Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label မဘသ. Show all posts
Showing posts with label မဘသ. Show all posts

Saturday, January 26, 2019

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်ရိုက်


မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်တင် အခမ်းအနားကို ၂၀၁၉၊ ဇန်နဝါရီ ၂၆ ရက်နေ့က ကျင်းပစဉ် / Photo: Khaymani Win/ RFA
ဆရာတော် ၀ီရသူ ဦးဆောင်တည်ထောင်မယ့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကို မန္တလေးတိုင်းအစိုးရက ခွင့်ပြုချက်မပေးထားပေမယ့် ဒီနေ့မနက်က အဆောက်အဦး ပန္နက်ရိုက်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာမှာ တည်ဆောက်မယ့် မဟော်သဓာ ကျောင်းဆောင်ကို လက်ရှိမှာ နှစ်ထပ်အဆောက်အဦးအနေနဲ့ ဆောက်လုပ်မှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ စေတနာရှင်တွေရဲ့ အလှူငွေတွေနဲ့ တည်ဆောက်မှာဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

ခွင့်ပြုချက်မရဘဲ ဆောက်တာကြောင့် ဥပဒေအရ အရေးယူမယ်ဆိုလည်း ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဆရာတော် ၀ီရသူက ဒီနေ့ ပန္နက်ရိုက် အခမ်းအနားမှာ မိန့်ကြားပါတယ်။

ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း က ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေတဲ့အပေါ် ဘယ်လိုအရေးယူသွားမယ်ဆိုတာ မပြောနိုင်သေးကြောင်း RFA ကို ပြောပါတယ်။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်းကို ဆရာတော် ဦးဝီရသူက ဦးစီးတည်ထောင်မှာဖြစ်ပြီး အစိုးရကတော့ ကျောင်းတည်ဆောက်ခွင့်ကို ဒီနေ့အချိန်ထိ ချထားပေးတာမရှိပါဘူး။

မနေ့ကလည်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ကျောင်းဆောက်လုပ်နေတာကို လာရောက် တားမြစ်ခဲ့ကြောင်း ကျောင်းတည်ဆောက်ရေးအဖွဲ့ နာယက အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်မှာ စာသင်ကျောင်းဆောက်လို့ ထောင်ချမယ်ဆိုရင် ထောင်ကျခံသွားမှာဖြစ်ကြောင်း ဆရာတော် ၀ီရသူ က ဒီနေ့ပန္နက်တင်အခမ်းအနားမှာ မိန့်ကြားပါတယ်။

"NLD အစိုးရက ပြင်းပြင်းထန်ထန် ဆက်ဆံလာတဲ့အခါမှာ ယခင်က ဦးဆောင်ပါဝင်ခဲ့တဲ့ ၀ါခင်းကုန်း ဆရာတော်ကြီး စိတ်ရှုပ်ပြီးတော့ ဒီအခမ်းအနားမှာ တက်တက်ကြွကြွ မပါဝင်တော့ပါဘူး။ ဒါကိုကြည့်သောအားဖြင့် ဒီမိုကရေစီ အစိုးရလက်ထက်မှ ဒီမိုကရေစီအခွင့်အရေး မရတဲ့ဘ၀ကို ရောက်ရှိသွားတာကို တွေ့ရပါတယ်။ မရတဲ့အတွက်ကြောင့် စာသင်ကျောင်းဆောက်လို့ ၅၀၅ (ခ) နဲ့စွဲကျမယ်ဆိုရင် ဦးဇင်းကိုယ်တိုင် ထောင် ဆယ်ခါပြန်အကျခံရဲပါတယ်"

ကျောင်းဆောက်လုပ်ခွင့်အတွက် ခွင့်ပြုမိန့် တင်ထားတာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပေမယ့် ဒေသအာဏာပိုင်တွေက ခွင့်ပြုချက် ချမပေးသေးတာကြောင့် နိုင်ငံတော် သမ္မတ ထံကိုလည်း ကျောင်းဆောက်ခွင့်ရရှိဖို့ အကြောင်းကြားစာတွေ ပေးပို့ထားတယ်လို့ သိရပါတယ်။

မဟော်သဓာ ကျောင်းမှာ သင်ကြားမယ့် ဘာသာရပ်တွေဟာ အစိုးရကျောင်းတွေကအတိုင်း သင်ကြားမှာဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေး ဗဟိုကော်မတီက ဥက္ကဋ္ဌ ဒေါက်တာ မြင့်ဦး က ပြောပါတယ်။

"ကိုယ်ပိုင်အထက်တန်းကျောင်းလိုပါပဲ၊ အစိုးရစာသင်ကျောင်းလိုပဲ၊ အတူတူပဲ။ ဘာမှထူးတာမရှိပါဘူး။ အမျိုးသားရေးဆိုတာတော့ လိမ်လိမ်မာမာပေါ့လေ ယဉ်ကျေးသိမ်မွေ့ ဒါမျိုးတော့ ဖြစ်စေချင်တာပေါ့၊ စိတ်ကြမ်းကိုယ်ကြမ်း လူကြမ်းတော့ မဖြစ်စေချင်ဘူး။ ပညာရေးကတော့ အထွေအထူးမရှိပါဘူး။ တစ်သားတည်းပါပဲ"

ကျောင်းဖြစ်မြောက်ရေး ဗဟိုကော်မတီမှာ အငြိမ်းစားဗိုလ်မှူး အချို့ ပါဝင်တာတွေ့ရပြီး အဲဒီအထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဦးရဲမြင့်ရဲ့ ကိုယ်ရေးအရာရှိလည်း ပါဝင်တာ တွေ့ရပါတယ်။

ကျောင်းဆောက်လုပ်ခွင့် မပေးတဲ့အပေါ် ဆရာတော် ၀ီရသူ က သူ့အမြင်ကို အခုလိုမိန့်ကြားပါတယ်။

"ရန်ကုန်မဟော်သဓာက ကြံ့ခိုင်ရေးနဲ့ ပတ်သက်နေလို့ မန္တလေး မဟော်သဓာကို ခွင့်မပြုဘူးဆိုရင်တော့ ခုတ်ရာတခြား ရှရာတခြားပေါ့နော်၊ ကြံ့ခိုင်ရေးနဲ့ နီးကပ်လို့ အမြင်ကတ်တာတော့ သေချာပါတယ်။ ကြံ့ခိုင်ရေးနဲ့ နီးစပ်လို့ ခွင့်ပြုတာ၊ ခွင့်မပြုတာကိုတော့ တပ်အပ်ပြောလို့မရပါဘူး"

မဟော်သဓာကျောင်းဆောင် ဆောက်လုပ်ရေးအတွက် မြေ ၆ ဧက အသုံးပြုမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ကျပ်သိန်းပေါင်း လေးထောင်ကျော် လျာထားတယ်လို့ သိရပါတယ်။

ကျောင်းတည်ဆောက်ဖို့အတွက် သီးသန့်အလှူရှင်မရှိဘဲ အများစုကတော့ သံဃာတော်တွေနဲ့ ပြည်တွင်း ပြည်ပ အလှူရှင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ခွင့်ပြုချက်မရှိဘဲ ကျောင်းဆောက်လုပ်နေတဲ့အပေါ် ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက RFA ကို ပြောပါတယ်။

"တားမိန့်က ယခင်ကတည်းကအတိုင်းပဲ၊ တားတဲ့အပေါ်မှာ အတင်းလုပ်တာကတော့ လုပ်ကြတာပဲ၊ လောလောဆယ်ကတော့ ဘယ်လိုလုပ်မယ်ဆိုတာ ပြောလို့မရသေးဘူး။ ဥပဒေအရ တားထားတဲ့အတိုင်းပဲ"

မဟော်သဓာ စာသင်ကျောင်းတွေကို ရန်ကုန်မြို့နဲ့ တောင်ကုတ်မြို့တို့မှာလည်း ဖွင့်လှစ်ထားပြီး ကျောက်ချောကျေးရွာမှာ အခုဖွင့်လှစ်မယ့်ကျောင်းကတော့ ၉ တန်းနဲ့ ၁၀ တန်း ကျောင်းသားတွေကို သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပန္နက်ရိုက်ပွဲမှာ ကျောင်းဆောင်တည်ဆောက်ရေးအတွက် ထောက်ခံလက်မှတ်တွေလည်း ကောက်ခံခဲ့တာ တွေ့ရပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

Thursday, January 3, 2019

ဦးဝီရသူဟာသာသာနာ့အာဇာနည်တစ်ပါး ဖြစ်သည့်အတွက် တရားရုံးကို လာရောက် ရင်ဆိုင်ဖို့ မဖြစ်နိုင်

ဦးဝီရသူ(မစိုးရိမ်)

လျှောက်လွှဲချက်မှာတော့ ဦးဝီရသူဟာသံဃာ ၂၅၀၀ ခန့်ကို စာသင်ပေးနေသော အထင်ကရ ကျောင်းတော်ကြီးက သာသာနာ့အာဇာနည်တစ်ပါး ဖြစ်သည့်အတွက် တရားရုံးကို လာရောက် ရင်ဆိုင်ဖို့

လျှောက်လွှဲချက်ကို နားထောင်အပြီးမှာတော့ တရားခံ ဟုအစွပ်ဆွဲခံထားရသော ကိုဆွေဝင်းရဲရှေ့နေဒေါ်ရွက်နုအောင်က တရားလိုဘက်က တရားလိုပြသက်သေဦးဝီရသူအား သက်သေအဖြစ်
လောကပါလ
..........

ဦးဝီရသူကတရားလိုပြုလုပ်၍ တပည့်ကျော်မျိုးအား ကိုယ်စား တရားလိုပြုလုပ်စေကာ
Myanmar Nowအယ်ဒီတာချုပ်ကိုဆွေဝင်းအားစွဲဆိုထားသော
၄၉ကြိမ်မြောက်ရုံးချိန်းအဖြစ်ယနေ့2-1-2019မှာပထမနေ့အဖြစ်စစ်ဆေးလို့ပြီးခဲ့ပါပြီ ---
ယနေ့ရုံးချိန်းမှာဖြင့် ရုံးတော်ကို တရားလိုဘက်က တရားဝင်တင်သွင်းထားတဲ့ တရားလိုပြနောက်ဆုံးသက်သေဖြစ်တဲ့ ဆရာတော်ဦးဝီရသူဟာ လာရောက်ရင်ဆိုင်ခြင်း မရှိခဲ့ပါဘူး ---
တရားလိုရဲ့ရှေ့နေ ဦးဇော်ဝိတ်ကနေတစ်ဆင့် ရုံးတော်ကို လျှောက်လွှဲချက်တင်လာပါတယ် ---
လျှောက်လွှဲချက်မှာတော့ ဦးဝီရသူဟာသံဃာ ၂၅၀၀ ခန့်က်ို စာသင်ပေးနေသော အထင်ကရ ကျောင်းတော်ကြီးက သာသာနာ့အာဇာနည်တစ်ပါး ဖြစ်သည့်အတွက် တရားရုံးကို လာရောက် ရင်ဆိုင်ဖို့

မဖြစ်နိုင်ကြောင်း သူနဲ့သက်ဆိုင်ရာ သံဃာမြို့နယ်တရားရုံးမှာသာ အစစ်ခံနိုင်မဲ့အကြောင်း လျှောက်လွှဲချက်ရေးသားတင်ပြလာတာ တွေ့ရပါတယ် ။
လျှောက်လွှဲချက်ကို နားထောင်အပြီးမှာတော့ တရားခံ ဟုအစွပ်ဆွဲခံထားရသော ကိုဆွေဝင်းရဲဲရှေ့နေဒေါ်ရွက်နုအောင်က တရားလိုဘက်က တရားလိုပြသက်သေဦးဝီရသူအား သက်သေအဖြစ်
မဟာအောင်မြေတရားရုံးတော်မှာ တရားဝင်တင်ပြထားခဲ့ပြီး ဖြစ်တာကတစ်ကြောင်း

ဒီအမှုဟာ ယခုတရားလိုပြသက်သေ ဆရာတော်ဦးဝီရသူက အစပြုအခြေခံကာ ဆွဲဆိုထားတာဖြစ်သည့်အတွက် သတ္တိရှိရှိ မှန်မှန်ကန်ကန်လာရောက်အစစ်ခံရမှာဖြစ်ပါကြောင်း ၊

တရားရုံးများ ကျင့်ထုံးဥပဒေအတည်ပြု ဖေါ်ပြသတ်မှတ်ချက်များအရ ယခုကဲ့သို့ အခြားမသက်ဆိုင်သော နေရာဌါနမှာ လျှောင်လွှဲစစ်ဆေးခွင့် လုံးဝမရှိပါကြောင်း ဘယ်ပုဒ်မ ဘယ်ဥပဒေကမှ ခွင့်ပြုထားတာမရှိပါကြောင်း၊

တရားလိုဘက်က တင်သွင်းထားတဲ့ အတိုင်း လက်ရှိမဟာအောင်မြေတရားရုံးမှာသာ စစ်ဆေးခံခွင့်ရှိရမည်ဖြစ်ကြောင်း၊

သို့မဟုတ်ပါက တရားလိုပြသက်သေဟာ တည်ဆဲဥပဒေများကို ချိုးဖေါက်ရာကျနေကြောင်း တရားသူကြီးကလည်း ခွင့်ပြုပေးခွင့်ဥပဒေမရှိတာကြောင့် ခွင့်ပြုပေးလို့ လုံးဝမဖြစ်ပါကြောင်း၊

ကန့်ကွက်လျှောက်လှဲချက် တင်သွင်းခဲ့ပါတယ်။

လျှောက်လှဲချက်ကန့်ကွက်လွှာတင်သွင်းအပြီးမှာတော့ တရားသူကြီးကမနက်ဖန်ဒုတိယနေ့ရုံးချိန်းကို ဆက်လက်ချိန်းဆိုလိုက်ပါတယ်။

မနက်ဖန် 3-1-2019 မှာဖြင့်ဆရာတော် ဦးဝီရသူလာမည် မလာမည်ကို သိရမှာဖြစ်သလို တရားသူကြီးကလည်းမည်သို့ ဆုံးဖြတ်ပေးမလည်းဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

လောကပါလ

MDY ONLINE ရင်ဘက်တူမောင်နှမတစ်စု


Wednesday, November 28, 2018

မဘသ ရဲ့ ဟိုဆရာတော်အကြောင်းကြားမိသေးလား


မဘသ ရဲ့ ဟိုဆရာတော်အကြောင်းကြားမိသေးလားတဲ့
ကျနော်လည်း ပြန်မေးလိုက်တာပေါ့

လောင်းကစားငွေ အရှုပ် အရှင်းနဲ့ လူထွက်သွားတဲ့ စာအရေး
အသားကောင်းတဲ့ လားရှိုးက လူထွက် မဘသ လားဆိုတော့

ဟုတ်ဘူးတဲ့

ဒါနဲ့ လမ်းတံတား အဖွဲ့ (၇)က ဆောက်လုက်နေတဲ့တံတားကို
မဘသ ဆရာတော် ဦးဝီရသူမှ ဆောက်လုပ်လှူ ဒါန်းကြည့်ရှု
စစ်ဆေးလို့ သတင်းတင်တဲ့ မြနန်းတော်ဆရာတော်လားဆိုတော့

မဟုတ်ဘူးတဲ့

ဒါနဲ့ ဦးရဲလွင်နဲ့ဒေါ်စု စကားပြောနေတဲ့ ပုံကိုတင်ပြီး ဒေါ်စုမှ
ခိုးဝင်ဘင်္ဂလီခေါင်းဆောင်တစ်ဦးနဲ့ လျှို့ဝှက်တွေ့ဆုံတယ်
ဆိုပြီးသတင်းလိမ်တင်တဲ့ မဘသ ဦးနာယကလား ဆိုတော့

မဟုတ်ဘူးတဲ့

ဒါနဲ့ ကမ္ဘောဒီယား မြန်မာသံရုံးက ဝန်ထမ်းတွေက ဦးသိန်းစိန်
ကို ကန်တော့နေတဲ့ပုံတင်ပြီး ကမ္ဘောဒီယား မီဒီယာမှ
မြန်မာသမ္မတ ဦးသိန်စိန်ကို ဦးချကန်တော့တယ်လို့ တင်တဲ့
ဦးသေဋ္ဌိလလားဆိုတော့

မဟုတ်ဘူးတဲ့

ဒါနဲ့ ဘဒ္ဒန္တ တိတ်ပိတ် ဖာသည်မ ထမင်းဝအောင်စားထား
ဒိုင်းညော့ အနမ်းနဲ့မကြို ဂန်းနဲ့ကြို ခွေးဒစ် ကြည်လင်းဆရာ
အမျိုးဘာသာ သာသနာအတွက် ကျောင်းက ကိုယ်တော်တွေ
လွှတ်ပေးမယ်ဆိုတဲ့ ဆရာတော်ကြီးလား ဆိုတော့

မဟုတ်ဘူးတဲ့

ဒါနဲ့ အင်္ဂါနံအစ တနင်္လာနံအလယ် စနေနံအဆုံး
မျက်လုံးမှာမှန်တပ် ဗိုလ်ကတော်တွေ အနီကပ်နေပြီး
အဘပြောင် မကောင်းကြောင်း သူ့ရှေ့မှာပြောရင် လက်သီးနဲ့
ဆွဲထိုးမယ်ဆိုတဲ့ တရားပြော ဆရာတော်ကြီးလားဆိုတော့

မဟုတ်ဘူတဲ့

ဒါနဲ့ ဒုစိတ္တဆိုတဲ့ ဝရမ်းပြေးဆရာတော်လားဆိုတော့

မဟုတ်ဘူးတဲ့

ဒါနဲ့ ဆိုတာနဲ့ ဟိုးထားဟိုးထားတဲ့ ခင်ဗျားမေးတာနဲ့
ဘမသ ဆရာတော်တွေ တစ်ပါးမှ ကောင်းတာ ကျန်တာ့မှာ
မဟုတ်ဘူးတဲ့
ကျနော်မေးချင်တာက ပါရာဇိက ကျသွားတဲ့ ထိပ်ဖြတ်ထားတဲ့
MRTV4 လို့ခေါ်ကြတဲ့ မဘသဆရာတော် အကြောင်းကို
ကြားပြီးပြီလားလို့ မေးတာပါတဲ့ဗျာ

ကျော်သူ နိုင်(တောရွာ)

Sunday, May 13, 2018

တာမွေအကြမ်းဖက်မှု ဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့သော အမျိုးသားရေး အစွန်းရောက် အင်အားစုများ၏ အကြောင်း ၁











ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ဖျက်လို ဖျက်ဆီးလုပ်ဖို့အတွက် မဘသ နဲ့ အမျိုးသားရေး အမည်ခံအစွန်းရောက်အင်အားစုတွေက ကြံစည်နေတာ ကြာပါပြီ။ ဒီနေ့ကတော့ သူတို့ရဲ့ ရည်မှန်းချက် အကောင်အထည်ပေါ်သွားတဲ့နေ့လို့လည်း ပြောလို့ရပါတယ်။ မဘသရဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ မျိုးချစ် ရဟန်းတော်များ သမဂ္ဂ ရန်ကုန်နဲ့ မြန်မာ့ တပ်မတော်အား ချစ်မြတ်နိုးသူများ အဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)က ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ပိတ်ပင်ဖို့၊ တားဆီးဖို့ အစိုးရကို တရားဝင်တောင်းဆိုထားတာ အားလုံးအသိပဲ ဖြစ်တယ်။
ငြိမ်းချမ်းရေး လှုပ်ရှားမှုလုပ်မယ့် မေလ ၁၂ ရက်နေ့မှာ မဘသနဲ့ အမျိုးသားရေးအမည်ခံ အစွန်းရောက်အင်အားစုတွေ အမြောက်အမြား စုရုံးထားပြီးတော့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို မဖြစ်ဖြစ်တဲ့ နည်းဖြင့် ဖျက်ဆီးဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ အိုးရှင်း ဆူပါ မားကတ်ထဲ၊ တာမွေဂုံးတံတားအောက်၊ ကျိုက္ကစံဘက်မှာ၊ တာမွေအဝိုင်းထိပ်နား၊ တာမွေပလာဇာရှေ့ဘက် မီးသတ်နား နေရာ အသီးသီးမှာ ဖြန့်ခွဲပြီးတော့ အဆင်သင့် စောင့်ဆိုင်းနေကြတယ်။ ထူးခြားတာကတော့ တာမွေ ဂုံးတံတားအောက်မှာ နေရာယူထားတဲ့ ရဲတွေ SB တွေနဲ့အတူ မဘသနဲ့ အမျိုးသားရေးအစွန်းရောက်အင်အားစုတွေ တူတူရှိနေပြီးတော့ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုကို ဖျက်လို ဖျက်ဆီးလုပ်ဖို့အတွက် အဆင်သင့် စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်ရေး လူထု လှုပ်ရှားမှု စတင်ဖို့ တိုင်ပင်နေကြစဉ်မှာပဲ မဘသ အဖွဲ့ထဲက အမျိုးသမီး ၃ ယောက်လောက်က တန်ပြန်ဆန္ဒပြတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တယ်။ ရဲတွေက တားမြစ်တာလည်း မရှိဘူး။ ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် သူတို့ လှုပ်ရှားမှုက လူထု မပါဝင်တဲ့အတွက် ဂုံးတံတားအောက်မှာပဲ ရပ်လိုက်တယ်။ ငြိမ်းချမ်းရေးလှုပ်ရှားနေသူတွေကို ရဲအင်အား ၄၀ ၅၀ လောက်က ရေကားနဲ့ ပြန်လည့်လာတယ်။ တယောက်မှ ထွက်လို့မရအောင် ကာစီးထားတာ ရဲအင်အား ၆၀ လောက်ရှိတယ်။ ဘယ်မှ ပေးမထွက်ဘဲ စတင်ပိတ်ဆို့ခဲ့တယ်။ ငြိမ်းချမ်းရေးဆန္ဒပြသူများက ကြွေးကြော်သံတိုင်တာတွေ ငြိမ်းချမ်းရေး သီချင်းတွေဆိုတာတွေကို ပြုလုပ်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ရဲအင်အားထပ်တိုးတယ်။ မြို့နယ်မှူးလာတော့မှ လက်ကိုင် စပီကာနဲ့ လူခွဲဖို့ စတင် အော်ပြောခဲ့တယ်။ အဲဒီအချိန်မှာ မဘသနဲ့ အမျိုးသားရေး အစွန်းရောက်အင်အားစုတွေက ဆဲဆိုတာ၊ ရန်စတာ၊ ကြိမ်းမောင်းတာ၊ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာတွေကိုလုပ်တယ်။ အဲဒီအပြုအမူတွေကို ရဲတွေက တားဆီးမှု တစုံတရာ မလုပ်ခဲ့ဘူး။ အကာအကွယ်ပေးထားတယ် ဆိုတဲ့သဘောရှိတယ်။ အဆိုးဆုံးအော်ဟစ်ပြောဆိုကျိန်းမောင်းနေတာကတော့ မဘသရဲ့ အဖွဲ့ဝင် တဦးလည်း ဖြစ်သလို သင်တန်းဆရာတဦးလည်း ဖြစ်တဲ့ သာထက် (All in one) ခေါ် နိုင်လတ် ခေါ် နိုင်သူလတ် ပင်နီအင်္ကျီဝတ်ထားသူ နဲ့ ခင်မောင်ဆန်း ခေါ် သူကြီးသား ( ကိုမြတ်ကျော်ကို ဝင်ရောက်ထိုးနှက် ဖမ်းဆီးသူ) အကျီင်္ဗေဒါရောင်လက်ရှည် ပုဆိုးအပြာကွက်လွယ်အိတ်လွယ်ထားသူ တို့ ဖြစ်ပါတယ်။ မျိုးဦး ခေါ် စိုင်းစိုင်းနဲ့ အဖွဲ့ဝင် ၇ ဦးခန့်က စစ်ခွေးလို့ ခေါ်တာ ဘယ်ကောင်လဲဟုဆိုကာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လှုံ့ဆော်မှု ဖြစ်အောင် လုပ်တယ်။ လှုံ့ဆော်မှု မအောင်မြင်တဲ့အခါ နဂိုဝတ်ထားတဲ့ လည်ဂတုံးနဲ့ ပုဆိုးအစား ဘောင်းဘီအတို နဲ့ ရှပ်အကျီင်္ ပြောင်းလဲ ဝတ်ဆင်ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ထပ်မံ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ငြိမ်းချမ်ရေးလှုပ်ရှားသူများဘက်က ငြိမ်းချမ်စွာ လူစုခွဲရန် စတင်ခဲ့တယ်။ အဲဒီအချိန်မှာပဲ မဘသနဲ့ အမျိုးသားရေး အစွန်းရောက်အင်အားစုများက ငါတို့က လူစုဝင်ခွဲတာကွာဟု ပြောဆိုကာ ဝင်ရောက်ထိုးကြိတ်ခဲ့ပြီး လူအများ ပြန်ကျဲသွားတဲ့အခါမှာ နောက်ကလိုက်ပြီး အားလုံးကို သတ်ပြစ် သူပုန်အားပေးတွေသတ်ပြစ်စု ဆိုကာ လိုက်လံ ထိုးကြိတ်ခဲ့တယ်။ ကိုမြတ်ကျော်ကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ် ထားပြီးတော့ မဘသ အဖွဲ့ဝင် ၃ ဦး ၄ ဦးလောက်က ထိုးကြိတ်ရိုက်နှက်ခဲ့တယ်။ ငြိမ်းချမ်းရေး ဆန္ဒလှုပ်ရှားသူများကိုပါမက မီဒီယာများကိုလည်း စော်ကားတယ်။ ဆဲဆိုကြိမ်းမောင်းတယ်။ ဖမ်းဆီးခံရတဲ့ လူများအား ကားပေါ်တင်ပြီးချိန်တွင် မဘသအဖွဲ့ဝင် အမျိုးသမီးတဦး (မျိုးမျိုး) မှ အချုပ်ကားနံရံကိုလက်နဲ့ ပုတ်ကာ ဝမ်းသာအားရ ကခုန် အောင်ပွဲခံနေခဲ့တယ်။ အကြမ်းဖက်ဖြိုခွင်းပြီးနောက်မှာလဲ မဘသ အဖွဲ့ဝင် လူနဲ့ ဘုန်းကြီး အများစုက ဝမ်းသာကြောင်းအားရကြောင်းတို့ကို ၄င်းတို့ရဲ့ လူမှုကွန်ယက်မှာ ပြန်လည်ဖော်ပြခြင်း၊ ထပ်ဆင့်မျှဝေခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ၄င်းအဖွဲ့ဝင်များကလည်း စားသောက်ဆိုင်များ၊ က KTV အရက်ဆိုင်များမှာလည်း အောင်ပွဲခံ ပျော်ပားနေခဲ့ကြပါတယ်။ တာမွေ ငြိမ်းချမ်ရေး ဆန္ဒပြသူတွေကို အကြမ်းဖက်မှု ဖြစ်စဉ်မှာ ပါဝင်ပတ်သတ်ခဲ့ကြတဲ့ မဘသနဲ့ အမျိုးသားရေး အစွန်းရောက် အင်အားစုများကတော့
(၁) သာထက် (All in one) ခေါ် နိုင်လတ် ခေါ် နိုင်သူလတ်
(NaingLatt Account)
(NaingThuLatt Account)
မဘသ အဖွဲ့အစည်းအား အင်္ဂလိပ်စာ သင်တန်းပေး
(အကြမ်းဖက်ရန်လှုံ့ဆော်တဲ့ Vedio Link)
ခင်မောင်ဆန်း
နောက်မှာကပ်ပါလာတဲ့ လင့်ခ်က သူ့ဖုန်းနံပါတတ် ဖြစ်ဖို့များ။
စန္ဒာကျော်ငြိမ်း
စန္ဒာကျော်ငြိမ်း ဆိုတဲ့ အမျိုးသမီးဟာ စစ်ထောက်ခံပွဲများတွင် အားတက်စွာပါဝင်နေသူဖြစ်ပြီး မဘသမှ ဦးစီးလုပ်သည့် ပွဲများတွင်လည်း အမြဲတမ်း ပါဝင်နေသူဖြစ်သည်။ ၆ ရက် ၅ လပိုင်းတွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွင် လာရောက်၍ တန်ပြန်မှု များ ပြုလုပ်ခဲ့သည်။ တာမွေမှာလည်း ငြိမ်းချမ်ရေးလှုပ်ရှားမှု လုပ်နေသူများ ရှိနေသော နေရာများအား ပစ်မှတ်ဖြစ်အောင် လူမှုကွန်ယက်တွင် ဖော်ပြမှုများ လုပ်ခဲ့သည်။ Post များဖြင့်လည်း ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပါသည်။
ကိုကိုမောင် (ညောင်ကန်)
စိုင်းစိုင်း (ခ) မျိုးဦး (မျိုးမျိုး ယောက်ျား ) စစ်ခွေးဆိုတာ ဘယ်ကောင်လဲကွ ဆိုပြီး လူ ၇ ယောက်လောက်နဲ့ ဝိုင်းရိုက်ဖို့ ထွက်လာတဲ့ တယောက်။
မျိုးမျိုး (ဆိုင်းပုဒ်ကိုင်ပြီး အော်တဲ့ တယောက် ) (စိုင်းစိုင်း (ခ) မျိုးဦး ရဲ့ မိန်းမ)
ရဲစိုးအောင်
လှိုင်လူငယ် မဘသ ပွဲတော်တော်များများမှာ ပါတယ်။ ရွေတိဂုံအစိုးရဖြုတ်ချရေး ဆန္ဒပြပွဲမှာပါတယ်။ တာမွေပွဲမှာ ရဲတွေနားကနေပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့ တယောက်။
Sein Moh Moh
La Tha Phyo Aung
Ko Kyaw
Ko Zaw
Brani
ဆန္ဒပြပွဲကိုလာပြီးတော့ ဘေးဘက်ကနေ လမ်းတွေပိတ်တယ်၊ ကားတွေ ပိတ်တယ်။ မူဆယ်မှာ သွားပြပါလား လို့ ဘေးကနေ ပတ်ပြီးတော့ ပြောတယ်။ အကြမ်ဖက်မှုမှာ အားပေးအားမြောက်လုပ်ခဲ့တယ်။ ပူးပေါင်းပါဝင်ခဲ့တယ်။
အကြမ်းဖက်မှု ဖြစ်စဉ်မှတ်တမ်း ဗွီဒီယိုများ

Sunday, November 12, 2017

ဦးပါမောက္ခကို ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီးလူဝတ်လဲ

လူဝတ်လဲထားသော ဦးပါမောက္ခကို တွေ့ရစဉ်။ Photo: Zayar Lin
ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို ဒီနေ့ နေလည်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူဝတ်လဲလိုက်ပါတယ်။

ဆရာတော်ဦးပါမောက္ခက မြောက်ဒဂုံမြို့နယ်ရဲစခန်းကို သွားရောက်ပြီး လယ်သမားတစ်ဦး လယ်မြေ သိမ်းခံထားရမှုနဲ့ ပတ်သက်လို့ ဆန္ဒပြခွင့်လျှောက်ထားတာကို ကူညီဆောင်ရွက်ပေးရင်း ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဆရာတော်ရဲ့ ဒကာဖြစ်သူ ဦးစည်သူမြင့်က ပြောပါတယ်။

"လယ်သမားက သူ့လယ်ကို စည်ပင်က မတရားသိမ်းယူလိုက်တယ်ဆိုပြီး လာတိုင်တယ်။ အဲ့ကိစ္စကို ဆန္ဒဖော်ထုတ်ချင်တယ်ပေါ့။ ဖော်ထုတ်ချင်လို့ရှိရင် မြောက်ဒဂုံရဲစခန်းကိုသွား။ မြောက်ဒဂုံရဲစခန်း ရောက်တော့ ဆရာတော်ကလည်း လိုက်ကူညီပေးတာပေါ့။ ဆရာတော်ကို မြောက်ဒဂုံရဲစခန်းမှူးက ဘာပြောလဲဆိုတော့ ဆရာတော်က ၅၀၅ (ခ)နဲ့ ဖမ်းဝရမ်းရှိတယ်။ ဖမ်းလို့ရတယ်ဆိုပြီးပြောတယ်။ ဆရာတော်က အဲ့ဒါဆိုရင် မင်းလုပ်စရာရှိတာလုပ်ဆိုပြီးပြောတယ်"

ဆရာတော်ကို မြောက်ဒဂုံမြို့နယ်ရဲစခန်းမှူးက ဖမ်းဝရမ်းပြဖမ်းဆီးခဲ့ပြီး ဗဟန်းမြို့နယ်က ရန်ကုန်တိုင်း သံဃမဟာနယကရုံးကို ခေါ်ဆောင်ပြီး လူဝတ်လဲခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီနောက်မှာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ဆရာတော်ဦးပါမောက္ခကို ဆက်လက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဦးစည်သူမြင့်က ပြောပါတယ်။

အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ဆရာတော် ဦးပါမောက္ခအပြင် မျိုးချစ်ရဟန်းပျိုများသမဂ္ဂက ဆရာတော် ဦးသုစိတ္တနဲ့ ဆရာတော်ဦးဥာဏဓမ္မတို့ကိုလည်း ကမာရွတ်မြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာနာမည် သုံးစွဲတာနဲ့ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားသူ နောင် တော်လေး၊ ဝင်းကိုကိုလတ်၊ သက်မျိုးဦးနဲ့ နေဝင်းအောင် တို့လေးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊  ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ တို့နဲ့ ပြီးခဲ့တဲ့စက်တင်ဘာလက ကမာရွတ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ လစီ ချမှတ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

Wednesday, August 23, 2017

အမျိုးသားရေး ဆရာတော်တွေ အာမခံ ပယ်ချခံရ


အမှုရုံးချိန်းမှာ အမျိုးသားရေး ဆရာတော်တွေကို လာရောက်ဝိုင်းရံသူတွေ
လက်ရှိအစိုးရရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ဆိုပြီး အစိုးရ နုတ်ထွက်ပေးဖို့ မန္တလေး မဟာမုနိ ဘုရားကြီးနားမှာ သပိတ်စခန်း ဖွင့်လှစ်ခဲ့တဲ့အတွက် ဇူလိုင် ၂၉ရက်နေ့က အဖမ်းခံခဲ့ရတဲ့ သံဃာတချို့နဲ့ လူတချို့ကို မန္တလေး ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ သြဂုတ်လ ၂၃ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ရာမှာ အမျိုးသားရေး ဆရာတော်လို့ လူသိများတဲ့ တောင်သာလေး ဆရာတော် ဦးအဂ္ဂဓဇ အပါအဝင် သံဃာ ၆ပါးနဲ့ လူ ၁ယောက်ကို အာမခံ ပယ်ချလိုက်ပါတယ်။

ခရိုင်သာသနာရေးမှူးက တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ သံဃာ ၈ပါးကို တရားစွဲထားတာ ဖြစ်ပေမယ့် ၂ပါးကတော့ တိမ်းရှောင်နေပါတယ်။

ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ် စွဲဆိုထားတာကတော့ လူ ၅ယောက်ဖြစ်ပေမယ့် ကိုကျော်မျိုးရွှေတယောက်သာ ဖမ်းမိသေးတဲ့အတွက် နောက်ထပ် ၄ယောက်ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ဒီကနေ့ သြဂုတ်လ ၂၃ရက်နေ့အထိ သူတို့ကို ဖမ်းမမိသေးတဲ့အတွက် ဖမ်းဝရမ်းကို ဩဂုတ်လ ၃၀ရက်နေ့ အထိ သက်တမ်းတိုးပေးထားကြောင်းနဲ့ ဒါမှ မမိဘူးဆိုရင် လုပ်ထုံးလုပ်နည်းအရ အမှုဆက်စစ်တော့မယ့်အကြောင်း ချမ်းမြသာစည်တရားရုံးရဲ့ သတင်းပြန်ကြားရေးအရာရှိ တွဲဖက်တရားသူကြီး ဦးကျော်စွာလင်းက ဘီဘီစီကို ပြောပါတယ်။

ရုံးထုတ်ရာမှာ အမျိုးသားရေး ဆရာတော်တွေကို ဝန်းရံတဲ့ အင်အားက ၂၀ဝနီးပါး ရှိတာကြောင့် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားတာတွေ့ရပါတယ်။

နောက်ရုံးချိန်းကိုတော့ စက်တင်ဘာ ၆ ရက်နေ့သတ်မှတ်ထားပြီး တရားလို ခရိုင်သာသနာရေး ဦးစီးမှူးကို စတင် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Wednesday, August 2, 2017

ဆန္ဒပြတဲ့ ကိုယ်တော်တို့ ငြင်းခုံကြမလား?


ဆန္ဒပြတဲ့ ကိုယ်တော်တို့ ငြင်းခုံကြမလား?

အမေရိကန် ကိုလံဘီယာ တက္ကသိုလ်မှာကျောင်းသားတစ်ယောက်နဲ့ ဆုံဘူးတယ်
သူနာမည်က JOSH CAROL။သူက Social Deveploment အထူးပြုနဲ့ ကျောင်းတက်နေတော့
မြန်မာနဲ့ အာရှက ဘုန်းကြီးကိစ္စတွေကို ရေးပြီး ဘွဲ့ယူသွားတာ
အတော် အံ့သြဖို့ကောင်းတယ်

သူရေးသားချက်က အတော်ကြီးကို လူကိုယ်တိုင် ဆန်းစစ် သွားရောက်လေ့လာပြီး
ရေးသားတဲ့ အချက်တွေဖြစ်ပြီး အာရှက ဗုဒ္ဓဘာ နိုင်ငံ (၇) ခုကို သွားခဲ့ပြီးရေးတယ်။
ဘာသာရေးပုတ်ခတ်မှုတွေမပါဘူး ဖြစ်တည်လာမှု တည်ဆောက်မှု အပျက်ဆီးဆုံးရှုံးမှုကို
လူမှုဗေဒ ရလဒ်နဲ့ ထောက်ပြထားတာ အင်မတန်ကောင်းတယ်။

ယဉ်ကျေးမှု ဆိုင်ရာတွေ အတော်ကြီးကို လေးစားဖို့အကြောင်းကို သူပြဆိုတယ်။
ကိုးကွယ်မှုအပိုင်းမှာ အရဟတ် (ရဟန္တာ ) အဆင့်ထိ ရောက်ကြပုံ တရားထူးတရားမြတ်တွေ ထားခဲ့ပုံတွေကို သူရေးပြတယ်။

နောက်ဆုံးသူ့တင်ပြချက်ထဲက လူမှု့ဝန်းကျင် အနှောက်ယှက်နဲ့ ၀န်ထုပ်ဝန်ပိုးကိစ္စမှာတော့ သူ့ရဲ့ စာတမ်းကိုဖတ်နေကြသူတွေနဲ့ ငြင်းခုံမှုတွေ အကြီးကျယ် ဖြစ်တော့တာပဲ။
သူက Social Development သမားဆိုတော့ နောက်ဆုံးလူသားတိုးတက်ရေးအတွက် နိုင်ငံရေးဆိုင်ရာ လူမှုစနစ် ဖြစ်တည်ခြင်း သရုပ်ဗေဒမှာ အဆုံးသွားသတ်တဲ့ သဘောပါ။

သူ့ထောက်ပြချက်က ဘာသာကို ကန့်ကွက်တာမဟုတ်သလို သံဃာတွေကို ကန့်လန့်တိုက်ထားတာမျိုးလည်းမဟုတ်ဘူး။

သို့သော် ဘာသာရေးဆိုင်ရာ အထောက်အပံ့ အလှူတွေအကြောင်းနဲ့ အလုပ်လည်းမလုပ် တရားထူးတရားမြတ်လည်း မရှားတဲ့ အလေလွင့်တွေဆိုတဲ့ အသိုင်းကွဲ အ၀န်းကွဲတွေကြောင့်
အဲ့ဒီဝန်ထုပ်ကို နိုင်ငံတော်နဲ့ ကြည်ညိုသူ ပြည်သူတွေ ထမ်းထားရတဲ့ ပုံစံကို သူက စာမျက်နှာ ၃၀ လောက် ဖွင့်ဆိုပြီး ထောက်ပြထားတယ်။

သူရဲ့ ထောက်ပြမှု အပိုင်း သရုပ်ခွဲမှုထဲမှာ

ပြည်သူတွေ ထမ်းနေရတဲ့ နေစဉ် ၀န်ထုပ်ကို ဖြည်ထုပ်ပြတယ်
သံဃာတစ်ပါးအတွက် နေ့စဉ် ကုန်ကျစရိတ်ကို အားလုံး ရေ မီး သင်္ဃန်း ဆွမ်း ဆေးဝါး ပုဂ္ဂလ အသုံးဆောင် အပြင် နေထိုင်ရန် အရိပ်ကျေုာင်းဆောင် ထိမ်းသိမ်း ပြင်ဆင်မှု တည်ဆောက်မှုနဲ့ မီးသဂြိုလ်တဲ့ အထိ…
သံဃာတစ်ပါးအတွက် အမေ၇ိကန် ဒေါ်လာ (၈) ဒေါ်လာ ပျမ်း မျှ နေ့စဉ်ကုန်ကျနေတယ်လို့ဆိုတယ်။
သံဃာ (လေးသိန်း) ရှိတဲ့ တိုင်းပြည်မှာ ဘယ်လောက်ကုန်ကျမလဲပေါ့…ကျနော် ကြားက စဉ်းစားကြည့်တယ်။

သို့သော် သဒ္ဒါ စေတနာအတွက် သူမကန့်ကွက်ဘူး သူ့အမြင်က အဲ့ဒီလို ကုန်ကျခံထားပေးတဲ့ အကျိုးကြောင်းရလဒ်က ဘာတွေ ၇ှိသင့်သလဲ လို့ သူက မေးခွန်းထုတ်ရင်းချပြတယ်။

ရာဇ၀တ်မှုတွေ ကျဆင်းဖို့ ဖြစ်သင့်တယ်.
မူးယစ်ဆေးဝါးတွေ ပပျောက်ဖို့ ဖြစ်သင့်တယ်

စစ်ပွဲတွေ လျော့ပါးဖို့ ဖြစ်သင့်တယ်

ပညာတတ် လူရည်မွန်တွေ တိုးပွားဖို့ ဖြစ်သင့်တယ်။
ဥပဒေ လေးစားလိုက်နာပြီး ဘာသာ သာသနာ အဆုံးမတွေနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့
အကတိ လိုက်စားမှုတွေ လျော့ပါး ပျောက်ကွယ်သင့်တယ်…လို ဆိုတယ်
အဲ့ဒီလိုမှ မဖြစ်ဘူးဆိုလျင် အဲ့ဒီအစည်းရုံးတွေ တည်ရှိမှုအတွက် အထောက်ပံ့ပေးနေကြတဲ့

ကိုးကွယ်ယုံကြည်သူတွေရဲ့ ခံစားပိုင်ခွင့်တွေထဲက စေတနာနဲ့ ခွဲဝေလှူဒါန်းမှုတွေဟာ

ရေရှည်မှာတိုင်းပြည် ယိုပေါက် နဲ့ ပြသနာတွေ ပဲ ဆက်ဖြစ်လျက် လူမှုဗေဒတည်ရှိမှုဆိုင်ရာ တိုးတက်ခြင်း (Social Development) အတွက် အကျိုး မ၇ှိကြောင်းကို ငြင်းခုံနေကြဆဲ ဖြစ်ကြောင်းပါ။

ဒါဆို အခု ဆန္ဒပြနေတဲ့ ကိုယ်တော်တွေရော ဒီအထဲမှာ ငြင်းခုံကြမလားပဲ

*ဂိုလ်ရှယ်လေး

မိမိ မြင်တွေ့ သိရှိရတဲ့ အတိုင်းပဲ ရေးပါတယ် ဆဲဆိုလျင် ဘလော့ပါ့မယ်။

Credit

သပိတ်စခန်းတွေနား သွားကြည့်တဲ့ ပြည်သူတွေ သတိပြုရန်


*သပိတ်စခန်းတွေနား သွားကြည့်တဲ့ ပြည်သူတွေ သတိပြုရန်*

ဒီနေ့ မန္တလေးက သာသနာ ၂၅၀၀ ဗိဗ္မာန် သပိတ်စခန်းနားကို ကျွန်တော်သွားကြည့်စဉ် ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။
ဘုန်းကြီး/လူ အနည်းစု ဆန္ဒပြတဲ့ပွဲမှာ ကိုင်ထားတဲ့ ပိုစတာဗီနိုင်းတစ်ခုက အာဏာယူပြီး တိုင်းပြည်မကာကွယ်နိုင်တဲ့ အစိုးရ အလိုမရှိ ဆိုပြီး မရှင်းမရှင်းရေးထားတဲ့ စာတမ်းပါနေပါတယ်၊ ကျွန်တော့်စိတ်ထဲမှာ မရှင်းတာနဲ့ သပိတ်စခန်းမှာ ရှေ့ဆုံးကနေ သပိတ်ကိုင်ထားတဲ့ (ဧရာဝတီတိုင်းက လာတယ်လို့ပြောတဲ့) ဦးဆောင်ဆရာတော်လို့ ပြောတဲ့ ကိုယ်တော်ကို ရိုးရိုးသားသားပဲ မေးလိုက်ပါတယ်၊ အာဏာယူပြီး တိုင်းပြည် မကာကွယ်နိုင်တဲ့ အစိုးရဆိုတာ အရင်အစိုးရကို ပြောတာလား/ဒီအခု ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ NLD အစိုးရကို ပြောတာလားဆိုတော့ အဲ့ဒီကိုယ်တော်က ဒီအခု မဖြေနိုင်ဘူး၊ သိချင်ရင် မနက်ဖြန်မနက် ၉ နာရီ သတင်းစာရှင်းပွဲကြမှ ဖြေမယ်လို့ ပြောပါတယ်။
ကျွန်တော်နဲ့ အခြားသော စကားတွေ အနည်းငယ် အချေအတင် ပြောဖြစ်သွားပါတယ်၊ ဒီအထိက ပြဿနာ မရှိပါဘူး၊ သူတို့လည်း မကြိုက်တာကို ဆန္ဒပြသလို ကျွန်တော်လည်း ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒပြတဲ့သူတွေကို မရှင်းလင်းတာတွေ မေးပိုင်ခွင့်ရှိပါတယ်။
ပြဿနာက အဲ့လိုစကားပြောနေပြီး သိပ်မကြာခင်မှာ ချမ်းမြသာစည်မြို့နယ်က ရဲအရာရှိလို့ ပြောတဲ့သူတစ်ယောက်က ကျွန်တော့်ကိုလာပြီး ဟောက်မေး မေးပါတယ်၊ မင်း ဘယ်ကကောင်လဲ ဘယ်သူလဲတဲ့၊ မင်းက ပရဟိတကော ဘယ်အဖွဲ့က ဘာတွေလုပ်တဲ့သူလဲ ဆိုပြီး ကောင်းကောင်းမွန်မွန် မမေးပဲ ဖြဲတဲ့ ပုံစံမျိုး လာမေးလို့ ကျွန်တော်ကလည်း ငါဘာကောင်လဲဆိုတာ နောက်မှပြောမယ်၊ မင်း အရင်ဆုံး ဘယ်သူလဲ ဆိုတာပြော၊ ရဲဆိုရင်လည်း မင်းရဲ့ ကိုယ်ပိုင်နံပါတ်ပြောလို့ ပြန်ပြောလိုက်တယ်၊ အဲ့မှာ ကျွန်တော့်ကို နားမလည်ဘူးထင်ပြီး ကိုယ်ပိုင်နံပါတ်မဟုတ်တဲ့ ဖုံးနံပါတ်လို ဂဏန်းတွေ လာပြောနေတယ်၊ ကျွန်တော်ကတော့ အမှန်အတိုင်းပြောလိုက်တယ်၊ မင်း ငါ့အကြောင်း သိချင်ရင် မိုးကုတ် ကျပ်ပြင်က ဖိုးနီ ဆို မေးကြည့်လိုက် ပရဟိတ, နိုင်ငံရေး, လူမှုရေး, စီးပွားရေး ကြိုက်တာ စုံစမ်းကွာ လို့ ပြန်ပြောလိုက်တယ်။ မင်းရော ဘယ်သူလဲ ဆိုတာ သေချာစုံစမ်းလို့ရအောင် ဓါတ်ပုံရိုက်မယ် လုပ်တော့မှ အရိုက်မခံပဲ ပြာယာခပ်ပြီး ထွက်သွားတယ်၊ ဒါပေမယ့် ကျွန်တော် သူစီးတဲ့ ဆိုင်ကယ်နံပါတ် ၅၇ ယ/၇၁၇၅၂ ကိုတော့ ဓါတ်ပုံ ရအောင် ရိုက်ထားလိုက်တယ်။
နောက်မှ ကျွန်တော် သတိထားကြည့်မိတာက အဲ့ဒီ သပိတ်စခန်းနား ဝန်းကျင်မှာ ဝိုင်းရံ ကြည့်နေကြတဲ့ သူတွေဟာ SB / စ ရ ဖ နဲ့ အရပ်ဝတ် ကိုယ်ယောင်ဖျောက် အသွင်ယူထားတဲ့ ဝန်ထမ်းတွေ အများစုဖြစ်နေတယ်ဆိုတာ အတွေ့အကြုံအရ သိလိုက်တယ်။ သူတို့ ပုံစံက လုံခြုံရေး ယူတဲ့ ပုံစံထက် ပြဿနာဖြစ်လာရင် ဆွမ်းကြီးဝိုင်းလောင်းပြီး ပုံကြီးချဲ့မယ့် ပုံစံမျိုး ဖြစ်နေတယ်၊ ကျွန်တော့်ကို ဆက်ဆံသွားတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် အတွေ့အကြုံမရှိတဲ့ / ဆန္ဒပြတာကို မလိုလားလို့ ခံပြင်းတဲ့စိတ်နဲ့ လာကြည့်မိတဲ့ သာမာန်ပြည်သူတွေကိုဆိုရင် စိတ်တိုအောင် ပြဿနာတက်အောင် ဆွပေးတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်တယ်။ သတင်းလာယူတဲ့သူ အနည်းငယ် တွေ့ရပေမယ့် အခြားသာမာန် အရပ်သားပြည်သူတွေကို မတွေ့ရသလောက်ပါပဲ။
ကျွန်တော် အထူးသတိပေးလိုတာက ဒီအခု အချိန်က အစိုးရအနေနဲ့ လူထုကျန်းမာရေးအတွက် H1N1ရောဂါ ပြန့်ပွားမှာ စိုးလို့ တောင်ပြုန်းပွဲတော်ကို ကျင်းပခွင့် ရွေ့ဆိုင်းထားလို့ လူထုအချို့ရဲ့ စိတ်ထဲမှာ မကျေနပ်မှုတွေ ရှိနေနိုင်တယ်ဆိုတဲ့ အချိန်မျိုးမှာ ပြုလုပ်တဲ့ အချိန်ကိုက်ဆန္ဒပြပွဲ ဖြစ်နိုင်ပါတယ်။
ဆန္ဒပြပွဲတွေ သပိတ်စခန်းတွေဆိုတာ ပြဿနာ ကြီးထွားအောင် မီးမွေးပေးမယ့် ထောင်ချောက်တွေ ဖြစ်နိုင်တာမို့ ဥပဒေ နားမလည်ရင် စိတ်မထိန်းနိုင်ရင် မသွားကြည့်သင့်ဘူးလို့ ပြောချင်ပါတယ်။
ဒီလို ဆန္ဒပြပွဲတွေကို အားပေးအားမြောက်ပြုပြီး ဝန်းရံပေးနေတဲ့ လက်မဲကြီးတွေဟာ အရင်ခေတ်ကို လွမ်းနေတဲ့ ဝန်ထမ်းဆိုးတွေ ကိုယ်တိုင် ပါဝင် ပါတ်သက်နေသလားဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေလို့ပါပဲ ။

ရှယ်ပေးသင့်က ရှယ်ပေးကြပါ



Monday, July 17, 2017

မဘသဆိုင်းဘုတ် မဖြုတ်တာတွေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က အရေးယူမည်

ကရင်ပြည်နယ်အတွင်း စိုက်ထူထားတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဆိုင်းဘုတ်ကို တွေ့ရစဉ်။ Photo: Myo Chit (facebook)
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အခုလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး အမျိုးဘာသာ သာသနာ ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ ညွှန်ကြားထားပေမယ့် ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာ ဆိုင်းဘုတ်မဖြုတ်သိမ်းတာတွေရှိနေတဲ့အပေါ် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေ ကနေတဆင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အရေးယူဆောင်ရွက်မှုတွေကို တိုင်းနဲ့ပြည်နယ်အစိုးရတွေက အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကပြောပါတယ်။

" တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် ဖြစ်ရင် တည်ဆဲဥပဒေ အရ ဆောင်ရွက်သွားမယ်ဆိုတာလည်း ပါရှိပြီးသားပါခင်ဗျ။ ဒါတွေဟာ အကောင်အထည်ဖော်ဖို့ဆိုရင် လုပ်ငန်းစဉ်က အများကြီးရှိပါတယ်ခင်ဗျ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက အကောင် အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

မနေ့က ကရင်ပြည်နယ်၊ ဘားအံမြို့သရက်တောကျောင်းတိုက်မုခ်ဦးမှာ စိုက်ထူထားတဲ့ မဘသ ဆိုင်းဘုတ်ဟာ ဟောင်းနွမ်းနေတဲ့အတွက် ဆိုင်းဘုတ်အသစ်တင်တဲ့အခမ်းအနားကို ကရင်ပြည်နယ် အတွင်းက ဂိုဏ်းပေါင်းစုံ သံဃာတော်တွေ၊ မဘသဆရာတော်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း တချို့က ပုဂ္ဂိုလ်တွေ တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာလည်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ဆိုင်းဘုတ် ကို ဖျက်ဆီးမှာစိုးတာကြောင့် သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေက စောင့်ကြည့်မှု တွေရှိနေပါတယ်။

မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က တိုင်းအစိုးရအဖွဲ့က ညွှန်ကြား ချက်မရှိသေးတာကြောင့် လက်ရှိမှာအရေး ယူဆောင်ရွက်ထားတာ မရှိသေးကြောင်း ပြောပါတယ်။

" မြို့ရဲ့အခြေအနေအေးအေးဆေးဆေးပါ။ သူတို့ဘာသူတို့ စောင့်နေတာတော့ သူတို့ဘာသူတို့ စောင့်ကြ ပါစေပေါ့ ။ သူတို့တာဝန်သူတို့ယူတာပဲ။ အဲဒါကတော့ ကျနော်တို့ ဆုံးဖြတ်ချက်နဲ့ လုပ်လို့မရပါဘူး။ ကျနော်တို့ကို ဘာမှညွှန်ကြားချက်မလာသေးပါဘူး။ အစိုးရအဖွဲ့ကလည်း ဘာမှညွှန်ကြားချက်မလာသေး ပါဘူးခင်ဗျ။ ကျနော်တို့တော့ ရုံးမှာပဲ အေးအေးဆေးဆေး နေနေတာပါပဲဗျ"

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေမှာ နိုင်ငံတော်သံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် မဟနရဲ့ဂုဏ်သိက္ခာ နဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့အတွက် မလွှဲမရှောင်သာဘဲ အာဏာစက်နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

Sunday, July 16, 2017

ရန်ကုန်တိုင်းဝန်ကြီးချုပ် ကာချုပ်ထံ တောင်းပန်စာပေးပို့


ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကို လိပ်မူပေးပို့တဲ့ တောင်းပန်စာကို လက်ခံရရှိကြောင်း တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ သတင်းထုတ်ပါတယ်။ ဇူလိုင်လ ၁၃ ရက် ရက်စွဲနဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တောင်းပန်စာက အမြန်ချောပို့ လမ်းကြောင်းနဲ့ ပေးပို့ခဲ့တာလို့လည်း သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ဖြစ်တယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူပေးဖို့ တပ်မတော်က တိုင်ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တာပါ။ဒါပေမယ့် တောင်းပန်ချက် အသေးစိတ်ကိုတော့ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်ဟာ အစိုးရရဲ့ သဘောထား မဟုတ်ဘူးလို့လည်း မြန်မာ အစိုးရက ပြောဆိုခဲ့တာပါ။ ဒါ့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပေါ် ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို သတိပေး ဆုံးမလိုက်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကြေညာချက် ထုတ်ခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ အမျိုးသား ရင်ကြားစေ့ရေး ဦးတည်ချက်ကို ထိခိုက်စေနိုင်တဲ့အပြင် အစိုးရနဲ့ တပ်မတော်၊ လူထုနဲ့ တပ်မတော်အကြား ဆက်ဆံရေး ကောင်းမွန်စေဖို့ စဉ်ဆက်မပြတ် တည်ဆောက်ရမယ့် ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်ကိုပါ အခက်အခဲဖြစ်လာစေနိုင်သူ ဖြစ်ကြောင်း လည်း သုံးသပ်ထားပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ်ဟာ အပြုသဘောနဲ့ ရေရှည်ဆက်ဆံဖို့ မသင့်လျော်တာကြောင့် လိုအပ်သလို စိစစ်အရေးယူဖို့ တင်ပြရခြင်းဖြစ်ကြောင်း လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

(မဘသ)ဆိုင်းဘုတ်တွေကို အသက်နဲ့လဲပြီး ကာကွယ်သွားမယ်လို့ ဦးဝီရသူပြောပြီ


(မဘသ)ဆိုင်းဘုတ်တွေကို အသက်နဲ့လဲပြီး ကာကွယ်သွားမယ်လို့ ဦးဝီရသူပြောပြီ

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်တွေကို ဖြုတ်ချသွားမှာမဟုတ်ဘဲ အသက်နဲ့လဲ ကာကွယ်သွားမယ်လို့ ဆရာတော် ဝီရသူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ မိန့်ကြားလိုက်ပါတယ်။

တနိုင်ငံလုံးက မဘသ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့၊ မဘသ နာမည်ကို မသုံးဖို့ သံဃ မဟာနာယက အဖွဲ့က ညွှန်ကြားထားတဲ့ နောက်ဆုံးရက်မှာ အခုလို ပြောဆိုလိုက်တာပါ။

“အရင့်အရင်တုန်းက သည်းခံနိုင်ခဲ့သော်လည်း ဒီတခါတော့ သည်းခံဖို့ မသင့်တော့ဘူးလို့ ဆုံးဖြတ်ထားပြီး မဘသ ဆိုင်းဘုတ်များကို အသက်နဲ့လဲပြီး ကာကွယ်သွားမှာပါ။ မဘသ ဆိုင်းဘုတ်များ ပြိုလဲသွားရင် ဘာသာ သာသနာလည်း ပျောက်ကွယ်သွားမှာပါ။ မဘသ အဖွဲ့ကြီး ဖြိုခွင်းခံလိုက်ရရင် တမျိုးသားလုံးလည်း အန္တရာယ် ကျရောက်နိုင်ပါတယ်။”

မဘသအဖွဲ့ကို ဖြိုခွင်းရင် တနိုင်ငံလုံးက သံဃာနဲ့ ပြည်သူတွေ အုံကြွကာ အာဏာပြန်သိမ်းတာ ဖြစ်လာနိုင်ပြီး ဒီလို အာဏာသိမ်းတာဟာ အစိုးရအနေနဲ့ ကိုယ့်ရဲ ညံ့ဖျင်းတာကို ဖုံးကွယ်ပြီး မဘသကြောင့်လို့ မစွပ်စွဲဖို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီအစိုးရအနေဖြင့် ပြည်သူတွေ ဆင်းရဲဒုက္ခဆက်မရောက်စေဖို့ ဦးနုလို အာဏာလွှဲပေးဖို့လည်း ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

“အန်အယ်လ်ဒီ အစိုးရ မနိုင်မနင်းနဲ့ ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင် ပြည်သူလူထုတွေဟာ ဒီ့ထက်ပိုပြီး ဆင်းရဲတွင်း နက်ပါလိမ့်မယ်။ အဲဒါကြောင့် ပွင့်ပွင့်လင်းလင်း ကိုယ်အသုံးမကျရင် မကျဘူး၊ မစွမ်းနိုင်ရင် မစွမ်းနိုင်ဘူး တိုးတက်အောင် လုပ်မပေးနိုင်ရင် ကုန်ဈေးနှုန်းကို မထိန်းနိုင်ရင် ပွင့်ပွင့်လင်းလင်း ဝန်ခံပြီးတော့ ဟို ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်ကလို ရိုးရိုးသားသားပဲ စွမ်းနိုင်မယ့်သူတွေ၊ စွမ်းနိုင်တယ်လို့ ထင်ရတဲ့သူတွေ၊ စွမ်းနိုင်တယ်လို့ ယုံကြည်ရတဲ့သူတွေကို လွှဲပြောင်း ပေးလိုက်ပါ။”

မဘသဦးဆောင်ဆရာတော်တွေအနေနဲ့ ဒီနာမည်ကို ဆက်မသုံးဖို့၊ ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့ နိုင်ငံတော် သံဃမဟာနာယကဆရာတော်တွေဆီမှာ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနာမည်ကို ဆက်သုံးမယ့်အကြောင်း ကရင်ပြည်နယ် မဘသ-အဖွဲ့က ကြေညာခဲ့ပြီး ဆိုင်းဘုတ်တွေ မဖြုတ်သေးသလို မန္တလေးမှာလည်း ဆိုင်းဘုတ်တွေ မဖြုတ်သေးပါဘူး။

ဒါနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ နိုင်ငံပိုင် သတင်းစာမှာ ထုတ်ပြန်ထားတဲ့အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီဟာကိုတော့ တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ခင်ဗျ။ အဆင့်တွေတော့ အများကြီးရှိပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရက အကောင်အထည်ဖော်ရမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
DVB

Saturday, July 15, 2017

မဘသဆိုင်းဘုတ်တွေ ဖြုတ်ဖို့ အစိုးရညွှန်ကြားချက်ကို မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ ကန့်ကွက်


(ကရင်ပြည်နယ်အတွင်း စိုက်ထူထားတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဆိုင်းဘုတ်ကို တွေ့ရစဉ်) Photo: Myo Chit (facebook)
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်တွေကို ဒီနေ့ နောက်ဆုံးထားဖြုတ်ချဖို့ အစိုးရက ကြေညာထားပေမယ့် မဖြုတ်ဘဲ ဆက်ထားနိုင်အောင် ကာကွယ်သွားမှာဖြစ်သလို အစိုးရရဲ့ ကြေညာချက်ကို ကန့်ကွက်ကြောင်း မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂက ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

မဘသ ဆိုင်းဘုတ်တွေကို မဖြုတ်နိုင်အောင် ကာကွယ်သွားမယ်လို့ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ မန္တလေးတိုင်း အတွင်းရေးမှူး ဦးစန္ဒာသီရိက မိန့်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးက မဘသ ဆိုင်းဘုတ်တွေကို ဒီနေ့ နောက်ဆုံးထားဖြုတ်သိမ်းဖို့နဲ့ လိုက်နာဖို့ ပျက်ကွယ်မယ်ဆိုရင် အာဏာစက်နဲ့ အရေးယူသွားမယ်လို့ မနေ့ညက အစိုးရပိုင်ရုပ်သံကနေ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ ဆိုင်းဘုတ်တွေကို ဒီနေ့ အပြီးဖြုတ်သိမ်းပေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသအဖွဲ့ဟာ တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ကြောင်း ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကာဒဿမ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသအဖွဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ခိုင်းတဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနဲ့ ဖားအောက်တောရဆရာတော်၊ တိပိဋကယောဆရာတော် တို့ကလည်း သံဃာထုထံ ပန်ကြားလွှာတွေ ရေးသားထုတ်ပြန် လျှောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese