Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 9, 2019

အလှမယ်သင်းသင်းကမင်းသားဝေဠုကျော်အားကာမလိမ်လည်မှုဖြင့် အမှုဖွင့်


အလှမယ် သင်းသင်းဟာ ယနေ့ ဇန်နဝါရီလ (၈) ရက် အဂါင်္နေ့ မနက် ၁၀ နာရီတွင် ရုပ်ရှင်မင်းသားနှင့် ပရဟိတသမား ဝေဠုကျော်ကို သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ဖြင့် စတင် ဦးတိုက်လျှောက်တင်ခဲ့ပါတယ်။ အမှုကို ညနေ ၃ နာရီ၌ ကြားနာခဲ့ပြီးနောက် တရားရုံက လက်ခံလိုက်ပါတယ်။ ဝေဠုကျော်ကို တရားခံအနေနဲ့တရားရုံးကဆင့်ခေါ်သွားမယ်လို့ အလှမယ်သင်းသင်းက ပြောပါတယ်။ ပိုက်ဆံလိုချင်လို့အမှုဖွင့်တာမဟုတ်ဘဲ တရားဥပဒေအကြောင်းကို သိစေချင်တဲ့အတွက် အမှုဖွင့်ဖြစ်တာပါလို့ပြောပါတယ်။

ကားမလိမ်လည်မှု ပုဒ်မ ၄၁၇ မှာ ရာဇ၀တ်မှုဖြစ်သည်။ အမျိုးသမီးတဦးကို လက်ထပ်ပါမည်ဟု ယုံကြည်အောင် လိမ်လည်ပြောဆို၍ ကာမရယူပြီးနောက် လက်ထပ်ရန်ငြင်းဆန်လျှင်၊ ပျက်ကွက်လျှင်လည်း လိမ်လည်မှုကိုကျုးလွန်သဖြင့် ထိုသူကို ပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် (၃)နှစ်နှင့် ငွေဒဏ်များ ချမှတ်နိုင်ကြောင်း သိရသည်။

ဇိုးလေး
ဆယ်လီတွေရဲ့ ဘာညာဘာညာ သတင်းများ





No comments:

Post a Comment