Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, April 9, 2016
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးရဲ့အမှုတွေ ရုတ်သိမ်းပေး
RFA Burmese
.............................................
သာယာဝတီ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဗကသကျောင်းသားတချို့ကို ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
မြန်မာနိုင်ငံမှာ သောကြာနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးရဲ့ အမှုတွေကို ပယ်ဖျက်ရုတ်သိမ်းပေး လိုက်တယ်လို့ အမည်မဖော်လို့တဲ့ ရဲအရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက် ပေါ်ထွက်လာပြီး တစ်ရက်အကြာ၊ သောကြာနေ့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၉၉ ဦးရဲ့အမှုတွေကို ရုတ်သိမ်းပေးလိုက်တာလို့ အမည်မဖော်လိုတဲ့ ရဲအရာရှိကြီးတစ်ဦးရဲ့ ပြောကြားချက်ကို AFP သတင်းတစ်ရပ်မှာ ဖော်ပြထားတာပါ။
နောက်ထပ်အမှုအများအပြားကို သင်္ကြန်တွင်းမှာ ပြန်လှန်သုံးသပ်ပြီးနောက် သင်္ကြန်ပိတ်ရက်အပြီး တရားရုံးတွေ ပြန်ဖွင့်တဲ့အခါ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာလိမ့်မယ်လို့လည်း အဲဒီရဲအရာရှိကြီးက ပြောဆိုပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment