ချုပ်ကိုင်မှုကို လျှော့ချဖို့ ကျွန်မတို့တောက် လျှောက်တောင်းဆိုတဲ့နေရာမှာ NLD ရဲ့ မူဝါဒထဲမှာကျတော့ အထိုက်အလျောက် ဗဟိုချုပ်ကိုင်မှုစနစ်ကိုထားဖို့ မူဝါဒချထားတာ ကို တွေ့ရပါတယ်။ ဒါမျိုးလေးတွေတော့ရှိပါ တယ်။ ဒါပေမယ့် ဒါတွေကိုလည်း ကျွန်မတို့ နှစ်ဖက်လုံးက စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေတဲ့ နည်းမျိုး၊ ပုံစံမျိုးနဲ့ပါ။ အဓိကအရေးကြီးဆုံးက အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးဝန်ကြီး နေရာကို ကိုင်တွယ်မယ်၊ ဒီတော့ အရင် ဦးသိန်းစိန်အစိုးရနဲ့ကျောင်းသားတွေ၊ NNER လိုပညာရှင်တွေပါတဲ့ အရပ်ဘက်အဖွဲ့အစည်း တွေပါမယ်။ လွှတ်တော်ပါမယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲပါ။ ဒီလေးပွင့်ဆိုင် ဆွေးနွေးပွဲကနေ သဘောတူထားတဲ့ အချက်တွေရှိပါတယ်။ ဒါကိုအစိုးရသစ်အထူးသဖြင့် ပညာရေးဝန်ကြီးသစ်က ဒီလေးပွင့်ဆိုင် ကတိကဝတ်တွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်ပေးဖို့ ကိစ္စကလည်း ကျွန်မတို့အတွက် မဖြစ်မနေ တောင်းဆိုရမယ့် ကိစ္စတစ်ခုလို ပါဝင်လာပါပြီ။ လေးပွင့်ဆိုင်ထဲမှာက လတ်တလော ကျွန်မတို့သပိတ်က ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ရော၊ ရေရှည်မှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ ကျောင်းသားထုတွေရဲ့ တောင်းဆိုမှုတွေ ဒီအထဲမှာတစ်ပါတည်း ပါဝင်တာဖြစ်တဲ့အတွက် လေးပွင့်ဆိုင် သဘောတူညီမှုကို ဆက်ပြီးအကောင် အထည်ဖော်ဖို့ကလည်း အစိုးရသစ်နဲ့ ပညာရေးဝန်ကြီးသစ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အထူးဂရုပြုဆောင်ရွက်ပေးဖို့ ကျွန်မပြောချင်ပါတယ်။
ဒီမိုကရေစီတိုင်းပြည်ကို တကယ်ကူးပြောင်းပြီဆိုရင် နိုင်ငံရေးအကျဉ်းသားဆိုတာ လုံးဝမရှိသင့်ဘူးဆိုတာ ဒီမိုကရေစီ လိုလားသူတွေ အားလုံးစိတ်ထဲမှာ ရှိထားပြီးသား အရာတစ်ခုဖြစ်ပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးတင်မကပါဘူး။ ကျွန်မသဘောထားကတော့ အကျဉ်းထောင် တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အပြင် နောက်ထပ် နိုင်ငံရေးသမားတွေ အဖမ်းမခံရဖို့ကလည်း အင်မတန်မှ အရေးကြီးတယ်လို့မြင်ပါတယ်။ ဒီတော့ လွှတ်တော်ထဲမှာရှိနေတဲ့ ရ၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံရေး အကျဉ်းသားတွေကို အလွယ်တကူ ဖိနှိပ်လို့ရတဲ့ ဥပဒေတွေကို ဖျက်သိမ်းတဲ့နည်းလမ်းမျိုးကို ပိုပြီးတော့ ရွေးချယ်စေချင်တယ်။ ဒါမှ အာမခံချက်ရှိတဲ့၊ အခြေခိုင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာနိုင်မယ်လို့ မြင်တယ်။ ဒီလိုဥပဒေတွေကို ပြင်မယ်၊ ဖျက်မယ်။ တစ်ဖက်မှာလည်း တရားဥပဒေစိုးမိုးမှုတွေ ရှိလာမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားပြဿနာက ပြေလျော့ လာလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။
ကိုကျော်ကိုကို
ကျွန်တော်ကတော့ ပညာရေးဝန်ကြီးသစ်ကို လေးပွင့်ဆိုင် သဘောတူညီချက်တွေကို အကောင်အထည်ဖော်ပေးပါလို့ပဲ တောင်းဆို ချင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ကတော့ သူတို့မှာ အစီအစဉ်ရှိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ။
မော်လေး
The Mirror Daily
https://www.facebook.com/TheMirrorDaily