Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 3, 2019

ဦးဝီရသူဟာသာသာနာ႔အာဇာနည္တစ္ပါး ျဖစ္သည့္အတြက္ တရားရံုးကို လာေရာက္ ရင္ဆိုင္ဖို႔ မျဖစ္နိဳင္

ဦး၀ီရသူ(မစိုးရိမ္)

ဦးဝီရသူကတရားလိုျပဳလုပ္၍ တပည့္ေက်ာ္မ်ဳိးအား ကိုယ္စား တရားလိုျပဳလုပ္ေစကာ
Myanmar Nowအယ္ဒီတာခ်ဳပ္ကိုေဆြဝင္းအားစဲြဆိုထားေသာ
၄၉ႀကိမ္ေျမာက္ရံုးခ်ိန္းအျဖစ္ယေန႔2-1-2019မွာပထမေန႔အျဖစ္စစ္ေဆးလို႔ၿပီးခဲ႔ပါျပီ ---
ယေန႔ရံုးခ်ိန္းမွာျဖင္႔ ရံုးေတာ္ကို တရားလိုဘက္က တရားဝင္တင္သြင္းထားတဲ႔ တရားလိုျပေနာက္ဆုံးသက္ေသျဖစ္တဲ႔ ဆရာေတာ္ဦးဝီရသူဟာ လာေရာက္ရင္ဆိုင္ျခင္း မရွိခဲ႔ပါဘူး ---
တရားလိုရဲ႕ေရွ႕ေန ဦးေဇာ္ဝိတ္ကေနတစ္ဆင္႔ ရံုးေတာ္ကို ေလွ်ာက္လဲႊခ်က္တင္လာပါတယ္ ---
ေလွ်ာက္လဲႊခ်က္မွာေတာ႔ ဦးဝီရသူဟာသံဃာ ၂၅၀၀ ခန္႔က္ို စာသင္ေပးေနေသာ အထင္ကရ ေက်ာင္းေတာ္ႀကီးက သာသာနာ႔အာဇာနည္တစ္ပါး ျဖစ္သည့္အတြက္ တရားရံုးကို လာေရာက္ ရင္ဆိုင္ဖို႔
မျဖစ္နိဳင္ေၾကာင္း သူနဲ႔သက္ဆိုင္ရာ သံဃာၿမိဳ႕နယ္တရားရံုးမွာသာ အစစ္ခံနိဳင္မဲ႔အေၾကာင္း ေလွ်ာက္လဲႊခ်က္ေရးသားတင္ျပလာတာ ေတြ႔ရပါတယ္ ။

ေလွ်ာက္လဲႊခ်က္ကို နားေထာင္အျပီးမွာေတာ႔ တရားခံ ဟုအစြပ္ဆဲြခံထားရေသာ ကိုေဆြဝင္းရဲဲေရွ႕ေနေဒၚရြက္ႏုေအာင္က တရားလိုဘက္က တရားလိုျပသက္ေသဦးဝီရသူအား သက္ေသအျဖစ္
မဟာေအာင္ေျမတရားရံုးေတာ္မွာ တရားဝင္တင္ျပထားခဲ႔ၿပီး ျဖစ္တာကတစ္ေၾကာင္း
ဒီအမႈဟာ ယခုတရားလိုျပသက္ေသ ဆရာေတာ္ဦးဝီရသူက အစျပဳအေျခခံကာ ဆဲြဆိုထားတာျဖစ္သည့္အတြက္ သတိၱရွိရွိ မွန္မွန္ကန္ကန္လာေရာက္အစစ္ခံရမွာျဖစ္ပါေၾကာင္း ၊
တရားရံုးမ်ား က်င္႔ထုံးဥပေဒအတည္ျပဳ ေဖၚျပသတ္မွတ္ခ်က္မ်ားအရ ယခုကဲ႔သို႔ အျခားမသက္ဆိုင္ေသာ ေနရာဌါနမွာ ေလွ်ာင္လဲႊစစ္ေဆးခြင္႔ လုံးဝမရွိပါေၾကာင္း ဘယ္ပုဒ္မ ဘယ္ဥပေဒကမွ ခြင္႔ျပဳထားတာမရွိပါေၾကာင္း၊
တရားလိုဘက္က တင္သြင္းထားတဲ႔ အတိုင္း လက္ရွိမဟာေအာင္ေျမတရားရံုးမွာသာ စစ္ေဆးခံခြင္႔ရွိရမည္ျဖစ္ေၾကာင္း၊
သို႔မဟုတ္ပါက တရားလိုျပသက္ေသဟာ တည္ဆဲဥပေဒမ်ားကို ခ်ဳိးေဖါက္ရာက်ေနေၾကာင္း တရားသူႀကီးကလည္း ခြင္႔ျပဳေပးခြင္႔ဥပေဒမရွိတာေၾကာင္႔ ခြင္႔ျပဳေပးလို႔ လုံးဝမျဖစ္ပါေၾကာင္း၊
ကန္႔ကြက္ေလွ်ာက္လဲွခ်က္ တင္သြင္းခဲ႔ပါတယ္။
ေလွ်ာက္လွဲခ်က္ကန္႔ကြက္လႊာတင္သြင္းအျပီးမွာေတာ႔ တရားသူႀကီးကမနက္ဖန္ဒုတိယေန႕ရံုးခ်ိန္းကို ဆက္လက္ခ်ိန္းဆိုလိုက္ပါတယ္။
မနက္ဖန္ 3-1-2019 မွာျဖင္႔ဆရာေတာ္ ဦးဝီရသူလာမည္ မလာမည္ကို သိရမွာျဖစ္သလို တရားသူႀကီးကလည္းမည္သို႔ ဆုံးျဖတ္ေပးမလည္းဆိုတာ ေစာင္႔ၾကည့္ရေတာ႔မွာ ျဖစ္ပါတယ္။
ေလာကပါလ
MDY ONLINE ရင္ဘက္တူေမာင္ႏွမတစ္စု
..........

