Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 9, 2019








SAW

ဘုရားလောင်းဆိုသူကိုသာသနာရေးအဖွဲနဲ့ရဲတပ်ဖွဲ့မှစစ်ဆေး
By  သတင်းစုံ ပျော်ဝင်အိုးကြီး  January 09, 2019  ထူးဆန်းထွေလာ


ဘုရားအလောင်း သာသနာရေးအဖွဲ ့နဲ ့ရဲတပ်ဖွဲ ့ရဲ့ စစ်ဆေးခြင်း ခံနေရ ။ ၂၀၀၅ ခုနှစ်ကစပြီး ကမ္ဘာသိလာတဲ့ နိပေါနိုင်ငံ ဘုရားအလောင်းဟု လူသိများသူ Ram Bahadur Bomjan ရမ်ဘဟာရာ ဘွမ်ကျန် အသက် ၂၈ နဲ ့ သူ ့ရဲ ့ နောက်လိုက်တွေကို ရဲတပ်ဖွဲ ့က အမျိုးသမီးနဲ ့ သီလရှင် တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ ့ စုံစမ်းစစ်ဆေး နေပြီလို ့ နိပေါနိုင်ငံဆိုင်ရာသတင်းတွေမှာဖေါ်ပြနေပါတယ်။

တောထဲမှာတစ်လတာ ရေနဲ ့အစာမစားဘဲ တရားကျင့်နေကြတဲ့ အမျိုးသမီးအနည်းဆုံး ၁၂ ဦးရဲ ့ တိုင်းတန်းချက်တွေကြောင့် ခုလိုစစ်ဆေးနေတာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် သီလရှင် တပါးကိုတော့ သူ ့ရဲနောက်လိုက်တဦးက လူရှင်းတဲ့တောထဲခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့တယ်လို ့ ရဲတပ်ဖွဲ ့သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတာပါ။
လွန်ခဲ့တဲ့နှစ် ၃၀ ခန့်က မြန်မာနိုင်ငံကျေးရွာ အနှံ့အပြားမှာ ဘုန်းကြီးအတုတွေ ဘိုးတော်လိမ်တွေက (၉)နဝင်း သုသာန် တရားစခန်းထိုင်တာခေတ်စားခဲ့ပါသေးတယ်။

ယုံကြည်ပြီးနောက်ကလိုက် တရားစခန်းဝင်တဲ့ တကာမတွေ (၉)သချီ င်္ုင်းမပြည့်သေးခင် ကိုယ်ဝန်ရ သွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်၊ ယုံကြည်လွန်တဲ့ လူတွေကတော့ ခုလို သမီးဖြစ်သူ အမည်မဖေါ်နိုင်တဲ့ ကိုယ်ဝန်ကို ဘိုးတော်လက်ဆောင် အဘဘုန်းရဲ ့ကိုယ်ပွားပေးတာလို ့တောင် ဂုဏ်ယူနေကြပါသေးတယ်။

ဘာသာရေးကို သန် ့ရှင်းအောင် လုပ်နိုင်တာကတော့ တရားဥပဒေ နဲ ့ သာသနာစောင့်ထိမ်းကြတဲ့သူတွေရဲ ့ စောင့်ကြည့်စစ်ဆေး အရေးယူပေးရပါတယ်။ထိုင်းနိုင်ငံမှာ ဘိုးတော် နဲ ့ ဘုန်ကြီးလိမ်တွေ ဆေးစွဲသံဃာ တကာမနဲ ့ လိင်ဆက်ဆံ နေသူတွေကို စစ်တပ်-ရဲ-သာသနာရေး အဖွဲ့တွေပေါင်းပြီး မျက်နှာမထောက် တမ်း အရေးယူပါတယ်။ စီပွားရေးလုပ်နေတဲ့ သာသနာ ့ဂိုဏ်းချုပ်တွေတောင် နိုင်ငံကထွက်ပြေးရပါတယ်။

ဘုန်ကြီးကျောင်းတွေမှာ မူးယစ်ဆေးသုံးမသုံး ဆီးစစ် နေသလို တချို့ရာဇဝတ်သားတွေ ဟာ ဘုန်းကြီးဝတ်နဲ ့ ပုန်းနေတာတွေကိုလည်း လိုက်လံ စစ်ဆေးနေတာတွေ ့ရပါတယ်။

SAW

No comments:

Post a Comment