Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

လယ္သမားအေရး ကူညီသူတစ္ဦး မႏၱေလးၿမိဳ႕မွာ ဖမ္းဆီးခံရ

ေရတံခြန္ေတာင္ ေဂါက္ကြင္းစီမံကိန္း တည္ေဆာက္ဖို႔ ေရၾကည္ေညာင္ပင္စံျပေက်းရြာကေန သိမ္းယူခဲ့တဲ့ေျမေတြအေပၚမွာ စက္တင္ဘာလ ၂၅ ရက္ေန႔က ေတာင္သူေတြ ထြန္ယက္ၾကစဥ္။ Photo: Nay Thwae/RFA
 အထက္ျမန္မာျပည္ဘက္မွာ လယ္သမားအလုပ္သမားေရး ကူညီေဆာင္ရြက္ေပးေနတဲ့ လယ္သမားအလုပ္သမား အက်ိဳးစီးပြား ကူညီေဆာင္ရြက္သူမ်ားကြန္ရက္ (FNIFL) အဖြဲ႔က ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ ကိုမ်ိဳးဝင္းကို ရွမ္းျပည္နယ္ေျမာက္ပိုင္း မဘိန္းၿမိဳ႕နယ္ ငအိုးရြာမွာ ေအာက္တိုဘာလ ၂၈ ရက္ေန႔က ဖမ္းဆီးလိုက္ပါတယ္။

သူဟာ လယ္သမားေတြကို ကူညီလို႔ ပိုင္နက္က်ဴးလြန္မႈ၊ အက်ိဳးစီးပြားဖ်က္ဆီးမႈေတြနဲ႔ တရားစြဲဆုိခံထားရသလို၊ ၿပီးခဲ့တဲ့ သတင္းပတ္ကျဖစ္ခဲ့တဲ့ ေရတံခြန္ေဂါက္ကြင္းရဲ့ ပိုလွ်ံလယ္ေျမမွာ ထြန္တံုးတိုက္ပြဲဝင္ခဲ့တဲ့ လယ္သမားေတြ ကို ကူညီခဲ့ပါတယ္။ အဲဒီလိုကူညီတဲ့အတြက္ မႏၱေလးတိုင္းအစိုးရက ဖမ္းဆီးခံလိုက္ရတာလို႔ လယ္သမား အလုပ္သမား အက်ိဳးစီးပြား ကူညီေဆာင္ရြက္သူမ်ားကြန္ရက္ရဲ့ အထက္ျမန္မာျပည္ေခါင္းေဆာင္ ဦးကိုႀကီးက RFA ကိုေျပာပါတယ္။

"က်ေနာ္တို႔အဖြဲ႕ရဲ႕ ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ ကိုမ်ဳိးဝင္း ကို ေရတံခြန္ေဂါက္ကြင္း ထြန္တံုးတိုက္ပြဲနဲ႔ ပတ္သက္ၿပီး အၿငိဳးအေတးျပဳၿပီး စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ အမိန္႔နဲ႔ ဖမ္းခံရတယ္လို႔ သိေနပါတယ္"

ကိုမ်ိဳးဝင္းနဲ႔အတူ လယ္သမား ၅ ေယာက္ကိုလည္း ပိုင္နက္က်ဴးလြန္မႈ၊ အက်ိဳးစီးပြားဖ်က္ဆီးမႈေတြနဲ႔ တရားစြဲထားတာရွိပါတယ္။ အခုေတာ့ ကိုမ်ိဳးဝင္းကို မႏၱေလး အိုးဘိုအက်ဥ္းေထာင္ကို ပို႔ထားတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
......................... ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်း တည်ဆောက်ဖို့ ရေကြည်ညောင်ပင်စံပြကျေးရွာကနေ သိမ်းယူခဲ့တဲ့မြေတွေအပေါ်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က တောင်သူတွေ ထွန်ယက်ကြစဉ်။ Photo: Nay Thwae/RFA
 အထက်မြန်မာပြည်ဘက်မှာ လယ်သမားအလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ လယ်သမားအလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက် (FNIFL) အဖွဲ့က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ငအိုးရွာမှာ အောက်တိုဘာလ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

သူဟာ လယ်သမားတွေကို ကူညီလို့ ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုခံထားရသလို၊ ပြီးခဲ့တဲ့ သတင်းပတ်ကဖြစ်ခဲ့တဲ့ ရေတံခွန်ဂေါက်ကွင်းရဲ့ ပိုလျှံလယ်မြေမှာ ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ လယ်သမားတွေ ကို ကူညီခဲ့ပါတယ်။ အဲဒီလိုကူညီတဲ့အတွက် မန္တလေးတိုင်းအစိုးရက ဖမ်းဆီးခံလိုက်ရတာလို့ လယ်သမား အလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက်ရဲ့ အထက်မြန်မာပြည်ခေါင်းဆောင် ဦးကိုကြီးက RFA ကိုပြောပါတယ်။

"ကျနော်တို့အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်း ကို ရေတံခွန်ဂေါက်ကွင်း ထွန်တုံးတိုက်ပွဲနဲ့ ပတ်သက်ပြီး အငြိုးအတေးပြုပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် အမိန့်နဲ့ ဖမ်းခံရတယ်လို့ သိနေပါတယ်"

ကိုမျိုးဝင်းနဲ့အတူ လယ်သမား ၅ ယောက်ကိုလည်း ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲထားတာရှိပါတယ်။ အခုတော့ ကိုမျိုးဝင်းကို မန္တလေး အိုးဘိုအကျဉ်းထောင်ကို ပို့ထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment