Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 28, 2018

ကျောင်းတွင်း လှုပ်ရှားမှု ပြုလုပ်မည့် ရတနာပုံ ဗကသ ကျောင်းသား (၃) ဦးအား ဖမ်းဆီးခေါ်ဆောင်



ဒီဇင်ဘာ ၂၈

မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်အတွင်း နှင့် တက္ကသိုလ်ပတ်ဝန်းကျင် လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ ကျောင်းတွင်း လှုပ်ရှားမှု ပြုလုပ်မည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကျောင်းသား (၃) ဦးအား ဒီဇင်ဘာ (၂၈) ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ကျောင်းတွင်း လှုပ်ရှားမှုပုံစံမှာ "မန္တလေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ကွယ်​လွန်​သူ (ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​) (လျှပ်​စစ်​နှင့်​လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦးဇာနည်​​အောင်​)နှင့်​ လုံခြုံ​ရေးနှင့်​နယ်​စပ်​​ရေးရာဝန်​ကြီး (ဗိုလ်​မှူးကြီး ဦး​ကျော်​​ကျော်​မင်း)၊ ပြည်​ထဲ​ရေးဝန်​ကြီး (ဒုတိယဗိုလ်​ချုပ်​ကြီးဦး​ကျော်​​ဆွေ) ရတနာပုံတက္ကသိုလ်​ ​ကျောင်းအုပ်​ချုပ်​​ရေးအဖွဲ့မှ ကွယ်​လွန်​သူ (ပါ​မောက္ခချုပ်​​​ဒေါက်​တာ​မောင်​​မောင်​နိုင်​)တို့အား နာရေးပို့ဆောင်ခြင်း" ဟူ၍ ဖြစ်သည်။

"နေ့ခင်းကြီးမှာ လှုပ်ရှားမှု လုပ်မလို့ရှိသေးတယ် ။ ကျောင်းတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကလူတွေ တားတား ဖမ်းဖမ်းနဲ့ ဖမ်းသွားတာ " ဟု ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီ မှ ကိုဖုန်းမြင့်ကျော် က ပြောသည်။

ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ တို့အား အမှတ် (၁၀) စခန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ရတနာပုံ ဗကသ အနေဖြင့် သန့်ရှင်းရေး နှင့် လုံခြုံရေး ဝန်ထမ်းများ တိုးမြှင့်ချထားရေးအတွက် အကြိမ်ကြိမ် တောင်းဆိုမှုများလုပ်ဆောင်နေသော်လည်း သက်ဆိုင်ရာ ဖြေရှင်းပေးခြင်းမရှိသေးကြောင်း သိရသည်။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/

No comments:

Post a Comment