Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 7, 2016

စိုက္ပ်ဳိးစရိတ္ ေခ်းေငြထုတ္ယူရာတြင္ အေၾကာင္းအမ်ိဳးမ်ိဳးျပ ေငြျဖတ္ယူမႈ/ ေကာက္ခံမႈမ်ား ရွိေန၍ သက္ဆိုင္ရာမွ အျမန္စစ္ေဆးေစလို


ရန္ကုန္|ဇြန္လ ၇

ရခိုင္ျပည္နယ္အတြင္းမွ ျမိဳ႕နယ္ အခ်ိဳ႕တြင္ လယ္သမားမ်ားအား စိုက္ပ်ဳိး စရိတ္ ေခ်းေငြ ထုတ္ေပးရာ၌ အေၾကာင္းအမ်ိဳးျပျပီး ေငြျဖတ္ယူမႈႏွင့္ ေကာက္ခံေနမႈမ်ား ရွိေနသျဖင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား အေနျဖင့္ ၎ေငြေကာက္ခံမႈမွာ တရား၀င္ ဟုတ္/ မဟုတ္ ကို အျမန္ဆံုး စစ္ေဆးေပးရန္ လယ္သမားမ်ားက ေတာင္းဆိုလိုက္သည္။

ေထာက္ခံစာလုပ္ရန္အတြက္ ေျမတိုင္းစာေရးမ်ားကို လက္မွတ္ထိုးခ ၂၀၀၀၀ိ/ က်ပ္၊ ဘဏ္မန္ေနဂ်ာကို ေငြထုတ္ရန္ ၁၅၀၀၀ိ/ က်ပ္၊ ေက်းရြာ စာေရးမ်ားကို စာရင္းဇယား ၂၅၀၀ိ/ က်ပ္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို ၅၀၀၀ က်ပ္ စသျဖင့္ ေပးေဆာင္ေနၾကရသည္ဟု ဆိုသည္။

"လယ္သမားေတြက အခက္အခဲအမ်ဳိးမ်ဳိးေၾကာင္း ေငြေခ်းယူၾကတာပါ။ အရမ္း လိုအပ္လို႕ ေငြေခ်းၾကတာမွာ လယ္သမားတစ္ဦးစီဆီက ငါးေထာင္ က်ပ္စီ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ျဖတ္ခိုင္းတယ္ ေျပာၿပီးေတာ့ ရယကစာေရးက ျဖတ္ယူတာပါ။ လယ္သမားအားလံုး အေယာက္ ၅၀ ေက်ာ္ ၆၀ ေလာက္ရွိပါတယ္။ စရိတ္လို႔ေတာ့ ေျပာပါတယ္။ ဘာစရိတ္ ဆိုတာေတာ့ ေသခ်ာမေျပာပါဘူး။ ဒီကိစၥကို တာဝန္ရွိသူေတြ ေသခ်ာ စစ္ေဆးေပးေစခ်င္ပါတယ္"ဟု ဘူးသီးေတာင္ၿမိဳ႕နယ္ စပါးထားေက်းရြာမွ လယ္သမားတစ္ဦးက နိရဥၥရာ သတင္းဌာနသို႔ ေျပာသည္။

ေျမာက္ဦးၿမိဳ႕မွ လယ္သမား တစ္ဦးက"ေတာင္သူလယ္သမားေတြြ ဖြံ႕ၿဖိဳး တိုးတက္လာဖို႔ ႏိုင္ငံေတာ္ကေတာ့ ေငြေခ်းေပးပါတယ္။ ဒါေပမယ့္ စိုက္ဘဏ္က ေငြထုတ္ဖို႕ ေထာက္ခံစာ လုပ္ရာမွာ ေျမတိုင္းစာေရးေတြကို လယ္သမား တစ္ဦးဆီက လက္မွတ္ထိုးခ ေငြ၂၀၀၀၀ိ/ က်ပ္နဲ႔ ဘဏ္မန္ေနဂ်ာကို ေငြ၁၅၀၀၀ိ/ က်ပ္စီ ေပးသြင္းရပါတယ္။ ၿပီးေတာ့ စာေရးေတြကလည္း စာရင္းဇယာေတြလုပ္ခဆိုၿပီး လယ္သမား တစ္ဦးစီကေန ေငြ ၂၅၀၀ိ/ က်ပ္စီျဖတ္ယူပါတယ္"ဟု နိရဥၥရာသို႔ ဆိုသည္။

ထို႕အျပင္ လယ္ထြန္ဖို႕ ေငြအျမန္ထုတ္ယူလိုသည့္ လယ္သမားမ်ား ထံမွလည္း ေငြေၾကး အခ်ိဳ႕ေပးရေၾကာင္း ေခ်းေငြထုတ္ယူခဲ႔သည့္ လယ္သမားမ်ားကဆိုသည္။

ရခိုင္ျပည္နယ္အတြက္ ၂၀၁၅-၂၀၁၆ ဘ႑ာေရးတြင္ ေတာင္သူလယ္သမားမ်ားအား တစ္ဧကလွ်င္ တစ္သိန္းႏႈန္းျဖင့္ စိုက္ပ်ဳိးစရိတ္ေခ်းေငြ ၅၀ ဘီလီယံခန္႔ထုတ္ေခ်းခဲ႔ကာ ယခုႏွစ္တြင္ တစ္ဧကလွ်င္ တစ္သိန္းခြဲႏႈန္းျဖင့္ ထုတ္ေခ်းေပးေၾကာင္း သိရသည္။

