Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 14, 2018

အိမ်မှာဘုရားကျောင်းဆောင်ထားရှိခြင်းအကျိုး


မသိတဲ့သူတွေကတော့ ရုပ်တုတွေ ဆင်းတုတော်တွေ
အုတ်ပုံကြီးတွေကို ရှိခိုးနေကြတာလို့ ပဲ သုံးသပ်ကြတယ် ဘာသာတိုင်းမှာလည်း
ကိုးကွယ်မှုပြယုတ်အမျိုးမျိုးရှိတာပဲလေဆိုပြီးသာမန်လောက်ပဲ ထင်ထားတတ်ကြပါတယ်

ဘာသာအမျိုးမျိုးရှိလို့ ကိုးကွယ်မှု အမျိုးမျိုးရှိကြပေမဲ့ အတုနဲ့ အစစ်ရဲ့ဂုဏ်အရည်အချင်း
ကတော့ ကွာခြားပါလိမ့်မယ်

စေတီတည်ထိုက်တဲ့အရာတွေဖြစ်တဲ့ ဓာတုစေတီဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂ စေတီတွေ
ဆိုတာဟာ ပူဇော်ရင်အကျိုးကြီးမားစွာရှိလို့ ဘုရားရှင်ဟောထားခဲ့တာပါ

နောက်တစ်ခါ ငါဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါ၌ ငါဘုရားရှင်ကိုပူဇော်ဖူးမြင်ရသော
အကျိုးသည်၎င်း မရှိသောအခါ၌ စေတီ ပုံတော်ကိုပူဇော်ဖူးမြင်ရခြင်းသည်၎င်း သဒ္ဒါတရား
ထက်သန်တူညီမှုရှိခဲ့သော အကျိုးပေးသည်လည်းအတူတူပင်ဖြစ်ပေ၏ တဲ့

မိမိရဲ့အိမ်ကဆင်းတုတော်ပဲဖြစ်ဖြစ် ပုံတော်ပဲဖြစ်ဖြစ် စေတီတစ်ဆူဆူပဲဖြစ်ဖြစ် သက်ရှိထင်ရှား
ဘုရားရှင်ကဲ့သို့ စိတ်ထားနိုင်ပြီး ပန်း၊ ရေချမ်း၊ဆီမီး၊ ဆွမ်း အစရှိတဲ့ကောင်းမှူ့ တွေလုပ်တာဟာ
သက်ရှိထင်ရှားဘုရားကိုပူဇော်လို့ ရတဲ့အကျိုးနဲ့ အတူတူပါပဲ၊

ဒါဟာဗုဒ္ဓဘာသာဝင်တိုင်းအတွက်မဖြစ်မနေသိထားသင့်တဲ့အရေးကြီးတဲ့
ကိစ္စပါ အခြားဘာသာတွေကဲ့သို့ ကိုးကွယ်မှုပြယုတ်မဟုတ်ပါဘူး
တကယ်သဒ္ဒါထက်သန်ရင်တကယ်အကျိုးပေးကြီးလှပါတယ်

ဒီကိစ္စနဲ့ ပါတ်သတ်လို့  တကယ့်အဖြစ်အပျက်လေးတစ်ခုပါ လူတော်တော်များများလည်း
ကြားဖူးကြမှာပါ

ပဲခူးတိုင်း ဖြူးမြို့ နယ်က ဒေါ်ကုလားမဆိုတဲ့အမယ်အိုကြီးတစ်ဦးရှိတယ် အရမ်းဆင်းရဲတယ်
မလှူနိုင် မတန်းနိုင်ပါဘူ။း ဒါပေမဲ့ သူ့ ရဲ့ထူးခြားတဲ့ကုသိုလ်က ဆွမ်းကပ်တဲ့အခါ
သက်တော်ထင်ရှားဘုရားရှင်ကိုကပ်သလိုမျိုးဆွမ်းအများကြီးနဲ့ ကပ်တယ် ကိုယ်ရေသောက်တိုင်း
ဘုရားရှင်ကိုလည်း ခဏခဏသောက်တော်ရေကပ်တယ်။မနက်စောစော မျက်နှာသစ်တော်ရေ အစရှိတဲ့
အိမ်မှာရှိတဲ့ဘုရားကိုသက်ရှိထင်ရှားဘုရားကဲ့သို့ သဘောထားပြီးသဒ္ဒါထက်သန်စွာနဲ့ကောင်းမှု
ကုသိုလ်တွေပြုခဲ့တယ်

တစ်နေ့ တော့ အဲဒီနယ်ကဆရာတော်ကြီးတစ်ပါးဟာမျောပြီးနတ်ပြည်ကိုရောက်သွားတယ် နတ်ပြည်မှာအလွန်တောက်ပတဲ့ဗိမ္မာန်ကြီးကိုတွေ့ ရတယ်။
ဗိမ္မာန်ရှင်နတ်သားကိုမတွေ့ လို့ မေးကြည့်တော့နတ်သားတစ်ပါးကပြောတယ် အဲဒီ ဗိမ္မာန်ဟာ
ဖြူးမြို့ စမ်းမြိုင်ရပ်က ဒေါ်ကုလားမ ဗိမ္မာန်တဲ့သူကမသေသေးဘူး အခုရှိသေးတယ်
သူသေရင်နေဖို့ တဲ့

နောက်တော့ ဆရာတော်ကြီးကသတိရလာပြီးကပ္ပိယတွေကိုစုံစမ်းခိုင်းလိုက်တော့ ဒေါ်ကုလားမ
ကိုတွေ့ပြီး သူ့ ရဲ့ထူးခြားတဲ့ကောင်းမှုတွေကိုပါမေးလာခဲ့ရတယ်

လူမသေခင်ဗိမ္မာန်ပေါက်တာဟာ ဇာတ်တော်တွေထဲမှာလည်း ရှိပါတယ်

ကဲ ဒါဆိုရင်အိမ်မှာရှိတဲ့ဘုရားဆင်းတုတော်ဟာဘာသာတရားတစ်ခုရဲ့ပြယုတ်မဟုတ်ဘူး
ဆိုတာကိုသဘောပေါက်လောက်ရောပေါ့

မိတ်ဆွေတို့ လည်းသက်ရှိထင်ရှားဘုရားရှင်နဲ
နေ့ တိုင်းထိတွေ့ခွင့်ရနေတယ်ဆိုတာမမေ့ကြစေလိုပါ။

ဆွမ်းတော်လဲကပ်ပါ ကိုယ်လည်းစားပါ
----------------------------------------
ဘုရားရှင်ဆွမ်းဘုန်းပေးနေတာကိုကြည့်ပြီးဘုရင်ကြီးက ဘုရားရှင်ရဲ့ဆွမ်းကိုစားချင်နေတယ်
ဒါကို ဘုရားရှင်ကသိတော့ ဘုန်းပေးပြီးတယ်ဆိုကျန်တဲ့ဆွမ်းကိုဘုရင်ကြီးထံစွန့် ပေးတယ်
ပြီတော့ ဘုရားရှင်ကိုကပ်တဲ့ဆွမ်းကို ပြန်စွန့် ပြီးစားရင်
အနာရောဂါကင်းတဲ့အကြောင်း ဒါပေမဲ့ဝေယျာဝစ္စပြုလုပ်ပြီးမှစားသင့်ကြောင်းမိန့် ကြားတယ်

မိတ်ဆွေတို့ လည်း ဘုရားဆွမ်းတော်ကပ်တဲ့အခါသက်ရှိထင်ရှားဘုရားရှင်ကိုကပ်သလိုမျိုး
ကပ်နိုင်အောင်ကြိုးစားပါ ပြီးရင်ပြန်စွန့် ပြီးစားပါ
အနာရောဂါကင်းတဲ့အကျိုးကျေးဇူးရပါတယ်

တကယ်တော့ကိုယ့်မိသားစုအတွက်တောင် ပင်ပင်ပန်းပန်း
ချက်ပြုတ်ပြီးကျွေးရမွေးရသေးတာပဲဘုရားရှင်အတွက်ဆိုပြီးရည်ရွယ်ချက်လေးထားကာ
ချက်ပြုတ်မယ်ဆိုရင် ကြီးမားတဲ့ကုသိုလ်တွေလည်း
ရမယ် ပြီးတော့ ကိုယ်ချက်ပြုတ်ထားတာတွေဟာလည်းဘုရားရှင်ကိုကပ်လို့ လျော့နည်းသွား
တာမှမဟုတ်ပဲ ကိုယ်ပဲပြန်စွန့် ပြီးစားရတာဘာလို့ မလုပ်နိုင်ရမှာလည်း

တစ်ချို့ က ဘုရားဆွမ်းတော်ကိုစားတာဟာမသင့်တော်ဘူးပြောကြတယ် အခြေအမြစ်
မရှိပါဘူး အနာရောဂါတောင်ကင်းပါတယ်။ချက်ရပြုတ်ရလုပ်ရတဲ့အတွက် ဝေယျာဝစ္စလည်း
လုပ်ပြီးသားဖြစ်သွားပါတယ် ဒါ့ကြောင့်စားလို့ အပြစ်မရှိပါဘူး။

တွေးကြည့်ရင်ပင်ပန်းမယ် ထင်ပေမယ့်ကျွန်တော်ကိုယ်တိုင်အဲဒီလို နေ့ စဉ်ကျင့်သုံး
လာတာ ၁၀ နှစ်ကျော် လောက်ရှိပါပြီ နေ့ စဉ်အလုပ်လို
ဖြစ်သွားတဲ့အတွက်ဘာမှပိုပြီးမထူးပါဘူး။
ကိုယ့်အတွက်လောက်ဆိုရင်တောင် ဘယ်အချိန်စားရ စားရဆိုပြီးနောက်ကျနိုင်ပေမဲ့ ဘုရားရှင်အတွက်
မွန်းမလွဲခင်ကပ်ရမယ်ဆိုတဲ့အတွက် ဝီရိယတောင်ပိုပြီးသုံးရတဲ့အတွက်ပိုကုသိုလ်ရပါတယ်။

ကျွန်တော်ကတော့ တစ်နေ့ ကို အရုဏ်ဆွမ်းနေ့ ဆွမ်း နှစ်ကြိမ်ကပ်ပါတယ်

လူတစ်ယောက်စားရင် ၁၅ မိနစ်ခန့် ကြာပါတယ်။
ဆွမ်းတော်ကပ်ပြီး နာရီဝက်ထားပါတယ်။
တစ်ခါတရံ ယပ်လေတောင်ခပ်ပေးတဲ့ကုသိုလ်ကိုယူလိုက်ပါသေးတယ်။

ဘေးကလူကြည့်ရင် ရယ်စရာဖြစ်နေပေမဲ့ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပဲလေ အရုဏ်ကတော့
မုန့် တစ်ခုခုဖြစ်တာများပါတယ် ဆွမ်းချက်ကပ်တာ
တစ်ခါတရံမှပါ နေ့ ဆွမ်းကတော့အမြဲကပ်ဖြစ်ပါတယ်

ကျွန်တော်တို့ လို စားဝတ်နေရေးအဆင်မပြေသူများအတွက်က အဲလိုမှမယူတက်ရင် ဘာကောင်းမှု မှ
လုပ်နိုင်မှာမဟုတ်ပါဘူး။

မိတ်ဆွေတို့ လည်းယုံကြည်ရင် လုပ်နိုင်ကြပါတယ်။

စေတနာများစွာဖြင့် ----------

ဦးမြင့်ခိုင်

No comments:

Post a Comment