ဦးဝီရသူကတရားလိုပြုလုပ်၍ တပည့်ကျော်မျိုးအား ကိုယ်စား တရားလိုပြုလုပ်စေကာ
Myanmar Nowအယ်ဒီတာချုပ်ကိုဆွေဝင်းအားစွဲဆိုထားသော
၄၉ကြိမ်မြောက်ရုံးချိန်းအဖြစ်ယနေ့2-1-2019မှာပထမနေ့အဖြစ်စစ်ဆေးလို့ပြီးခဲ့ပါပြီ ---
ယနေ့ရုံးချိန်းမှာဖြင့် ရုံးတော်ကို တရားလိုဘက်က တရားဝင်တင်သွင်းထားတဲ့ တရားလိုပြနောက်ဆုံးသက်သေဖြစ်တဲ့ ဆရာတော်ဦးဝီရသူဟာ လာရောက်ရင်ဆိုင်ခြင်း မရှိခဲ့ပါဘူး ---
တရားလိုရဲ့ရှေ့နေ ဦးဇော်ဝိတ်ကနေတစ်ဆင့် ရုံးတော်ကို လျှောက်လွှဲချက်တင်လာပါတယ် ---
လျှောက်လွှဲချက်မှာတော့ ဦးဝီရသူဟာသံဃာ ၂၅၀၀ ခန့်က်ို စာသင်ပေးနေသော အထင်ကရ ကျောင်းတော်ကြီးက သာသာနာ့အာဇာနည်တစ်ပါး ဖြစ်သည့်အတွက် တရားရုံးကို လာရောက် ရင်ဆိုင်ဖို့

မဖြစ်နိုင်ကြောင်း သူနဲ့သက်ဆိုင်ရာ သံဃာမြို့နယ်တရားရုံးမှာသာ အစစ်ခံနိုင်မဲ့အကြောင်း လျှောက်လွှဲချက်ရေးသားတင်ပြလာတာ တွေ့ရပါတယ် ။
လျှောက်လွှဲချက်ကို နားထောင်အပြီးမှာတော့ တရားခံ ဟုအစွပ်ဆွဲခံထားရသော ကိုဆွေဝင်းရဲဲရှေ့နေဒေါ်ရွက်နုအောင်က တရားလိုဘက်က တရားလိုပြသက်သေဦးဝီရသူအား သက်သေအဖြစ်
မဟာအောင်မြေတရားရုံးတော်မှာ တရားဝင်တင်ပြထားခဲ့ပြီး ဖြစ်တာကတစ်ကြောင်း

ဒီအမှုဟာ ယခုတရားလိုပြသက်သေ ဆရာတော်ဦးဝီရသူက အစပြုအခြေခံကာ ဆွဲဆိုထားတာဖြစ်သည့်အတွက် သတ္တိရှိရှိ မှန်မှန်ကန်ကန်လာရောက်အစစ်ခံရမှာဖြစ်ပါကြောင်း ၊

တရားရုံးများ ကျင့်ထုံးဥပဒေအတည်ပြု ဖေါ်ပြသတ်မှတ်ချက်များအရ ယခုကဲ့သို့ အခြားမသက်ဆိုင်သော နေရာဌါနမှာ လျှောင်လွှဲစစ်ဆေးခွင့် လုံးဝမရှိပါကြောင်း ဘယ်ပုဒ်မ ဘယ်ဥပဒေကမှ ခွင့်ပြုထားတာမရှိပါကြောင်း၊

တရားလိုဘက်က တင်သွင်းထားတဲ့ အတိုင်း လက်ရှိမဟာအောင်မြေတရားရုံးမှာသာ စစ်ဆေးခံခွင့်ရှိရမည်ဖြစ်ကြောင်း၊

သို့မဟုတ်ပါက တရားလိုပြသက်သေဟာ တည်ဆဲဥပဒေများကို ချိုးဖေါက်ရာကျနေကြောင်း တရားသူကြီးကလည်း ခွင့်ပြုပေးခွင့်ဥပဒေမရှိတာကြောင့် ခွင့်ပြုပေးလို့ လုံးဝမဖြစ်ပါကြောင်း၊

ကန့်ကွက်လျှောက်လှဲချက် တင်သွင်းခဲ့ပါတယ်။

လျှောက်လှဲချက်ကန့်ကွက်လွှာတင်သွင်းအပြီးမှာတော့ တရားသူကြီးကမနက်ဖန်ဒုတိယနေ့ရုံးချိန်းကို ဆက်လက်ချိန်းဆိုလိုက်ပါတယ်။

မနက်ဖန် 3-1-2019 မှာဖြင့်ဆရာတော် ဦးဝီရသူလာမည် မလာမည်ကို သိရမှာဖြစ်သလို တရားသူကြီးကလည်းမည်သို့ ဆုံးဖြတ်ပေးမလည်းဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

လောကပါလ

MDY ONLINE ရင်ဘက်တူမောင်နှမတစ်စု


No comments:

Post a Comment