အဆိုပါေငြေၾကး ျဖတ္ယူမႈမ်ားအတြက္ စပါးထားေက်းရြာ ရယကစာေရး ကိုေမာင္ဝင္းသိန္းအား အႀကိမ္ႀကိမ္ဆက္သြယ္ရာ ဖုန္းပိတ္ထားျပီး ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ဘ ကမူ ဖုန္းဝင္ေသာ္လည္း လက္ခံေျပာဆိုေျဖၾကာမႈမရွိေပ။

ေကာင္းျမတ္ႏိုင္(ေမာင္ေတာ)
Narinjara
https://www.facebook.com/Narinjara
........

ရန်ကုန်|ဇွန်လ ရ

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် အချို့တွင် လယ်သမားများအား စိုက်ပျိုး စရိတ် ချေးငွေ ထုတ်ပေးရာ၌ အကြောင်းအမျိုးပြပြီး ငွေဖြတ်ယူမှုနှင့် ကောက်ခံနေမှုများ ရှိနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ၎င်းငွေကောက်ခံမှုမှာ တရားဝင် ဟုတ်/ မဟုတ် ကို အမြန်ဆုံး စစ်ဆေးပေးရန် လယ်သမားများက တောင်းဆိုလိုက်သည်။

ထောက်ခံစာလုပ်ရန်အတွက် မြေတိုင်းစာရေးများကို လက်မှတ်ထိုးခ ၂၀၀၀၀ိ/ ကျပ်၊ ဘဏ်မန်နေဂျာကို ငွေထုတ်ရန် ၁၅၀၀၀ိ/ ကျပ်၊ ကျေးရွာ စာရေးများကို စာရင်းဇယား ၂၅၀၀ိ/ ကျပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို ၅၀၀၀ ကျပ် စသဖြင့် ပေးဆောင်နေကြရသည်ဟု ဆိုသည်။

"လယ်သမားတွေက အခက်အခဲအမျိုးမျိုးကြောင်း ငွေချေးယူကြတာပါ။ အရမ်း လိုအပ်လို့ ငွေချေးကြတာမှာ လယ်သမားတစ်ဦးစီဆီက ငါးထောင် ကျပ်စီ ကျေးရွာအုပ်ချုပ်ရေးမှူးက ဖြတ်ခိုင်းတယ် ပြောပြီးတော့ ရယကစာရေးက ဖြတ်ယူတာပါ။ လယ်သမားအားလုံး အယောက် ၅၀ ကျော် ၆၀ လောက်ရှိပါတယ်။ စရိတ်လို့တော့ ပြောပါတယ်။ ဘာစရိတ် ဆိုတာတော့ သေချာမပြောပါဘူး။ ဒီကိစ္စကို တာဝန်ရှိသူတွေ သေချာ စစ်ဆေးပေးစေချင်ပါတယ်"ဟု ဘူးသီးတောင်မြို့နယ် စပါးထားကျေးရွာမှ လယ်သမားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မြောက်ဦးမြို့မှ လယ်သမား တစ်ဦးက"တောင်သူလယ်သမားတွွေ ဖွံ့ဖြိုး တိုးတက်လာဖို့ နိုင်ငံတော်ကတော့ ငွေချေးပေးပါတယ်။ ဒါပေမယ့် စိုက်ဘဏ်က ငွေထုတ်ဖို့ ထောက်ခံစာ လုပ်ရာမှာ မြေတိုင်းစာရေးတွေကို လယ်သမား တစ်ဦးဆီက လက်မှတ်ထိုးခ ငွေ၂၀၀၀၀ိ/ ကျပ်နဲ့ ဘဏ်မန်နေဂျာကို ငွေ၁၅၀၀၀ိ/ ကျပ်စီ ပေးသွင်းရပါတယ်။ ပြီးတော့ စာရေးတွေကလည်း စာရင်းဇယာတွေလုပ်ခဆိုပြီး လယ်သမား တစ်ဦးစီကနေ ငွေ ၂၅၀၀ိ/ ကျပ်စီဖြတ်ယူပါတယ်"ဟု နိရဥ္စရာသို့ ဆိုသည်။

ထို့အပြင် လယ်ထွန်ဖို့ ငွေအမြန်ထုတ်ယူလိုသည့် လယ်သမားများ ထံမှလည်း ငွေကြေး အချို့ပေးရကြောင်း ချေးငွေထုတ်ယူခဲ့သည့် လယ်သမားများကဆိုသည်။

ရခိုင်ပြည်နယ်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးတွင် တောင်သူလယ်သမားများအား တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ၅၀ ဘီလီယံခန့်ထုတ်ချေးခဲ့ကာ ယခုနှစ်တွင် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးကြောင်း သိရသည်။

အဆိုပါငွေကြေး ဖြတ်ယူမှုများအတွက် စပါးထားကျေးရွာ ရယကစာရေး ကိုမောင်ဝင်းသိန်းအား အကြိမ်ကြိမ်ဆက်သွယ်ရာ ဖုန်းပိတ်ထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဘ ကမူ ဖုန်းဝင်သော်လည်း လက်ခံပြောဆိုဖြေကြာမှုမရှိပေ။

ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment