Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 9, 2019

ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၁၉ တစ်နှစ်စာဟောစာတမ်း နှင့် ဆောင်ရန် ၊ ရှောင်ရန်များ..


၁၃၈၁-ပြည်နှစ်(၂၀၁၉)အတွက် (၇) ရက်သားသမီးများအတွက်
 ၁၃၈၀ပြည့် (၁)နှစ်စာဟောစာတမ်း

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးသားသမီးများ ယခုနှစ်တွင် မိမိဂုဏ်သတင်းကျော်ဇောပြိး
အထူးအောင်မြင်မှုရရှိမည်နှစ်ဖြစ်သည်။ မည်မျှခက်ခဲသောကိစ္စရပ်
များပင်ဖြစ်စေ ထူးခြားစွာအောင်မြင်မှုရတတ်သည်။ မိမိ၏ ကံနှင့်ဥာဏ်ကို အားကိုယ်ပြိး မလျော့သော ဇွဲ့လုံဝိရိယဖြင့် လုပ်ကိုင်ပါ။ ယခုနှစ်တွင် အခက်များ တွေ့ကြုံလေ ဘဝအတွက်အောင်မြင်မှု မကြာခင်ရတော့မည့်ဟု ယုံကြည့်ထားပါ။

မနှစ်က ဆိုးခဲ့ ညံခဲ့သမျှ ယခုနှစ်တွင် မုချအဆင်ပြေမှုလေတွေ တွေ့ကြုံရလိမ့်မည်။ အရာရာအလေးန်ထာပြိး လုပ်ကိုင်ကြိုးစားပါ။ ငွေရှင်၊ ကြေးရှင်၊ လုပ်ငန်းရှင်၊ ဥစ္စာရှင်များက မိမိအား ကူညီရန် ကံကြမ္မကစောင်ကြည့်နေပါလိမ့်မည်။
ထိုသော် မကောင်းမှုဒူစရိုက်လုပ်ငန်များ၊မပြစ်ကင်းသော စီးပွားဥစ္စာရှာဖွေ့ရေး လုပ်ငန်းများလည်း မိမိထံ ရောက်ရှိလာတတ်သည်။

မိမိကံကို ထိမ်းသိမ်းပြိး ဘာသာရေ၊ဘာဝန၊ကမ္မဌာန်းထိုင် တရားအားထုတ်ခြင်းနှင့် အလှူအတန်းများ မိမိတတ်နိုင်သလောက်ပေးကမ်းလှူတန်း ဒါနပြုကြပါ။ ပြည်တွင်း/ပြည်ပခရီးသွားလာခြင်း၊ ဘုရားဖူးခရီးသွားလာရကိန်းရှိသည်။ ဘဝအတွက် တိုးတတ်ချမ်းသားမည့် စီးပွားရေး အသက်မွေးကြောင်း အခွမ်းအလမ်းကောင်းများ တွေ့ကြုံရလိမ့်မည်။

ယခုနှစ်တွင် * 2019-1လ,6လ,7လ၊ 10လ,11လ*ပိုင်းများတွင် အကျိုးရှိလဖြစ်၍ မည်သည့်ကိစ္စဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိမည်။ လူမှုရေး နှင့် ဘာသာရေးဆိုင်ရာလုပ်ငန်းများတွင် ကိုယ်တိုင်ဦးစီးရခြင်း၊ အများသဘောတူညီမှုကြောင့် ကုသိုလ်ရေး လုပ်ငန်းများ လုပ်ကိုင်ရမည်။ မိမိရပ်တန်ထားသော လုပ်ငန်းကိစ္စများ ပြန်လည်အသက်ဝင်လာအောင် ဆောင်ရွက်ရမည်။ သို့သော် လုပ်ငန်းခွင့်တွင် အပြိုင်အဆိုင်များနှင့်ထိပ်တိုက်ရင်ဆိုင်ရမည်။
ယခုနှစ်တွင် တနင်္လာ၊ ကြာသပတေး၊ စနေသားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။ အိမ်ခြံမြေအဆောက်အဦးများ ဆောက်လုပ်ရတတ်သည်။

* 2019- 2လ,3လ၊ 5လ, 12လ*ပိုင်းများတွင် ဗုဒ္ဓဟူးသားသမီးများ ဒွန်းစဏ္ဍား အကောင်း နှင့် အဆိုး ဒွန့်တွဲနေပါလိမ့်မည်။
မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူးသတိထားပါ။

စီးပွားရေးဂဏ္ဍ 🔹စီးပွားရေးတိုးတတ်လာမည်။ ဆက်သွယ်ရေးကိရိယာ၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း အကျိုးခံစားရပြိး
ဆက်သွယ်ရေးကိရိယာများ ဝင်လာတတ်သည်။ ဆက်သွယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးပစ္စည်းရောင်းဝယ်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများဖြစ်ထွန်း၍ ရွေဆိုင်၊ ရတနာလုပ်ငန်းအရောင်းအဝယ်၊ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ရေပိုက်
အပိုပစ္စည်းရောင်းဝယ်ရေးများ၊ သစ်အရောင်းအဝယ်လုပ်ငန်း အောင်မြင်မှု ချမ်းသာသုခရတတ်သည်။

စက်ဘီး၊ဆိုင်ကယ်၊ကားအရောင်းအဝယ်းလုပ်ငန်း၊ မြေလုပ်ငန်း၊ ပွဲစားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကန်ထရိုက်လုပ်ငန်း အခက်ခဲများ အနှောက်အယှက်စီးပွားပြိုင်ဘက် စိတ်အနှောင့်အယှက်ဖြစ်စေခြင်း အကျိုးပေးနည်းလိမ့်မည်။

အထူး ဗုဒ္ဓဟူသားသမီးများ တွက်ချက်မှုအားနည်းခြင်းကြောင်း၊ မိမိထင်သလောက် အောင်မြင်မှုပန်းတိုင် နှင့် ဝေးကွာသွားရတတ်သည့်ကို သတိနှင့်လုပ်ကိုင်ပါ။ မိမိလုပ်ငန်း၊ အိမ်တွင်းမိသာစု မိမိလုပ်ပေးထောက်ပံသလောက် အကောင်းအမြင် မခံရဘဲ မိမိစေတနာ ဝေဒနာဖြစ်တတ်သည်။ လုပ်ငန်းခွင်တွင် မိတ်ဆွေအသစ်များနှင့် လက်တွဲလုပ်ကိုင် ဆက်ဆံရမည်။ သို့သော် သူတပါးအားကိုယ်၍မရသောနှစ်ဖြစ်သည်။

အသက် ၂၁၊ ၂၃၊ ၂၄၊ ၃၂၊ ၃၅၊ ၄၂၊ ၄၅၊ ၅၅ နှစ်ရှိသူများ စီးပွားရေး လူမှုရေး၊ ပညာရေး၊ အချစ်ရေးနှင့်အိမ်ထောင်ရေး ညံပါလိမ့်မည်။
ထိုသက်ပိုင်းခြား ဇာတာရှင်ကတွေ့က ငွေကြေးနဲ့ပက်သက်ပြီး
လက်လွတ်စပယ်မလုပ်မိဖို့လိုသလို ငွေကြေးနဲ့ ပက်သက်ရင်
မိမိအနေနဲ့ ဆုံးဖြတ်ချက်မှားတတ်သည်။

အိမ်၊ ခြံ၊ မြေဝယ်လို့ ဆိုင်ဆောက်လို့ ငွေမြုပ်ခြင်း၊ ငွေပြန်မပေါ်တာ ကိစ္စမရှိတတ်၍ ငွေလူလိမ်ခံရခြင်း၊ ရောင်းမှားဖြစ်ခြင်း အမှုခင်းများ
ကြုံတွေ့ရတတ်သည်။ မလိုအပ်တဲ့နေရာရင်းနှီးမြုပ်နှံခြင်း၊ ငွေချေးတဲ့ကိစ္စများ လုံးဝမလုပ်ပါနဲ့။ မိမိကိုယ်က အတိုးမယူဘဲ လကနှဲတ်စာချုပ်စာတန်းနဲ့ ချေးရင်တောင်မှု ပြန်ရဘဲ ထွက်ပြေးထိန်းရှောင်သွားလိမ့်မယ်။

သို့သော်(1-6-2019)နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းခွင့်နှင့်အထွေထွေကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဂရုတစိုက်ဆောင်ရွက်သင့်သည်။ ညီကိုမောင်နှချင်း စကားများခြင်း၊ အမွေအနှစ်ကိစ္စများပြောဆိုရခြင်း ကြုံရတတ်သည်။

အချစ်ရေးနှင့်အိမ်ထောင်ရေးဂဏ္ဍ 🔹ဗုဒ္ဓဟူးသားသမီးများ
ချစ်ရေးနှင့် အိမ်ထောင်ဘက် နေနံတွဲဘက်* တနင်္လာ၊ အဂါင်္ * အနည်းအထစ်ငေါ့များ အကောင်းအဆိုးနှင့်ဒွန်းတွဲကျော်လွှားရတတ်ပြိး

*ကြာသပတေး*အိမ်ထောင်ဘက်များ အနှောက်ချက်အမျိုးမျိုးကြုံတွေ့ရလိမ့်မည်။ အိမ်ထောင်းရေး ကသိကအောက် အထစ်အငေါ့ဖြစ်ခြင်း၊ မကြာခဏ တကျက်ကျက် စကားများ ပြဿနာတတ် အငြင်းအခုံပြုလုပ်၍ ခေတ္တယာယီခွဲရတတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးကိစ္စအတွက် ငွေကြေးကုန်ကျမှုများမည်။

အချစ်ရေးတွင် စွတ်စွဲမှုအမျိုးမျိုးခံရကိန်းကြုံမည်။ လူငယ်လူရွယ်များ အချစ်ရေးတွင် ယုံကြည်မှုတည်ဆောက်ရန် ခက်ခဲမည်။ လူငယ်လူရွယ်များ ချစ်သူ၏အဖြေကို စောင့်နေရင့် မိမိအချိန်များ ကုန်ခမ်းသွားလိမ့်မည်။ မိမိထက် ဝါကြီး၊ အသက်ကြီးသူတို့နှင့် ဆုံးဆည်းရခြင်း၊ ရပ်ဝေမှာ ဖူးစားတွေ့ရတတ်သည်။

ဗုဒ္ဓဟူးသားသမီးများ ချစ်ရေးနှင့် အိမ်ထောင်ဘက် နေနံတွဲဘက်* တနင်္ဂနွေ၊ စနေ့၊ သောကြာ*အိမ်ထောင်ဘက်များ အိမ်ထောင်ရေးသာစိုပြည့်၍ ပြည်တွင်း/ပြည်ပခရီးသွားလာခြင်း၊ ဘုရားဖူးခရီးသွားလာရကိန်းရှိသည်။ ဘိုးဘွားအမွေအနှစ်၊ မိဘမောင်နှမဆွေမျိုးအမွေအနှစ်ရရှိခြင်း နှင့် အိမ်ယာ၊ တိုက်ခန်း၊ မြေယာ၊ ခြံကွက်များရရှိတတ်သည်။ ငွေကြေးကိစ္စရပ်များ အတိုင်းအတာထက် ပိုဝင်ကိန်းကြုံမည်။ သားသမီး၊ တပည့်များ တိုးပွားမည်။ မိမိတို့၏ ရှေ့ရေး ဘဝခိုင်မြဲစေရန် အထောက်အကူရရှိစေရန် စိတ်ရှည်းသီးခံပြိး တပည့်မွေးမြူရန် သင့်တော်ပါလိမ့်မည်။

ပညာရေးဂဏ္ဍ 🔹ပညာရေးတွင် ဘဝအတွက်ရည်မှန်းထားသောပညာရပ်များ ဂရုတစိုက် လေ့လာသင်ခြင်း ဝိဇ္ဇာနှင့်သိပ္ပံ မိမိပညာရပ်များကို မိမိဝါသနာအရင်းခံ၍ ထွန်းပေါက်အောင် သင်ကြားပါ။ ဘဝအတွက် တိုးတတ်ချမ်းသားမည့် စီးပွားရေး အသက်မွေးကြောင်း ဖြစ်လိမ့်မည်။

ပညာရေးတွင် လုံးလ ဝီရိယရှိမှာသာ မိမိမျော်မှန်းရည်ရွယ်ထားသော ပညာရပ်များ အကောင်အထည့်ဖော်ခြင်း ဆည်းပူးခြင်းဖြင့် အောင်မြင်မှု လက်ဆုပ်လက်ကိုင် ပြနိုင်၍ နာမည်ဂုဏ်သတင်းကျော်ဇောမည်။ မိမိပညာရပ်များ သင်ရာတွင် သူတပါး၏ ကူညီမစ ထောက်ပံ့မှုပေးခြင်း၊ ရာထူးနေရာဌာနများမှ ထောက်ပံ့ ပံပိုးပေးခြင်းများ စံစားခံစားရကိန်းရှိသည်။ တစ်ဖက်တစ်လမ်းမှ စက်မှုလက်မှု ပညာရပ်များဖြင့် အသက်မွေးကြောင်းပြုလုပ်ရလိမ့်မည်။

ကျန်းမားရေးဂဏ္ဍ 🔹 ကျန်းမာရေးအနေ့နဲ့ ဖျားနှားခြင်း၊ သွေးတိုး၊ ဒူနား၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ဆီး၊ မျက်စိရောဂါ၊ စိတ်ဓာတ်ကျရောဂါ၊ သွားနှင့်ပတ်သက်သောရောဂါ၊ လေနာရောဂါများဖြစ်တတ်သည်။ ထိခိုက်ဒဏ်ရ ရခြင်း ရောဂါဝေဒနာ အထူးခံစားရတတ်သည်။
ရောဂါဖြစ်ပွားလျှင် တတ်ကျွမ်းသော ဆရာများနှင့်ဂရုတစိုက် ကုသမှုခံယူသင့်သောနှစ်ဖြစ်ဖြစ်သည်။
ကျန်းမာရေးတွင် *၃*ဂဏန်းရက် နှင့် *၅*ဂဏန်းရက် မွေးဖွားသူများ အထူးဂရုစိုက်ရလိမ့်မည်။

ဆောင်ရွက်စရာကိစ္စများ ➖ ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(ရတနာသုတ်) ရွတ်ဆိုပြိး ပုတီး(၅)ပတ်စိတ်ပြီး ခရီးသွားခြင်း၊* ပန်ရောင်၊ အညို့ရောင်၊ အစိမ်းရောင် * အဝတ်အထည်မျာဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ
(ရ၊ လ၊ ဝ၊ န) (၃- ၂- ၇- ၉)

အစိမ်းရောင် ရှိသော ရတနာများဝတ်ဆင်ပါ။



ဗုဒ္ဓဟူးသားသမီးများ ကံကောင်းစေလိုသော် 🔹အရှေတောင်အရပ် သင့်တော်သောနေရာ၌ ကံကော်ပင်၊ ခရေပင်စိုက်ခြင်း၊ လမ်းခင်းခြင်း၊ တံတားဆောက်ပေးခြင်း ပြုလုပ်ပါ။
တောင်အရပ် လမ်းဘေးဝဲယာတွင် သရက်ပင်၊ သစ်ခွာပင်၊ သလဲပင် စိုက်ပျိုးခြင်းပြုလုပ်ပါ။

ယတြာ ➖ မိမိမွေးနေ့တွင် ကြေးဖလားဖြင့် ရေတော်(၅)ခွက် ဘုရားလှူ ပေးပါ။
ရွက်လှညွန့်၊ ပေါက်ညွန့်(၉)ညွန့်တို့ကို ရွှေအိုးဖြင့် ဘုရားတွင် ဆီးမီး(၅)ခွက်ပူဇော်ပေးပါ။
အဘိုးအဘွားအကြီးအကဲပုဂ္ဂိုလ်များကို ကောက်ညှင်းပေါင်း၊
ငချိတ်ပေါင်း၊ အုန်းထမင်းများကိုလှူ ပေးပါ။

ဗေဒင်နှင့်လက္ခဏာ ဆရာမင်းသူရ. 09456471357(Viber)

၁၃၈၁-ပြည်နှစ်(၂၀၁၉)အတွက် (၇) ရက်သားသမီးများအတွက်

၁၃၈၀ပြည့် (၁)နှစ်စာဟောစာတမ်း

#ရာဟုနေ့ မွေးဖွားသူများ

ရာဟုသားသမီးများ ယခုနှစ်တွင် မိမိဂုဏ်သတင်းကျော်ဇောပြိး
မိမိဆောင်ရွက်သမျှ တိုးတက်၍ အခက်အခဲအားလုံးကိုကျော်လွှား
နိုင်လိမ့်မည်။ ပြည်တွင်း/ပြည်ပခရီးသွားလာခြင်း၊ ဘုရားဖူးခရီးသွားလာရကိန်းရှိသည်။ အလုပ်တိုးချဲ့ရကိန်းရှိသလို့ စပ်တူယာ ၃ဦးပိုင်များ အထူးသတိထားပါ။

ယခုနှစ်တွင် * 2019-2လ,4လ,နှင့် 6လ၊ မှာ 9လအထိ၊ 12လ*ပိုင်းများတွင် အကျိုးရှိလဖြစ်၍ မည်သည့်ကိစ္စဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိမည်။ စီပွားရေးများတိုးတတ်အောင် ဆောင်ရွက်ရမည်။
ဆန်ကျင့်ဘက် အပြိုင်အဆိုင်အားကောင်းလာသည့်အမျှ အောင်မြင်မှု ပိုမိုရရှိလာမည်။ အလုပ်သစ်၊စီးပွားသစ်မှာအကျိုးရလဒ်ကောင်းရရှိလာမည်။ အကျိုးရှိသော အလုပ်စီးပွာအတွက် ပြည်ပခရီးစဉ်သွားရမည်။

မထင်ထားသော ဆုံးပြိးထင်ထားသောငွေ၊ ကြန့်ကြာနေသော
ငွေကြေးဥစ္စာများပြန်ရရှိလာမည်။ ယခုနှစ်တွင် အခက်များ တွေ့ကြုံ
လေ ဘဝအတွက်အောင်မြင်မှု မကြာခင်ရတော့မည့်ဟု ယုံကြည့်ထားပါ။
ယခုနှစ်တွင် သောကြာ၊ စနေ၊ တနင်္ဂနွေသားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။

* 2019- 1 လ,3လ၊ 5လ, 10လ၊ 11လ*ပိုင်းများတွင် ဗုဒ္ဓဟူးသားသမီးများ ဒွန်းစဏ္ဍား အကောင်း နှင့် အဆိုး ဒွန့်တွဲနေပါလိမ့်မည်။ မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူးသတိထားပါ။ အင်္ဂါ၊ ကြာသပတေးသားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူးသတိထားပါ။ လုပ်ငန်းခွင့်တွင် အပြိုင်အဆိုင်များနှင့်ထိပ်တိုက်ရင်ဆိုင်ရမည်။ စီးပွားရေးလုပ်ငန်းခွင့်နှင့်အထွေထွေကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဂရုတစိုက်ဆောင်ရွက်သင့်သည်။ ညီကိုမောင်နှချင်း စကားများခြင်း၊ အမွေအနှစ်ကိစ္စများပြောဆိုရခြင်း ကြုံရတတ်သည်။

သို့သော် ပြည်တွင်း/ပြည်ပခရီးသွားလာခြင်း၊ ဘုရားဖူးခရီးသွားလာရကိန်းရှိသည်။ ဘဝအတွက် တိုးတတ်ချမ်းသားမည့် စီးပွားရေး အသက်မွေးကြောင်း အခွမ်းအလမ်းကောင်းများ တွေ့ကြုံရလိမ့်မည်။

စီးပွားရေးဂဏ္ဍ 🔹စီးပွားရေး ကံပွင့်လန် တိုးတတ်လာမည်။ ရွှေထည်လုပ်ငန်း၊ လက်မှုလုပ်ငန်း၊ အဝတ်ထည်ယက်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ အထည်အလိပ်၊ သံ၊ သွတ်၊ သတ္ထူ၊ ဂဟေ၊ သစ်လုပ်ငန်း၊ အိမ်ဆောက်အပို့ပစ္စည်းလုပ်ငန်း၊ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဖြစ်ထွန်း၍ အလောင်းကစားမားများ ဥပဒေမဲ့လုပ်ငန်းများ အောင်မြင်မှု ချမ်းသာသုခရတတ်သည်။ ကိုယ်စားလှယ်အဖွဲ့လုပ်ငန်း၊ နည်းပညာ၊ အသိပညာ ဖွံ့ဖြိုး ရေးဆိုင်ရာများ၊ ကာယလုပ်သား၊ ဉာဏလုပ်သား၊ အသေးစား၊ အလတ်စား ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ အောင်မြင်ဖြစ်ထွန်းလိမ့်မည်။
သို့သော် ဥပဒေမဲ့ လုပ်ငန်းများကို သတိထားရလိမ်မည့် လူယုံသတ်
ကိန်း*နောက်ကျော့ဓါးနဲ့ထိုး*ဆိုတာမျိုး ကြုံတွေ့ရတတ်သည်။

ပညာရေးဂဏ္ဍ 🔹ပညာ​ရေးတွင်​အထူးသတိရှိရမည်​က စာ​မေးပွဲ​ဖြေခါနီး ကျန်းမာ​ရေးအညံ့အနည်းငယ်​ ရှိနိုင်​သည်​။ ပညာရေးတွင် လုံးလ ဝီရိယရှိမှာသာ မိမိမျော်မှန်းရည်ရွယ်ထားသော ပညာရပ်များ အကောင်အထည့်ဖော်ခြင်း ဆည်းပူးခြင်းဖြင့် အောင်မြင်မှု လက်ဆုပ်လက်ကိုင် ပြနိုင်၍ နာမည်ဂုဏ်သတင်းကျော်ဇောမည်။

ပညာရေးနှင့်ဆိုင်ရာ ဝန်းထမ်းများ ရာထူးနေရာဌာနများမှ ထောက်ပံ့ ပံပိုးပေးခြင်းများနှင့် နေရာသစ် ဌာနေသစ် ရာထူးတိုး၊ လစာတိုး စံစားခံစားရကိန်းရှိသည်။
နေရာဌာနေ အသင့်အတင့် ကောင်းသောပြောင်းလဲခြင်း တစ်ဖက်တစ်လမ်းမှ စက်မှုလက်မှု ပညာရပ်များဖြင့် အသက်မွေးကြောင်းပြုလုပ်ရလိမ့်မည်။

အချစ်ရေးနှင့်အိမ်ထောင်ရေးဂဏ္ဍ 🔹ဤနှစ် ရာဟုသားသမီးများ၏ ချစ်ရေးနှင့် အိမ်ထောင်ဘက် နေနံတွဲဘက်* တနင်္ဂနွေ၊ စနေ့၊ သောကြာ*အိမ်ထောင်ဘက်များ နှင့် အသက်ပိုင်း ၁၆၊၁၇၊ ၂၀၊ ၂၄၊ ၂၆၊ ၂၇၊ ၃၆၊ ၃၇၊ ၄၀၊ ၄၁၊ ၄၆၊ ၅၁၊ ၅၂၊ ၅၅ အထက်ပိုင်းနှစ်များ အထူးကံကောင်းပါမည်။ အိမ်ထောင်းရေး သာယာပါမည်။
ပီတိမင်္ဂလာသတင်း၊ ရပ်ဝေးမင်္ဂလာသတင်း ကြားရခြင်းနှင့် ဘိုးဘွားအမွေအနှစ်၊ မိဘမောင်နှမဆွေမျိုးအမွေအနှစ်ရရှိခြင်း နှင့် အိမ်ယာ၊ တိုက်ခန်း၊ မြေယာ၊ ခြံကွက်များရရှိတတ်သည်။ ငွေကြေးကိစ္စရပ်များ အတိုင်းအတာထက် ပိုဝင်ကိန်းကြုံမည်။ အထူး ရွှေမစုပါနှင့် အဖိုးတန်းရတနာများ လက်မခံသင့်ပါ။ မိမိကိုယ်တိုင်လည်း မချေားငြားသင့်ပါ။

ရာဟုသားသမီးများ ချစ်ရေးနှင့် အိမ်ထောင်ဘက် နေနံတွဲဘက်* တနင်္လာ၊ အဂါင်္ ၊ ကြာသပတေး *နှင့် *3,5*ကဏန်း(3,12,21/5,
14,23)မွေးဖွားသူများ ယေဘုယျအားဖြင့် ကံအဆိုးများနှင့် အနည်းအထစ်ငေါ့များ အကောင်းအဆိုးနှင့်ဒွန်းတွဲကျော်လွှားရတတ်ပြိး မိမိလုပ်ငန်း၊ အိမ်တွင်းမိသာစု မိမိလုပ်ပေးထောက်ပံသလောက် အကောင်းအမြင် မခံရဘဲ မိမိစေတနာ ဝေဒနာဖြစ်တတ်သည်။ လူမူရေးနှင့် အလုပ်စီးပွား၌ အပျော်အပါးနှင့် လောင်းကစာတို့ကို အထူးရှောင်ကြဉ်ရမည်။ စီပွားရေကိစ္စများနှင့် ပတ်သက်၍ အယူအစားအမှားများနှင့်ရင်ဆိုင်ရမည်။ မိသာစု၊မိတ်ဆွေ၊ပတ်ဝန်ကျင် မိမိကဘယ်လောက်စေတနာနှင့်လုပ်ပေးလုပ်ပေး ကျေးဇူးတင်မခံရပါ။

အထူး *အင်္ဂါ ၊ကြာသပတေး*အိမ်ထောင်ဘက်များ အနှောက်ချက်အမျိုးမျိုးကြုံတွေ့ရလိမ့်မည်။ အိမ်ထောင်းရေး ကသိကအောက် အထစ်အငေါ့ဖြစ်ခြင်း၊ မကြာခဏ တကျက်ကျက် စကားများ ပြဿနာတတ် အငြင်းအခုံပြုလုပ်၍ ခေတ္တယာယီခွဲရတတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးကိစ္စအတွက် ငွေကြေးကုန်ကျမှုများမည်။

ကျန်းမားရေးဂဏ္ဍ 🔹 ကျန်းမာရေးအနေ့နဲ့ ခါးနာ၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ အစားအဆိပ်မိခြင်း၊ ဗိုက်၊ လေနာရောဂါများဖြစ်တတ်သည်။ ကျန်းမာရေးတွင် *၃*ဂဏန်းရက်(၃,၁၂,၂၁)ရက် မွေးဖွားသူများ အထူးဂရုစိုက်ရလိမ့်မည်။

ဆောင်ရွက်စရာကိစ္စများ ➖ ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(လောကဝိဒူ) ရွတ်ဆိုပြိး ပုတီး(၅)ပတ်စိတ်ပြီး ခရီးသွားခြင်း၊* အဖြူရောင်၊ အနီရောင်၊ အညို့ရောင် * အဝတ်အထည်မျာဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ
(ယ၊ သ၊ အ၊ န) (၄- ၆- ၇- ၉)

ငွေရောင်နှင့် အနီရောင် ရှိသော ရတနာများဝတ်ဆင်ပါ။

ရာဟုသားသမီးများ ကံကောင်းစေလိုသော် 🔹အရှေတောင်အရပ် သင့်တော်သောနေရာ၌ အုန်းပင်၊ ရေအိုးစဥ့်ဆောက်ခြင်း ပြုလုပ်ပါ။
တောင်အရပ် လမ်းဘေးဝဲယာတွင် ဒန်ပင်၊ နှင်းဆီးပင် စိုက်ပျိုးခြင်းပြုလုပ်ပါ။

ယတြာ ➖ မိမိမွေးနေ့တွင် ရွှေဖလားဖြင့် ရေတော်(၅)ခွက် ဘုရားလှူ ပေးပါ။ မိမိအိမ်ဘုရားမှာ ရွှေပန်း၊သစ္စာပန်း၊နှင်းဆီးပန်း၊(၉)ညွန့်စိလှူပါ။ဘုန်းကြီးတစ်ပါး ကို သင်္ကန်း၊ ထီး(၁)လက်လှူပါ။*လောကဝိဒူ*ပုတီးတစ်လုံးချ(၉)စိပ်ပါ။
အဘိုးအဘွားအကြီးအကဲပုဂ္ဂိုလ်များ အဝတ်စာဒါနပြုပါ။

ဗေဒင်နှင့်လက္ခဏာ ဆရာမင်းသူရ�09456471357(Viber)

No comments:

Post a Comment